[Zawgyi]

ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္ပဲြေတြမွာ ပရိသတ္ေတြ သတိမထားမိလုိက္တဲ့ အခ်က္မ်ား

ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ခ်န္ပီယံလိဂ္ ပဲြစဥ္(၂) ဗုဒၶဟူးေန႔ပဲြေတြမွာ ဘာစီလုိနာ၊ PSG ၊ နာပုိလီ အသင္းတို႔ ႏုိင္ပဲြကုိယ္စီ ရယူခဲ့ၾကတယ္။ ဒီပဲြေတြအၿပီး ပရိသတ္ေတြ သတိမထားမိလုိက္တဲ့ ထူးျခားခ်က္ေတြက ဘာမ်ားလဲဆုိေတာ့ . .

စိတ္ပ်က္စရာျဖစ္ခဲ့တဲ့ ၀င္ဘေလကြင္း

Wembley-Stadium

Wembley-Stadium

၀င္ဘေလကြင္းရဲ႕ အေနအထားက စိတ္ပ်က္စရာပါပဲ။ ျမက္ေတြက က်ိဳ႕တို႔ႀကဲတဲ၊ သဲေတြက ဟုိတစ္ကြက္၊ ဒီတစ္ကြက္နဲ႔ ၀င္ဘေလကြင္းလုိ႔ေတာင္ မထင္ရပါဘူး။ ၿပီးခဲ့တဲ့လက အန္သုိနီဂ်ိဳ႐ွဴအာ Anthony Joshua နဲ႔ ပုိဗက္ကင္ Povetkin တို႔ရဲ႕ လက္ေ၀ွ႔ပဲြကုိ ၀င္ဘေလကြင္းမွာ က်င္းပခဲ့ၿပီး ရက္ပုိင္းအၾကာမွာပဲ စပါးနဲ႔ ဘာစီလုိနာပဲြကုိ ကစားခဲ့တာျဖစ္ပါတယ္။ ၀င္ဘေလကြင္း မ်က္ႏွာျပင္နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေတြမွာ ပရိသတ္ေတြက ေလွာင္ေျပာင္ေနၾကပါၿပီ။

ေနမာ Neymar သိမ္းပုိက္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြစဥ္(၂)

Neymar

Neymar

ဗုဒၶဟူးညကုိ သိမ္းပုိက္ခဲ့သူက PSG တိုက္စစ္မွဴး ေနမာပါပဲ။ ဇီဗက္ဒါကုိ (၆-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ ဟက္ထရစ္သြင္းခဲ့ၿပီး (၂)ဂုိးက ဖရီးကစ္ကေန တိုက္႐ုိက္ကန္သြင္းခဲ့တာပါ။ ၂၀၀၉ ခုႏွစ္မွာ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တိုက္႐ုိက္ဖရီးကစ္ကေန (၂)ဂုိးသြင္းယူၿပီးေနာက္ပုိင္း အခု ေနမာက ပထမဆုံးအႀကိမ္ အဲဒီလုိ စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ၿပီး ေနမာရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ (၄၉)ပဲြကစား၊ ဂုိး(၃၀)သြင္းယူထားၿပီး ဘရာဇီးလ္ကစားသမားထဲမွာ ခ်န္ပီယံလိဂ္သြင္းဂုိး အမ်ားဆုံး ကာကာ Kaka ရဲ႕ စံခ်ိန္ကုိ အမီလုိက္ႏုိင္ခဲ့ပါၿပီ။ ကာကာဟာ ခ်န္ပီယံလိဂ္သြင္းဂုိး (၃၀)သြင္းခဲ့ၿပီး သူ႔ေနာက္မွာ ေနမာ၊ ရီဗယ္လ္ဒုိ Rivaldo (၂၇ဂုိး)၊ ဂ်ာဒယ္လ္ Jardel (၂၅ဂုိး)တို႔က အစဥ္အလုိက္အတိုင္း ရပ္တည္ေနတယ္။

