[Zawgyi]

မလိုအပ္ဘဲ ကုန္က်ေနတဲ့ မဂၤလာပြဲက ေငြေတြကို ဘယ္လိုေလွ်ာ့ခ်မလဲ

မဂၤလာပြဲဆိုတာ တစ္သက္မွာတစ္ခါ ခ်ိမ့္ခ်ိမ့္သဲသဲက်င္းပရတာမို႔လို႔ အထူးသျဖင့္ ေကာင္မေလးေတြအတြက္ေတာ့ ဘ၀မွာ တန္ဖိုးအထားရဆံုးအခမ္းအနားေလးတစ္ခုပါပဲ။ ဒါေပမယ့္လည္း ေခတ္ကာလေတြေျပာင္းလဲလာတာနဲ႔အမွ် မဂၤလာပြဲဆိုတာကို မဂၤလာယူရံုတင္မကဘဲ သူ႔ထက္ငါ အၿပိဳင္အဆိုင္က်င္းပလာၾကေတာ့ မလိုအပ္တဲ့ေနရာမွာ အပိုေငြေတြအမ်ားႀကီးအကုန္ခံၾကတာမ်ိဳးေတြလည္း မ်ားလာတယ္ေနာ္။ တကယ္ေတာ့ တခ်ိဳ႕ေနရာေတြက တကယ္ကို မလိုအပ္တာပါ။ အရမ္းခ်မ္းသာၾကြယ္၀ေနတယ္ဆိုရင္ေတာ့လည္း တမ်ိဳးေပါ့။ ဒီလိုမွမဟုတ္ဘဲ သာမာန္လူတန္းစားေတြအတြက္ကေတာ့ ကိုယ္ကသာ စုေဆာင္းထားတဲ့ေငြေလးေတြ ျခစ္ကုတ္ၿပီးေတာ့ သံုးလိုက္ရတယ္။ ဘာမွမထိေရာက္ခဲ့တာေတြ မ်ားပါတယ္။ ဒါေၾကာင့္မို႔လို႔ မဂၤလာပြဲေတာ္ေတာ္မ်ားမ်ားမွာ ပိုက္ဆံအကုန္ခံၾကေပမယ့္ ဘယ္သူမွဂရုစိုက္မွာမဟုတ္တဲ့ အခ်က္ေတြရွိပါတယ္။

လက္သည္းေျခသည္းအလွအပျပင္ဆင္လိုက္တယ္

မဂၤလာပြဲအတြက္ လွသထက္လွေအာင္ လက္သည္းေလးေတြ၊ ေျခသည္းေလးေတြကို ေငြကုန္ေၾကးက်ခံၿပီး ပံုေဖာ္ျပင္ဆင္လိုက္တာကလည္း မသိသာေပမယ့္ ေငြကုန္သြားတယ္မဟုတ္လား။ ကိုယ္တစ္ေယာက္တည္းမဟုတ္ဘဲ တခ်ိဳ႕ေတြဆိုရင္ သတို႔သမီးအရံေတြနဲ႔ ပန္းႀကဲ၊ ဗန္းကိုင္ေတြကိုပါ ဆင္တူေလးေတြျပင္ဆင္ေပးေလ့ရွိပါတယ္။ ဒါဟာ အလကားေငြျဖဳန္းတာနဲ႔အတူတူပါပဲ။ ၂နာရီေက်ာ္သာ ၾကာမယ့္ ဒီမဂၤလာအခမ္းအနားမွာ သင္တို႔ရဲ႕ လက္သည္းအလွေတြကို ဘယ္သူကမွ ဂရုစိုက္မိမွာမဟုတ္ပါဘူး။

