[Zawgyi]

လူတုိင္းညအိပ္ရာမ၀င္ခင္ လုပ္မိေနတဲ့ အျပဳအမူအမွားအယြင္းမ်ား

ေလ့လာမႈေတြအရ လူေတာ္ေတာ္မ်ားမ်ားက အိပ္ေရးပ်က္ေလာက္ေအာင္ ညဘက္အိပ္ရာ၀င္ခါနီးမွာ မသိပဲ လုပ္မိေနတဲ့ အျပဳအမူ အမွားေတြရွိတတ္ၾကတယ္လုိ႕ သိရပါတယ္။ ႏွစ္ႏွစ္ျခဳိက္ျခဳိက္အိပ္မေပ်ာ္ေစတဲ့ အေၾကာင္းတရားအမ်ားစုက က်န္းမာေရးအေျခအေနေၾကာင့္ခ်ည္းပဲလုိ႕ ပုံေသေျပာလုိ႕မရပါဘူး။ ဒီေန႕အခ်ိန္ထိ ပရိသတ္ေတြလည္း ဒီလုိအျပဳအမူအမွားအယြင္းေလးေတြလုပ္မိေနတယ္ဆုိရင္ေတာ့ အျမန္ဆုံးဆင္ျခင္ႏုိင္ဖုိ႕ တုိက္တြန္းေဖာ္ျပလုိက္ပါတယ္ေနာ္။

(၁)ေဆးလိပ္ေသာက္ျခင္း

ကဖင္း၊ နီကုိတင္း တုိ႕က ခႏၶာကိုယ္ကုိ ဆုိးဆုိးရြားရြားထိခုိက္ေစတာဆုိတာ ေဆးလိပ္ေသာက္ၾကသူတုိင္းသိမွာျဖစ္ေပမယ့္ သိရက္နဲ႕ မျပင္ႏုိင္ပဲ ဆက္ေသာက္ေနၾကသူေတြကမ်ားပါတယ္။ ေဆးလိပ္က ႏွလုံးခုန္ႏႈန္းနဲ႕ ေသြးလည္ပတ္မႈေတြကုိေကာင္းေစတယ္လုိ႕ ထင္ေနသူေတြ သိသင့္တာက ေဆးလိပ္ေသာက္ထားရင္ညအိပ္ရာ၀င္ခ်ိန္မွာ ႏွစ္ႏွစ္ျခဳိက္ျခဳိက္အိပ္ေပ်ာ္ဖုိ႕ခက္ခဲေစပါတယ္။ အထူးသျဖင့္ အိပ္ရာမ၀င္ခင္ (၁)နာရီ ခြဲကေန (၂)နာရီၾကားကေတာ့ ေဆးလိပ္လုံး၀မေသာက္သင့္တဲ့အခ်ိန္ျဖစ္ပါတယ္။ အဲ့ဒီလုိအခ်ိန္အပုိင္းအျခားေလးနဲ႕ ဆင္ျခင္မယ္ဆုိရင္ေတာ့ ညဘက္ကုိႏွစ္ႏွစ္ျခဳိက္ျခဳိက္အိပ္ေပ်ာ္မွာေသခ်ာပါတယ္။

(၂) ေလ့က်င့္ခန္းမလုပ္ပါနဲ႕

ေယဘုယ်အားျဖင့္ေတာ့ ေလ့က်င့္ခန္းလုပ္တာက ခႏၶာကိုယ္ကုိ က်န္းမာသန္စြမ္းေစတယ္လုိ႕ သိထားၾကေပမယ့္ ဘယ္အရာမဆုိ သူ႕အေျခအေန၊အခ်ိန္အခါအလုိက္လုပ္ရတာခ်ည္းပါပဲ။ အိပ္ထမတင္ေတြ၊ Gymေဆာ့တာေတြကုိ ညဘက္အိပ္ခါနီးအခ်ိန္ၾကီးထမလုပ္မိေစနဲ႕ေပါ့ေနာ္။ ဒါက ကုိယ့္ရဲ႕အိပ္ခ်ိန္ကုိ ထိခိုက္ေစမယ့္အျပင္ မလုပ္သင့္တဲ့အျပဳအမူတစ္ခုပါပဲ။

