[Zawgyi]

ေလယာဥ္ၾကီးမစီးခင္နဲ႔ ေလယာဥ္ေပၚမွာ ဒါေတြမစားပါနဲ႔

အစားအေသာက္ကို ခုံမင္သူေတြအေနနဲ႔ ဘယ္ေနရာပဲေရာက္ေရာက္ အစားနဲ႔ပါးစပ္မျပတ္ တစြတ္စြတ္စားခ်င္ေနတာကို ေတြ႔ရမွာပါ။ အဲလိုအစားအေသာက္ႏွစ္ၿခိဳက္သူအတြက္အေနနဲ႔ ခရီးသြားလို႔ ေလယာဥ္စီးတဲ႔အခါမွာ ကိုယ္ခရီးသြားေဖာ္ကုိ အေႏွာက္အယွက္မျဖစ္ေစဖို႔အတြက္ေရာ၊ ခရီးသြားေနရင္း က်န္းမာေရးမထိခိုက္ေစဖို႔အတြက္ေရာ ဒီိလိုအစားအေသာက္ေတြကို ေလယာဥ္ေပၚမွာ မစားသင္႔ဘူးတဲ့ေနာ္။ မစားသင့္တဲ႔အစားအစာေတြကို သိထားေတာ့ ေလယာဥ္စီးတဲ႔အခါမွာ ေရွာင္ရွားႏိုင္ၿပီး စမတ္က်က်နဲ႔ ခရီးသြားႏိုင္မွာ ေသခ်ာပါတယ္။ ဒါေၾကာင့္မို႔ ေလယာဥ္ေပၚနဲ႔ ေလယာဥ္္စီးတဲ့အခါမွာ မစားသင့္တဲ႔ အစားအစာေတြကို သိရွိၿပီး ေရွာင္ရွားႏိုင္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ၾကက္သြန္နီ၊ၾကက္္သြန္ျဖဳ

ေလယာဥ္ေပၚမတက္ခင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီပါဝင္တဲ့ အစားအစာေတြကို စားသံုးျခင္းက ပါးစပ္အနံ႔အသက္ကို ဆိုးဝါးေစတဲ႔အတြက္ ခရီးသြားေဖာ္ကို စိတ္အေႏွာင္႔အယွက္ျဖစ္ေစပါတယ္။ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴမွာပါဝင္တဲ႔ Allyl Methyl Disulfide ဆုိတဲ႔ Compound က ပါးစပ္အနံ႔အသက္ကို ဆိုးရြားေစၿပီး ခႏၶာကိုယ္ကေန ဒီအနံ႔အသက္ဆိုးကို ဖယ္ရွားဖို႔အတြက္ တစ္ရက္တာအခ်ိန္ယူရပါတယ္။ Ohio ျပည္နယ္ရွိ အစားအေသာက္နဲ႔ သိပၸံဌာနရဲ႕ ပါရဂူဘဲြ႔ရ ပါေမာကၡတစ္ဦးျဖစ္တဲ႔ Sheryl Barringer ရဲ႕ အနံ႔ေတြကို ေလ့လာမႈျပဳလုပ္ခ်က္ကန ဒီဆုိးရြားလွတဲ႔ အနံ႔အသက္ဆုိးေတြကုိ ေပ်ာက္ေအာင္ ေျဖရွင္းႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းကို ေတြ႔ရွိခဲ႔ပါတယ္။ “ေလ့လာမႈေတြအရ ပန္းသီးစိမ္း(သို႔) ပူဒီနာရြက္ေတြကုိ စားသံုးျခင္းက ၾကက္သြန္ျဖဴစားျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ အနံဆိုးေတြကို ေျပေပ်ာက္ေစပါတယ္”လို႔ Sheryl Barringer က ေျပာၾကားထားပါတယ္။ ေလယာဥ္မစီးခင္ ၾကက္သြန္ျဖဴ၊ၾကက္သြန္နီစားမိခဲ႔ရင္ ဒီနည္းလမ္းကို က်င့္သံုုးကာ အေႏွာက္အယွက္ျဖစ္ေစတဲ႔ အနံ႔အသက္ဆိုးေတြကို တားဆီးကာကြယ္လို႔ ရပါတယ္။

