[Zawgyi]

Priyanka Chopra ရဲ႕ အႏုပညာလႈပ္ရွားေတြနဲ႔ ပတ္သက္လို႔ ပရိသတ္သတိမထားမိေသးတဲ့ အခ်က္မ်ား

သင္က Bollywood ဇာတ္ကားေတြကို အၿမဲၾကည့္ေနသူတစ္ေယာက္ဆိုရင္ Priyanka Chopra ကုိ ေကာင္းေကာင္းႀကီးကို သိမွာပါ။ သူမဟာ Bollywood ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါ၀င္ဖူးသလို လက္ရွိမွာ ေကာင္မေလးေတြရဲ႕အခ်စ္ေတာ္ Nick Jonas နဲ႔ ေစ့စပ္ထားသူလည္း ျဖစ္ပါတယ္။ သင့္အေနနဲ႔ သူမကို ဖန္သားျပင္ေပၚမွာ ဇာတ္ေကာင္အမ်ိဳးမ်ိဳးနဲ႔  ျမင္ေတြ႔ဖူးေပမယ့္ တကယ့္အျပင္က Priyanka Chopra ရဲ႕ အေၾကာင္း တစ္ခ်ိဳ႕ကို မသိေသးတာေတြလည္း ရွိႏိုင္ပါတယ္။ Priyanka Chopra ရဲ႕ အႏုပညာလႈပ္ရွားေတြနဲ႔ ပတ္သက္လို႔ သင္မသိေသးတဲ့အခ်က္ေတြကို ေအာက္မွာ ေျပာျပေပးထားတာမို႔ ဆက္ဖတ္ၾကည့္လိုက္ပါဦး။

Priyanka Chopra

Priyanka Chopra

Priyanka  Chopra ဟာ Miss World ဆုရွင္ျဖစ္ပါတယ္။
Chopra ဟာ သူမရဲ႕ Career ကို အသက္ ၁၈ ႏွစ္မွာ စတင္ခဲ့တာျဖစ္ၿပီးေတာ့ Miss World ၿပိဳင္ပြဲမွာ စတင္၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့တာပါ။ ၂၀၀၀ ခုႏွစ္မွာ သရဖူကို ဆြတ္ခူးရရွိခဲ့ၿပီး ငါးေယာက္ေျမာက္ Miss India လည္း ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီႏွစ္မွာပဲ Chopra တစ္ေယာက္ Miss World Continental Queen of Beauty of Asia & Oceania သရဖူကိုလည္း သိမ္းပိုင္ရရွိခဲ့ပါတယ္။

Chopra အတြက္ ပထမဆံုး Audition လုပ္ခဲ့ရတဲ့ဇာတ္ကားက  “Qunatico”ပါ။
Chopra လို နာမည္ရွိတဲ့ မင္းသမီးတစ္ေယာက္အတြက္ ဇာတ္ေကာင္မ်ိဳးစံုကို သရုပ္ေဆာင္ခဲ့ဖူးမွာပါ။ ေရွ႕မွာ ဇာတ္လမ္းတြဲေတြ မ်ားစြာ သရုပ္ေဆာင္ခဲ့ဖူးတယ္ဆိုေပမယ့္လည္း တကယ္တမ္းမွာ အဲ့ဒီဇာတ္ကားေပါင္းမ်ားစြာအတြက္ တစ္ခါမွ Audition မ၀င္ဖူးပါဘူးတဲ့။ သူမအတြက္ ပထမဦး Audition ၀င္ခဲ့ရတဲ့ကားက “Quantico” ပါ။

Priyanka Chopra

Priyanka Chopra

Chopra မွာ ကိုယ္ပိုင္ Production Company တစ္ခုရွိပါတယ္။
ရုပ္ရွင္ေလာကထဲမွာ ႏွစ္အေတာ္ၾကာ က်င္လည္ၿပီးေနာက္မွာေတာ့ Chopra တစ္ေယာက္ သူမရဲ႕ ကိုယ္ပိုင္ Production Company စတင္တည္ေထာင္ဖုိ႔ စဥ္းစားခဲ့ၿပီးေတာ့ သူမရဲ႕ မိခင္ျဖစ္သူ Dr.Madhu chopra နဲ႔ တြဲဖက္လုိ႔ “Purple Pebble Productions” ကို ထည္ေထာင္ခဲ့ပါတယ္။ သူမရဲ႕ Production Company ဟာဆိုရင္ အိႏၵိယမွာ National Awards သံုးဆုရထားတဲ့“Ventilator” လို ဇာတ္ကားေကာင္းေတြ ထုတ္လုပ္ထားတာပါ။

