[Zawgyi]

သႀကၤန္အၾကတ္ေန႕အတြက္ စတုဒိသာေကြ်းခဲ့တဲ့ ခီေမာင္နွံ

သႀကၤန္အၾကတ္ေန႕အတြက္ စတုဒိသာကို စင္ကာပူနိုင္ငံျမန္မာဘုန္းေတာ္ႀကီးေက်ာင္းမွာလွဴဒါန္းခဲ့တယ္လို႕သိရပါတယ္။စင္ကာပူ နိုင္ငံကို ဥပါယ္တံမ်ဥ္ ရုပ္ရွင္အတြက္ ပရိသတ္နဲ႕ေတြ႕ဆံုဖို႕ သြားေရာက္ ခဲ့စဥ္ က လွဴဒါန္းခဲ့တာ ျဖစ္တယ္လို႕လည္း သိရပါတယ္။အခုလိုလွဴဒါန္းခဲ့တာနဲ႕ပတ္သတ္လို႕လည္း ခရစ္စတီးနားခီ က သူမရဲ႕လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

စတုဒိသာအလွဴ

စတုဒိသာအလွဴ

“ႏွစ္သစ္မကူးခင္ ကုသိုလ္…

စင္ကာပူႏိုင္ငံ ျမန္မာဘုန္းႀကီးေက်ာင္းမွာ ၁၅ရက္ေန႕ဆီထမင္း ေလး စတုဒိသာမွာပါဝင္ထားပါတယ္၊
ေအာင္ဇမၺ်ဴေတာရ ဘုန္းဘုန္းေက်ာင္းမွာ ဘုရားလာဖူးသူ ရဟန္းသံဃာမ်ားႏွင့္တကြ ဘုရားဖူးမ်ားအား ၇ရက္ ထမင္းဟင္း စတုဒိသာေကၽြးေမြးျခင္းအတြက္လွဴဒါန္းခဲ့ပါတယ္။
ဒီအလွဴလုပ္ခဲ့ဖို႕စိတ္ကူးေလးက မယ္သီလရင္ဘဝ မွာ ေရွးေဟာင္းဘုရား ၃၀၁ဆူကိုေန႕စဥ္ဖူးခြင့္ ပရိတ္ ပဌါန္းရြတ္ခြင့္ရခဲ့ရာက စခဲ့တာပါ။ ေရွးႏွစ္ေပါင္း ၂၅၀၀ေက်ာ္ေလာက္က ဘုရားမ်ားကို ဖူးခြင့္ရခဲ့တဲ့အခ်ိန္မွာလည္း ၾကည္ႏူးခြင့္ရခဲ့သလို စိတ္အေႏွာင့္အယွက္ျဖစ္စရာၾကံဳတိုင္းလည္း ဘုရားမ်ားအားစိတ္ထဲမွ သြားၿပီးဖူးလိုက္ရတိုင္း စိတ္ၾကည္ႏူးမႈ ဟာ ဘာနဲ႕မွ မလဲႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။
စင္ကာပူ ဘုန္းႀကီးေက်ာင္းေရာက္ခဲ့စဥ္
ကလည္း ႏိုင္ငံရပ္ျခားမွာ စိတ္အရမ္းၾကည္ႏူးခြင့္ရခဲ့ၿပီး ဘုရားဖူးခြင့္ရခဲ့ရပါတယ္။
ဒါေၾကာင့္ ကိုဇဏ္နဲ႕ခရစၥတို႕ရဲ႕ပရိတ္သတ္မ်ား ကိုလည္း ဘုရားဖူးၿပီးကုသိုလ္နဲ႕အတူ ၾကည္ႏူးခြင့္ေလးရေစခ်င္လို႕ ဒီအလွဴကို လွဴဒါန္းလိုက္တာပါ။
အားလံုး သၾကၤန္မွာ ေဘးကင္း ရန္ရွင္းၿပီး ႏွစ္သစ္မွာ ရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။ ဆထက္တပိုး စီးပြားတိုးလို႕ က်န္းမာေပ်ာ္ရႊင္ၾကပါေစ” ဆိုၿပီးေရးသားထားတာကိုေတြ႕ရပါတယ္။

အလွဴျပဳခဲ့တဲ့ ခီေမာင္နွံ

အလွဴျပဳခဲ့တဲ့ ခီေမာင္နွံ

ဥပါယ္တံမ်ဥ္ ဇာတ္ကားကိုလည္း စင္ကာပူမွာ တတိယအပတ္အျဖစ္ ၁၅ ရက္ေန႔ နံနက္ ၁၀ နာရီ နဲ႔ ေနလည္ ၁ နာရီမွာ ထပ္တိုးရိႈးအျဖစ္ Carnival Cinema, Golden Mile Tower မွာ ဆက္လက္ျပသမယ္လို႕သိရပါတယ္။