(၃)အိပ္ခါနီး ေရေတြ အမ်ားၾကီးမေသာက္ပါနဲ႕

ေရဓာတ္က ခႏၶာကိုယ္ကုိ အက်ိဳးျပဳေစတယ္ဆုိတာမွန္ပါတယ္။ တန္ေဆးလြန္ေဘးဆုိတဲ့အတုိင္း ဆရာ၀န္ေတြေျပာထားကေတာ့ ညဘက္အိပ္ရာ၀င္ခါနီးအခ်ိန္မွာ ေရအမ်ားၾကီးေသာက္မိတယ္ဆုိရင္ မ်က္လုံးေတြေၾကာင္ျပီး အိပ္မေပ်ာ္ဘဲ နုိးႏုိးၾကားၾကားျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ပုံမွန္ဖန္ခြက္တစ္ခြက္စာကုိ ေရတစ္၀က္ခန္႕ပဲ ေသာက္သုံးေပးသင့္ပါတယ္။

(၄) တီထြင္ၾကံဆျပီးဖန္တီးရတဲ့ အရာေတြမလုပ္ပါနဲ႕

ညဘက္အခ်ိန္ေလးဆုိတာ တစ္ေန႕တာပင္ပန္းခဲ့သမွ်ကုိ ေကာင္းေကာင္းမြန္မြန္အိပ္စက္အနားယူဖုိ႕ အခ်ိန္ေကာင္းေလးပါ။ လူေတာ္ေတာ္မ်ားမ်ား ညဘက္က်မွ ပန္းခ်ီဆြဲတာတုိ႕ စာေရးတာတုိ႕ တူရိယာ တစ္ခုခု တီးခတ္တာေတြဟာ ဦးေႏွာက္ကုိ ႏုိးႏုိးၾကားၾကားျဖစ္ေစတဲ့အတြက္ မအိပ္ခ်င္တဲ့အျပင္ မနက္အထိ မ်က္စိက်ယ္ေစလုိ႕ပါပဲ။ ဒါေၾကာင့္ အဲ့လုိလုပ္မယ့္အစား စာဖတ္တာနဲ႕ တရားထုိင္တာမ်ိဳးကုိ လုပ္ေပးမယ္ဆုိရင္ ပုိျပီးႏွစ္ႏွစ္ျခဳိက္ျခဳိက္အိပ္ေပ်ာ္သြားေစမွာပါ။

(၅) လ်ွပ္စစ္ပစၥည္းမွန္သမွ် မသုံးပါနဲ႕။

ဒါကေတာ့ ေျပာစရာကုိမလုိေအာင္ သိသင့္ပါတယ္ေနာ္။ ကမာၻေပၚကလူအမ်ားစုက တစ္ေန႕တစ္ေန႕ မုိဘုိင္းဖုန္းေတြကုိ အလြန္အၾကဴးစြဲလမ္းလာတာေတြက Social Media နဲ႕ အြန္လုိင္းGame ေတြေခတ္စားလာတာနဲ႕လည္းသက္ဆုိင္ေနပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ညအိပ္ရာ၀င္တဲ့အခ်ိန္ေလးမွာေတာ့ မုိဘုိင္းဖုန္းေတြနဲ႕ ကြန္ျပဳတာ လပ္ေတာ့ေတြသုံးျပီး ညလုံးေပါက္အလုပ္လုပ္တာေတြကုိ ေရွာင္ရမွာပါ။ စက္ပစၥည္းေတြဟာ ကုိယ့္ရဲ႕ မ်က္စိက်န္းမာေရးကုိထိခုိက္ေစတဲ့အျပင္အိပ္စက္ခ်ိန္ကုိပါ ထိခုိက္ေစပါတယ္။ ဒါေၾကာင့္ အလုပ္ေတြကုိ ေန႕ဘက္မွာတည္းက အျပီးလုပ္ထားျပီး မနက္ျဖန္ဘယ္အခ်ိန္မွာ ဘာျပီးေအာင္လုပ္မလဲဆုိတာ အခ်ိန္ဇယားေလးနဲ႕တိတိက်က်ေလးလုပ္ေပးသင့္ပါတယ္ေနာ္။

