[Zawgyi]

Stylish ျဖစ္တဲ့ မိန္းကေလးေတြ ဘယ္ေတာ့မွ မလုပ္တဲ့အက်င့္စရိုက္ေလးမ်ား

မိန္းကေလးေတြကေတာ့ အခ်ိန္တိုင္း လွပေက်ာ့ရွင္းေနဖို႔ ဂရုစိုက္ၾကပါတယ္။ ဘယ္အခ်ိန္ၾကည့္ၾကည့္ Smart က်ေနရမယ္။ လွေနရမယ္။ လူေတြအားက်ေစေလာက္တဲ့ အျပင္အဆင္မ်ိဳး ရွိေနရမယ္။ ေအာင္ျမင္ေရးေသာ့ခ်က္ေတြထဲမွာလည္း ဒီအရာက မပါမျဖစ္ပါေနာ္။ ဒီ့အတြက္လည္း Stylish ျဖစ္တဲ့အမ်ိဳးသမီးေတြ ဘယ္ေတာ့မွမလုပ္တဲ့အရာေတြရွိပါတယ္။ ကိုယ္ေတြလည္း Stylish ျဖစ္ခ်င္တယ္ဆိုရင္ အဲဒီလုိအရာမ်ိဳးေတြကို ေရွာင္ရေတာ့မွာေပါ့ေနာ္။

သူတို႔ေတြဟာ Trend ေနာက္ကို စဥ္းစားၿပီးမွ လိုက္လုပ္ေလ့ရွိၾကပါတယ္

အသစ္ေပၚသမွ်၀ယ္၀တ္ေနတာက Stylish ျဖစ္တာမဟုတ္ပါဘူးေနာ္။ တကယ္ Stylish ျဖစ္တဲ့မိန္းကေလးေတြဟာ အသစ္ေတြ ဘယ္ေလာက္ေပၚေပၚ ကိုယ္နဲ႔ လိုက္ဖက္လား၊ မလိုက္ဖက္လားအေပၚမူတည္ၿပီးေတာ့မွ လိုက္၀တ္ေလ့၊ လိုက္လုပ္ေလ့ရွိၾကတာပါ။ ဘယ္ေလာက္ပဲေခတ္စားပါေစ ကိုယ္နဲ႔မလိုက္ဖက္တာႀကီးကို ၀တ္ထားရင္ ဘယ္လိုမွ လွပေနမွာမဟုတ္ပါဘူး။ Trend တိုင္းက ကိုယ့္အတြက္မဟုတ္ပါဘူး။ ကိုယ္ပိုင္စတိုင္တစ္ခုရွိမွ စတားျဖစ္ႏိုင္မွာပါေနာ္။

သူတို႔ေတြဟာ သူတို႔အတြက္ပဲ ၀တ္ဆင္ၾကတာပါ

တစ္ခါတေလ သူမ်ားေတြရဲ႕ အျမင္မွာ သိပ္မလွလည္း ကိစၥမရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ အလွအပဆိုတာ သူမ်ားေတြကို ျပသဖို႔ထက္ ကိုယ့္ကိုယ္ကိုယ္ သေဘာက်ႏွစ္သက္ဖို႔ ေနာက္ၿပီး ယံုၾကည္မႈရွိလာဖို႔ပါ။ တျခားလူေတြ ၀တ္တုိင္း၊ သံုးတိုင္း လိုက္၀တ္လိုက္သံုးစရာလည္း မလိုပါဘူး။ ကိုယ့္ရဲ႕ အႀကိဳက္၊ စိတ္ခံစားမႈနဲ႔ ယံုၾကည္မႈကိုလိုက္ၿပီး ကိုယ့္အတြက္ကိုယ္ ၀တ္ဆင္ပါ။

သူတို႔ဟာ သူတို႔နဲ႔ သင့္ေတာ္တာကိုပဲ ေရြးခ်ယ္ၾကပါတယ္

အၿမဲတမ္း Stylish ျဖစ္ေနတဲ့ မိန္းကေလးေတြဆီမွာ ဒီဇိုင္နာေကာင္းေကာင္းတစ္ေယာက္ေတာ့ ရွိတတ္ၾကပါတယ္။ သူတို႔နဲ႔ သင့္ေတာ္ၿပီး ကိုယ္ခႏၵာနဲ႔ တစ္ထပ္တည္းက်တဲ့အ၀တ္အစား၊ အသံုးအေဆာင္ေတြကိုပဲ ေရြးခ်ယ္တတ္ၾကတာက သူတို႔ကို အၿမဲတမ္းလွပေနေစတဲ့ လွ်ိဳ႕ ၀ွက္ခ်က္တစ္ခုပါပဲ။ ပြေနတာတို႔၊ ေသးေနတာတို႔၊ မေတာ္တာတို႔ကို ႏွေျမာၿပီး ေအာင့္အီးသည္းခံသံုးေန၀တ္ေနစရာ လံုး၀မလိုအပ္ပါဘူး။

