[Zawgyi]

ခ်ယ္လ္ဆီးနာမည္ေက်ာ္ကစားသမား ဟာဇက္ Hazard ရဲ႕ လူသိနည္းတဲ့ အေၾကာင္းအရာမ်ား

ဟာဇက္ Hazard ဆုိတာက လက္ရွိကမၻာ႔အေကာင္းဆုံး Top Ten စာရင္း၀င္ ကစားသမားတစ္ဦးဆုိတာ ဘယ္သူမွ မျငင္းႏုိင္ဘူး။ အခ်က္အလက္ေတြအရလည္း ဟာဇက္က World Best Dribbler (ေဘာလုံးဆဲြေျပးမႈအေကာင္းဆုံး) ကစားသမားတစ္ဦးလုိ႔ သတ္မွတ္ခံထားရတယ္။ တိတိက်က်ေျပာရရင္ေတာ့ ပဲြကစားခ်ိန္ (၁၄.၁)မိနစ္ၾကာတိုင္း ေအာင္ျမင္တဲ့ ေဘာလုံးဆဲြေျပးမႈ ျပဳလုပ္ခဲ့ၿပီး ရာခုိင္ႏႈန္းအရဆုိရင္ (၈၀.၄)ရာခုိင္ႏႈန္းအထိ ရွိေနတယ္။

ဟာဇက္ရဲ႕စြမ္းရည္ေတြ၊ ေအာင္ျမင္မႈေတြကို ေဇာင္းေပးေဖာ္ျပခ်င္တာ မဟုတ္လုိ႔ ကြင္းတြင္းစြမ္းေဆာင္ရည္ကုိ ေနာက္မွ သီးသန္႔ေရးပါဦးမယ္။

Hazard-lifestyle

Hazard-lifestyle

အခုေျပာခ်င္တာက ဟာဇက္ရဲ႕ကြင္းျပင္ပ Lifestyle ပါ။ ဟာဇက္ရဲ႕ပရိသတ္ေတြလည္း သူတို႔အားေပးတဲ့ကစားသမားရဲ႕ မိသားစုဘ၀က ဘယ္လုိ၊ ဘယ္အရာေတြ ႀကိဳက္ႏွစ္သက္လဲ၊ Relationship နဲ႔ပတ္သက္တာ စတာေတြကုိ သိခ်င္မွာပဲ။ ဒါေၾကာင့္ ဟာဇက္နဲ႔ပတ္သက္ၿပီး လူသိနည္းေသးတဲ့ အခ်က္အလက္တခ်ိဳ႕ကုိ ေဖာ္ျပလုိက္တာပဲျဖစ္ပါတယ္ . . .

Hazard-Family

Hazard-Family

တစ္မိသားစုလုံးက ေဘာလုံး Crazy
ဟာဇက္ရဲ႕မိသားစုမွာ ညီအစ္ကုိ(၄)ဦးရွိၿပီး ဟာဇက္က အႀကီးဆုံးသားပါ။ ေဘာလုံးေလာကမွာ ဟာဇက္ က်င္လည္ေနသလုိ သူ႔ရဲ႕ညီေတြျဖစ္တဲ့ Thorgan ၊ Kylian ၊ Ethan တို႔ကလည္း ေဘာလုံးသမားေတြျဖစ္ပါတယ္။

ထူးျခားတာက ဟာဇက္ရဲ႕ အေဖနဲ႔အေမကလည္း ေဘာလုံးသမားေတြျဖစ္ၾကတာပါပဲ။ ဟာသဆန္ဆန္ ေျပာရရင္ ဟာဇက္ရဲ႕အေဖနဲ႔အေမက ေဘာလုံးဖူးစာဖက္လုိ႔ပဲ ဆုိရမလား။ သူ႔အေဖက Defensive Midfielder အျဖစ္ ကစားခဲ့ၿပီး ဟာဇက္ရဲ႕အေမဆုိရင္ အမ်ိဳးသမီးေဘာလုံးအသင္းမွာ တိုက္စစ္မွဴးျဖစ္ပါတယ္။ ဟာဇက္အေမက ဘယ္ေလာက္အထိ ေဘာလုံးကစားရတာ ႀကိဳက္သလဲဆုိရင္ ဟာဇက္ကုိ ကုိယ္၀န္ေဆာင္ၿပီး (၃)လအထိ ေဘာလုံးကစားၿပီးမွ အနားယူခဲ့တာပါ။

