[Zawgyi]

အလုပ္ရဲ႕ေနာက္ဆံုးေန႔မွာ ရံုးတြင္း မျဖစ္မေနျပဳလုပ္သြားသင့္တဲ့ အရာေတြ

ကိုယ့္ရဲ႕တက္လမ္းအတြက္ ပိုမိုေကာင္းမြန္တဲ့ဘဝကိုရရွိဖို႔အတြက္ ေနရာတစ္ေနရာထဲမွာ ရပ္ေနလို႔ မရပါဘူး။ ကိုယ့္အတြက္ အခြင့္အလမ္းပိုရမယ့္ေနရာကို အေျပာင္းအေရႊ႕ျပဳလုပ္ၿပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ႏုိင္ဖို႔လိုပါတယ္။ ဒါ့ေပမယ့္ ကုမၸဏီတစ္ခုၿပီးတစ္ခု အလုပ္ေျပာင္းတဲ့အခါမွာ ကိုယ္လုပ္ခဲ့တဲ့ရံုးမွာ နာမည္ေကာင္းက်န္ရစ္ဖုိ႔ကလည္း အေရးႀကီးပါတယ္။ ကုိယ္ခ်စ္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ ခြဲခြာၿပီး တျခားအလုပ္အသစ္ကို ေျပာင္းရတဲ့အခါ စိတ္ပင္ပန္းၿပီး စိတ္ဖိစီးမႈမ်ားရတာကေတာ့ သဘာဝပါပဲ။ ဒါ့ေၾကာင့္ ရံုးရဲ႕ေနာက္ဆံုးရက္မွာေတာ့ မျဖစ္မေန မေမ့မေလ်ာ့ ျပဳလုပ္သြားသင့္တဲ့ အရာေလးေတြကို အႀကံေပးခ်င္ပါတယ္။

(၁) အထက္လူႀကီးကိုေက်းဇူးတင္စကားဆိုပါ

ကိုယ့္ရဲ႕လုပ္ငန္းခြင္က အထက္လူႀကီးနဲ႔ သီးသန္႔ေတြ႔ဆံုေဆြးေႏြးတာမ်ိဳး ျပဳလုပ္ခဲ့ဖို႔ မေမ့ပါနဲ႔။ ဒီလုပ္ငန္းမွာ ကိုယ္ရခဲ့တဲ့ အေတြ႔အႀကံဳေတြကို ျပန္လည္ Sharing လုပ္ၿပီး ရခဲ့တဲ့အခြင့္အေရးေတြအတြက္လည္း ေက်းဇူးတင္စကားဆိုပါ။

(၂) လုပ္ေဖာ္ကုိင္ဖက္မ်ားကို ႏႈတ္ဆက္ပါ

အႏွစ္ႏွစ္အလလ ပူးေပါငး္လုပ္ေဆာင္ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ခ်င္းစီတုိင္းကို ႏႈတ္ဆက္စကားဆိုပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္နဲ႔သိပ္အဆင္မေျပခဲ့တဲ့ သူေတြအေပၚကိုလည္း အဆိုးျမင္စိတ္ေတြ ေမ့ေဖ်ာက္ၿပီး အေကာင္းျမင္စိတ္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႏႈတ္ဆက္ခဲ့ဖုိ႔ မေမ့ပါနဲ႔။

(၃) တာဝန္ေက်ပြန္ေအာင္လုပ္ခဲ့ပါ

လုပ္ငန္းေဆာင္တာ၊ ပေရာဂ်က္ေတြနဲ႔ တာဝန္ေတြကို အၿပီးသတ္လုပ္ေပးခဲ့ပါ။ အလုပ္ရဲ႕ေနာက္ဆံုးေန႔က ဘယ္ေလာက္ပဲ စိတ္ဖိစီးမႈမ်ားတယ္ဆိုေပမယ့္ ကိုယ့္ရဲ႕တာဝန္ကိုေတာ့ ေက်ပြန္ေအာင္ျပဳလုပ္ခဲ့ၿပီး အလုပ္ႀကိဳးစားသူအျဖစ္ နာမည္ေကာင္းက်န္ရစ္ခဲ့ဖို႔ လိုပါတယ္။