သူတို႔ဟာ သက္ေသာင့္သက္သာမရွိတဲ့အ၀တ္အစားကို ေရြးခ်ယ္ေလ့မရွိပါဘူး

ဟုတ္ပါတယ္။ လွပေနဖို႔ ဘယ္ေလာက္ပဲ ဂရုစိုက္စိုက္ပါ။ သူတို႔ဟာ သူတို႔ကိုယ္ သက္ေတာင့္သက္သာမျဖစ္ေစတဲ့အ၀တ္အစားနဲ႔ အသံုးအေဆာင္ေတြကို ဘယ္ေတာ့မွ ေရြးခ်ယ္ေလ့မရွိပါဘူး။ အ၀တ္အစား၀တ္တယ္ဆိုတာ လွပရမယ္။ စတုိင္က်ရမယ္။ ေနာက္ၿပီးရင္ ကိုယ့္ကိုယ္ သက္ေတာင့္သက္သာျဖစ္ေစရပါဦးမယ္။ လွေတာ့လွေနပါရက္ ေနရထိုင္ရတာအဆင္မေျပဘူးဆိုရင္ သင့္ရဲ႕မ်က္ႏွာဟာ ဘယ္လိုမွ ႏွစ္လိုဖြယ္ေကာင္းေနမွာ မဟုတ္ပါဘူး။

သူတို႔ဟာ ေငြသံုးဖို႔ ဘယ္ေတာ့မွ မတြန္႔ဆုတ္ပါဘူး

ႀကိဳးစားပမ္းစားရွာေဖြစုေဆာင္းထားခဲ့ရသမွ်ဟာ သံုးဖို႔ ထိုက္တန္ပါတယ္။ ပစၥည္းအရည္အေသြးေကာင္းတာကို ေငြေပး၀ယ္ရတာဟာ သင့္အတြက္ နစ္နာစရာမရွိပါဘူး။ ပိုၿပီး သပ္ရပ္လွပတယ္။ ပိုၿပီး သက္ေတာင့္သက္သာရွိတယ္။ ဒါေၾကာင့္ တစ္ကိုယ္ရည္အသံုးအေဆာင္ေတြနဲ႔ အလွအပပစၥည္းေတြ၀ယ္ယူဖို႔ မႏွေမ်ာပါနဲ႔။ ပစၥည္းေကာင္းေကာင္းသံုးပါ။ ေပါတာေတြမွာ ေငြမျဖဳန္းလိုက္ပါနဲ႔။

မိန္းကေလးဆိုတာ အၿမဲတမ္း လွပလန္းဆန္းေပ်ာ္ရႊင္ေနမွ ျဖစ္မွာေနာ္။ ကိုယ္ခႏၶာအလွေတြကို ေဖာ္ေနမွ ဆြဲေဆာင္မႈရွိတာမဟုတ္ပါဘူး။ Stylish ျဖစ္တဲ့မိန္းကေလးေတြကသာ ဆြဲေဆာင္မႈအရွိဆံုးပါ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Stylish ဖြစ်တဲ့ မိန်းကလေးတွေ ဘယ်တော့မှ မလုပ်တဲ့အကျင့်စရိုက်လေးများ

မိန်းကလေးတွေကတော့ အချိန်တိုင်း လှပကျော့ရှင်းနေဖို့ ဂရုစိုက်ကြပါတယ်။ ဘယ်အချိန်ကြည့်ကြည့် Smart ကျနေရမယ်။ လှနေရမယ်။ လူတွေအားကျစေလောက်တဲ့ အပြင်အဆင်မျိုး ရှိနေရမယ်။ အောင်မြင်ရေးသော့ချက်တွေထဲမှာလည်း ဒီအရာက မပါမဖြစ်ပါနော်။ ဒီ့အတွက်လည်း Stylish ဖြစ်တဲ့အမျိုးသမီးတွေ ဘယ်တော့မှမလုပ်တဲ့အရာတွေရှိပါတယ်။ ကိုယ်တွေလည်း Stylish ဖြစ်ချင်တယ်ဆိုရင် အဲဒီလိုအရာမျိုးတွေကို ရှောင်ရတော့မှာပေါ့နော်။

သူတို့တွေဟာ Trend နောက်ကို စဉ်းစားပြီးမှ လိုက်လုပ်လေ့ရှိကြပါတယ်

အသစ်ပေါ်သမျှဝယ်ဝတ်နေတာက Stylish ဖြစ်တာမဟုတ်ပါဘူးနော်။ တကယ် Stylish ဖြစ်တဲ့မိန်းကလေးတွေဟာ အသစ်တွေ ဘယ်လောက်ပေါ်ပေါ် ကိုယ်နဲ့ လိုက်ဖက်လား၊ မလိုက်ဖက်လားအပေါ်မူတည်ပြီးတော့မှ လိုက်ဝတ်လေ့၊ လိုက်လုပ်လေ့ရှိကြတာပါ။ ဘယ်လောက်ပဲခေတ်စားပါစေ ကိုယ်နဲ့မလိုက်ဖက်တာကြီးကို ဝတ်ထားရင် ဘယ်လိုမှ လှပနေမှာမဟုတ်ပါဘူး။ Trend တိုင်းက ကိုယ့်အတွက်မဟုတ်ပါဘူး။ ကိုယ်ပိုင်စတိုင်တစ်ခုရှိမှ စတားဖြစ်နိုင်မှာပါနော်။