Hazard-fan-of-Zidane

Hazard-fan-of-Zidane

ဇီဒန္း Zidane က ဟာဇက္အတြက္ Idol
ျပင္သစ္ဂႏၳ၀င္ႀကီး ဇီဒန္းဆုိတာက 90 Born ေဘာလုံးသမားတိုင္း အားက်ေလးစားစရာခဲ့ရတဲ့သူျဖစ္ၿပီး အဲဒီအထဲမွာ ဟာဇက္လည္း တစ္ဦးအပါအ၀င္ေပ့ါ။ ဇီဒန္းရဲ႕ ကစားဟန္ေတြကုိ ၾကည့္ၿပီး ႀကီးျပင္းခဲ့ရတာေၾကာင့္ ဟာဇက္ ကစားေပါက္က ဇီဒန္းနဲ႔ခပ္ဆင္ဆင္တူတာကုိ ပရိသတ္ေတြ သတိျပဳမိလိမ့္မယ္။ ရီးယဲလ္ကုိ ဟာဇက္ ေျပာင္းေရႊ႕ခ်င္တဲ့ အေၾကာင္းရင္းတစ္ခုက သူ႔ရဲ႕ Idol ႀကီး ကစားခဲ့ဖူးတဲ့အသင္းျဖစ္ေနတာေၾကာင္လည္း ပါပါတယ္။

Hazard-Playing-basketball

Hazard-Playing-basketball

ဘက္စကတ္ေဘာကစားနည္းကုိ ႀကိဳက္ႏွစ္သက္သူ
ဟာဇက္ဟာ ေဘာလုံးေလာကမွာ ကမၻာ႔အဆင့္စာရင္း၀င္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ေဘာလုံးၿပီးရင္ သူအႀကိဳက္ဆုံး အားကစားနည္းက ဘက္စကတ္ေဘာပါ။ အရင္တုန္းကဆုိရင္ ခ်ယ္လ္ဆီးဘက္စကတ္ေဘာအသင္း၊ ဘယ္လ္ဂ်ီယံဘက္စကတ္ေဘာအသင္းအတြက္ ပါ၀င္ကစားခဲ့ဖူးပါတယ္။ နာမည္ႀကီးဘကတ္စကတ္ေဘာၿပိဳင္ပဲြျဖစ္တဲ့ NBA ပဲြေတြကုိ မလြတ္တမ္းၾကည့္ၿပီး သူအႀကိဳက္ဆုံး အသငး္ေတြက New York Knicks နဲ႔ Kristaps Porzingis အသင္းေတြပါပဲ။

Hazard-wife-and-Kids

Hazard-wife-and-Kids

အိမ္ေထာင္ရွိၿပီးသား ကေလး(၃)ေယာက္အေဖ
ဟာဇက္ကုိ ႀကိတ္ေၾကြေနတဲ့ အမ်ိဳးသမီးပရိသတ္ေတြအတြက္ေတာ့ ေၾကကြဲစရာပါပဲ။ ဟာဇက္ဟာ သူနဲ႔ႏွစ္ေပါင္းမ်ားစြာ တဲြခဲ့တဲ့ ခ်စ္သူ Natacha Van Honacker နဲ႔ ၂၀၁၂ ခုႏွစ္တုန္းက လက္ထပ္ခဲ့ၿပီးသားပါ။ အခုဆုိရင္ သူတို႔ဇနီးေမာင္ႏွံမွာ Yannis ၊ Leo ၊ Samy ဆုိတဲ့ သား(၃)ဦး ပုိင္ဆုိင္ထားၿပီးျဖစ္ပါတယ္။

4-things-you-probably-didnt-know-about-Eden-Hazard

4-things-you-probably-didnt-know-about-Eden-Hazard

ဒါေတြကေတာ့ ဟာဇက္နဲ႔ပတ္သက္ၿပီး လူသိနည္းတဲ့ အေၾကာင္းအရာတခ်ိဳ႕လည္းျဖစ္ပါတယ္။ ဟာဇက္ ပရိသတ္ေတြလည္း အခု ေဆာင္းပါးတိုကုိ ဖတ္ၿပီး ကုိယ့္အားေပးတဲ့ ကစားသမားတစ္ဦးအေၾကာင္းကုိ တျခားသူေတြဆီ ေဖာက္သည္ခ်လုိ႔ရေအာင္ ေဖာ္ျပလုိက္ရတာပဲျဖစ္ပါတယ္ . . .