(၆) အိပ္ေဆးေသာက္တာေတြ ေရွာင္ပါ။

လူအမ်ားစုက အိပ္မေပ်ာ္တဲ့အခါ ညအိပ္ရာ၀င္ခါနီးမွ အိပ္ေဆးေတြမ်ိဳးစုံေသာက္သုံးၾကပါတယ္။တကယ္ေတာ့ အိပ္ေဆးေသာက္သုံးတာဟာ ဦးေႏွာက္အာရုံေၾကာေတြကုိပုိျပီး ႏိုးၾကားေစတာေၾကာင့္ ဆရာ၀န္နဲ႕ေသခ်ာတုိင္ပင္ျပီးမွ ဆရာ၀န္ညႊန္ၾကားခ်က္အတုိင္း ေသာက္သုံးသင့္ပါတယ္။

(၇) အိပ္ခါနီးမွာ အထိတ္အလန္႕အျငင္းပြားဖြယ္ရာေတြမၾကည့္ပါနဲ႕

လူၾကီးလူငယ္ေတာ္ေတာ္မ်ားမ်ားက ဒီေန႕ေခတ္မွာ ဖုန္းေတြကုိယ္စီကိုယ္စီနဲ႕ Facebook ေတြသုံးရင္း အင္တာနက္ေပၚက ထိတ္လန္႕ဖြယ္ရာပုံရိပ္ေတြ၊အက္စီးဒန္႕ျဖစ္တဲ့ ဗီဒီယုိဖုိင္ေတြ မၾကည့္မိပါေစနဲ႕ ။ မႈခင္းအေၾကာင္းအရာေတြ၊ စကားမ်ားရန္ျဖစ္တာေတြ အစရွိတဲ့ အေၾကာင္းအရာေတြကုိ ဖတ္မိတဲ့အခါ စိတ္ညစ္ညဴးေစျပီး အိပ္ေပ်ာ္ဖုိ႕ခက္ခဲေစႏုိင္ပါတယ္။

(၈) ညအိပ္ရာ၀င္ခါနီး ေရေႏြးနဲ႕ ေရမခ်ဳိးမိပါေစနဲ႕ေနာ္

လူၾကီးသူမေတြေျပာေလ့ရွိတဲ့ “ဖ်ားမွာေၾကာက္ရင္ ေရေႏြးစပ္ခ်ဳိးလုိက္ေလ” ဆုိတဲ့ စကားေလးမၾကာခဏၾကားဖူးၾကမွာေပါ့။ ကိုယ္ေတြလည္း အခုခ်ိန္ထိ အဲ့အတုိင္းပဲ ခ်မ္းမွာစိုးလုိ႕ ေရေႏြးစပ္ခ်ဳိးမိတုန္းပဲ။ ေရေအးထက္ ေရပူနဲ႕ခ်ိဳးတာက ခႏၶာကိုယ္အပူခ်ိန္ေျပာင္းလဲေစတဲ့အျပင္ အိပ္စက္ခ်ိန္ကုိလည္း ထိခုိက္ေစပါတယ္။ တကယ္လုိ႕ခ်ိဳးမယ္ဆုိရင္လည္း ေရပူေရေႏြးနဲ႕ (၁၀)မိနစ္ေလာက္ပဲ ခ်ဳိဳးေပးသင့္တယ္လုိ႕ ဆရာ၀န္ေတြက ေလ့လာထားပါတယ္။

