[Zawgyi]

နယူးကာဆယ္-ခ်ယ္လ္ဆီးပဲြမွာ ပရိသတ္ေတြ မသိလုိက္တဲ့ ထူးျခားခ်က္မ်ား

ခ်ယ္လ္ဆီးအသင္းဟာ နယူးကာဆယ္နဲ႔ပဲြမွာ ေနာက္ခံလူ ယက္ဒ္လင္ Yedlin ရဲ႕ OG ေၾကာင့္ (၃)မွတ္ရရွိခဲ့ၿပီး ရာသီအစ (၃)ပဲြဆက္ႏုိင္ပဲြ ရယူခဲ့တယ္။ အခုဆိုရင္ ဆာရီ Serri ရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ ရလဒ္ေကာင္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ အဆင့္(၂)ေနရာမွာ ရပ္တည္ေနပါၿပီ။ နယူးကာဆယ္န႔ဲ ခ်ယ္လ္ဆီးတို႔ ကစားခဲ့တဲ့ပဲြမွာ ပရိသတ္ေတြ သတိမထားမိလုိက္ ထူးျခားခ်က္တခ်ိဳ႕ရွိခဲ့ၿပီး အဲဒါကုိ နာမည္ေက်ာ္ ၿဗိတိန္သတင္းစာ Daily Mail က အခုလုိ ေဖာ္ျပခဲ့တယ္။

ပဲြ(၂၀၀)ျပည့္ခဲ့တဲ့ အက္ဇ္ပီလီကြယ္တာ Azpilicueta

200-up-for-Chelseas-Mr-Dependable-

200-up-for-Chelseas-Mr-Dependable-

ေမာ္ရင္ဟုိ Mourinho ၊ ၿပီးေတာ့ ကြန္တီ Conte ၊ အခု ဆာရီ Sarri ခ်ယ္လ္ဆီးနည္းျပေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းလဲခဲ့ေပမယ့္ အက္ဇ္ပီလီကြယ္တာကေတာ့ ခံစစ္တစ္ေနရာကုိ အပုိင္သိမ္းထားႏုိင္ဆဲပါ။ ခံစစ္မွာ ေနရာစုံကစားႏုိင္တဲ့ ဒီ စြယ္စုံရကစားသမားဟာ အခုဆုိ ပရီးမီးယားလိဂ္ပဲြ(၂၀၀)ျပည့္ခဲ့ပါၿပီ။ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရယူႏုိင္ခဲ့သူ အက္ဇ္ပီလီကြယ္တာဟာ ပရီးမီးယားလိဂ္ အေကာင္းဆုံးေနာက္ခံလူေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။

နယူးကာဆယ္ ၁၁ VS ေယာ္ဂ်င္ဟုိ Jorginho

Jorginho-outpasses-the-WHOLE-Newcastle-team

Jorginho-outpasses-the-WHOLE-Newcastle-team

နယူးကာဆယ္နဲ႔ပဲြ ပထမပုိင္းမွာ ေယာ္ဂ်င္ဟုိဟာ ေဘာလုံးေပးပုိ႔မႈေပါင္း (၉၂)ႀကိမ္ ျပဳလုပ္ခဲ့ၿပီး အဲဒီထဲမွာ တိက်တဲ့ ေဘာလုံးေပးပုိ႔မႈက (၈၆)ႀကိမ္ရွိခဲ့တယ္။ ဒါဟာ နယူးကာဆယ္တစ္သင္းလုံး ေဘာလုံးေပးပုိ႔တဲ့အႀကိမ္ထက္ (၁၉)ႀကိမ္ပုိမ်ားခဲ့ၿပီး ေျပာရရင္ေတာ့ နယူးကာဆယ္ကစားသမား (၁၁)ေယာက္ရဲ႕ စြမ္းေဆာင္ရည္ကုိ ေယာ္ဂ်င္ဟုိ တစ္ေယာက္တည္းက စြမ္းေဆာင္ျပခဲ့သလုိပါပဲ။ “Pass Master”လုိ႔ တင္စားခံထားရတဲ့ ေယာ္ဂ်င္ဟုိအတြက္ ဒီစြမ္းေဆာင္ရည္ မွတ္တမ္းက ေက်နပ္စရာျဖစ္ခဲ့ရတယ္။