REF:sportskeeda.com
Photo:independent,Twitter,Marca,These Football Times
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးနာမည်ကျော်ကစားသမား ဟာဇက် Hazard ရဲ့ လူသိနည်းတဲ့ အကြောင်းအရာများ

ဟာဇက် Hazard ဆိုတာက လက်ရှိကမ္ဘာ့အကောင်းဆုံး Top Ten စာရင်းဝင် ကစားသမားတစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ အချက်အလက်တွေအရလည်း ဟာဇက်က World Best Dribbler (ဘောလုံးဆွဲပြေးမှုအကောင်းဆုံး) ကစားသမားတစ်ဦးလို့ သတ်မှတ်ခံထားရတယ်။ တိတိကျကျပြောရရင်တော့ ပွဲကစားချိန် (၁၄.၁)မိနစ်ကြာတိုင်း အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု ပြုလုပ်ခဲ့ပြီး ရာခိုင်နှုန်းအရဆိုရင် (၈၀.၄)ရာခိုင်နှုန်းအထိ ရှိနေတယ်။

ဟာဇက်ရဲ့စွမ်းရည်တွေ၊ အောင်မြင်မှုတွေကို ဇောင်းပေးဖော်ပြချင်တာ မဟုတ်လို့ ကွင်းတွင်းစွမ်းဆောင်ရည်ကို နောက်မှ သီးသန့်ရေးပါဦးမယ်။

Hazard-lifestyle

Hazard-lifestyle

အခုပြောချင်တာက ဟာဇက်ရဲ့ကွင်းပြင်ပ Lifestyle ပါ။ ဟာဇက်ရဲ့ပရိသတ်တွေလည်း သူတို့အားပေးတဲ့ကစားသမားရဲ့ မိသားစုဘဝက ဘယ်လို၊ ဘယ်အရာတွေ ကြိုက်နှစ်သက်လဲ၊ Relationship နဲ့ပတ်သက်တာ စတာတွေကို သိချင်မှာပဲ။ ဒါကြောင့် ဟာဇက်နဲ့ပတ်သက်ပြီး လူသိနည်းသေးတဲ့ အချက်အလက်တချို့ကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ် . . .

Hazard-Family

Hazard-Family

တစ်မိသားစုလုံးက ဘောလုံး Crazy
ဟာဇက်ရဲ့မိသားစုမှာ ညီအစ်ကို(၄)ဦးရှိပြီး ဟာဇက်က အကြီးဆုံးသားပါ။ ဘောလုံးလောကမှာ ဟာဇက် ကျင်လည်နေသလို သူ့ရဲ့ညီတွေဖြစ်တဲ့ Thorgan ၊ Kylian ၊ Ethan တို့ကလည်း ဘောလုံးသမားတွေဖြစ်ပါတယ်။

ထူးခြားတာက ဟာဇက်ရဲ့ အဖေနဲ့အမေကလည်း ဘောလုံးသမားတွေဖြစ်ကြတာပါပဲ။ ဟာသဆန်ဆန် ပြောရရင် ဟာဇက်ရဲ့အဖေနဲ့အမေက ဘောလုံးဖူးစာဖက်လို့ပဲ ဆိုရမလား။ သူ့အဖေက Defensive Midfielder အဖြစ် ကစားခဲ့ပြီး ဟာဇက်ရဲ့အမေဆိုရင် အမျိုးသမီးဘောလုံးအသင်းမှာ တိုက်စစ်မှူးဖြစ်ပါတယ်။ ဟာဇက်အမေက ဘယ်လောက်အထိ ဘောလုံးကစားရတာ ကြိုက်သလဲဆိုရင် ဟာဇက်ကို ကိုယ်ဝန်ဆောင်ပြီး (၃)လအထိ ဘောလုံးကစားပြီးမှ အနားယူခဲ့တာပါ။

