[Zawgyi]





Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Notch ပါတဲ့ဖုန်းတွေအကြောင်းသင်သိသင့်တာလေးတွေ

iPhone X အပေါ်မှာ Screen ထဲကိုဖြတ်ပါနေတဲ့ နေရာမည်းမည်းကြီးလိုမျိုးကို Notch လို့ခေါ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေကို Full Screen လုပ်လာကြတော့ အပေါ်မှာရှိနေတဲ့ Camera ၊ Sensor ၊ Earpiece တွေအတွက်နေရာလိုပါတာကြောင့် Screen ထဲကိုနေရာချန်ပေးရပါတယ်။ နေရာချန်မပေးရင်လည်း Camera တွေကိုအပေါ်မှာထားလို့မရတာကြောင့် အဆင်သိပ်မပြေပါဘူး။ Notch ပါတဲ့ဖုန်းတွေများလာပြီဖြစ်တာကြောင့် နောက်ဖုန်းအသစ်ဝယ်မယ်ဆိုရင်သင်ဒါလေးတွေသိထားသင့်ပါတယ်။

Notch က Video တွေကို Screen အပြည့်ကြည့်တဲ့အခါတော့ Video ရဲ့အစိတ်အပိုင်းအချို့ကိုကွယ်နေတာကြောင့် သင့်အတွက်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် Video ကို Full Screen နဲ့မကြည့်ပဲ ပုံမှန်အချိုးအတိုင်းကြည့်ရင်တော့ အဆင်ပြေပါတယ်။ Full Screen ကိုမှကြဘည့်ချင်တာဆိုရင်တော့ Notch ကိုသင်သည်းခံမှအဆင်ပြေမှာပါ။ Notch တွေကစသုံးစမှာ သင်သတိထားမိပေမယ့် အချိန်ခဏလေးအတွင်းမှာ သင်အကျင့်ဖြစ်သွားပြီး သိပ်သတိထားမိတော့မှာမဟုတ်ပါဘူး။ Notch နဲ့ပတ်သက်ပြီးသိပ်ပြီးအဆင်မပြေတာတွေမရှိသေးပေမယ့် အချို့ Game တွေ App တွေက Update မရသေးရင်တော့ Notch ပါတဲ့ဖုန်းတွေမှာ နည်းနည်းအဆင်မပြေတာဖြစ်ပေမယ့် Update ရလာရင်ပြဿနာတွေအားလုံး အဆင်ပြေသွားမှာပါ။

Notch ပါတဲ့ Display တော်တော်များများက ပြုတ်ကျလို့ကွဲခဲ့ရင် အရင်က Display တွေထက်အနည်းငယ်ဈေးပိုများနိုင်ပါတယ်။ Notch ပါတဲ့ Display တော်တော်များများက Bezel တွေပါးပါတယ်။ Bezel တွေပါးလာတာကြောင့် ပြုတ်ကျရင် ကွဲဖို့ပိုလွယ်လာပါတယ်။ ဖုန်းကုမ္ပဏီတွေက ပိုကောင်းတဲ့ Glass တွေသုံးလာပေမယ့်လည်း Glass ဖြစ်နေတာကြောင့် ကွဲဖို့ဖြစ်နိုင်ပါသေးတယ်။ ဖုန်းကဘယ်လောက်အကြမ်းခံတယ်ကြေကြေငြာထားထား ဂရုစိုက်သင့်ပါတယ်။ လောလောဆယ်မှာတော့ Notch ပါတဲ့ Display တော်တော်များများ အပိုပစ္စည်းရှားသလို ဈေးကြီးတာကြောင့် သင့်ဖုန်းက Notch ပါတယ်ဆိုရင် သတိထားသုံးတာပိုကောင်းပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။