အေကာင္းစားပန္းေတြခ်ည္းပဲ ေရြးသံုးလိုက္တယ္

မဂၤလာအခမ္းအနားတစ္ခုလံုးကို ေစ်းႀကီးမွႀကီးေပ့ဆိုတဲ့အေကာင္းစားပန္းေတြခ်ည္းပဲ ၿမိဳင္ေနေအာင္ သံုးလိုက္တယ္။ ဒါဆိုရင္ ေငြလည္း ေတာ္ေတာ္ကုန္သြားပံုရပါတယ္ေနာ္။ အရမ္းကိုခ်မ္းသာၾကြယ္၀ေနရင္ေတာ့ တမ်ိဳးေပါ့။ ဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ လွပၿပီးသင့္ေတာ္တဲ့ပန္းေတြကိုသာ ေရြးသံုးဖို႔ အႀကံေပးခ်င္ပါတယ္။ ပြဲၿပီးရင္လိုက္ေမးၾကည့္ပါ။ ဒီပန္းေတြကို အခ်ိန္ကုန္ခံအာရံုစိုက္ၿပီး တစ္ပြင့္ခ်င္းစီ အေသးစိတ္လိုက္ၾကည့္ထားတဲ့သူေတြ ဘယ္သူရွိလဲဆိုတာကိုေပါ့။

ဖိနပ္ေတြအားလံုးကို စပယ္ရွယ္ေအာ္ဒါမွာလိုက္တယ္

ဖိနပ္လွလွေလးေတြက လိုအပ္ပါတယ္။ တစ္ခါတေလ ကိုယ္ႀကိဳက္တာမေတြ႕ရင္လည္း ေအာ္ဒါမွာလိုက္တာမ်ိဳးေတြကေတာ့ လူေတာ္ေတာ္မ်ားမ်ား လုပ္ၾကပါတယ္။ ဒါေပမယ့္ သင့္ေတာ္တဲ့ေစ်းႏႈန္းထက္ပိုကုန္ေအာင္ေတာ့ မသံုးေစခ်င္ပါဘူး။ ဘာလုပ္မွာလဲ။ မဂၤလာပြဲတစ္ပြဲမွာ အဲဒီဖိနပ္ေတြကို ဘယ္သူမွသတိမထားမိပါဘူး။ သူတို႔အဓိကထားၾကည့္ၾကတာက အ၀တ္အစားနဲ႔ မိတ္ကပ္ပါ။ ေတာ္ရံုေငြေၾကးနဲ႔ လွပရင္ပဲ ေတာ္ပါၿပီ။

ေစ်းအႀကီးဆံုးဖိတ္စာကို ရိုက္လိုက္တယ္

တကယ္ေတာ့ ဖိတ္စာမွာ အာရံုစိုက္ရမွာမဟုတ္ပါဘူး။ ျပန္ကမ္းပစၥည္းကို ပိုၿပီးေကာင္းေကာင္းလုပ္ရမွာပါ။ ကၽြန္မငယ္ငယ္တုန္းကဆို အိမ္ကို ဖိတ္စာေရာက္တာနဲ႔ ကပ္ေၾကးတစ္လက္နဲ႔ ခ်က္ခ်င္း ေလွ်ာက္ညွပ္ေဆာ့လိုက္ေတာ့လိုက္လို႔ မိသားစုေတြဆို ဖိတ္စာေကာင္းေကာင္းဖတ္လိုက္ခ်ိန္ေတာင္မရွိပါဘူး။ ေျပာခ်င္တာက ဖိတ္စာကို အမ်ားႀကီးအကုန္အက်ခံမယ့္အစား ဧည့္သည္ေတြ အာရံုစိုက္တာက ျပန္ကမ္းပစၥည္းပါ။ ျပန္ကမ္းပစၥည္းမွာပဲ ေငြပိုသံုးလိုက္ေစခ်င္ပါတယ္။