ပဲြၾကည့္စင္မွာ အခ်ိန္ကုန္ခဲ့ရတဲ့ နယူးကာဆယ္အသင္းေခါင္းေဆာင္

Lascelles-was-pictured-in-the-stands-at-St-James-Park

Lascelles-was-pictured-in-the-stands-at-St-James-Park

နယူးကာဆယ္အသင္းေခါင္းေဆာင္ လက္ဆဲလက္စ္ Lascelles ဟာ ဒဏ္ရာလည္း မရွိဘဲနဲ႔ ခ်ယ္လ္ဆီးနဲ႔ပဲြကုိ ပရိသတ္တစ္ဦးအျဖစ္ ၾကည့္႐ႈခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ေလ့က်င့္ခန္းအစီအစဥ္မွာ အသင္းရဲ႕နည္းဗ်ဴဟာေတြနဲ႔ ပတ္သက္ၿပီး နည္းျပဘင္နီတက္ဇ္ Benitez နဲ႔ စကားမ်ားခဲ့လုိ႔ပါပဲ။ ဘင္နီတက္ဇ္ကလည္း သူ႔နည္းဗ်ဴဟာေတြနဲ႔ ပတ္သက္လာရင္ ဆတ္ဆတ္ထိ မခံတတ္တာေၾကာင့္ ခ်က္ခ်င္းပဲ လက္ဆဲလက္စ္ကုိ ပဲြထြက္ကစားသမားစာရင္းက ခ်န္လွပ္ခဲ့တယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး မီဒီယာေတြရဲ႕ေမးျမန္းမႈကုိ ဘင္နီတက္ဇ္က “ကၽြန္ေတာ္တို႔မွာ ေနာက္ခံလူေတြ အမ်ားႀကီးရွိတာပဲ”လုိ႔ ခပ္မာမာပဲ ေျဖၾကားခဲ့တယ္။

အရွက္ရစရာ အမွားက်ဴးလြန္ခဲ့တဲ့ ITV

ITVFootball-jumped-the-gun-when-they-claimed-Antonio-Rudiger-had-opened-the-scoring

ITVFootball-jumped-the-gun-when-they-claimed-Antonio-Rudiger-had-opened-the-scoring

နာမည္ေက်ာ္ ႐ုပ္သံလုိင္းတစ္ခုျဖစ္တဲ့ ITV ရဲ႕ အမွားကေတာ့ အရွက္ရစရာလည္းေကာင္း၊ ရယ္ဖုိ႔လည္း ေကာင္းခဲ့တယ္။ နယူးကာဆယ္နဲ႔ပဲြ ပထမပုိင္းမွာ ခ်ယ္လ္ဆီးေနာက္ခံလူ ႐ူဒီဂါ Rudiger ရဲ႕ကန္ခ်က္ ဂုိးေပါက္နဲ႔ သိသိသာသာ လဲြေခ်ာ္ခဲ့ေပမယ့္ ITV က သူတို႔ရဲ႕ Twitter မွာ ‘GOALLLL! Out of nowhere, Rudiger sends in a powerful drive,’ဆုိၿပီး ေရးသားခဲ့တာပါ။ ITV က ႐ူဒီဂါကုိ ေလွာင္ခ်င္တာလား၊ ဘယ္လုိလဲဆုိတာ မသိေပမယ့္ ခ်ယ္လ္ဆီးပရိသတ္ေတြကေတာ့ ဒီမွားယြင္းမႈကုိ မေက်နပ္ၾကပါဘူး။ ITV က အဲဒီ Post ကုိ ခ်က္ခ်င္းျပန္ဖ်က္ခဲ့ေပမယ့္လည္း Screen Shot ေတြ မိခဲ့လုိ႔ အရွက္ကဲြခဲ့ရပါေတာ့တယ္။

ဒါေတြကေတာ့ နယူးကာဆယ္-ခ်ယ္လ္ဆီးပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္ေတြျဖစ္ပါတယ္။ ေနာက္ပဲြေတြက်ရင္လည္း ဘယ္လုိထူးျခားခ်က္ေတြရွိမလဲဆုိတာကုိ ဆက္လက္ေဖာ္ျပေပးသြားဦးမွာပါ . . . .

REF:Daily Mail
Photo:Twitter,Evening Standard,Daily Maiil
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နယူးကာဆယ်-ချယ်လ်ဆီးပွဲမှာ ပရိသတ်တွေ မသိလိုက်တဲ့ ထူးခြားချက်များ

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်နဲ့ပွဲမှာ နောက်ခံလူ ယက်ဒ်လင် Yedlin ရဲ့ OG ကြောင့် (၃)မှတ်ရရှိခဲ့ပြီး ရာသီအစ (၃)ပွဲဆက်နိုင်ပွဲ ရယူခဲ့တယ်။ အခုဆိုရင် ဆာရီ Serri ရဲ့ ချယ်လ်ဆီးအသင်းဟာ ရလဒ်ကောင်းတွေနဲ့အတူ ပရီးမီးယားလိဂ် အဆင့်(၂)နေရာမှာ ရပ်တည်နေပါပြီ။ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့ ကစားခဲ့တဲ့ပွဲမှာ ပရိသတ်တွေ သတိမထားမိလိုက် ထူးခြားချက်တချို့ရှိခဲ့ပြီး အဲဒါကို နာမည်ကျော် ဗြိတိန်သတင်းစာ Daily Mail က အခုလို ဖော်ပြခဲ့တယ်။

