[Zawgyi]

မဂၤလာပဲြသြားတဲ့အခါ ဒီဖက္ရွင္စည္းမ်ဥ္းေတြကို မခ်ဳိးေဖာက္ပါနဲ႔

အမ်ဳိးသမီးေတြတိုုင္းက ဘယ္အသက္အရြယ္ပဲေရာက္ေရာက္၊ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အျမဲလိုလိုဖက္ရွင္က်ၿပီး ေၾကာ႔ရွင္းလွပေနခ်င္ၾကတာပါ။ အခမ္းအနားေတြ ပြဲေတြတက္တဲ႔အခါမွာလည္း ကိုယ္တက္တဲ႔ပြဲနဲ႔လိုက္ဖက္ေအာင္ ဖက္ရွင္က်က် ဝတ္စားျပင္ဆင္တတ္ၾကပါတယ္။ ဒီခရီးကို ဒီထီးနဲ႔ဆုိသလို ကိုယ္သြားေရာက္ရတဲ႔ေနရာကိုလုိက္ျပီး သိထားသင္႔တာေတြ လုိက္နာသင္႔တဲ႔စည္းမ်ဥ္းေတြကလည္း ရွိပါေသးတယ္။ အခုကေတာ႔ မဂၤလာပြဲသြားရင္ ဘယ္လုိဖက္ရွင္က်နေအာင္ဝတ္မလဲ၊ ဘယ္လုိစည္းမ်ဥ္းေလးေတြ လုိက္နာမလဲဆုိတာကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

(၁) အျဖဴေရာင္ဝတ္စံု

မဂၤလာေဆာင္တဲ့အခါမွာ သတို႔သမီးက အျဖဴေရာင္မဂၤလာဝတ္စံုဝတ္ေလ႔ရွိတာက ဓေလ့ထံုးစံတစ္ခုလိုျဖစ္ေနတာမုိ႔ မဂၤလာပဲြတက္တဲ့အခါမွာ အျဖဴေရာင္ဝတ္္စံုကို တတ္ႏိုင္သမွ် ေရွာင္ရွားသင္႔ပါတယ္။ အျဖဴေရာင္ပလိန္းဝတ္မယ္႔အစား ခရင္မ္ေရာင္၊ မိတ္ကပ္ေရာင္၊ ၾကက္ဥခြြံေရာင္မ်ဳိးေလးေတြဝတ္လို႔ရသလို ဇာအျဖဴေရာင္ပါတဲ႔႔ ဝတ္စံုေလးေတြကိုလည္း ဝတ္ဆင္လို႔ရပါတယ္။ အျဖဴေရာင္မဝတ္ရဘူးဆိုတဲ႔ သတ္မွတ္ခ်က္မ်ဳိးရွိေပမယ္႔လည္း ျခြင္းခ်က္အေနနဲ႔ဲ႔ ပြဲရွင္ဘက္ကခြင္႔ျပဳတယ္ ၾကိဳက္ႏွစ္သက္ရာဝတ္ႏိုင္ပါတယ္ဆိုရင္ေတာ႔ အျဖဴကိုဝတ္ႏိုင္ပါတယ္။ ဥပမာအေနနဲ႔ အျဖဴေရာင္ေလးေတြဆင္တူဝတ္ၿပီး ပဲြက်င္းပဖို႔ စီစဥ္ထားတာမ်ဳိးဆိုရင္ေတာ့ အျဖဴေရာင္ကို ဝတ္ဆင္ျပီး ပြဲတက္လုိ႔ရပါတယ္။