(၉)အိမ္ေမြးတိရိစာၦန္ေလးေတြနဲ႕ အတူတူမအိပ္ၾကပါနဲ႕

ေၾကာင္ေလးေတြ၊ေခြးေလးေတြခ်စ္တတ္သူေတြကေတာ့ သူတုိ႕ရဲ႕တိရိစာၦန္ေလးေတြကုိ အိပ္ယာထဲမွာ အတူတူေပးအိပ္ေလ့ရွိပါတယ္။ဒါဟာ က်န္းမာေရးအတြက္ ထိခုိက္ေစမွန္းသိေပမယ့္ မျပင္ႏုိင္ၾကေသးပါဘူး။ တိရိစာၦန္ေတြရဲ႕ အိပ္စက္ခ်ိန္ဟာ လူေတြထက္ တုိေတာင္းတာမုိ႕ ကိုယ္အိပ္ေမာက်ေနတုန္းသူတုိ႕က ထေအာ္တဲ့အခါမ်ိဳးဆုိရင္ အိပ္ေရးပ်က္ေစတဲ့အျပင္ ေၾကာင္ေတြ၊ေခြးေတြမွာ ရွိတဲ့ အေမႊးအမ်ွင္ေတြနဲ႕ မျမင္ႏုိင္တဲ့ပိုးမႊားေလးေတြေၾကာင့္ ကုိယ့္ရဲ႕ အသားအေရကုိပါ ထိခုိက္ေစတယ္လုိ႕ သိရပါတယ္။ ဒါေၾကာင့္မုိ႕ အိမ္ေမြးတိရိစာၦန္ေလးေတြခ်စ္တတ္သူေတြနဲ႕ ခ်စ္ေပမယ့္လည္း ကုိယ့္က်န္းမာေရးကုိလည္း ကုိယ္ျပန္ငဲ့တဲ့အေနနဲ႕ ဆင္ျခင္သင့္ပါတယ္ေနာ္။  ပရိသတ္ေတြအားလုံး ဒီအခ်က္ေတြကုိလုိက္နာႏုိင္ျပီး က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ကုိပုိင္ဆုိင္ႏုိင္ၾကပါေစေနာ္။

Stella(Akhayar)

www.akhayar.com

[Unicode]

လူတိုင်းညအိပ်ရာမဝင်ခင် လုပ်မိနေတဲ့ အပြုအမူအမှားအယွင်းများ

လေ့လာမှုတွေအရ လူတော်တော်များများက အိပ်ရေးပျက်လောက်အောင် ညဘက်အိပ်ရာဝင်ခါနီးမှာ မသိပဲ လုပ်မိနေတဲ့ အပြုအမူ အမှားတွေရှိတတ်ကြတယ်လို့ သိရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်စေတဲ့ အကြောင်းတရားအများစုက ကျန်းမာရေးအခြေအနေကြောင့်ချည်းပဲလို့ ပုံသေပြောလို့မရပါဘူး။ ဒီနေ့အချိန်ထိ ပရိသတ်တွေလည်း ဒီလိုအပြုအမူအမှားအယွင်းလေးတွေလုပ်မိနေတယ်ဆိုရင်တော့ အမြန်ဆုံးဆင်ခြင်နိုင်ဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။

(၁)ဆေးလိပ်သောက်ခြင်း

ကဖင်း၊ နီကိုတင်း တို့က ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွားထိခိုက်စေတာဆိုတာ ဆေးလိပ်သောက်ကြသူတိုင်းသိမှာဖြစ်ပေမယ့် သိရက်နဲ့ မပြင်နိုင်ပဲ ဆက်သောက်နေကြသူတွေကများပါတယ်။ ဆေးလိပ်က နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုတွေကိုကောင်းစေတယ်လို့ ထင်နေသူတွေ သိသင့်တာက ဆေးလိပ်သောက်ထားရင်ညအိပ်ရာဝင်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်ခဲစေပါတယ်။ အထူးသဖြင့် အိပ်ရာမဝင်ခင် (၁)နာရီ ခွဲကနေ (၂)နာရီကြားကတော့ ဆေးလိပ်လုံးဝမသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီလိုအချိန်အပိုင်းအခြားလေးနဲ့ ဆင်ခြင်မယ်ဆိုရင်တော့ ညဘက်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာသေချာပါတယ်။