Chopra ဟာ Instagram မွာ Follower အမ်ားဆံုး Bollywood သရုပ္ေဆာင္ျဖစ္ပါတယ္။
Chopra ဟာ Instagram မွာ Follower ေပါင္း ၂၉.၂ သန္းရွိၿပီး ၀န္ႀကီးခ်ဳပ္ Narendra Modi နဲ႔ Amitabh Bachchan တို႔ရဲ႕ Follower ဦးေရထက္ ေက်ာ္လြန္တဲ့ Follwer အမ်ားဆံုး အိႏၵိယလူမ်ိဳးျဖစ္ပါတယ္။

Priyanka Chopra

Priyanka Chopra

Chopra ဟာ အႏုပညာဆုေတြလည္း အမ်ားႀကီးရရွိထားသူပါ။
Chopra ဟာ ၂၀၁၆ မွာ “Favourite Actress in A New TV Series” အတြက္ People Choice’s Award ဆိုကုိ ရရွိဖူးသလို ၂၀၁၇ မွာ “Quantico” ဇာတ္ကားက ဇာတ္ေကာင္ Alex Parrish အတြက္ “Favourite Darmatic TV Actress”ဆုကုိ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ Global Indian Film Award ႏွစ္စု၊ Shanghai International Film Festival Award အျပင္ အျခားေသာဆုေတြကိုလည္း ရရွိထားသူျဖစ္ပါတယ္။

Priyanka Chopra

Priyanka Chopra

Baywatch ရုပ္ရွင္မွာလည္း သူမပါ၀င္ခဲ့ဖူးပါတယ္။
Chopra ဟာ “The Rock” လို႔ လူသိမ်ားတဲ့ Dwayne Johnson၊ Zac Efron တို႔နဲ႔ အတူ “Baywatch” ရုပ္ရွင္ဇာတ္ကားမွာ ပါ၀င္ခဲ့ၿပီးေတာ့ သူမကို Hollywood ကပါ ပိုလို႔သတိထားမိေစခဲ့ပါတယ္။

Su Yi Htet (Akhayar)
[Unicode]

Priyanka Chopra ရဲ့ အနုပညာလှုပ်ရှားတွေနဲ့ ပတ်သက်လို့ ပရိသတ်သတိမထားမိသေးတဲ့ အချက်များ

သင်က Bollywood ဇာတ်ကားတွေကို အမြဲကြည့်နေသူတစ်ယောက်ဆိုရင် Priyanka Chopra ကို ကောင်းကောင်းကြီးကို သိမှာပါ။ သူမဟာ Bollywood ဇာတ်ကားတော်တော်များများမှာ ပါဝင်ဖူးသလို လက်ရှိမှာ ကောင်မလေးတွေရဲ့အချစ်တော် Nick Jonas နဲ့ စေ့စပ်ထားသူလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ သူမကို ဖန်သားပြင်ပေါ်မှာ ဇာတ်ကောင်အမျိုးမျိုးနဲ့  မြင်တွေ့ဖူးပေမယ့် တကယ့်အပြင်က Priyanka Chopra ရဲ့ အကြောင်း တစ်ချို့ကို မသိသေးတာတွေလည်း ရှိနိုင်ပါတယ်။ Priyanka Chopra ရဲ့ အနုပညာလှုပ်ရှားတွေနဲ့ ပတ်သက်လို့ သင်မသိသေးတဲ့အချက်တွေကို အောက်မှာ ပြောပြပေးထားတာမို့ ဆက်ဖတ်ကြည့်လိုက်ပါဦး။