Onions and Garlic

Onions and Garlic

အရက္

ေလယာဥ္စီးရမွာကို ေၾကာက္တဲ့သူေတြအေနနဲ႔ အရက္အနည္္းငယ္သံုးေပးလိုက္ရင္ ေၾကာက္စိတ္ေတြ ေျပေပ်ာက္သြားၿပီး စိတ္တည္ၿငိမ္ေစတယ္လို႔ ထင္မွတ္ကာ ေသာက္သံုးတတ္ၾကပါတယ္။ ဒါအျပင္ အေပ်ာ္ခရီးထြက္တာက အနားယူအပန္းေျဖမႈွ စတင္တာျဖစ္တဲ့အတြက္ အရက္အလြန္အက်ဴးေသာက္လိုက္ရင္လည္း ဘာမွမျဖစ္ေလာက္ပါဘူးလို႔ေတြးမိၿပီး ေသာက္ေတာ့မယ္လို စဥ္းစားရင္ ေနာက္တစ္ႀကိမ္ျပန္စဥ္းစားဖိို႔ အၾကံျပဳပါရေစ။ ေလဆိပ္မွာရွိတဲ့ က်န္းမာေရးေစာင္႔ေရွာက္မႈအဖဲြ႔အစည္းရဲ႕ ေျပာၾကားခ်က္အရ ပ်ံသန္းျခင္းျပဳလုပ္တဲ႔အခါမွာ ခႏၶာကုိယ္က ေရဓာတ္ဆံုးရႈံးမႈကို ျဖစ္ေပၚေစပါတယ္။ ေလယာဥ္ေပၚမွာ က်ဥ္းက်ဥ္းၾကဳတ္ၾကဳတ္နဲ႔ ေလးနာရီထက္ပိုၾကာေအာင္ ထိုင္ရတဲ႔အခါ ေသြးခဲမႈႏႈန္းျမင္႔တက္လာေစသလို အရက္ေသာက္သံုးျခင္းေၾကာင့္ ေရဓာတ္ကုန္ခမ္းျခင္းေတြပါျဖစ္ေပၚလာတဲ႔အခါ က်န္းမာေရးကို ႀကီးမားစြာထိခိုက္ေစႏုိင္တယ္လုိ႔ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဗဟုိစင္တာ (CDC) ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါေၾကာင့္မို႔ ေလယာဥ္စီးတဲ႔အခါမွာ ေၾကာက္စိတ္ကို ေျဖေဖ်ာက္ဖို႔အတြက္ အရက္ကို မျဖစ္မေနေသာက္သံုးမယ္ဆိုရင္ေတာင္ အနည္းငယ္ေလာက္သာသံုးသင္႔ၿပီး အလြန္အက်ဴးမေသာက္မိေအာင္ ထိန္းခ်ဳပ္သင့္ပါတယ္။ တတ္ႏိုင္ရင္ေတာ့ လံုးဝမေသာက္တာက အေကာင္းဆံုးပါပဲ။

Alcohol

Alcohol

သစ္သီးေျခာက္

ေလယာဥ္စီးတဲ့အခါမွာ အပ်င္းေျပဖို႔အတြက္ပဲျဖစ္ျဖစ္ အမူးအေမာေတြေျပဖို႔အတြက္ပဲျဖစ္ျဖစ္ သစ္သီးေျခာက္ေတြကိုု စားသံုးတတ္ၾကပါတယ္။ Gastroenterology and Hepatology From Bed to Bench ဂ်ာနယ္ထဲမွာပါဝင္တဲ႔ ေဆာင္းပါးအရ သစ္သီးေျခာက္ေတြမွာ Sulfite ပါဝင္တဲ႔အတြက္ အသက္ရွဴလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါျဖစ္ပြားမႈႏႈန္းကို ျမင္႔တက္ေစတယ္လို႔ သိရပါတယ္။ ေလယာဥ္စီးတဲ႔အခါ ေအာက္ဆီဂ်င္ပမာဏနည္းပါးမႈေၾကာင္႔ အသက္ရွဴရတာ ခက္ခဲလာေစႏိုင္တဲ့အခ်ိန္မ်ဳိးမွာ သစ္သီးေျခာက္ေတြစားသံုးျခင္းက ပိုဆုိးသြားေစႏိုင္ပါတယ္။

