[ZawGyi]

ေဆးခန္းမသြားခင္ ဒါေတြေဆာင္လုိ႔ ဒါေတြေရွာင္ပါ

ကိုယ္ကေဆးရံုေဆးခန္းသြားျပီး က်န္းမာေရးစစ္ေဆးမႈလုပ္မယ္ဆိုရင္ ကိုယ္႔ရဲ႕ေဆးစစ္ခ်က္ရလဒ္ကမွန္ကန္ျပီး ထိေရာက္တဲ႔ကုသမႈကိုလည္း ရခ်င္ၾကမွာပါ။ ဒီလို တိက်တဲ႔အေျဖနဲ႔ကုသမႈကိုရဖို႔ကိုယ္႔ဘက္ကျပင္ဆင္သြားရမွာေတြရွိပါတယ္။ ဒါေလးေတြဟာ အေသးအဖြဲအခ်က္ေတြလုိ႔ဆုိႏိုင္ေပမယ္႔ က်န္းမာေရးစစ္ေဆးမႈအတြက္အမ်ားၾကီးအေထာက္အကူျပဳပါတယ္။

– ေဆးခန္းသြားခါနီးမွာ ေကာ္ဖီမေသာက္တာကပိုေကာင္းပါတယ္။ ေဆးခန္းေရာက္လုိ႔ေသြးေပါင္ခ်ိန္တဲ႔အခါ ေကာ္ဖီရဲ႕ Effect က သင္႔ရဲ႕ေသြးဖိအားရလဒ္ကို ကေမာက္ကမျဖစ္ေစႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္မတိုင္းခင္ တစ္နာရီအတြင္းမွာ အားျဖည္႔အခ်ိဳရည္ေတြ၊ ကိုလာနဲ႔ ေကာ္ဖီေတြမေသာက္သင္႔ပါဘူး။ သူကေဆးရြက္ၾကီးတုိ႔၊ ေခ်ာင္းဆုိးေပ်ာက္ေဆးတုိ႔သံုးထားတဲ႔ရလဒ္မ်ိဳးျဖစ္ေစတယ္လုိ႔ သိရပါတယ္။ ဝိုင္နဲ႔အရက္လိုမ်ိဳး ယမကာေတြကိုေတာ႔လံုးဝေရွာင္ရမွာပါ။ Stress Test လုပ္မယ္ဆုိရင္ေတာ႔ ေရေႏြးၾကမ္းေတြလည္း မေသာက္သင္႔ဘူးလုိ႔ တတ္ကၽြမ္းသူေတြကဆုိထားပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

– အဆီမ်ားတဲ႔အစားအေသာက္ေတြ၊ ဘာဂါေတြ၊ မယြန္းနိစ္ေတြ စားသြားတာမ်ိဳးကိုလည္း အထူးေရွာင္ပါ။ ဒါေတြက ေသြးစစ္လိုက္ခ်ိန္ ေသြးထဲမွာကိုလက္စထေရာနဲ႔အျခားအဆီေတြ မ်ားျပားေနတာေတြ႔ရပါလိမ္႔မယ္။ ဒါေၾကာင္႔ ေသြးမစစ္ခင္ ၈ နာရီ မွ ၁၀ နာရီအတြင္းကယ္လုိရီေတြကိုေရွာင္တာအေကာင္းဆံုးပါ။ အဆီအအိမ္႔မ်ားတဲ႔ အစားအေသာက္ေတြစားထားရင္ ေသြးထဲမွာသၾကားဓာတ္နဲ႔အဆီေတြေရာက္ရွိေနမွာျဖစ္ျပီး ေသြးစစ္ခ်က္ရလာရင္ ေသြးထဲမွာကိုလက္စထေရာမ်ားတယ္လုိ႔ အေျဖထြက္လာပါလိမ္႔မယ္။

-ေယဘုယ်အားျဖင္႔ေျပာရမယ္ဆုိရင္ေတာ႔ေဆးမစစ္ခင္ ခႏၶာကိုယ္ေရဓာတ္ျပည္႔ဝေနတာေကာင္းပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ျပည္႔ဝေနရင္ ေသြးခုန္ႏႈန္းနဲ႔ ေသြးဖိအားရလဒ္ေကာင္းေနတတ္ပါတယ္။ ေသြးစစ္ ဆီးစစ္ျပီးတဲ႔အခ်ိန္မွာေတာ႔ ခႏၶာကိုယ္ထဲမွာေရဓာတ္ခန္းေျခာက္ေနတတ္ပါတယ္။ အေကာင္းဆံုးကေတာ႔ ေဆးစစ္ခါနီးမွေရေသာက္တာမ်ိဳးမဟုတ္ဘဲ ေန႔တိုင္းေရမ်ားမ်ားေသာက္တဲ႔အေလ႔အက်င္႔လုပ္ဖို႔လုိပါတယ္။