Priyanka Chopra

Priyanka Chopra

Priyanka  Chopra ဟာ Miss World ဆုရှင်ဖြစ်ပါတယ်။
Chopra ဟာ သူမရဲ့ Career ကို အသက် ၁၈ နှစ်မှာ စတင်ခဲ့တာဖြစ်ပြီးတော့ Miss World ပြိုင်ပွဲမှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၀၀ ခုနှစ်မှာ သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး ငါးယောက်မြောက် Miss India လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနှစ်မှာပဲ Chopra တစ်ယောက် Miss World Continental Queen of Beauty of Asia & Oceania သရဖူကိုလည်း သိမ်းပိုင်ရရှိခဲ့ပါတယ်။

Chopra အတွက် ပထမဆုံး Audition လုပ်ခဲ့ရတဲ့ဇာတ်ကားက  “Qunatico”ပါ။
Chopra လို နာမည်ရှိတဲ့ မင်းသမီးတစ်ယောက်အတွက် ဇာတ်ကောင်မျိုးစုံကို သရုပ်ဆောင်ခဲ့ဖူးမှာပါ။ ရှေ့မှာ ဇာတ်လမ်းတွဲတွေ များစွာ သရုပ်ဆောင်ခဲ့ဖူးတယ်ဆိုပေမယ့်လည်း တကယ်တမ်းမှာ အဲ့ဒီဇာတ်ကားပေါင်းများစွာအတွက် တစ်ခါမှ Audition မဝင်ဖူးပါဘူးတဲ့။ သူမအတွက် ပထမဦး Audition ဝင်ခဲ့ရတဲ့ကားက “Quantico” ပါ။

Priyanka Chopra

Priyanka Chopra

Chopra မှာ ကိုယ်ပိုင် Production Company တစ်ခုရှိပါတယ်။
ရုပ်ရှင်လောကထဲမှာ နှစ်အတော်ကြာ ကျင်လည်ပြီးနောက်မှာတော့ Chopra တစ်ယောက် သူမရဲ့ ကိုယ်ပိုင် Production Company စတင်တည်ထောင်ဖို့ စဉ်းစားခဲ့ပြီးတော့ သူမရဲ့ မိခင်ဖြစ်သူ Dr.Madhu chopra နဲ့ တွဲဖက်လို့ “Purple Pebble Productions” ကို ထည်ထောင်ခဲ့ပါတယ်။ သူမရဲ့ Production Company ဟာဆိုရင် အိန္ဒိယမှာ National Awards သုံးဆုရထားတဲ့“Ventilator” လို ဇာတ်ကားကောင်းတွေ ထုတ်လုပ်ထားတာပါ။

Chopra ဟာ Instagram မှာ Follower အများဆုံး Bollywood သရုပ်ဆောင်ဖြစ်ပါတယ်။
Chopra ဟာ Instagram မှာ Follower ပေါင်း ၂၉.၂ သန်းရှိပြီး ဝန်ကြီးချုပ် Narendra Modi နဲ့ Amitabh Bachchan တို့ရဲ့ Follower ဦးရေထက် ကျော်လွန်တဲ့ Follwer အများဆုံး အိန္ဒိယလူမျိုးဖြစ်ပါတယ်။

Priyanka Chopra

Priyanka Chopra

Chopra ဟာ အနုပညာဆုတွေလည်း အများကြီးရရှိထားသူပါ။
Chopra ဟာ ၂၀၁၆ မှာ “Favourite Actress in A New TV Series” အတွက် People Choice’s Award ဆိုကို ရရှိဖူးသလို ၂၀၁၇ မှာ “Quantico” ဇာတ်ကားက ဇာတ်ကောင် Alex Parrish အတွက် “Favourite Darmatic TV Actress”ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Global Indian Film Award နှစ်စု၊ Shanghai International Film Festival Award အပြင် အခြားသောဆုတွေကိုလည်း ရရှိထားသူဖြစ်ပါတယ်။

Priyanka Chopra

Priyanka Chopra

Baywatch ရုပ်ရှင်မှာလည်း သူမပါဝင်ခဲ့ဖူးပါတယ်။
Chopra ဟာ “The Rock” လို့ လူသိများတဲ့ Dwayne Johnson၊ Zac Efron တို့နဲ့ အတူ “Baywatch” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့ပြီးတော့ သူမကို Hollywood ကပါ ပိုလို့သတိထားမိစေခဲ့ပါတယ်။

Su Yi Htet (Akhayar)