ေလးငါးပြဲအကုန္အက်ခံလုိက္တယ္

အခုေခတ္က မဂၤလာပြဲကို ေစ့စပ္၊ ဆြမ္းေကၽြး၊ လက္ထပ္၊ ညစာ ဆိုၿပီး ေလးငါးပြဲဆက္တုိက္လုပ္တာက ဖက္ရွင္လိုျဖစ္ေနပါၿပီ။ ေတာ္ေတာ္မ်ားမ်ားလည္း မခ်မ္းသာရင္ေတာ့ သံုးပြဲေလာက္အထိေတာ့ လိုက္လုပ္ေလ့ရွိၾကပါတယ္။ အဲဒီလိုႀကီး ေငြေလွ်ာက္မသံုးပါနဲ႔။ သံုးခ်င္ရင္ မဂၤလာပြဲမတိုင္ခင္ ဒါမွမဟုတ္ က်င္းပၿပီးတဲ့အခ်ိန္မွာ အလွဴတစ္ခုလုပ္လိုက္ပါ။ ေနာက္ၿပီး ထပ္သံုးမယ္ဆိုရင္ Honeymoon မွာ ပိုေကာင္းေကာင္းသံုးလိုက္ပါ။ မဂၤလာပြဲကိုေတာ့ တစ္ပြဲတည္းမွာပဲ အသိမိတ္ေဆြေတြအားလံုးလာေရာက္ခြင့္ရေအာင္ က်စ္က်စ္လ်စ္လ်စ္နဲ႔ အေသးစိတ္စီစဥ္လိုက္ပါ။

တစ္သက္မွာတစ္ခါဆိုတဲ့မဂၤလာပြဲေလးကို အေကာင္းဆံုးျဖစ္ခ်င္တာကေတာ့ မိန္းကေလးတိုင္းရဲ႕ စိတ္ကူးပါပဲ။ ဒါေပမယ့္ ကိုယ္အကုန္အက်ခံလိုက္တဲ့ပိုက္ဆံက သံုးလိုက္တာလား၊ ျဖဳန္းလိုက္တာလားဆိုတာ ေ၀ခြဲႏိုင္ေအာင္ႀကိဳးစားပါ။ တစ္ခါတေလ ကိုယ္က ေငြေၾကးခ်မ္းသာေနတာလည္းမဟုတ္ဘဲနဲ႔ အမ်ားႀကီးေလွ်ာက္လုပ္မိလုိက္လို႔ လိုအပ္တာထက္ ပိုၿပီး ကုန္က်သြားတာမ်ိဳး အၿမဲျဖစ္ေနတာပါ။ နည္းနည္းေလးကေနစၿပီး ေလွ်ာ့ခ်လိုက္ပါ။ ေနာက္ပိုင္းမိသားစုဘ၀ေလးကို တည္ေဆာက္ဖို႔အတြက္လည္း ေငြပိုလိုအပ္ေနဦးမွာဆိုေတာ့ေလေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

မလိုအပ်ဘဲ ကုန်ကျနေတဲ့ မင်္ဂလာပွဲက ငွေတွေကို ဘယ်လိုလျှော့ချမလဲ

မင်္ဂလာပွဲဆိုတာ တစ်သက်မှာတစ်ခါ ချိမ့်ချိမ့်သဲသဲကျင်းပရတာမို့လို့ အထူးသဖြင့် ကောင်မလေးတွေအတွက်တော့ ဘဝမှာ တန်ဖိုးအထားရဆုံးအခမ်းအနားလေးတစ်ခုပါပဲ။ ဒါပေမယ့်လည်း ခေတ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ မင်္ဂလာပွဲဆိုတာကို မင်္ဂလာယူရုံတင်မကဘဲ သူ့ထက်ငါ အပြိုင်အဆိုင်ကျင်းပလာကြတော့ မလိုအပ်တဲ့နေရာမှာ အပိုငွေတွေအများကြီးအကုန်ခံကြတာမျိုးတွေလည်း များလာတယ်နော်။ တကယ်တော့ တချို့နေရာတွေက တကယ်ကို မလိုအပ်တာပါ။ အရမ်းချမ်းသာကြွယ်ဝနေတယ်ဆိုရင်တော့လည်း တမျိုးပေါ့။ ဒီလိုမှမဟုတ်ဘဲ သာမာန်လူတန်းစားတွေအတွက်ကတော့ ကိုယ်ကသာ စုဆောင်းထားတဲ့ငွေလေးတွေ ခြစ်ကုတ်ပြီးတော့ သုံးလိုက်ရတယ်။ ဘာမှမထိရောက်ခဲ့တာတွေ များပါတယ်။ ဒါကြောင့်မို့လို့ မင်္ဂလာပွဲတော်တော်များများမှာ ပိုက်ဆံအကုန်ခံကြပေမယ့် ဘယ်သူမှဂရုစိုက်မှာမဟုတ်တဲ့ အချက်တွေရှိပါတယ်။