(၂) လေ့ကျင့်ခန်းမလုပ်ပါနဲ့

ယေဘုယျအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေတယ်လို့ သိထားကြပေမယ့် ဘယ်အရာမဆို သူ့အခြေအနေ၊အချိန်အခါအလိုက်လုပ်ရတာချည်းပါပဲ။ အိပ်ထမတင်တွေ၊ Gymဆော့တာတွေကို ညဘက်အိပ်ခါနီးအချိန်ကြီးထမလုပ်မိစေနဲ့ပေါ့နော်။ ဒါက ကိုယ့်ရဲ့အိပ်ချိန်ကို ထိခိုက်စေမယ့်အပြင် မလုပ်သင့်တဲ့အပြုအမူတစ်ခုပါပဲ။

(၃)အိပ်ခါနီး ရေတွေ အများကြီးမသောက်ပါနဲ့

ရေဓာတ်က ခန္ဓာကိုယ်ကို အကျိုးပြုစေတယ်ဆိုတာမှန်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဆရာဝန်တွေပြောထားကတော့ ညဘက်အိပ်ရာဝင်ခါနီးအချိန်မှာ ရေအများကြီးသောက်မိတယ်ဆိုရင် မျက်လုံးတွေကြောင်ပြီး အိပ်မပျော်ဘဲ နိုးနိုးကြားကြားဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ဖန်ခွက်တစ်ခွက်စာကို ရေတစ်ဝက်ခန့်ပဲ သောက်သုံးပေးသင့်ပါတယ်။

(၄) တီထွင်ကြံဆပြီးဖန်တီးရတဲ့ အရာတွေမလုပ်ပါနဲ့

ညဘက်အချိန်လေးဆိုတာ တစ်နေ့တာပင်ပန်းခဲ့သမျှကို ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူဖို့ အချိန်ကောင်းလေးပါ။ လူတော်တော်များများ ညဘက်ကျမှ ပန်းချီဆွဲတာတို့ စာရေးတာတို့ တူရိယာ တစ်ခုခု တီးခတ်တာတွေဟာ ဦးနှောက်ကို နိုးနိုးကြားကြားဖြစ်စေတဲ့အတွက် မအိပ်ချင်တဲ့အပြင် မနက်အထိ မျက်စိကျယ်စေလို့ပါပဲ။ ဒါကြောင့် အဲ့လိုလုပ်မယ့်အစား စာဖတ်တာနဲ့ တရားထိုင်တာမျိုးကို လုပ်ပေးမယ်ဆိုရင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေမှာပါ။

(၅) လျှပ်စစ်ပစ္စည်းမှန်သမျှ မသုံးပါနဲ့

ဒါကတော့ ပြောစရာကိုမလိုအောင် သိသင့်ပါတယ်နော်။ ကမ္ဘာပေါ်ကလူအများစုက တစ်နေ့တစ်နေ့ မိုဘိုင်းဖုန်းတွေကို အလွန်အကြူးစွဲလမ်းလာတာတွေက Social Media နဲ့ အွန်လိုင်းGame တွေခေတ်စားလာတာနဲ့လည်းသက်ဆိုင်နေပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ညအိပ်ရာဝင်တဲ့အချိန်လေးမှာတော့ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပြုတာ လပ်တော့တွေသုံးပြီး ညလုံးပေါက်အလုပ်လုပ်တာတွေကို ရှောင်ရမှာပါ။ စက်ပစ္စည်းတွေဟာ ကိုယ့်ရဲ့ မျက်စိကျန်းမာရေးကိုထိခိုက်စေတဲ့အပြင်အိပ်စက်ချိန်ကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် အလုပ်တွေကို နေ့ဘက်မှာတည်းက အပြီးလုပ်ထားပြီး မနက်ဖြန်ဘယ်အချိန်မှာ ဘာပြီးအောင်လုပ်မလဲဆိုတာ အချိန်ဇယားလေးနဲ့တိတိကျကျလေးလုပ်ပေးသင့်ပါတယ်နော်။

(၆) အိပ်ဆေးသောက်တာတွေ ရှောင်ပါ

လူအများစုက အိပ်မပျော်တဲ့အခါ ညအိပ်ရာဝင်ခါနီးမှ အိပ်ဆေးတွေမျိုးစုံသောက်သုံးကြပါတယ်။တကယ်တော့ အိပ်ဆေးသောက်သုံးတာဟာ ဦးနှောက်အာရုံကြောတွေကိုပိုပြီး နိုးကြားစေတာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။