-အစားအေသာက္ေရွာင္ခိုင္းလို႔ ဆရာဝန္ဆီမသြားခင္ဘာမွမစားသင္႔ဘူးလုိ႔ဆိုလိုတာမ်ိဳးေတာ႔ မဟုတ္ပါဘူး။ ကိုယ္႔ရဲ႕ အစားအေသာက္ပံုစံကိုေျပာင္းဖို႔ပဲလုိပါတယ္။ အေကာင္းဆံုးက Healthy Lifestyle ရထားဖုိ႔ပါ။ ဆရာဝန္နဲ႔ Appointment date မတိုင္ခင္တည္းက က်န္းမာေရးနဲ႔မညီညြတ္တဲ႔ အစားအေသာက္ေတြေရွာင္လိုက္တာကေတာ႔ ယာယီအဆင္ေျပေစပါတယ္။

-ကိုယ္ကေနမေကာင္းလုိ႔ေဆးခန္းသြားျပမယ္ဆုိရင္ ေဆးဆိုင္ကေဆးေတြၾကိဳျပီး ဝယ္မေသာက္သြားဖုိ႔လုိပါတယ္။ တခ်ိဳ႕ေဆးေတြက ေသြးဖိအားတက္ေစပါတယ္။ ကိုယ္ကေဆးေသာက္သြားရင္ ဆရာဝန္ဆီေရာက္ခ်ိန္မွာခဏတာေဝဒနာသက္သာေနတဲ႔အတြက္ ဆရာဝန္က ေရာဂါလကၡဏာကိုရွာရတာခက္ခဲတတ္ပါတယ္။ ဆရာဝန္ေပးတဲ႔ ေဆးတိုးမတိုးဆိုတာကိုလည္း ဆရာကိုေျပာျပေပးဖို႔လုိပါတယ္။ ဒါမွ သူ႔အေနနဲ႔ေနာက္တစ္ဆင္႔တက္ျပီး ကုသႏိုင္မွာျဖစ္ပါတယ္။

-ေဆးခန္းမသြားခင္ အလွျပင္ လက္သည္းေျခသည္းဆုိးတာမ်ိဳးလည္း မလုပ္သင္႔ပါဘူး။ ဆရာဝန္က လူနာကိုစမ္းသပ္ရင္ လက္သည္း၊ ေျခသည္းနဲ႔ အေရျပားမွတဆင္႔လည္း က်န္းမာေရးျပႆနာေတြကို စစ္ေဆးတတ္ပါတယ္။ ဒါေၾကာင္႔ ကိုယ္႔မ်က္ကြင္းညိဳတာေတြကို မိတ္ကပ္နဲ႔ဖံုးတာ၊ ေျခသည္းလက္သည္းဆုိးသြားတာမ်ိဳးေတြမလုပ္ပါနဲ႔။ Skincare လိမ္းလို႔ေတာ႔ရပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

-ရင္သားဓာတ္မွန္ရိုက္ရမယ္ဆုိရင္ေတာ႔ ခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးေတြ၊ ေပါင္ဒါေတြ မသံုးရပါဘူး။ ဘာေၾကာင္႔လဲဆုိေတာ႔ ခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးနဲ႔ေပါင္ဒါေတြမွာ Aluminum ပါဝင္ေနလုိ႔ျဖစ္ပါတယ္။ ဒါေၾကာင္႔ ဒီလုိစစ္ေဆးရခ်ိန္မွာ ခ်ိဳင္းေခၽြးန႔ံနံမွာစိုးရင္ ေရပတ္ဝတ္ေလးနဲ႔သာခ်ိဳင္းကိုသန္႔စင္ပါ။

-အူနဲ႔ပတ္သက္တဲ႔ေရာဂါေဝဒနာေတြအတြက္ဆရာဝန္နဲ႔ ျပသေနရရင္ အနီေရာင္နဲ႔ခရမ္းေရာင္ အစားအေသာက္ေတြ၊ သံဓာတ္အားျဖည္႔ေဆးေတြ မေသာက္ရပါဘူး။ သူကအူနံရံေတြကို အေရာင္စြန္းက်န္ေနေစလုိ႔ျဖစ္ပါတယ္။ ဒါေၾကာင္႔ သံဓာတ္အားျဖည္႔ေဆးေတြကို တစ္ပတ္ၾကိဳေရွာင္ျပီး အသီးအရြက္၊ အသီးအႏွံေတြ၊ ေျပာင္းဖူးနဲ႔ပဲေတြကို ၃ ရက္ၾကိဳေရွာင္ရမွာျဖစ္ပါတယ္။

