[Zawgyi] 

သင္သံုးဖို႔ ပစၥည္းတစ္ခုခုဝယ္ေတာ့မယ္ဆိုရင္ အရင္စဥ္းစားျဖစ္တာေလးကေတာ့ ပစၥည္းရဲ႕တန္ဖိုးပဲျဖစ္မွာပါ။ ၿပီးေတာ့မွ သင္ဘယ္ေလာက္ၾကာေအာင္သံုးမယ္၊ သင့္အတြက္ ဘယ္ေလာက္အသံုးဝင္မလဲဆိုတာေတြကို ဆက္လက္စဥ္းစားရင္း ဝယ္ယူဖို႔ဆံုးျဖတ္တာကမ်ားပါတယ္။ 

Refurbished ဆိုတာကိုမေျပာခင္ ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္ေလးလည္ပတ္အားေကာင္းေနၿပီျဖစ္တဲ့ Second Hand ေစ်းကြက္မွာ ပစၥည္းဝယ္ဖို႔စဥ္းစားဖူးပါသလား။ စဥ္းစားဖူးတယ္၊ ဝယ္လည္းဝယ္ဖူးတယ္ဆိုရင္ေတာ့ Refurbished ဆိုတာနဲ႔မတူဘူးဆိုတာကို အရင္နားလည္ေစခ်င္ပါတယ္။ ဆိုလိုတာက ပစၥည္းအေဟာင္း Second Hand နဲ႔  ျပန္လည္အသစ္ျဖစ္ေအာင္လုပ္ထားတဲ့ Refurbished ဆိုတဲ့ႏွစ္ခုကို ကြဲကြဲျပားျပားနားလည္သင့္ပါတယ္။ ျပန္လည္အသစ္ျဖစ္ေအာင္လုပ္တယ္ဆိုတာမွာ ႏွစ္မ်ိဳးရွိပါတယ္။ ပစၥည္းကို ထုတ္လုပ္တဲ့ကုမၸဏီကိုယ္တိုင္က ေရာင္းခ်တဲ့ Refurbished ဆိုတာနဲ႔ အျပင္မွာ ျပန္လည္ျပဳျပင္ၿပီးေရာင္းခ်တဲ့ Refurbished ဆိုၿပီး ႏွစ္မ်ိဳးရွိပါေသးတယ္။ 