Photo Credit:Christina Kyi Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သင်္ကြန်အကြတ်နေ့အတွက် စတုဒိသာကျွေးခဲ့တဲ့ ခီမောင်နှံ

သင်္ကြန်အကြတ်နေ့အတွက် စတုဒိသာကို စင်ကာပူနိုင်ငံမြန်မာဘုန်းတော်ကြီးကျောင်းမှာလှူဒါန်းခဲ့တယ်လို့သိရပါတယ်။စင်ကာပူ နိုင်ငံကို ဥပါယ်တံမျဉ် ရုပ်ရှင်အတွက် ပရိသတ်နဲ့တွေ့ဆုံဖို့ သွားရောက် ခဲ့စဉ် က လှူဒါန်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။အခုလိုလှူဒါန်းခဲ့တာနဲ့ပတ်သတ်လို့လည်း ခရစ်စတီးနားခီ က သူမရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စတုဒိသာအလှူ

စတုဒိသာအလှူ

“နှစ်သစ်မကူးခင် ကုသိုလ်…

စင်ကာပူနိုင်ငံ မြန်မာဘုန်းကြီးကျောင်းမှာ ၁၅ရက်နေ့ဆီထမင်း လေး စတုဒိသာမှာပါဝင်ထားပါတယ်၊
အောင်ဇမ္ဗျူတောရ ဘုန်းဘုန်းကျောင်းမှာ ဘုရားလာဖူးသူ ရဟန်းသံဃာများနှင့်တကွ ဘုရားဖူးများအား ၇ရက် ထမင်းဟင်း စတုဒီသာကျွေးမွေးခြင်းအတွက်လှူဒါန်းခဲ့ပါတယ်။
ဒီအလှူလုပ်ခဲ့ဖို့စိတ်ကူးလေးက မယ်သီလရင်ဘဝ မှာ ရှေးဟောင်းဘုရား ၃၀၁ဆူကိုနေ့စဉ်ဖူးခွင့် ပရိတ် ပဌါန်းရွတ်ခွင့်ရခဲ့ရာက စခဲ့တာပါ။ ရှေးနှစ်ပေါင်း ၂၅၀၀ကျော်လောက်က ဘုရားများကို ဖူးခွင့်ရခဲ့တဲ့အချိန်မှာလည်း ကြည်နူးခွင့်ရခဲ့သလို စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတိုင်းလည်း ဘုရားများအားစိတ်ထဲမှ သွားပြီးဖူးလိုက်ရတိုင်း စိတ်ကြည်နူးမှု ဟာ ဘာနဲ့မှ မလဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
စင်ကာပူ ဘုန်းကြီးကျောင်းရောက်ခဲ့စဉ်
ကလည်း နိုင်ငံရပ်ခြားမှာ စိတ်အရမ်းကြည်နူးခွင့်ရခဲ့ပြီး ဘုရားဖူးခွင့်ရခဲ့ရပါတယ်။
ဒါကြောင့် ကိုဇဏ်နဲ့ခရစ္စတို့ရဲ့ပရိတ်သတ်များ ကိုလည်း ဘုရားဖူးပြီးကုသိုလ်နဲ့အတူ ကြည်နူးခွင့်လေးရစေချင်လို့ ဒီအလှူကို လှူဒါန်းလိုက်တာပါ။
အားလုံး သင်္ကြန်မှာ ဘေးကင်း ရန်ရှင်းပြီး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ဆထက်တပိုး စီးပွားတိုးလို့ ကျန်းမာပျော်ရွှင်ကြပါစေ” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

အလှူပြုခဲ့တဲ့ ခီမောင်နှံ

အလှူပြုခဲ့တဲ့ ခီမောင်နှံ

ဥပါယ်တံမျဉ် ဇာတ်ကားကိုလည်း စင်ကာပူမှာ တတိယအပတ်အဖြစ် ၁၅ ရက်နေ့ နံနက် ၁၀ နာရီ နဲ့ နေလည် ၁ နာရီမှာ ထပ်တိုးရှိုးအဖြစ် Carnival Cinema, Golden Mile Tower မှာ ဆက်လက်ပြသမယ်လို့သိရပါတယ်။

Photo Credit:Christina Kyi Facebook

ကြည်သာ (Akhayar)

www.akhayar.com