Dried fruit

Dried fruit

ေကာ္ဖီ

ေကာ္ဖီႀကိဳက္တဲ့သူေတြက ေကာ္ဖီကို တစ္ရက္မေသာက္ရရင္ မေနႏိုင္ပါဘူး။ ဒါေပမယ္႔လည္း ေကာ္ဖီတစ္ခြက္မွာ ကဖင္းဓာတ္ ၄၁၀ မီလီဂရမ္ ပါဝင္ပါတယ္။ ေလယာဥ္မစီးခင္ ေကာ္ဖီေသာက္ထားမိရင္ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓာတ္ေၾကာင့္ ဆီးမၾကာခဏသြားေစသလို အရည္ဓာတ္၊ ဆိုဒီယမ္ဓာတ္ေတြနဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြကိုပါ ဆံုးရႈံးေစႏိုင္ပါတယ္။ အဲလုိဆီးခဏခဏသြားတဲ႔အခါ ကိုယ္႔ရဲ႕ေဘးမွာထိုင္တဲ႔ ခရီးသြားေဖာ္ကို အေႏွာင္႔အယွက္ျဖစ္ေစႏိုင္ပါတယ္။ ဒါအျပင္ ကဖင္းဓာတ္ေၾကာင္႔ ေခါင္းကိုက္ၿပီး မအီမသာျဖစ္ျခင္း၊ ၾကြက္တက္ျခင္း အစရွိတဲ့ လကၡဏေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။

Coffee

Coffee

ေပါင္မုန္႔၊ ၾကက္ဥနဲ႔ ဝက္ေပါင္ေျခာက္ပါဝင္တဲ႔ Sandwich စားျခင္း

ေလယာဥ္နဲ႔ ခရီးသြားမယ္ဆိုရင္ Sandwich လိုမ်ဳိး Fast Food စားတာကုိလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ ေပါင္မုန္႔၊ ၾကက္ဥနဲ႔ ဝက္ေပါင္ေျခာက္ပါဝင္တဲ႔ Sandwich က ဆိုဒီယမ္အျမင္႔ဆံုးပါဝင္တဲ႔ အစားအစာျဖစ္ပါတယ္။ American Heart Association အရ ဆိုဒီယမ္က ေသြးဖိအားကိုု တက္ေစပါတယ္။ အဲလိုေသြးဖိအားတက္ျခင္းက ေလယာဥ္စီးေနတဲ႔အခ်္ိန္မ်ဳိးမွာ ျဖစ္တတ္တဲ့ ေအာက္ဆီဂ်င္ပမာဏက်ဆင္းျခင္းနဲ႔ ဆက္စပ္မႈရွိတဲ႔အတြက္ ထိုအခါမ်ဳိးမွာ ႏွလံုးက ေအာက္ဆီဂ်င္ရရွိဖို႔အတြက္ ပိုၿပီးအားစိုက္ထုတ္ရပါတယ္။ Sandwich စားမယ့္အစား သစ္သီးေတြ၊ ဒိန္ခ်ဥ္ေတြနဲ႔ အျခားဆားပါဝင္မႈႏႈန္းေလ်ာ့နည္းတဲ့ အစားအစာေတြကို စားသံုးေပးလို႔ရပါတယ္။

breakfast sandwich

breakfast sandwich

ပဲအမ်ဳိးမ်ဳိး

ေလဆိပ္ရွိ က်န္းမာေရးေစာင္႔ေရွာက္မႈအဖဲြ႔ရဲ႕ သက္ေသျပခ်က္အရ ေလယာဥ္အခန္းတြင္းအပူခ်ိန္ေျပာင္းလဲမႈေၾကာင္႔ အူကို ၂၅ ရာခိုင္ႏႈန္းအထိက်ယ္လာၿပီး အူထဲမွာဂက္စ္ေတြျဖစ္ေပၚလာေစပါတယ္။ အမွ်င္ဓာတ္ျပည့္ဝၿပီး ေျမေပၚမွာေပါက္တဲ့ပဲမ်ဳိးဟာ ေလပြေစေသာေၾကာင္႔ ေလယာဥ္ပ်ံသန္းေနစဥ္အေတာအတြင္းမွာ ဝမ္းဗိုက္မအီမသာျဖစ္ၿပီး ေလလည္မိတာမ်ဳိး ျဖစ္တဲ့အခါ ကုိယ္နဲ႔အတူထိုင္တဲ့ ေဘးနားကလူမ်ားအား အေႏွာင္႔အယွက္ျဖစ္ေစပါတယ္။ အကယ္၍ ကုိယ္ဝန္ေဆာင္သည္ျဖစ္ခဲ႔ရင္လည္း ဗုိက္ထဲမွာ ေလပြေနျခင္းက ခႏၶာကိုယ္ကို ပိုၿပီးမသက္မသာျဖစ္ေစပါတယ္။ ဒါေၾကာင္႔မို႔ ေလယာဥ္ေပၚမတက္ခင္နဲ႔ ေလယာဥ္ေပၚမွာ ပဲစားျခင္းကို တတ္ႏိုင္သမွ် ေရွာင္ရွားသင့္ပါတယ္။