CPO iPhone 6

Factory Refurbished 

လက္ရွိျမန္မာႏိုင္ငံမွာ လူေတာ္ေတာ္မ်ားမ်ားနဲ႔ရင္းႏွီးၿပီးသားျဖစ္တဲ့ iPhone Refurbished ဆိုတာေလးကိုပဲ နမူနာထားၿပီးေျပာသြားပါမယ္။ Apple အေနနဲ႔ iPhone အသစ္ထြက္ၿပီးတိုင္း အရင္ႏွစ္က iPhone အေဟာင္းေတြကို လက္က်န္ Clearance Sales အေနနဲ႔ေရာင္းေလ့ရွိပါတယ္။ Clearance Sales ျဖစ္တဲ့အတြက္ မူရင္းေစ်းထက္ အနည္းငယ္ပိုသက္သာတဲ့ေစ်းနဲ႔ iPhone ေတြကိုဝယ္လို႔ရပါတယ္။ အဲ့ဒီထက္ပိုေစ်းသက္သာတာမိ်ဳးကို ႏွစ္သက္သူေတြကေတာ့ Refurbished လုပ္ထားတဲ့ iPhone ေတြကို ေစာင့္စား ဝယ္ယူေလ့ရွိၾကပါတယ္။ ေစ်းကလည္း $50 ကေန $100 ေလာက္အထိကို ေလ ွ်ာ့ေပးထားတာေၾကာင့္ ေတာ္ေတာ္ေလးကိုတန္တယ္လို႔ေျပာလို႔ရပါတယ္။ Refurbished ဖုန္းေလးေတြ ဘယ္လိုျဖစ္လို႔ Refurbished ျဖစ္သြားလဲဆိုတာ ဆက္လက္ရွင္းျပပါမယ္။ ႏွစ္တိုင္း ႏိုင္ငံတစ္ကာကိုတင္ပို႔ေနတဲ့ iPhone အေရအတြက္ဟာ သန္းခ်ီရွိပါတယ္။ အဲ့ဒီေလာက္အမ်ားႀကီးကို သယ္ယူပို႔ေဆာင္တဲ့အခါ အမွားအယြင္းတစ္ခုခုေၾကာင့္ ထိခိုက္ပ်က္စီးသြားတဲ့ iPhone ေတြရွိပါတယ္။ အဲ့ဒီလို iPhone ေတြကို Apple အေနနဲ႔လိုအပ္တဲ့ ျပဳျပင္မႈေတြျပန္လုပ္ၿပီးတာနဲ႔ Refurbished စာရင္းထဲထည့္လိုက္ပါတယ္။ ေနာက္တစ္ခ်က္အေနနဲ႔ကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Customer က Apple ဆီကိုျပန္ပို႔လာတဲ့ iPhone ေတြကိုလည္း လိုအပ္တဲ့စစ္ေဆး ျပင္ဆင္မႈေတြျပန္လုပ္ၿပီး Certified Pre-Owned (CPO) Refurbished ဆိုၿပီး ေလ်ွာ့ေစ်းနဲ႔ျပန္ေရာင္းေလ့ရွိပါေသးတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ Apple Store ေတြမွာ အစမ္းသံုးၾကည့္ဖို႔ျပထားတဲ့ iPhone ေတြထဲက ေတာ္ေတာ္ေလးေကာင္းေသးတဲ့ iPhone ဆိုရင္လည္း Body ၊ Battery ၊ Display နဲ႔ အားသြင္းေပါက္ေတြကအစ လိုအပ္တာေတြကို လည္းလွယ္ျပဳျပင္ၿပီး Refurbished အေနနဲ႔ျပန္ေရာင္းပါတယ္။ 

3rd Party Refurbished 

သင့္ဖုန္းက မွန္ကြဲသြားလို႔ အျပင္ဆိုင္တစ္ခုခုမွာ သြားေရာက္ျပဳျပင္တာမ်ိဳးလုပ္ၿပီး ေရာင္းတာဆိုရင္လည္း Second Hand ဆိုေပမယ့္ Refurbished ဆိုတဲ့စာရင္းထဲဝင္ပါတယ္။ ျပန္လည္ ျပဳျပင္ထားတာေၾကာင့္ပါ။ အဲ့ဒီလိုပဲ အျခားႏိုင္ငံေတြမွာ Apple မဟုတ္တဲ့ အျပင္ဆိုင္ေတြနဲ႔ စက္႐ံုအေသးစားေတြမွာ ျပဳျပင္မႈေတြလုပ္ၿပီး ျပန္လည္ထုတ္ပိုးထားတဲ့ iPhone ေတြလည္းရွိပါေသးတယ္။ အဲ့ဒီလိုမ်ိုဳး Refurbished ေတြကေတာ့ Apple ရဲ႕ Refurbished နည္းအတိုင္းေဆာင္ရြက္ထားတာျဖစ္ႏိုင္သလို ေစ်းလည္းပိုသက္သာႏိုင္ပါတယ္။ ဒါေပမယ့္ Apple ရဲ႕နည္းအတိုင္း ျပန္လည္ျပဳျပင္ထုတ္ပိုးထားတယ္ဆိုရင္ေတာင္ Apple ရဲ႕ အရည္အေသြး ေလာက္ေတာ့ စိတ္ခ်ရမွာမဟုတ္ပါဘူး။ 