– ေနာက္ဆံုးတစ္ခ်က္ကေတာ႔ ဆရာဝန္ကိုေမးခ်င္တဲ႔ ေမးခြန္းေတြကို ၾကိဳေရးထားဖို႔ပါ။ ဒီလုိျပင္ဆင္ထားရင္ ေဆးခန္းေရာက္မွေမးဖုိ႔ေျပာဖုိ႔ေမ႔သြားတာမ်ိဳးမျဖစ္ေတာ႔ဘဲ ေဆးကုသမႈကိုလည္းျမန္ဆန္ေအာင္ အေထာက္အကူေပးႏိုင္ပါတယ္။

Ref#healthytips

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဆေးခန်းမသွားခင် ဒါတွေဆောင်လို့ ဒါတွေရှောင်ပါ

ကိုယ်ကဆေးရုံဆေးခန်းသွားပြီး ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ဆေးစစ်ချက်ရလဒ်ကမှန်ကန်ပြီး ထိရောက်တဲ့ကုသမှုကိုလည်း ရချင်ကြမှာပါ။ ဒီလို တိကျတဲ့အဖြေနဲ့ကုသမှုကိုရဖို့ကိုယ့်ဘက်ကပြင်ဆင်သွားရမှာတွေရှိပါတယ်။ ဒါလေးတွေဟာ အသေးအဖွဲအချက်တွေလို့ဆိုနိုင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှုအတွက်အများကြီးအထောက်အကူပြုပါတယ်။

– ဆေးခန်းသွားခါနီးမှာ ကော်ဖီမသောက်တာကပိုကောင်းပါတယ်။ ဆေးခန်းရောက်လို့သွေးပေါင်ချိန်တဲ့အခါ ကော်ဖီရဲ့ Effect က သင့်ရဲ့သွေးဖိအားရလဒ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်မတိုင်းခင် တစ်နာရီအတွင်းမှာ အားဖြည့်အချိုရည်တွေ၊ ကိုလာနဲ့ ကော်ဖီတွေမသောက်သင့်ပါဘူး။ သူကဆေးရွက်ကြီးတို့၊ ချောင်းဆိုးပျောက်ဆေးတို့သုံးထားတဲ့ရလဒ်မျိုးဖြစ်စေတယ်လို့ သိရပါတယ်။ ဝိုင်နဲ့အရက်လိုမျိုး ယမကာတွေကိုတော့လုံးဝရှောင်ရမှာပါ။ Stress Test လုပ်မယ်ဆိုရင်တော့ ရေနွေးကြမ်းတွေလည်း မသောက်သင့်ဘူးလို့ တတ်ကျွမ်းသူတွေကဆိုထားပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

– အဆီများတဲ့အစားအသောက်တွေ၊ ဘာဂါတွေ၊ မယွန်းနိစ်တွေ စားသွားတာမျိုးကိုလည်း အထူးရှောင်ပါ။ ဒါတွေက သွေးစစ်လိုက်ချိန် သွေးထဲမှာကိုလက်စထရောနဲ့အခြားအဆီတွေ များပြားနေတာတွေ့ရပါလိမ့်မယ်။ ဒါကြောင့် သွေးမစစ်ခင် ၈ နာရီ မှ ၁၀ နာရီအတွင်းကယ်လိုရီတွေကိုရှောင်တာအကောင်းဆုံးပါ။ အဆီအအိမ့်များတဲ့ အစားအသောက်တွေစားထားရင် သွေးထဲမှာသကြားဓာတ်နဲ့အဆီတွေရောက်ရှိနေမှာဖြစ်ပြီး သွေးစစ်ချက်ရလာရင် သွေးထဲမှာကိုလက်စထရောများတယ်လို့ အဖြေထွက်လာပါလိမ့်မယ်။

-ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ဆေးမစစ်ခင် ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေတာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေရင် သွေးခုန်နှုန်းနဲ့ သွေးဖိအားရလဒ်ကောင်းနေတတ်ပါတယ်။ သွေးစစ် ဆီးစစ်ပြီးတဲ့အချိန်မှာတော့ ခန္ဓာကိုယ်ထဲမှာရေဓာတ်ခန်းခြောက်နေတတ်ပါတယ်။ အကောင်းဆုံးကတော့ ဆေးစစ်ခါနီးမှရေသောက်တာမျိုးမဟုတ်ဘဲ နေ့တိုင်းရေများများသောက်တဲ့အလေ့အကျင့်လုပ်ဖို့လိုပါတယ်။