သူတို့တွေဟာ သူတို့အတွက်ပဲ ဝတ်ဆင်ကြတာပါ

တစ်ခါတလေ သူများတွေရဲ့ အမြင်မှာ သိပ်မလှလည်း ကိစ္စမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အလှအပဆိုတာ သူများတွေကို ပြသဖို့ထက် ကိုယ့်ကိုယ်ကိုယ် သဘောကျနှစ်သက်ဖို့ နောက်ပြီး ယုံကြည်မှုရှိလာဖို့ပါ။ တခြားလူတွေ ဝတ်တိုင်း၊ သုံးတိုင်း လိုက်ဝတ်လိုက်သုံးစရာလည်း မလိုပါဘူး။ ကိုယ့်ရဲ့ အကြိုက်၊ စိတ်ခံစားမှုနဲ့ ယုံကြည်မှုကိုလိုက်ပြီး ကိုယ့်အတွက်ကိုယ် ဝတ်ဆင်ပါ။

သူတို့ဟာ သူတို့နဲ့ သင့်တော်တာကိုပဲ ရွေးချယ်ကြပါတယ်

အမြဲတမ်း Stylish ဖြစ်နေတဲ့ မိန်းကလေးတွေဆီမှာ ဒီဇိုင်နာကောင်းကောင်းတစ်ယောက်တော့ ရှိတတ်ကြပါတယ်။ သူတို့နဲ့ သင့်တော်ပြီး ကိုယ်ခန္ဒာနဲ့ တစ်ထပ်တည်းကျတဲ့အဝတ်အစား၊ အသုံးအဆောင်တွေကိုပဲ ရွေးချယ်တတ်ကြတာက သူတို့ကို အမြဲတမ်းလှပနေစေတဲ့ လျှို့ ဝှက်ချက်တစ်ခုပါပဲ။ ပွနေတာတို့၊ သေးနေတာတို့၊ မတော်တာတို့ကို နှမြောပြီး အောင့်အီးသည်းခံသုံးနေဝတ်နေစရာ လုံးဝမလိုအပ်ပါဘူး။

သူတို့ဟာ သက်တောင့်သက်သာမရှိတဲ့အဝတ်အစားကို ရွေးချယ်လေ့မရှိပါဘူး

ဟုတ်ပါတယ်။ လှပနေဖို့ ဘယ်လောက်ပဲ ဂရုစိုက်စိုက်ပါ။ သူတို့ဟာ သူတို့ကိုယ် သက်တောင့်သက်သာမဖြစ်စေတဲ့အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ဘယ်တော့မှ ရွေးချယ်လေ့မရှိပါဘူး။ အဝတ်အစားဝတ်တယ်ဆိုတာ လှပရမယ်။ စတိုင်ကျရမယ်။ နောက်ပြီးရင် ကိုယ့်ကိုယ် သက်တောင့်သက်သာဖြစ်စေရပါဦးမယ်။ လှတော့လှနေပါရက် နေရထိုင်ရတာအဆင်မပြေဘူးဆိုရင် သင့်ရဲ့မျက်နှာဟာ ဘယ်လိုမှ နှစ်လိုဖွယ်ကောင်းနေမှာ မဟုတ်ပါဘူး။

သူတို့ဟာ ငွေသုံးဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပါဘူး

ကြိုးစားပမ်းစားရှာဖွေစုဆောင်းထားခဲ့ရသမျှဟာ သုံးဖို့ ထိုက်တန်ပါတယ်။ ပစ္စည်းအရည်အသွေးကောင်းတာကို ငွေပေးဝယ်ရတာဟာ သင့်အတွက် နစ်နာစရာမရှိပါဘူး။ ပိုပြီး သပ်ရပ်လှပတယ်။ ပိုပြီး သက်တောင့်သက်သာရှိတယ်။ ဒါကြောင့် တစ်ကိုယ်ရည်အသုံးအဆောင်တွေနဲ့ အလှအပပစ္စည်းတွေဝယ်ယူဖို့ မနှမျောပါနဲ့။ ပစ္စည်းကောင်းကောင်းသုံးပါ။ ပေါတာတွေမှာ ငွေမဖြုန်းလိုက်ပါနဲ့။

မိန်းကလေးဆိုတာ အမြဲတမ်း လှပလန်းဆန်းပျော်ရွှင်နေမှ ဖြစ်မှာနော်။ ကိုယ်ခန္ဒာအလှတွေကို ဖော်နေမှ ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ Stylish ဖြစ်တဲ့မိန်းကလေးတွေကသာ ဆွဲဆောင်မှုအရှိဆုံးပါ။

Moethaesay (Akhayar)

www.akhayar.com