(၇) အိပ်ခါနီးမှာ အထိတ်အလန့်အငြင်းပွားဖွယ်ရာတွေမကြည့်ပါနဲ့

လူကြီးလူငယ်တော်တော်များများက ဒီနေ့ခေတ်မှာ ဖုန်းတွေကိုယ်စီကိုယ်စီနဲ့ Facebook တွေသုံးရင်း အင်တာနက်ပေါ်က ထိတ်လန့်ဖွယ်ရာပုံရိပ်တွေ၊အက်စီးဒန့်ဖြစ်တဲ့ ဗီဒီယိုဖိုင်တွေ မကြည့်မိပါစေနဲ့ ။ မှုခင်းအကြောင်းအရာတွေ၊ စကားများရန်ဖြစ်တာတွေ အစရှိတဲ့ အကြောင်းအရာတွေကို ဖတ်မိတဲ့အခါ စိတ်ညစ်ညူးစေပြီး အိပ်ပျော်ဖို့ခက်ခဲစေနိုင်ပါတယ်။

(၈) ညအိပ်ရာဝင်ခါနီး ရေနွေးနဲ့ ရေမချိုးမိပါစေနဲ့နော်

လူကြီးသူမတွေပြောလေ့ရှိတဲ့ “ဖျားမှာကြောက်ရင် ရေနွေးစပ်ချိုးလိုက်လေ” ဆိုတဲ့ စကားလေးမကြာခဏကြားဖူးကြမှာပေါ့။ ကိုယ်တွေလည်း အခုချိန်ထိ အဲ့အတိုင်းပဲ ချမ်းမှာစိုးလို့ ရေနွေးစပ်ချိုးမိတုန်းပဲ။ ရေအေးထက် ရေပူနဲ့ချိုးတာက ခန္ဓာကိုယ်အပူချိန်ပြောင်းလဲစေတဲ့အပြင် အိပ်စက်ချိန်ကိုလည်း ထိခိုက်စေပါတယ်။ တကယ်လို့ချိုးမယ်ဆိုရင်လည်း ရေပူရေနွေးနဲ့ (၁၀)မိနစ်လောက်ပဲ ချိုးပေးသင့်တယ်လို့ ဆရာဝန်တွေက လေ့လာထားပါတယ်။

(၉)အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အတူတူမအိပ်ကြပါနဲ့

ကြောင်လေးတွေ၊ခွေးလေးတွေချစ်တတ်သူတွေကတော့ သူတို့ရဲ့တိရိစ္ဆာန်လေးတွေကို အိပ်ယာထဲမှာ အတူတူပေးအိပ်လေ့ရှိပါတယ်။ဒါဟာ ကျန်းမာရေးအတွက် ထိခိုက်စေမှန်းသိပေမယ့် မပြင်နိုင်ကြသေးပါဘူး။ တိရိစ္ဆာန်တွေရဲ့ အိပ်စက်ချိန်ဟာ လူတွေထက် တိုတောင်းတာမို့ ကိုယ်အိပ်မောကျနေတုန်းသူတို့က ထအော်တဲ့အခါမျိုးဆိုရင် အိပ်ရေးပျက်စေတဲ့အပြင် ကြောင်တွေ၊ခွေးတွေမှာ ရှိတဲ့ အမွှေးအမျှင်တွေနဲ့ မမြင်နိုင်တဲ့ပိုးမွှားလေးတွေကြောင့် ကိုယ့်ရဲ့ အသားအရေကိုပါ ထိခိုက်စေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ အိမ်မွေးတိရိစ္ဆာန်လေးတွေချစ်တတ်သူတွေနဲ့ ချစ်ပေမယ့်လည်း ကိုယ့်ကျန်းမာရေးကိုလည်း ကိုယ်ပြန်ငဲ့တဲ့အနေနဲ့ ဆင်ခြင်သင့်ပါတယ်နော်။ ပရိသတ်တွေအားလုံး ဒီအချက်တွေကိုလိုက်နာနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

Stella(Akhayar)

www.akhayar.com