(၂) အသစ္စက္စက္ေဒါက္ခၽြန္ဖိနပ္

ဖိနပ္လွလွေလးေတြက ေနရာေကာင္းေတြေခၚသြားေပးတာမွန္ေပမယ္႔လည္း မဂၤလာပဲြကို ေဒါက္ဖိနပ္အသစ္စက္စက္ႀကီး စီးတာကေတာ့ အဆင္မေျပျဖစ္ႏိုင္ပါတယ္။ ဖိနပ္အသစ္က ဖိနပ္ေပါက္ေစျပီး ေျခေထာက္ကိုနာက်င္ေစတာမုိ႔ မဂၤလာပဲြမွာ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ရႊင္ရမွာမဟုတ္ပါဘူး။ စတိုင္လ္က်ခ်င္လို႔ ေဒါက္စီးကာမွ အခန္႔မသင္႔လို႔ ေဒါက္က်ဳိးသြားခဲ့ရင္လည္းဒုကၡၾကီးၾကီးရမွာပါ။ ဒါေၾကာင္႔မို႔ မဂၤလာပဲြအတြက္ ဖိနပ္အသစ္ဝယ္ထားတယ္ဆိုရင္ ပဲြေန႔အတြက္ ႀကိဳစီးၾကိဳေလ႔က်င္႔ထားပါ။ ဒါမဟုတ္ စီးေလ့စီးထရွိတဲ႔ ေဒါက္ဖိနပ္ကိုသာ ေရြးခ်ယ္စီးသင္႔ပါတယ္။

(၃) ဝတ္စားဆင္ယင္မႈမလြန္ကဲပါေစနဲ႔

မဂၤလာပဲြသြားဖို႔ ဝတ္စားျပင္ဆင္ၿပီးသြားရင္ ကိုယ္႔ကုိယ္ကိုယ္ မွန္ထဲမွာၾကည္႔ရင္ေတာ့ အဆင္ေျပၾကည္႔ေကာင္းေနေပမယ္႔လည္း ထိုင္ခံုမွာ ထုိင္လိုက္တဲ႔အခါမွာ မသက္မသာနဲ႔ ၾကည္႔မေကာင္းတဲ႔ အသြင္အျပင္မ်ဳိး မျဖစ္ရေလေအာင္ အိမ္မွာထဲက အစမ္းႀကိဳထိုင္ၾကည္႔ပါ။ မဂၤလာပဲြသြားတာက ခင္မင္ရင္ႏွီးရသူကို အားျဖည္႔ခ်ီးေျမွာက္ေပးတာမ်ဴိးပဲ ျဖစ္သင့္ပါတယ္။ ကိုယ္ရဲ႕ဝတ္စားဆင္ယင္မႈေၾကာင္႔ ကိုယ္ကုိၾကည့္ၿပီး အတင္းေျပာစရာမျဖစ္ေအာင္ သတိထားဝတ္စားသင့္ပါတယ္။

(၄) အသံျမည္တဲ့လက္ဝတ္လက္စားေတြမဝတ္သင္႔ပါဘူး

တခ်ဴိ႕ေသာမဂၤလာေဆာင္ေတြက Church ေက်ာင္းေတြလို၊ဘုန္းႀကီးေက်ာင္းေတြလို ေနရာမ်ဳိးမွာ က်င္းပတတ္ၾကပါတယ္။ ဒီလိုေနရာမ်ဳိးေတြက တိတ္ဆိတ္ၿငိမ္သက္မႈကို အေလးထားတဲ႔ ေနရာမ်ဳိးေတြျဖစ္တဲ့အတြက္ ကိုယ္ဝတ္စားသြားတဲ႔ လက္ဝတ္လက္စားအသံုးအေဆာင္ေတြက အသံေတြထြက္ေနရင္ ေဘးပတ္ဝန္းက်င္ကိုလည္း အားနာဖို႔ေကာင္းသလို သြားတဲ႔ေနရာကိုလည္း မေလးစားရာေရာက္ေစတာမုိ႔ သတိထားဆင္ျခင္သင္႔ပါတယ္။ အသံေတြျမည္ေစတဲ႔ လက္ဝတ္လက္စားေတြအစား Statement Earring ေလးေတြကို အစားထုိးဝတ္ဆင္လို႔ ရပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

(၅) Pants ေတြကို ဒီလိုေလးဝတ္ဆင္ၾကည္႔မယ္

အေနာက္တုိင္းဆန္ဆန္ေဆာင္တဲ႔ မဂၤလာေဆာင္မ်ဳိးမွာ Pants ကို ဝတ္ဆင္ၿပီး မဂၤလာပဲြတက္တာက မွန္ကန္တဲ့ ဝတ္စားဆင္ယင္မႈပံုစံ ျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္။ ဒီဇုိင္နာထုုတ္ Jumpsuit (သို႔) Pant ေတြနဲ႕ ပဲြတက္လက္ဝတ္ရတနာေတြကို တဲြဖက္ဝတ္ဆင္သြားမယ္ဆိုရင္ ေခတ္မီလွပေနမွာေသခ်ာပါတယ္။