Beans

Beans

ေလယာဥ္ေပၚမွာမစားသင့္တဲ႔ အစားအစာေတာ္ေတာ္မ်ားမ်ားကို သိရွိသြားၿပီဆိုေတာ့ မစားသင္႔တဲ႔အစားအစာေတြကိုစားၿပီး စိတ္ကသိကေအာက္အျဖစ္ခံမယ္႔အစား ေရွာင္ရွားလိုက္ျခင္းအားျဖင္႔ စိတ္လက္ခ်မ္းသာတဲ႔ ခရီးစဥ္ျဖစ္ေအာင္ ကိုယ္တိုင္ဖန္တီးၾကည္႔လိုက္ရေအာင္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လေယာဉ်ကြီးမစီးခင်နဲ့ လေယာဉ်ပေါ်မှာ ဒါတွေမစားပါနဲ့

အစားအသောက်ကို ခုံမင်သူတွေအနေနဲ့ ဘယ်နေရာပဲရောက်ရောက် အစားနဲ့ပါးစပ်မပြတ် တစွတ်စွတ်စားချင်နေတာကို တွေ့ရမှာပါ။ အဲလိုအစားအသောက်နှစ်ခြိုက်သူအတွက်အနေနဲ့ ခရီးသွားလို့ လေယာဉ်စီးတဲ့အခါမှာ ကိုယ်ခရီးသွားဖော်ကို အနှောက်အယှက်မဖြစ်စေဖို့အတွက်ရော၊ ခရီးသွားနေရင်း ကျန်းမာရေးမထိခိုက်စေဖို့အတွက်ရော ဒီလိုအစားအသောက်တွေကို လေယာဉ်ပေါ်မှာ မစားသင့်ဘူးတဲ့နော်။ မစားသင့်တဲ့အစားအစာတွေကို သိထားတော့ လေယာဉ်စီးတဲ့အခါမှာ ရှောင်ရှားနိုင်ပြီး စမတ်ကျကျနဲ့ ခရီးသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့်မို့ လေယာဉ်ပေါ်နဲ့ လေယာဉ်စီးတဲ့အခါမှာ မစားသင့်တဲ့ အစားအစာတွေကို သိရှိပြီး ရှောင်ရှားနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်နီ၊ကြက်သွန်ဖြု

လေယာဉ်ပေါ်မတက်ခင် ကြက်သွန်ဖြူ၊ ကြက်သွန်နီပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းက ပါးစပ်အနံ့အသက်ကို ဆိုးဝါးစေတဲ့အတွက် ခရီးသွားဖော်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allyl Methyl Disulfide ဆိုတဲ့ Compound က ပါးစပ်အနံ့အသက်ကို ဆိုးရွားစေပြီး ခန္ဓာကိုယ်ကနေ ဒီအနံ့အသက်ဆိုးကို ဖယ်ရှားဖို့အတွက် တစ်ရက်တာအချိန်ယူရပါတယ်။ Ohio ပြည်နယ်ရှိ အစားအသောက်နဲ့ သိပ္ပံဌာနရဲ့ ပါရဂူဘွဲ့ရ ပါမောက္ခတစ်ဦးဖြစ်တဲ့ Sheryl Barringer ရဲ့ အနံ့တွေကို လေ့လာမှုပြုလုပ်ချက်ကန ဒီဆိုးရွားလှတဲ့ အနံ့အသက်ဆိုးတွေကို ပျောက်အောင် ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းကို တွေ့ရှိခဲ့ပါတယ်။ “လေ့လာမှုတွေအရ ပန်းသီးစိမ်း(သို့) ပူဒီနာရွက်တွေကို စားသုံးခြင်းက ကြက်သွန်ဖြူစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အနံဆိုးတွေကို ပြေပျောက်စေပါတယ်”လို့ Sheryl Barringer က ပြောကြားထားပါတယ်။ လေယာဉ်မစီးခင် ကြက်သွန်ဖြူ၊ကြက်သွန်နီစားမိခဲ့ရင် ဒီနည်းလမ်းကို ကျင့်သုံးကာ အနှောက်အယှက်ဖြစ်စေတဲ့ အနံ့အသက်ဆိုးတွေကို တားဆီးကာကွယ်လို့ ရပါတယ်။