(၄) ဖုန္းနံပါတ္ေတာင္းပါ

လုပ္ေဖာ္ကိုင္ဖက္၊ အထက္အရာရွိေတြဆီကေန ဆက္သြယ္ႏုိင္တဲ့လိပ္စာ၊ ဖုန္းနံပါတ္ေတြကို ေတာင္းထားပါ။ တစ္ခ်ိန္မွာ လုပ္ငန္းပူးေပါင္းလုပ္ကိုင္ဖို႔ လိုလာမယ္လို႔ ဘယ္သူက ႀကိဳသိႏုိင္မွာလဲ။

(၅) ရံုးစားပြဲကို သပ္ရပ္စြာရွင္းလင္းခဲ့ပါ

ေန႔စဥ္အသံုးျပဳခဲ့တဲ့ ရံုးကပစၥည္းမွန္သမွ်ကို ေသသပ္စြာထားရွိခဲ့ဖို႔လည္း မေမ့ပါနဲ႔။ ရံုးခန္းကို သန္႔ရွင္းေအာင္ ျပဳလုပ္ခဲ့ၿပီး စာရြက္စာတမ္း၊ အံဆြဲ နဲ႔ ကြန္ပ်ဴတာ စတာေတြကို ေသခ်ာရွင္းလင္းခဲ့ပါ။

(၆) Personal Information ေတြ အကုန္ဖ်က္ပါ

စက္ထဲနဲ႔ ကြန္ပ်ဴတာထဲက Personal Information မွန္သမွ်ကို အကုန္ဖ်က္ခဲ့ဖို႔ လိုပါတယ္။ Personal သတင္းအခ်က္အလက္ေတြတိုင္းကို ရွင္းလင္းၿပီး ကြန္ပ်ဴတာရဲ႕ Browser ထဲက History ကို အကုန္ရွင္းလင္းခဲ့ဖုိ႔ မေမ့ပါနဲ႔။

(၇) သင္ခ်စ္ရတဲ့သူမ်ားနဲ႔ ႏႈတ္ဆက္ပြဲလုပ္ပါ

ခ်စ္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ခ်ိဳ႕နဲ႔ ညစာအတူစားၿပီး ႏႈတ္ဆက္ပြဲျပဳလုပ္ကာ အေတြ႔အႀကံဳေတြကို ျပန္လည္ Sharing လုပ္ႏုိင္ပါတယ္။ လုပ္ေဖာ္ကုိင္ဖက္မ်ားနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လမ္းခဲြလိုက္တာမ်ိဳး ျဖစ္သင့္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အလုပ်ရဲ့နောက်ဆုံးနေ့မှာ ရုံးတွင်း မဖြစ်မနေပြုလုပ်သွားသင့်တဲ့ အရာတွေ

ကိုယ့်ရဲ့တက်လမ်းအတွက် ပိုမိုကောင်းမွန်တဲ့ဘဝကိုရရှိဖို့အတွက် နေရာတစ်နေရာထဲမှာ ရပ်နေလို့ မရပါဘူး။ ကိုယ့်အတွက် အခွင့်အလမ်းပိုရမယ့်နေရာကို အပြောင်းအရွှေ့ပြုလုပ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဒါ့ပေမယ့် ကုမ္ပဏီတစ်ခုပြီးတစ်ခု အလုပ်ပြောင်းတဲ့အခါမှာ ကိုယ်လုပ်ခဲ့တဲ့ရုံးမှာ နာမည်ကောင်းကျန်ရစ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်ချစ်ရတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ခွဲခွာပြီး တခြားအလုပ်အသစ်ကို ပြောင်းရတဲ့အခါ စိတ်ပင်ပန်းပြီး စိတ်ဖိစီးမှုများရတာကတော့ သဘာဝပါပဲ။ ဒါ့ကြောင့် ရုံးရဲ့နောက်ဆုံးရက်မှာတော့ မဖြစ်မနေ မမေ့မလျော့ ပြုလုပ်သွားသင့်တဲ့ အရာလေးတွေကို အကြံပေးချင်ပါတယ်။