လက်သည်းခြေသည်းအလှအပပြင်ဆင်လိုက်တယ်

မင်္ဂလာပွဲအတွက် လှသထက်လှအောင် လက်သည်းလေးတွေ၊ ခြေသည်းလေးတွေကို ငွေကုန်ကြေးကျခံပြီး ပုံဖော်ပြင်ဆင်လိုက်တာကလည်း မသိသာပေမယ့် ငွေကုန်သွားတယ်မဟုတ်လား။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တချို့တွေဆိုရင် သတို့သမီးအရံတွေနဲ့ ပန်းကြဲ၊ ဗန်းကိုင်တွေကိုပါ ဆင်တူလေးတွေပြင်ဆင်ပေးလေ့ရှိပါတယ်။ ဒါဟာ အလကားငွေဖြုန်းတာနဲ့အတူတူပါပဲ။ ၂နာရီကျော်သာ ကြာမယ့် ဒီမင်္ဂလာအခမ်းအနားမှာ သင်တို့ရဲ့ လက်သည်းအလှတွေကို ဘယ်သူကမှ ဂရုစိုက်မိမှာမဟုတ်ပါဘူး။

အကောင်းစားပန်းတွေချည်းပဲ ရွေးသုံးလိုက်တယ်

မင်္ဂလာအခမ်းအနားတစ်ခုလုံးကို ဈေးကြီးမှကြီးပေ့ဆိုတဲ့အကောင်းစားပန်းတွေချည်းပဲ မြိုင်နေအောင် သုံးလိုက်တယ်။ ဒါဆိုရင် ငွေလည်း တော်တော်ကုန်သွားပုံရပါတယ်နော်။ အရမ်းကိုချမ်းသာကြွယ်ဝနေရင်တော့ တမျိုးပေါ့။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ လှပပြီးသင့်တော်တဲ့ပန်းတွေကိုသာ ရွေးသုံးဖို့ အကြံပေးချင်ပါတယ်။ ပွဲပြီးရင်လိုက်မေးကြည့်ပါ။ ဒီပန်းတွေကို အချိန်ကုန်ခံအာရုံစိုက်ပြီး တစ်ပွင့်ချင်းစီ အသေးစိတ်လိုက်ကြည့်ထားတဲ့သူတွေ ဘယ်သူရှိလဲဆိုတာကိုပေါ့။

ဖိနပ်တွေအားလုံးကို စပယ်ရှယ်အော်ဒါမှာလိုက်တယ်

ဖိနပ်လှလှလေးတွေက လိုအပ်ပါတယ်။ တစ်ခါတလေ ကိုယ်ကြိုက်တာမတွေ့ရင်လည်း အော်ဒါမှာလိုက်တာမျိုးတွေကတော့ လူတော်တော်များများ လုပ်ကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ဈေးနှုန်းထက်ပိုကုန်အောင်တော့ မသုံးစေချင်ပါဘူး။ ဘာလုပ်မှာလဲ။ မင်္ဂလာပွဲတစ်ပွဲမှာ အဲဒီဖိနပ်တွေကို ဘယ်သူမှသတိမထားမိပါဘူး။ သူတို့အဓိကထားကြည့်ကြတာက အဝတ်အစားနဲ့ မိတ်ကပ်ပါ။ တော်ရုံငွေကြေးနဲ့ လှပရင်ပဲ တော်ပါပြီ။