Onions and Garlic

Onions and Garlic

အရက်

လေယာဉ်စီးရမှာကို ကြောက်တဲ့သူတွေအနေနဲ့ အရက်အနည်းငယ်သုံးပေးလိုက်ရင် ကြောက်စိတ်တွေ ပြေပျောက်သွားပြီး စိတ်တည်ငြိမ်စေတယ်လို့ ထင်မှတ်ကာ သောက်သုံးတတ်ကြပါတယ်။ ဒါအပြင် အပျော်ခရီးထွက်တာက အနားယူအပန်းဖြေမှုှ စတင်တာဖြစ်တဲ့အတွက် အရက်အလွန်အကျူးသောက်လိုက်ရင်လည်း ဘာမှမဖြစ်လောက်ပါဘူးလို့တွေးမိပြီး သောက်တော့မယ်လို စဉ်းစားရင် နောက်တစ်ကြိမ်ပြန်စဉ်းစားဖို့ အကြံပြုပါရစေ။ လေဆိပ်မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ ပျံသန်းခြင်းပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ လေယာဉ်ပေါ်မှာ ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့ လေးနာရီထက်ပိုကြာအောင် ထိုင်ရတဲ့အခါ သွေးခဲမှုနှုန်းမြင့်တက်လာစေသလို အရက်သောက်သုံးခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်းတွေပါဖြစ်ပေါ်လာတဲ့အခါ ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေနိုင်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုစင်တာ (CDC) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့်မို့ လေယာဉ်စီးတဲ့အခါမှာ ကြောက်စိတ်ကို ဖြေဖျောက်ဖို့အတွက် အရက်ကို မဖြစ်မနေသောက်သုံးမယ်ဆိုရင်တောင် အနည်းငယ်လောက်သာသုံးသင့်ပြီး အလွန်အကျူးမသောက်မိအောင် ထိန်းချုပ်သင့်ပါတယ်။ တတ်နိုင်ရင်တော့ လုံးဝမသောက်တာက အကောင်းဆုံးပါပဲ။

Alcohol

Alcohol

သစ်သီးခြောက်

လေယာဉ်စီးတဲ့အခါမှာ အပျင်းပြေဖို့အတွက်ပဲဖြစ်ဖြစ် အမူးအမောတွေပြေဖို့အတွက်ပဲဖြစ်ဖြစ် သစ်သီးခြောက်တွေကို စားသုံးတတ်ကြပါတယ်။ Gastroenterology and Hepatology From Bed to Bench ဂျာနယ်ထဲမှာပါဝင်တဲ့ ဆောင်းပါးအရ သစ်သီးခြောက်တွေမှာ Sulfite ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတယ်လို့ သိရပါတယ်။ လေယာဉ်စီးတဲ့အခါ အောက်ဆီဂျင်ပမာဏနည်းပါးမှုကြောင့် အသက်ရှူရတာ ခက်ခဲလာစေနိုင်တဲ့အချိန်မျိုးမှာ သစ်သီးခြောက်တွေစားသုံးခြင်းက ပိုဆိုးသွားစေနိုင်ပါတယ်။