မဂၤလာေဆာင္သြားဖိုု႔ ဝတ္စားတဲ႔အခါမွာ ဒီအခ်က္ေလးေတြကို သတိျပဳၿပီး ဝတ္ဆင္မယ္ဆိုရင္ ပဲြအခမ္းအနားနဲ႔ကိုက္ညီတဲ႔ ဖက္ရွင္ကုိ ရရွိပိုင္ဆိုင္ႏုိင္သလို အမ်ားၾကားမွာလည္းတင္႔တင္႔တယ္တယ္ေလး လွေနႏိုင္မွာျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မင်္ဂလာပွဲသွားတဲ့အခါ ဒီဖက်ရှင်စည်းမျဉ်းတွေကို မချိုးဖောက်ပါနဲ့

အမျိုးသမီးတွေတိုုင်းက ဘယ်အသက်အရွယ်ပဲရောက်ရောက်၊ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမြဲလိုလိုဖက်ရှင်ကျပြီး ကြော့ရှင်းလှပနေချင်ကြတာပါ။ အခမ်းအနားတွေ ပွဲတွေတက်တဲ့အခါမှာလည်း ကိုယ်တက်တဲ့ပွဲနဲ့လိုက်ဖက်အောင် ဖက်ရှင်ကျကျ ဝတ်စားပြင်ဆင်တတ်ကြပါတယ်။ ဒီခရီးကို ဒီထီးနဲ့ဆိုသလို ကိုယ်သွားရောက်ရတဲ့နေရာကိုလိုက်ပြီး သိထားသင့်တာတွေ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကလည်း ရှိပါသေးတယ်။ အခုကတော့ မင်္ဂလာပွဲသွားရင် ဘယ်လိုဖက်ရှင်ကျနအောင်ဝတ်မလဲ၊ ဘယ်လိုစည်းမျဉ်းလေးတွေ လိုက်နာမလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

(၁) အဖြူရောင်ဝတ်စုံ

မင်္ဂလာဆောင်တဲ့အခါမှာ သတို့သမီးက အဖြူရောင်မင်္ဂလာဝတ်စုံဝတ်လေ့ရှိတာက ဓလေ့ထုံးစံတစ်ခုလိုဖြစ်နေတာမို့ မင်္ဂလာပွဲတက်တဲ့အခါမှာ အဖြူရောင်ဝတ်စုံကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ အဖြူရောင်ပလိန်းဝတ်မယ့်အစား ခရင်မ်ရောင်၊ မိတ်ကပ်ရောင်၊ ကြက်ဥခွံရောင်မျိုးလေးတွေဝတ်လို့ရသလို ဇာအဖြူရောင်ပါတဲ့ ဝတ်စုံလေးတွေကိုလည်း ဝတ်ဆင်လို့ရပါတယ်။ အဖြူရောင်မဝတ်ရဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးရှိပေမယ့်လည်း ခြွင်းချက်အနေနဲ့ဲ့ ပွဲရှင်ဘက်ကခွင့်ပြုတယ် ကြိုက်နှစ်သက်ရာဝတ်နိုင်ပါတယ်ဆိုရင်တော့ အဖြူကိုဝတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အဖြူရောင်လေးတွေဆင်တူဝတ်ပြီး ပွဲကျင်းပဖို့ စီစဉ်ထားတာမျိုးဆိုရင်တော့ အဖြူရောင်ကို ဝတ်ဆင်ပြီး ပွဲတက်လို့ရပါတယ်။

(၂) အသစ်စက်စက်ဒေါက်ချွန်ဖိနပ်

ဖိနပ်လှလှလေးတွေက နေရာကောင်းတွေခေါ်သွားပေးတာမှန်ပေမယ့်လည်း မင်္ဂလာပွဲကို ဒေါက်ဖိနပ်အသစ်စက်စက်ကြီး စီးတာကတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဖိနပ်အသစ်က ဖိနပ်ပေါက်စေပြီး ခြေထောက်ကိုနာကျင်စေတာမို့ မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ စတိုင်လ်ကျချင်လို့ ဒေါက်စီးကာမှ အခန့်မသင့်လို့ ဒေါက်ကျိုးသွားခဲ့ရင်လည်းဒုက္ခကြီးကြီးရမှာပါ။ ဒါကြောင့်မို့ မင်္ဂလာပွဲအတွက် ဖိနပ်အသစ်ဝယ်ထားတယ်ဆိုရင် ပွဲနေ့အတွက် ကြိုစီးကြိုလေ့ကျင့်ထားပါ။ ဒါမဟုတ် စီးလေ့စီးထရှိတဲ့ ဒေါက်ဖိနပ်ကိုသာ ရွေးချယ်စီးသင့်ပါတယ်။