ဈေးအကြီးဆုံးဖိတ်စာကို ရိုက်လိုက်တယ်

တကယ်တော့ ဖိတ်စာမှာ အာရုံစိုက်ရမှာမဟုတ်ပါဘူး။ ပြန်ကမ်းပစ္စည်းကို ပိုပြီးကောင်းကောင်းလုပ်ရမှာပါ။ ကျွန်မငယ်ငယ်တုန်းကဆို အိမ်ကို ဖိတ်စာရောက်တာနဲ့ ကပ်ကြေးတစ်လက်နဲ့ ချက်ချင်း လျှောက်ညှပ်ဆော့လိုက်တော့လိုက်လို့ မိသားစုတွေဆို ဖိတ်စာကောင်းကောင်းဖတ်လိုက်ချိန်တောင်မရှိပါဘူး။ ပြောချင်တာက ဖိတ်စာကို အများကြီးအကုန်အကျခံမယ့်အစား ဧည့်သည်တွေ အာရုံစိုက်တာက ပြန်ကမ်းပစ္စည်းပါ။ ပြန်ကမ်းပစ္စည်းမှာပဲ ငွေပိုသုံးလိုက်စေချင်ပါတယ်။

လေးငါးပွဲအကုန်အကျခံလိုက်တယ်

အခုခေတ်က မင်္ဂလာပွဲကို စေ့စပ်၊ ဆွမ်းကျွေး၊ လက်ထပ်၊ ညစာ ဆိုပြီး လေးငါးပွဲဆက်တိုက်လုပ်တာက ဖက်ရှင်လိုဖြစ်နေပါပြီ။ တော်တော်များများလည်း မချမ်းသာရင်တော့ သုံးပွဲလောက်အထိတော့ လိုက်လုပ်လေ့ရှိကြပါတယ်။ အဲဒီလိုကြီး ငွေလျှောက်မသုံးပါနဲ့။ သုံးချင်ရင် မင်္ဂလာပွဲမတိုင်ခင် ဒါမှမဟုတ် ကျင်းပပြီးတဲ့အချိန်မှာ အလှူတစ်ခုလုပ်လိုက်ပါ။ နောက်ပြီး ထပ်သုံးမယ်ဆိုရင် Honeymoon မှာ ပိုကောင်းကောင်းသုံးလိုက်ပါ။ မင်္ဂလာပွဲကိုတော့ တစ်ပွဲတည်းမှာပဲ အသိမိတ်ဆွေတွေအားလုံးလာရောက်ခွင့်ရအောင် ကျစ်ကျစ်လစ်လစ်နဲ့ အသေးစိတ်စီစဉ်လိုက်ပါ။

တစ်သက်မှာတစ်ခါဆိုတဲ့မင်္ဂလာပွဲလေးကို အကောင်းဆုံးဖြစ်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါပဲ။ ဒါပေမယ့် ကိုယ်အကုန်အကျခံလိုက်တဲ့ပိုက်ဆံက သုံးလိုက်တာလား၊ ဖြုန်းလိုက်တာလားဆိုတာ ဝေခွဲနိုင်အောင်ကြိုးစားပါ။ တစ်ခါတလေ ကိုယ်က ငွေကြေးချမ်းသာနေတာလည်းမဟုတ်ဘဲနဲ့ အများကြီးလျှောက်လုပ်မိလိုက်လို့ လိုအပ်တာထက် ပိုပြီး ကုန်ကျသွားတာမျိုး အမြဲဖြစ်နေတာပါ။ နည်းနည်းလေးကနေစပြီး လျှော့ချလိုက်ပါ။ နောက်ပိုင်းမိသားစုဘဝလေးကို တည်ဆောက်ဖို့အတွက်လည်း ငွေပိုလိုအပ်နေဦးမှာဆိုတော့လေနော်။

Moethaesay (Akhayar)

www.akhayar.com