Hazard-fan-of-Zidane

Hazard-fan-of-Zidane

ဇီဒန်း Zidane က ဟာဇက်အတွက် Idol
ပြင်သစ်ဂန္ထဝင်ကြီး ဇီဒန်းဆိုတာက 90 Born ဘောလုံးသမားတိုင်း အားကျလေးစားစရာခဲ့ရတဲ့သူဖြစ်ပြီး အဲဒီအထဲမှာ ဟာဇက်လည်း တစ်ဦးအပါအဝင်ပေ့ါ။ ဇီဒန်းရဲ့ ကစားဟန်တွေကို ကြည့်ပြီး ကြီးပြင်းခဲ့ရတာကြောင့် ဟာဇက် ကစားပေါက်က ဇီဒန်းနဲ့ခပ်ဆင်ဆင်တူတာကို ပရိသတ်တွေ သတိပြုမိလိမ့်မယ်။ ရီးယဲလ်ကို ဟာဇက် ပြောင်းရွှေ့ချင်တဲ့ အကြောင်းရင်းတစ်ခုက သူ့ရဲ့ Idol ကြီး ကစားခဲ့ဖူးတဲ့အသင်းဖြစ်နေတာကြောင်လည်း ပါပါတယ်။

Hazard-Playing-basketball

Hazard-Playing-basketball

ဘက်စကတ်ဘောကစားနည်းကို ကြိုက်နှစ်သက်သူ
ဟာဇက်ဟာ ဘောလုံးလောကမှာ ကမ္ဘာ့အဆင့်စာရင်းဝင် ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘောလုံးပြီးရင် သူအကြိုက်ဆုံး အားကစားနည်းက ဘက်စကတ်ဘောပါ။ အရင်တုန်းကဆိုရင် ချယ်လ်ဆီးဘက်စကတ်ဘောအသင်း၊ ဘယ်လ်ဂျီယံဘက်စကတ်ဘောအသင်းအတွက် ပါဝင်ကစားခဲ့ဖူးပါတယ်။ နာမည်ကြီးဘကတ်စကတ်ဘောပြိုင်ပွဲဖြစ်တဲ့ NBA ပွဲတွေကို မလွတ်တမ်းကြည့်ပြီး သူအကြိုက်ဆုံး အသင်းတွေက New York Knicks နဲ့ Kristaps Porzingis အသင်းတွေပါပဲ။

Hazard-wife-and-Kids

Hazard-wife-and-Kids

အိမ်ထောင်ရှိပြီးသား ကလေး(၃)ယောက်အဖေ
ဟာဇက်ကို ကြိတ်ကြွေနေတဲ့ အမျိုးသမီးပရိသတ်တွေအတွက်တော့ ကြေကွဲစရာပါပဲ။ ဟာဇက်ဟာ သူနဲ့နှစ်ပေါင်းများစွာ တွဲခဲ့တဲ့ ချစ်သူ Natacha Van Honacker နဲ့ ၂၀၁၂ ခုနှစ်တုန်းက လက်ထပ်ခဲ့ပြီးသားပါ။ အခုဆိုရင် သူတို့ဇနီးမောင်နှံမှာ Yannis ၊ Leo ၊ Samy ဆိုတဲ့ သား(၃)ဦး ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

4-things-you-probably-didnt-know-about-Eden-Hazard

4-things-you-probably-didnt-know-about-Eden-Hazard

ဒါတွေကတော့ ဟာဇက်နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာတချို့လည်းဖြစ်ပါတယ်။ ဟာဇက် ပရိသတ်တွေလည်း အခု ဆောင်းပါးတိုကို ဖတ်ပြီး ကိုယ့်အားပေးတဲ့ ကစားသမားတစ်ဦးအကြောင်းကို တခြားသူတွေဆီ ဖောက်သည်ချလို့ရအောင် ဖော်ပြလိုက်ရတာပဲဖြစ်ပါတယ် . . .

REF:sportskeeda.com
Photo:independent,Twitter,Marca,These Football Times
Naing Linn(Akhayar)
www.akhayar.com