(၁) အထက်လူကြီးကိုကျေးဇူးတင်စကားဆိုပါ

ကိုယ့်ရဲ့လုပ်ငန်းခွင်က အထက်လူကြီးနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးတာမျိုး ပြုလုပ်ခဲ့ဖို့ မမေ့ပါနဲ့။ ဒီလုပ်ငန်းမှာ ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် Sharing လုပ်ပြီး ရခဲ့တဲ့အခွင့်အရေးတွေအတွက်လည်း ကျေးဇူးတင်စကားဆိုပါ။

(၂) လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ပါ

အနှစ်နှစ်အလလ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ချင်းစီတိုင်းကို နှုတ်ဆက်စကားဆိုပါ။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့သိပ်အဆင်မပြေခဲ့တဲ့ သူတွေအပေါ်ကိုလည်း အဆိုးမြင်စိတ်တွေ မေ့ဖျောက်ပြီး အကောင်းမြင်စိတ်နဲ့ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ခဲ့ဖို့ မမေ့ပါနဲ့။

(၃) တာဝန်ကျေပွန်အောင်လုပ်ခဲ့ပါ

လုပ်ငန်းဆောင်တာ၊ ပရောဂျက်တွေနဲ့ တာဝန်တွေကို အပြီးသတ်လုပ်ပေးခဲ့ပါ။ အလုပ်ရဲ့နောက်ဆုံးနေ့က ဘယ်လောက်ပဲ စိတ်ဖိစီးမှုများတယ်ဆိုပေမယ့် ကိုယ့်ရဲ့တာဝန်ကိုတော့ ကျေပွန်အောင်ပြုလုပ်ခဲ့ပြီး အလုပ်ကြိုးစားသူအဖြစ် နာမည်ကောင်းကျန်ရစ်ခဲ့ဖို့ လိုပါတယ်။

(၄) ဖုန်းနံပါတ်တောင်းပါ

လုပ်ဖော်ကိုင်ဖက်၊ အထက်အရာရှိတွဆီကနေ ဆက်သွယ်နိုင်တဲ့လိပ်စာ၊ ဖုန်းနံပါတ်တွေကို တောင်းထားပါ။ တစ်ချိန်မှာ လုပ်ငန်းပူးပေါင်းလုပ်ကိုင်ဖို့ လိုလာမယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ။

(၅) ရုံးစားပွဲကို သပ်ရပ်စွာရှင်းလင်းခဲ့ပါ

နေ့စဉ်အသုံးပြုခဲ့တဲ့ ရုံးကပစ္စည်းမှန်သမျှကို သေသပ်စွာထားရှိခဲ့ဖို့လည်း မမေ့ပါနဲ့။ ရုံးခန်းကို သန့်ရှင်းအောင် ပြုလုပ်ခဲ့ပြီး စာရွက်စာတမ်း၊ အံဆွဲ နဲ့ ကွန်ပျူတာ စတာတွေကို သေချာရှင်းလင်းခဲ့ပါ။

(၆) Personal Information တွေ အကုန်ဖျက်ပါ

စက်ထဲနဲ့ ကွန်ပျူတာထဲက Personal Information မှန်သမျှကို အကုန်ဖျက်ခဲ့ဖို့ လိုပါတယ်။ Personal သတင်းအချက်အလက်တွေတိုင်းကို ရှင်းလင်းပြီး ကွန်ပျူတာရဲ့ Browser ထဲက History ကို အကုန်ရှင်းလင်းခဲ့ဖို့ မမေ့ပါနဲ့။

(၇) သင်ချစ်ရတဲ့သူများနဲ့ နှုတ်ဆက်ပွဲလုပ်ပါ

ချစ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ ညစာအတူစားပြီး နှုတ်ဆက်ပွဲပြုလုပ်ကာ အတွေ့အကြုံတွေကို ပြန်လည် Sharing လုပ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များနဲ့ ပျော်ပျော်ရွှင်ရွှင် လမ်းခွဲလိုက်တာမျိုး ဖြစ်သင့်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။