Dried fruit

Dried fruit

ကော်ဖီ

ကော်ဖီကြိုက်တဲ့သူတွေက ကော်ဖီကို တစ်ရက်မသောက်ရရင် မနေနိုင်ပါဘူး။ ဒါပေမယ့်လည်း ကော်ဖီတစ်ခွက်မှာ ကဖင်းဓာတ် ၄၁၀ မီလီဂရမ် ပါဝင်ပါတယ်။ လေယာဉ်မစီးခင် ကော်ဖီသောက်ထားမိရင် ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် ဆီးမကြာခဏသွားစေသလို အရည်ဓာတ်၊ ဆိုဒီယမ်ဓာတ်တွေနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။ အဲလိုဆီးခဏခဏသွားတဲ့အခါ ကိုယ့်ရဲ့ဘေးမှာထိုင်တဲ့ ခရီးသွားဖော်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် ကဖင်းဓာတ်ကြောင့် ခေါင်းကိုက်ပြီး မအီမသာဖြစ်ခြင်း၊ ကြွက်တက်ခြင်း အစရှိတဲ့ လက္ခဏတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

Coffee

Coffee

ပေါင်မုန့်၊ ကြက်ဥနဲ့ ဝက်ပေါင်ခြောက်ပါဝင်တဲ့ Sandwich စားခြင်း

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Sandwich လိုမျိုး Fast Food စားတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပေါင်မုန့်၊ ကြက်ဥနဲ့ ဝက်ပေါင်ခြောက်ပါဝင်တဲ့ Sandwich က ဆိုဒီယမ်အမြင့်ဆုံးပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ American Heart Association အရ ဆိုဒီယမ်က သွေးဖိအားကို တက်စေပါတယ်။ အဲလိုသွေးဖိအားတက်ခြင်းက လေယာဉ်စီးနေတဲ့အချိန်မျိုးမှာ ဖြစ်တတ်တဲ့ အောက်ဆီဂျင်ပမာဏကျဆင်းခြင်းနဲ့ ဆက်စပ်မှုရှိတဲ့အတွက် ထိုအခါမျိုးမှာ နှလုံးက အောက်ဆီဂျင်ရရှိဖို့အတွက် ပိုပြီးအားစိုက်ထုတ်ရပါတယ်။ Sandwich စားမယ့်အစား သစ်သီးတွေ၊ ဒိန်ချဉ်တွေနဲ့ အခြားဆားပါဝင်မှုနှုန်းလျော့နည်းတဲ့ အစားအစာတွေကို စားသုံးပေးလို့ရပါတယ်။

breakfast sandwich

breakfast sandwich

ပဲအမျိုးမျိုး

လေဆိပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ သက်သေပြချက်အရ လေယာဉ်အခန်းတွင်းအပူချိန်ပြောင်းလဲမှုကြောင့် အူကို ၂၅ ရာခိုင်နှုန်းအထိကျယ်လာပြီး အူထဲမှာဂက်စ်တွေဖြစ်ပေါ်လာစေပါတယ်။ အမျှင်ဓာတ်ပြည့်ဝပြီး မြေပေါ်မှာပေါက်တဲ့ပဲမျိုးဟာ လေပွစေသောကြောင့် လေယာဉ်ပျံသန်းနေစဉ်အတောအတွင်းမှာ ဝမ်းဗိုက်မအီမသာဖြစ်ပြီး လေလည်မိတာမျိုး ဖြစ်တဲ့အခါ ကိုယ်နဲ့အတူထိုင်တဲ့ ဘေးနားကလူများအား အနှောင့်အယှက်ဖြစ်စေပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်သည်ဖြစ်ခဲ့ရင်လည်း ဗိုက်ထဲမှာ လေပွနေခြင်းက ခန္ဓာကိုယ်ကို ပိုပြီးမသက်မသာဖြစ်စေပါတယ်။ ဒါကြောင့်မို့ လေယာဉ်ပေါ်မတက်ခင်နဲ့ လေယာဉ်ပေါ်မှာ ပဲစားခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

Beans

Beans

လေယာဉ်ပေါ်မှာမစားသင့်တဲ့ အစားအစာတော်တော်များများကို သိရှိသွားပြီဆိုတော့ မစားသင့်တဲ့အစားအစာတွေကိုစားပြီး စိတ်ကသိကအောက်အဖြစ်ခံမယ့်အစား ရှောင်ရှားလိုက်ခြင်းအားဖြင့် စိတ်လက်ချမ်းသာတဲ့ ခရီးစဉ်ဖြစ်အောင် ကိုယ်တိုင်ဖန်တီးကြည့်လိုက်ရအောင်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။