ပွဲ(၂၀၀)ပြည့်ခဲ့တဲ့ အက်ဇ်ပီလီကွယ်တာ Azpilicueta

200-up-for-Chelseas-Mr-Dependable-

200-up-for-Chelseas-Mr-Dependable-

မော်ရင်ဟို Mourinho ၊ ပြီးတော့ ကွန်တီ Conte ၊ အခု ဆာရီ Sarri ချယ်လ်ဆီးနည်းပြတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲခဲ့ပေမယ့် အက်ဇ်ပီလီကွယ်တာကတော့ ခံစစ်တစ်နေရာကို အပိုင်သိမ်းထားနိုင်ဆဲပါ။ ခံစစ်မှာ နေရာစုံကစားနိုင်တဲ့ ဒီ စွယ်စုံရကစားသမားဟာ အခုဆို ပရီးမီးယားလိဂ်ပွဲ(၂၀၀)ပြည့်ခဲ့ပါပြီ။ ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့သူ အက်ဇ်ပီလီကွယ်တာဟာ ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

နယူးကာဆယ် ၁၁ VS ယော်ဂျင်ဟို Jorginho

Jorginho-outpasses-the-WHOLE-Newcastle-team

Jorginho-outpasses-the-WHOLE-Newcastle-team

နယူးကာဆယ်နဲ့ပွဲ ပထမပိုင်းမှာ ယော်ဂျင်ဟိုဟာ ဘောလုံးပေးပို့မှုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ တိကျတဲ့ ဘောလုံးပေးပို့မှုက (၈၆)ကြိမ်ရှိခဲ့တယ်။ ဒါဟာ နယူးကာဆယ်တစ်သင်းလုံး ဘောလုံးပေးပို့တဲ့အကြိမ်ထက် (၁၉)ကြိမ်ပိုများခဲ့ပြီး ပြောရရင်တော့ နယူးကာဆယ်ကစားသမား (၁၁)ယောက်ရဲ့ စွမ်းဆောင်ရည်ကို ယော်ဂျင်ဟို တစ်ယောက်တည်းက စွမ်းဆောင်ပြခဲ့သလိုပါပဲ။ “Pass Master”လို့ တင်စားခံထားရတဲ့ ယော်ဂျင်ဟိုအတွက် ဒီစွမ်းဆောင်ရည် မှတ်တမ်းက ကျေနပ်စရာဖြစ်ခဲ့ရတယ်။

ပွဲကြည့်စင်မှာ အချိန်ကုန်ခဲ့ရတဲ့ နယူးကာဆယ်အသင်းခေါင်းဆောင်

Lascelles-was-pictured-in-the-stands-at-St-James-Park

Lascelles-was-pictured-in-the-stands-at-St-James-Park

နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆဲလက်စ် Lascelles ဟာ ဒဏ်ရာလည်း မရှိဘဲနဲ့ ချယ်လ်ဆီးနဲ့ပွဲကို ပရိသတ်တစ်ဦးအဖြစ် ကြည့်ရှုခဲ့ရပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းရဲ့နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး နည်းပြဘင်နီတက်ဇ် Benitez နဲ့ စကားများခဲ့လို့ပါပဲ။ ဘင်နီတက်ဇ်ကလည်း သူ့နည်းဗျူဟာတွေနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံတတ်တာကြောင့် ချက်ချင်းပဲ လက်ဆဲလက်စ်ကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုကို ဘင်နီတက်ဇ်က “ကျွန်တော်တို့မှာ နောက်ခံလူတွေ အများကြီးရှိတာပဲ”လို့ ခပ်မာမာပဲ ဖြေကြားခဲ့တယ်။

အရှက်ရစရာ အမှားကျူးလွန်ခဲ့တဲ့ ITV

ITVFootball-jumped-the-gun-when-they-claimed-Antonio-Rudiger-had-opened-the-scoring

ITVFootball-jumped-the-gun-when-they-claimed-Antonio-Rudiger-had-opened-the-scoring

နာမည်ကျော် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ ITV ရဲ့ အမှားကတော့ အရှက်ရစရာလည်းကောင်း၊ ရယ်ဖို့လည်း ကောင်းခဲ့တယ်။ နယူးကာဆယ်နဲ့ပွဲ ပထမပိုင်းမှာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ Rudiger ရဲ့ကန်ချက် ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်ခဲ့ပေမယ့် ITV က သူတို့ရဲ့ Twitter မှာ ‘GOALLLL! Out of nowhere, Rudiger sends in a powerful drive,’ဆိုပြီး ရေးသားခဲ့တာပါ။ ITV က ရူဒီဂါကို လှောင်ချင်တာလား၊ ဘယ်လိုလဲဆိုတာ မသိပေမယ့် ချယ်လ်ဆီးပရိသတ်တွေကတော့ ဒီမှားယွင်းမှုကို မကျေနပ်ကြပါဘူး။ ITV က အဲဒီ Post ကို ချက်ချင်းပြန်ဖျက်ခဲ့ပေမယ့်လည်း Screen Shot တွေ မိခဲ့လို့ အရှက်ကွဲခဲ့ရပါတော့တယ်။

ဒါတွေကတော့ နယူးကာဆယ်-ချယ်လ်ဆီးပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေဖြစ်ပါတယ်။ နောက်ပွဲတွေကျရင်လည်း ဘယ်လိုထူးခြားချက်တွေရှိမလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားဦးမှာပါ . . . .

REF:Daily Mail
Photo:Twitter,Evening Standard,Daily Maiil
Naing Linn(Akhayar)
www.akhayar.com