အဂၤလိပ္ကလပ္ေတြဟာ မက္ဆီ Messi ရဲ႕ သားေကာင္ျဖစ္ေနဆဲ

Messi

Messi

တခ်ိဳ႕ေသာ ေ၀ဖန္ေရးသမားေတြက မက္ဆီဟာ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ ကစားဖုိ႔ျဖစ္ႏုိင္ပါ့မလား ဆုိၿပီး ေမးခြန္းထုတ္ခဲ့ၾကတယ္။ အဲဒီအတြက္ အေျဖကုိ မက္ဆီက ဥေရာပအဆင့္မွာ ျပသလုိက္ပါၿပီ။ စပါးအသင္းကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ မက္ဆီ (၂)ဂုိးသြင္းခဲ့ၿပီး စပါးအသင္းဟာ မက္ဆီရဲ႕ သားေကာင္ျဖစ္ခဲ့တဲ့ (၆)သင္းေျမာက္ အဂၤလိပ္ကလပ္ျဖစ္ခဲ့တယ္။ အခုဆုိရင္ ပရီးမီးယားလိဂ္ကလပ္ေတြကုိ မက္ဆီ သြင္းယူခဲ့တဲ့ ဂုိးအေရအတြက္က (၂၂)ဂုိးအထိ ရွိလာၿပီျဖစ္ပါတယ္။

 

ခ်န္ပီယံလိဂ္သြင္းဂုိး (၈၀၀၀)ေျမာက္ကုိ ဘယ္သူသြင္းခဲ့လဲ

Griezmann-scores-8000th-Champions-League-goal

Griezmann-scores-8000th-Champions-League-goal

ဗုဒၶဟူးေန႔ပဲြေတြအၿပီးမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ သြင္းဂုိး(၈၀၀၀)ျပည့္ ဂုိးကုိ သြင္းယူခဲ့သူ ထြက္ေပၚလာခဲ့ၿပီ။ သူကေတာ့ အက္သလက္တီကုိ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ပါပဲ။ ကလပ္ဘရုခ်္ကုိ (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ သြင္းယူခဲ့တဲ့ ဂရစ္ဇ္မန္းရဲ႕ ဒုတိယေျမာက္ဂုိးက ခ်န္ပီယံလိဂ္ၿပိဳင္ပဲြရဲ႕ သြင္းဂုိး(၈၀၀၀)ျပည့္ျဖစ္ခဲ့တယ္။ ၁၉၉၂ မွာ ခ်န္ပီယံလိဂ္လုိ႔ နာမည္ေျပာင္းလဲခဲ့ၿပီးေနာက္ပုိင္း ၿပိဳင္ပဲြရဲ႕ ပထမဆုံးဂုိးကုိ အဲဗာတန္အသင္းရဲ႕ ႏုိင္ဂ်ီးရီးယား နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း အမုိကာခ်ီ Amokachi က သြင္းယူခဲ့ၿပီး (၃၀၀၀)ေျမာက္ဂုိးကုိ ထရက္ဇီေဂး Trezeguet ၊ (၄၀၀၀)ေျမာက္ဂုိးကုိ ပီတာခေရာ႔ခ်္ Peter Crouch ၊ (၇၀၀၀)ေျမာက္ဂုိးကုိ ဒီမာရီယာ Di Maria တို႔က သြင္းယူခဲ့ၾကတယ္။

REF:Daily Mail
Photo:Whazupnaija,gbcode.rthk.hk,VTM Nieuws,SPORTbible,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲတွေမှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အချက်များ

ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၂) ဗုဒ္ဓဟူးနေ့ပွဲတွေမှာ ဘာစီလိုနာ၊ PSG ၊ နာပိုလီ အသင်းတို့ နိုင်ပွဲကိုယ်စီ ရယူခဲ့ကြတယ်။ ဒီပွဲတွေအပြီး ပရိသတ်တွေ သတိမထားမိလိုက်တဲ့ ထူးခြားချက်တွေက ဘာများလဲဆိုတော့ . .

စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ဝင်ဘလေကွင်း

Wembley-Stadium

Wembley-Stadium

ဝင်ဘလေကွင်းရဲ့ အနေအထားက စိတ်ပျက်စရာပါပဲ။ မြက်တွေက ကျို့တို့ကြဲတဲ၊ သဲတွေက ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ဝင်ဘလေကွင်းလို့တောင် မထင်ရပါဘူး။ ပြီးခဲ့တဲ့လက အန်သိုနီဂျိုရှူအာ Anthony Joshua နဲ့ ပိုဗက်ကင် Povetkin တို့ရဲ့ လက်ဝှေ့ပွဲကို ဝင်ဘလေကွင်းမှာ ကျင်းပခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ စပါးနဲ့ ဘာစီလိုနာပွဲကို ကစားခဲ့တာဖြစ်ပါတယ်။ ဝင်ဘလေကွင်း မျက်နှာပြင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ပရိသတ်တွေက လှောင်ပြောင်နေကြပါပြီ။

နေမာ Neymar သိမ်းပိုက်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၂)

Neymar

Neymar

ဗုဒ္ဓဟူးညကို သိမ်းပိုက်ခဲ့သူက PSG တိုက်စစ်မှူး နေမာပါပဲ။ ဇီဗက်ဒါကို (၆-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီး (၂)ဂိုးက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo တိုက်ရိုက်ဖရီးကစ်ကနေ (၂)ဂိုးသွင်းယူပြီးနောက်ပိုင်း အခု နေမာက ပထမဆုံးအကြိမ် အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး နေမာရဲ့ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် (၄၉)ပွဲကစား၊ ဂိုး(၃၀)သွင်းယူထားပြီး ဘရာဇီးလ်ကစားသမားထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး အများဆုံး ကာကာ Kaka ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပါပြီ။ ကာကာဟာ ချန်ပီယံလိဂ်သွင်းဂိုး (၃၀)သွင်းခဲ့ပြီး သူ့နောက်မှာ နေမာ၊ ရီဗယ်လ်ဒို Rivaldo (၂၇ဂိုး)၊ ဂျာဒယ်လ် Jardel (၂၅ဂိုး)တို့က အစဉ်အလိုက်အတိုင်း ရပ်တည်နေတယ်။

အင်္ဂလိပ်ကလပ်တွေဟာ မက်ဆီ Messi ရဲ့ သားကောင်ဖြစ်နေဆဲ

Messi

Messi

တချို့သော ဝေဖန်ရေးသမားတွေက မက်ဆီဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ဖြစ်နိုင်ပါ့မလား ဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်။ အဲဒီအတွက် အဖြေကို မက်ဆီက ဥရောပအဆင့်မှာ ပြသလိုက်ပါပြီ။ စပါးအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီ (၂)ဂိုးသွင်းခဲ့ပြီး စပါးအသင်းဟာ မက်ဆီရဲ့ သားကောင်ဖြစ်ခဲ့တဲ့ (၆)သင်းမြောက် အင်္ဂလိပ်ကလပ်ဖြစ်ခဲ့တယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေကို မက်ဆီ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က (၂၂)ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်သွင်းဂိုး (၈၀၀၀)မြောက်ကို ဘယ်သူသွင်းခဲ့လဲ

Griezmann-scores-8000th-Champions-League-goal

Griezmann-scores-8000th-Champions-League-goal

ဗုဒ္ဓဟူးနေ့ပွဲတွေအပြီးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး(၈၀၀၀)ပြည့် ဂိုးကို သွင်းယူခဲ့သူ ထွက်ပေါ်လာခဲ့ပြီ။ သူကတော့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ပါပဲ။ ကလပ်ဘရုချ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ဒုတိယမြောက်ဂိုးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး(၈၀၀၀)ပြည့်ဖြစ်ခဲ့တယ်။ ၁၉၉၂ မှာ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးကို အဲဗာတန်အသင်းရဲ့ နိုင်ဂျီးရီးယား နာမည်ကျော်တိုက်စစ်မှူးဟောင်း အမိုကာချီ Amokachi က သွင်းယူခဲ့ပြီး (၃၀၀၀)မြောက်ဂိုးကို ထရက်ဇီဂေး Trezeguet ၊ (၄၀၀၀)မြောက်ဂိုးကို ပီတာခရော့ချ် Peter Crouch ၊ (၇၀၀၀)မြောက်ဂိုးကို ဒီမာရီယာ Di Maria တို့က သွင်းယူခဲ့ကြတယ်။

REF:Daily Mail
Photo:Whazupnaija,gbcode.rthk.hk,VTM Nieuws,SPORTbible,Twitter
Naing Linn(Akhayar)
www.akhayar.com