နေမာ Neymar ဆိုတာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး (၃)ဦးစာရင်းဝင် ကစားသမားတစ်ယောက်။ သူ့ရဲ့ Character ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နေမာဟာ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ပြီးရင် အကောင်းဆုံးဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ Dribbling Skill ၊ Technique ပိုင်းမှာ သူမတူတဲ့ စွမ်းဆောင်ပိုင်ဆိုင်ထားသူ။ မက်ဆီ-စီရော်နယ်လ်ဒို Era အပြီးမှာ ခေတ်သစ်တစ်ခုကို ဦးဆောင်နိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရသူ။ နေမာရဲ့ အခုလက်ရှိ အောင်မြင်မှုမှတ်တမ်းက အားရစရာပဲ။

Neymar-jr

Neymar-jr

ဒါပေမဲ့ နေမာလို ကစားသမားတစ်ဦးအတွက် ဒီလောက်နဲ့ ကျေနပ်နေလို့ မရသေးဘူး။ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ Class ကို ရောက်ချင်ရင် ဒီထက် ပိုရုန်းပြရဦးမယ်။ အခုက နေမာရဲ့ အောင်မြင်မှုတွေကို အမွှန်းတင်ချင်တာ မဟုတ်လို့ ဒီလောက်ဆို တော်လောက်ပါပြီ။ အခု ဖော်ပြချင်တာက နေမာရဲ့ လူသိနည်းတဲ့ အချက်တွေပါပဲ။ ဘယ်လိုအချက်တွေလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင် . . .

မက်ဆီ မရသေးတဲ့ ဆုကို ဆွတ်ခူးခဲ့သူ

He-has-an-award-that-Messi-has-never-won

He-has-an-award-that-Messi-has-never-won

ခေါင်းစဉ်ကို ဖတ်ပြီး ခဏလောက် စဉ်းစားကြည့်ပါလား ..ပရိသတ်ကြီး။ ဘာဆုများ ဖြစ်မလဲဆိုတာ။ မက်ဆီ တစ်ခါမှ မရဖူးသေးတဲ့ ဆုကို နေမာ ရရှိခဲ့ဖူးတယ်။ အဲဒါက FIFA က ချီးမြှင့်တဲ့ အကောင်းဆုံးသွင်းဂိုးဆု (FIFA Puskas Award) ပါပဲ။ ဆန်းတို့စ်ကစားသမားဘ၀ ဖလာမင်ဂိုနဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးက ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးဂိုးဖြစ်ခဲ့တယ်။

အသက်(၂၀)အရွယ်မှာ ပရော်ဖက်ရှင်နယ် ဂိုး(၁၀၀)ပြည့်ခဲ့တယ်

He-scored-his-100th-professional-goal-on-his-20th-birthday

He-scored-his-100th-professional-goal-on-his-20th-birthday

အသက်(၂၀)သာရှိသေးတဲ့ ချာတိတ် ဘောလုံးသမား အများစုက စီနီယာအသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရသူတွေချည်းပဲ။ ဒါပေမဲ့ နေမာဆိုတာက တခြားသူမှ မဟုတ်တာ။ အသက်(၂၀)ပြည့်မွေးနေ့အရောက်မှာ သူ့ရဲ့ ကစားသမားဘ၀ ပရော်ဖက်ရှင်နယ် သွင်းဂိုးအရေအတွက်က (၁၀၀)ပြည့်ခဲ့တယ်။ ဒါဟာ တချို့ နာမည်ကြီး ကစားသမားတွေတောင် အိပ်မက်ခွင့် မရခဲ့တဲ့ မှတ်တမ်းတစ်ခုပါပဲ။

နေမာကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ၀က်စ်ဟမ်း

Neymar-childhood-pictures

Neymar-childhood-pictures

ဟုတ်မှ ဟုတ်ပါ့မလားလို့ စဉ်းစားမနေပါနဲ့။ ၀က်စ်ဟမ်းအသင်းဟာ နေမာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ဖူးတယ်။ ၂၀၁၀ ခုနှစ်၊ နေမာ အသက်(၁၈)နှစ်အရွယ်လောက်က ၀က်စ်ဟမ်းအသင်းဟာ သူ့ကို ပေါင်(၁၂)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆန်းတို့စ်အသင်းက ငြင်းဆန်ခဲ့တယ်။ နေမာလို ကစားသမားမျိုးကို ပေါင်(၁၂)သန်းလောက်နဲ့ အချိုချောင် ဘယ်ရလိမ့်မလဲ . . .

ရီးယဲလ်ကစားသမားဖြစ်ခဲ့ဖူးတဲ့ နေမာ

He-could-have-joined-Real-Madrid-at-the-age-of-14

He-could-have-joined-Real-Madrid-at-the-age-of-14

ဘာစီလိုနာနဲ့ လမ်းခွဲပြီးတဲ့ အချိန်က စပြီး နေမာကို ခေါ်ယူဖို့ ပြိုင်ဘက် ရီးယဲလ်အသင်းက တောက်လျှောက် ချိတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းက အခုမှ “လွတ်တဲ့ငါး ကြီး”သလို ဖြစ်နေတာပါ။ နေမာ အသက်(၁၄)နှစ်အရွယ်တုန်းက ရီးယဲလ်အကယ်ဒမီမှာ ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ ရီးယဲလ်အသင်းက စာချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် နေမာမိသားစုက လက်မခံခဲ့လို့ ကမ္ဘာ့အဆင့် ဖြစ်လာမယ့် ကစားသမားတစ်ဦးကို လက်လွှတ်ခဲ့ရဖူးတယ်။

 

ဒါတွေကတော့ နေမာနဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တွေပါပဲ။ ဒီဆောင်းပါးတိုကို ဖတ်ပြီး ပရိသတ်တွေ စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . . .

REF:sportskeeda
Photo:Marca,Enigma Magazine,Daily Mail,supersport.al
Naing Linn(Akhayar)
www.akhayar.com