Apple CPO Marking on Box

Factory Refurbished ေတြကဘာေၾကာင့္ပိုေကာင္းသလဲ

Apple CPO Refurbished ေတြဆိုတာ အျပင္ဆိုင္ေတြက ျပဳျပင္ထားတဲ့အလံုးေတြနဲ႔ ကြာျခားတဲ့အခ်က္ေတြကအမ်ားႀကီးပါ။ Apple က အရည္အေသြးပိုင္းကို ေသျခာျပန္လည္စစ္ေဆးၿပီးမွသာ Refurbished အေနနဲ႔ေရာင္းခ်ျခင္းျဖစ္တာေၾကာင့္ သာမန္ iPhone ေတြလိုပဲ တစ္ႏွစ္အာမခံေပးၿပီးေရာင္းပါတယ္။ Apple ကေရာင္းခ်တဲ့ Refurbished iPhone ေတြဟာ Apple ရဲ႕ Original အစိတ္အပိုင္းေတြကိုပဲ အသံုးျပဳထားတာေၾကာင့္ အရည္အေသြးနဲ႔ပတ္သက္ၿပီး သာမန္ iPhone အသစ္နဲ႔ကြာျခားတာမ်ိဳးမရွိပါဘူး။ ဒါ့အျပင္ Apple ေရာင္းတဲ့ Refurbished iPhone ေတြနဲ႔အတူပါလာတဲ့ ဘူးထဲက Accessory ေတြကအစ အသစ္ေတြျဖစ္တာေၾကာင့္ ဝယ္သူေတြသေဘာက်ၾကတာပါ။ Apple အေနနဲ႔လည္း Refurbished ထုတ္ကုန္ေတြကို ကြဲကြဲျပားျပားျဖစ္ေအာင္ ထုတ္ပိုးတဲ့ ဘူးေတြကအစ သာမန္ထုတ္ကုန္ေတြနဲ႔ တူညီေနတာမ်ိဳးမရွိတဲ့အျပင္ CPO Refurbished ဒါမွမဟုတ္ Refurbished လို႔လည္းထင္ထင္ရွားရွား ႐ိုက္ႏွိပ္ေပးထားေလ့ရွိပါတယ္။ CPO Refurbished iPhone ေတြကိုေတာ့ အျဖဴေရာင္ဘူးေတြနဲ႔ေတြ႕ရေလ့ရွိပါတယ္။ CPO iPhone ေတြကိုလည္း Apple ရဲ႕ Website မွာ Warranty သက္တမ္းကိုစစ္ေဆးႏိုင္ပါတယ္။ အခုဆိုရင္ေတာ့ Apple ရဲ႕  CPO Refurbished အေၾကာင္းကို နားလည္သြားတဲ့အျပင္ Refurshed ဆိုတာ Second Hand နဲ႔ဘယ္လိုကြာသလဲဆိုတာကို သေဘာေပါက္သြားမယ္လို႔ယူဆပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Refurbished Product တွေနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ

သင်သုံးဖို့ ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်စဉ်းစားဖြစ်တာလေးကတော့ ပစ္စည်းရဲ့တန်ဖိုးပဲဖြစ်မှာပါ။ ပြီးတော့မှ သင်ဘယ်လောက်ကြာအောင်သုံးမယ်၊ သင့်အတွက် ဘယ်လောက်အသုံးဝင်မလဲဆိုတာတွေကို ဆက်လက်စဉ်းစားရင်း ဝယ်ယူဖို့ဆုံးဖြတ်တာကများပါတယ်။ 

Refurbished ဆိုတာကိုမပြောခင် မြန်မာနိုင်ငံမှာ တော်တော်လေးလည်ပတ်အားကောင်းနေပြီဖြစ်တဲ့ Second Hand ဈေးကွက်မှာ ပစ္စည်းဝယ်ဖို့စဉ်းစားဖူးပါသလား။ စဉ်းစားဖူးတယ်၊ ဝယ်လည်းဝယ်ဖူးတယ်ဆိုရင်တော့ Refurbished ဆိုတာနဲ့မတူဘူးဆိုတာကို အရင်နားလည်စေချင်ပါတယ်။ ဆိုလိုတာက ပစ္စည်းအဟောင်း Second Hand နဲ့  ပြန်လည်အသစ်ဖြစ်အောင်လုပ်ထားတဲ့ Refurbished ဆိုတဲ့နှစ်ခုကို ကွဲကွဲပြားပြားနားလည်သင့်ပါတယ်။ ပြန်လည်အသစ်ဖြစ်အောင်လုပ်တယ်ဆိုတာမှာ နှစ်မျိုးရှိပါတယ်။ ပစ္စည်းကို ထုတ်လုပ်တဲ့ကုမ္ပဏီကိုယ်တိုင်က ရောင်းချတဲ့ Refurbished ဆိုတာနဲ့ အပြင်မှာ ပြန်လည်ပြုပြင်ပြီးရောင်းချတဲ့ Refurbished ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ 