-အစားအသောက်ရှောင်ခိုင်းလို့ ဆရာဝန်ဆီမသွားခင်ဘာမှမစားသင့်ဘူးလို့ဆိုလိုတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အစားအသောက်ပုံစံကိုပြောင်းဖို့ပဲလိုပါတယ်။ အကောင်းဆုံးက Healthy Lifestyle ရထားဖို့ပါ။ ဆရာဝန်နဲ့ Appointment date မတိုင်ခင်တည်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေရှောင်လိုက်တာကတော့ ယာယီအဆင်ပြေစေပါတယ်။

-ကိုယ်ကနေမကောင်းလို့ဆေးခန်းသွားပြမယ်ဆိုရင် ဆေးဆိုင်ကဆေးတွေကြိုပြီး ဝယ်မသောက်သွားဖို့လိုပါတယ်။ တချို့ဆေးတွေက သွေးဖိအားတက်စေပါတယ်။ ကိုယ်ကဆေးသောက်သွားရင် ဆရာဝန်ဆီရောက်ချိန်မှာခဏတာဝေဒနာသက်သာနေတဲ့အတွက် ဆရာဝန်က ရောဂါလက္ခဏာကိုရှာရတာခက်ခဲတတ်ပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးတိုးမတိုးဆိုတာကိုလည်း ဆရာကိုပြောပြပေးဖို့လိုပါတယ်။ ဒါမှ သူ့အနေနဲ့နောက်တစ်ဆင့်တက်ပြီး ကုသနိုင်မှာဖြစ်ပါတယ်။

-ဆေးခန်းမသွားခင် အလှပြင် လက်သည်းခြေသည်းဆိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆရာဝန်က လူနာကိုစမ်းသပ်ရင် လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှတဆင့်လည်း ကျန်းမာရေးပြဿနာတွေကို စစ်ဆေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်ကွင်းညိုတာတွေကို မိတ်ကပ်နဲ့ဖုံးတာ၊ ခြေသည်းလက်သည်းဆိုးသွားတာမျိုးတွေမလုပ်ပါနဲ့။ Skincare လိမ်းလို့တော့ရပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

-ရင်သားဓာတ်မှန်ရိုက်ရမယ်ဆိုရင်တော့ ချိုင်းချွေးနံ့ပျောက်ဆေးတွေ၊ ပေါင်ဒါတွေ မသုံးရပါဘူး။ ဘာကြောင့်လဲဆိုတော့ ချိုင်းချွေးနံ့ပျောက်ဆေးနဲ့ပေါင်ဒါတွေမှာ Aluminum ပါဝင်နေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစစ်ဆေးရချိန်မှာ ချိုင်းချွေးနံ့နံမှာစိုးရင် ရေပတ်ဝတ်လေးနဲ့သာချိုင်းကိုသန့်စင်ပါ။

-အူနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေအတွက်ဆရာဝန်နဲ့ ပြသနေရရင် အနီရောင်နဲ့ခရမ်းရောင် အစားအသောက်တွေ၊ သံဓာတ်အားဖြည့်ဆေးတွေ မသောက်ရပါဘူး။ သူကအူနံရံတွေကို အရောင်စွန်းကျန်နေစေလို့ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်အားဖြည့်ဆေးတွေကို တစ်ပတ်ကြိုရှောင်ပြီး အသီးအရွက်၊ အသီးအနှံတွေ၊ ပြောင်းဖူးနဲ့ပဲတွေကို ၃ ရက်ကြိုရှောင်ရမှာဖြစ်ပါတယ်။

– နောက်ဆုံးတစ်ချက်ကတော့ ဆရာဝန်ကိုမေးချင်တဲ့ မေးခွန်းတွေကို ကြိုရေးထားဖို့ပါ။ ဒီလိုပြင်ဆင်ထားရင် ဆေးခန်းရောက်မှမေးဖို့ပြောဖို့မေ့သွားတာမျိုးမဖြစ်တော့ဘဲ ဆေးကုသမှုကိုလည်းမြန်ဆန်အောင် အထောက်အကူပေးနိုင်ပါတယ်။

Ref#healthytips

ဂျူဂျူး(Akhayar)

www.akhayar.com