(၃) ဝတ်စားဆင်ယင်မှုမလွန်ကဲပါစေနဲ့

မင်္ဂလာပွဲသွားဖို့ ဝတ်စားပြင်ဆင်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်ရင်တော့ အဆင်ပြေကြည့်ကောင်းနေပေမယ့်လည်း ထိုင်ခုံမှာ ထိုင်လိုက်တဲ့အခါမှာ မသက်မသာနဲ့ ကြည့်မကောင်းတဲ့ အသွင်အပြင်မျိုး မဖြစ်ရလေအောင် အိမ်မှာထဲက အစမ်းကြိုထိုင်ကြည့်ပါ။ မင်္ဂလာပွဲသွားတာက ခင်မင်ရင်နှီးရသူကို အားဖြည့်ချီးမြှောက်ပေးတာမျိူးပဲ ဖြစ်သင့်ပါတယ်။ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုကြောင့် ကိုယ်ကိုကြည့်ပြီး အတင်းပြောစရာမဖြစ်အောင် သတိထားဝတ်စားသင့်ပါတယ်။

(၄) အသံမြည်တဲ့လက်ဝတ်လက်စားတွေမဝတ်သင့်ပါဘူး

တချိူ့သောမင်္ဂလာဆောင်တွေက Church ကျောင်းတွေလို၊ဘုန်းကြီးကျောင်းတွေလို နေရာမျိုးမှာ ကျင်းပတတ်ကြပါတယ်။ ဒီလိုနေရာမျိုးတွေက တိတ်ဆိတ်ငြိမ်သက်မှုကို အလေးထားတဲ့ နေရာမျိုးတွေဖြစ်တဲ့အတွက် ကိုယ်ဝတ်စားသွားတဲ့ လက်ဝတ်လက်စားအသုံးအဆောင်တွေက အသံတွေထွက်နေရင် ဘေးပတ်ဝန်းကျင်ကိုလည်း အားနာဖို့ကောင်းသလို သွားတဲ့နေရာကိုလည်း မလေးစားရာရောက်စေတာမို့ သတိထားဆင်ခြင်သင့်ပါတယ်။ အသံတွေမြည်စေတဲ့ လက်ဝတ်လက်စားတွေအစား Statement Earring လေးတွေကို အစားထိုးဝတ်ဆင်လို့ ရပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

(၅) Pants တွေကို ဒီလိုလေးဝတ်ဆင်ကြည့်မယ်

အနောက်တိုင်းဆန်ဆန်ဆောင်တဲ့ မင်္ဂလာဆောင်မျိုးမှာ Pants ကို ဝတ်ဆင်ပြီး မင်္ဂလာပွဲတက်တာက မှန်ကန်တဲ့ ဝတ်စားဆင်ယင်မှုပုံစံ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒီဇိုင်နာထုုတ် Jumpsuit (သို့) Pant တွေနဲ့ ပွဲတက်လက်ဝတ်ရတနာတွေကို တွဲဖက်ဝတ်ဆင်သွားမယ်ဆိုရင် ခေတ်မီလှပနေမှာသေချာပါတယ်။

မင်္ဂလာဆောင်သွားဖိုု့ ဝတ်စားတဲ့အခါမှာ ဒီအချက်လေးတွေကို သတိပြုပြီး ဝတ်ဆင်မယ်ဆိုရင် ပွဲအခမ်းအနားနဲ့ကိုက်ညီတဲ့ ဖက်ရှင်ကို ရရှိပိုင်ဆိုင်နိုင်သလို အများကြားမှာလည်းတင့်တင့်တယ်တယ်လေး လှနေနိုင်မှာဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။