CPO iPhone 6

Factory Refurbished 

လက်ရှိမြန်မာနိုင်ငံမှာ လူတော်တော်များများနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ iPhone Refurbished ဆိုတာလေးကိုပဲ နမူနာထားပြီးပြောသွားပါမယ်။ Apple အနေနဲ့ iPhone အသစ်ထွက်ပြီးတိုင်း အရင်နှစ်က iPhone အဟောင်းတွေကို လက်ကျန် Clearance Sales အနေနဲ့ရောင်းလေ့ရှိပါတယ်။ Clearance Sales ဖြစ်တဲ့အတွက် မူရင်းဈေးထက် အနည်းငယ်ပိုသက်သာတဲ့ဈေးနဲ့ iPhone တွေကိုဝယ်လို့ရပါတယ်။ အဲ့ဒီထက်ပိုဈေးသက်သာတာမျိုးကို နှစ်သက်သူတွေကတော့ Refurbished လုပ်ထားတဲ့ iPhone တွေကို စောင့်စား ဝယ်ယူလေ့ရှိကြပါတယ်။ ဈေးကလည်း $50 ကနေ $100 လောက်အထိကို လေ ျှာ့ပေးထားတာကြောင့် တော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါတယ်။ Refurbished ဖုန်းလေးတွေ ဘယ်လိုဖြစ်လို့ Refurbished ဖြစ်သွားလဲဆိုတာ ဆက်လက်ရှင်းပြပါမယ်။ နှစ်တိုင်း နိုင်ငံတစ်ကာကိုတင်ပို့နေတဲ့ iPhone အရေအတွက်ဟာ သန်းချီရှိပါတယ်။ အဲ့ဒီလောက်အများကြီးကို သယ်ယူပို့ဆောင်တဲ့အခါ အမှားအယွင်းတစ်ခုခုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ iPhone တွေရှိပါတယ်။ အဲ့ဒီလို iPhone တွေကို Apple အနေနဲ့လိုအပ်တဲ့ ပြုပြင်မှုတွေပြန်လုပ်ပြီးတာနဲ့ Refurbished စာရင်းထဲထည့်လိုက်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အကြောင်းအမျိုးမျိုးကြောင့် Customer က Apple ဆီကိုပြန်ပို့လာတဲ့ iPhone တွေကိုလည်း လိုအပ်တဲ့စစ်ဆေး ပြင်ဆင်မှုတွေပြန်လုပ်ပြီး Certified Pre-Owned (CPO) Refurbished ဆိုပြီး လျှော့ဈေးနဲ့ပြန်ရောင်းလေ့ရှိပါသေးတယ်။ နောက်ဆုံးတစ်ခုကတော့ Apple Store တွေမှာ အစမ်းသုံးကြည့်ဖို့ပြထားတဲ့ iPhone တွေထဲက တော်တော်လေးကောင်းသေးတဲ့ iPhone ဆိုရင်လည်း Body ၊ Battery ၊ Display နဲ့ အားသွင်းပေါက်တွေကအစ လိုအပ်တာတွေကို လည်းလှယ်ပြုပြင်ပြီး Refurbished အနေနဲ့ပြန်ရောင်းပါတယ်။ 

3rd Party Refurbished 

သင့်ဖုန်းက မှန်ကွဲသွားလို့ အပြင်ဆိုင်တစ်ခုခုမှာ သွားရောက်ပြုပြင်တာမျိုးလုပ်ပြီး ရောင်းတာဆိုရင်လည်း Second Hand ဆိုပေမယ့် Refurbished ဆိုတဲ့စာရင်းထဲဝင်ပါတယ်။ ပြန်လည် ပြုပြင်ထားတာကြောင့်ပါ။ အဲ့ဒီလိုပဲ အခြားနိုင်ငံတွေမှာ Apple မဟုတ်တဲ့ အပြင်ဆိုင်တွေနဲ့ စက်ရုံအသေးစားတွေမှာ ပြုပြင်မှုတွေလုပ်ပြီး ပြန်လည်ထုတ်ပိုးထားတဲ့ iPhone တွေလည်းရှိပါသေးတယ်။ အဲ့ဒီလိုမျိုုး Refurbished တွေကတော့ Apple ရဲ့ Refurbished နည်းအတိုင်းဆောင်ရွက်ထားတာဖြစ်နိုင်သလို ဈေးလည်းပိုသက်သာနိုင်ပါတယ်။ ဒါပေမယ့် Apple ရဲ့နည်းအတိုင်း ပြန်လည်ပြုပြင်ထုတ်ပိုးထားတယ်ဆိုရင်တောင် Apple ရဲ့ အရည်အသွေး လောက်တော့ စိတ်ချရမှာမဟုတ်ပါဘူး။ 

Apple CPO Marking on Box

Factory Refurbished တွေကဘာကြောင့်ပိုကောင်းသလဲ

Apple CPO Refurbished တွေဆိုတာ အပြင်ဆိုင်တွေက ပြုပြင်ထားတဲ့အလုံးတွေနဲ့ ကွာခြားတဲ့အချက်တွေကအများကြီးပါ။ Apple က အရည်အသွေးပိုင်းကို သေခြာပြန်လည်စစ်ဆေးပြီးမှသာ Refurbished အနေနဲ့ရောင်းချခြင်းဖြစ်တာကြောင့် သာမန် iPhone တွေလိုပဲ တစ်နှစ်အာမခံပေးပြီးရောင်းပါတယ်။ Apple ကရောင်းချတဲ့ Refurbished iPhone တွေဟာ Apple ရဲ့ Original အစိတ်အပိုင်းတွေကိုပဲ အသုံးပြုထားတာကြောင့် အရည်အသွေးနဲ့ပတ်သက်ပြီး သာမန် iPhone အသစ်နဲ့ကွာခြားတာမျိုးမရှိပါဘူး။ ဒါ့အပြင် Apple ရောင်းတဲ့ Refurbished iPhone တွေနဲ့အတူပါလာတဲ့ ဘူးထဲက Accessory တွေကအစ အသစ်တွေဖြစ်တာကြောင့် ဝယ်သူတွေသဘောကျကြတာပါ။ Apple အနေနဲ့လည်း Refurbished ထုတ်ကုန်တွေကို ကွဲကွဲပြားပြားဖြစ်အောင် ထုတ်ပိုးတဲ့ ဘူးတွေကအစ သာမန်ထုတ်ကုန်တွေနဲ့ တူညီနေတာမျိုးမရှိတဲ့အပြင် CPO Refurbished ဒါမှမဟုတ် Refurbished လို့လည်းထင်ထင်ရှားရှား ရိုက်နှိပ်ပေးထားလေ့ရှိပါတယ်။ CPO Refurbished iPhone တွေကိုတော့ အဖြူရောင်ဘူးတွေနဲ့တွေ့ရလေ့ရှိပါတယ်။ CPO iPhone တွေကိုလည်း Apple ရဲ့ Website မှာ Warranty သက်တမ်းကိုစစ်ဆေးနိုင်ပါတယ်။ အခုဆိုရင်တော့ Apple ရဲ့  CPO Refurbished အကြောင်းကို နားလည်သွားတဲ့အပြင် Refurshed ဆိုတာ Second Hand နဲ့ဘယ်လိုကွာသလဲဆိုတာကို သဘောပေါက်သွားမယ်လို့ယူဆပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။