[Zawgyi]

မိန္းကေလးေတြဘက္က ဘယ္ေတာ့မွမေတာင္းပန္ရမယ့္ အေၾကာင္းအရာ (၅)ခ်က္

မိန္းကေလးေတြဘ၀မွာ ဘယ္ေတာ့မွ မေတာင္းပန္သင့္တဲ့ကိစၥတခ်ိဳ႕ ရွိပါတယ္။ တခ်ိဳ႕အမွားေတြက ေတာင္းပန္မႈကို လိုအပ္ေပမယ့္ တခ်ိဳ႕ကိစၥေတြဟာ အျပစ္မဟုတ္တဲ့အတြက္ ေတာင္းပန္စရာမလိုအပ္ပါဘူး။ ဘယ္လိုကိစၥေတြမွာ မိန္းကေလးေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္ျမင္စရာမလိုဘူးလဲ၊ ေတာင္းပန္စရာမလိုအပ္ဘူးလဲဆိုတာကို သိပါသလား။

ကိုယ္ခႏၶာအခ်ိဳးအစားအတြက္

လံုး၀မေတာင္းပန္ပါနဲ႔။ ကိုယ္ခ်စ္တဲ့သူကိုပဲျဖစ္ျဖစ္၊ ကိုယ္မုန္းတဲ့သူကိုပဲျဖစ္ျဖစ္ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားလွပမႈ၊ မလွပမႈ၊ ပိန္မႈ၊ ၀မႈေတြဟာ တျခားသူေတြအတြက္ အမွားတစ္ခုလည္း မဟုတ္သလို၊ ကိုယ့္ကိုယ္ကိုယ္လည္း အျပစ္ျမင္ေနစရာ အေၾကာင္းမရွိပါဘူး။

ယံုၾကည္မႈအတြက္

မိန္းကေလးေတြဟာလည္း ကိုယ့္ယံုၾကည္မႈနဲ႔ကိုယ္ လြတ္လပ္စြာေဖာ္ထုတ္ေျပာဆိုေ၀ဖန္ခြင့္ရွိပါတယ္။ ယံုၾကည္မႈတစ္ခုကို ဖြင့္ေျပာမိလို႔၊ ယံုၾကည္မႈတစ္ခုနဲ႔ အသက္ရွင္ေနမိလို႔ ေတာင္းပန္စရာလံုး၀မလိုအပ္ပါဘူး။ လူတိုင္းက ကိုယ့္ယံုၾကည္မႈနဲ႔ ကိုယ္ ရွင္သန္ၾကသူေတြခ်ည္းပါပဲ။ အျမင္မတူတာနဲ႔ ရန္သူေတြမဟုတ္ၾကပါဘူး။

အခ်စ္ေရးအတြက္

ကိုယ္ မႀကိဳက္တဲ့အမ်ိဳးသားကို ခြဲခြာဖို႔အတြက္ျဖစ္ေစ၊ ကိုယ္ခ်စ္တဲ့အမ်ိဳးသားနဲ႔ လက္တြဲဖို႔ျဖစ္ေစ ဘယ္လိုအခ်စ္ေရးမ်ိဳးအတြက္ပဲျဖစ္ျဖစ္ သင္ မွန္ပါတယ္။ သင့္ရဲ႕ ဘ၀လက္တြဲေဖာ္ဆိုတာ သင္နဲ႔သာ ေပါင္းသင္းရမွာပါ။ ပတ္၀န္းက်င္က ၀င္ေရာက္ဆံုးျဖတ္ေပးမႈေတြနဲ႔ အမွန္အမွားေတြကို လက္မခံတာကို သင္ ေတာင္းပန္စရာမလိုအပ္ပါဘူး။

ကေလးေမြးဖြားျခင္းအတြက္

မိန္းကေလးေတြဟာ ကေလးထုတ္စက္ေတြ မဟုတ္ပါဘူး။ ေနာက္ၿပီး မ်ိဳးဆက္ပြားဖို႔အတြက္ဆိုတာ မိန္းကေလးေတြမွာပဲ တာ၀န္ရွိတာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ျခင္း၊ မေဆာင္ျခင္း၊ ကေလးေမြးျခင္း၊ မေမြးျခင္းဟာ ကိုယ္ပိုင္ေရြးခ်ယ္မႈျဖစ္ၿပီး ဒီကိစၥအတြက္ ခြင့္လႊတ္ဖို႔ ေတာင္းခံေနစရာ မလိုပါဘူး။

အလုပ္လုပ္ျခင္း၊ မလုပ္ျခင္းအတြက္

အလုပ္လုပ္ဖို႔ လိုအပ္တယ္လို႔ ခံယူထားတဲ့ မိန္းကေလးေတြဟာ အလုပ္လုပ္ၾကပါတယ္။ အလုပ္လုပ္စရာမလိုအပ္တဲ့မိန္းကေလးေတြကလည္း မလုပ္ၾကပါဘူး။ ဒါဟာလည္း ကၽြန္မတို႔ရဲ႕ ဆံုးျဖတ္ခ်က္ပါပဲ။ အျပင္ထြက္ၿပီး အလုပ္လုပ္မလား၊ အိမ္မွာပဲ အိမ္ေထာင္ထိန္းသိမ္းမႈလုပ္မလားစတဲ့ ေရြးခ်ယ္မႈေတြအတြက္ ဘယ္ေတာ့မွ ေတာင္းပန္စရာမလိုအပ္ပါဘူး။

မိန္းကေလးေတြဟာလည္း အရင္ေခတ္ကလို မိန္းကေလးမို႔လို႔ ဒီစည္း၊ဒီေဘာင္ေတြနဲ႔ ေနရမယ္ဆိုတဲ့ အေတြးေဟာင္းႀကီးေတြဟာ အခုတျဖည္းျဖည္း ေမွးမွိန္ေပ်ာက္ကြယ္စျပဳလာပါၿပီ။ မိန္းကေလးတစ္ေယာက္ဟာ ဆံုးျဖတ္ခ်က္ခ်ပိုင္ခြင့္ရွိပါတယ္။ ရယူပိုင္ခြင့္နဲ႔ လက္လႊတ္ပိုင္ခြင့္လည္း ရွိပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ဒီအေၾကာင္းအရာ (၅)ခုနဲ႔ပတ္သက္လာရင္ ဘယ္ေတာ့မွ ေတာင္းပန္စရာမလိုပါဘူး။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

မိန်းကလေးတွေဘက်က ဘယ်တော့မှမတောင်းပန်ရမယ့် အကြောင်းအရာ (၅)ချက်

မိန်းကလေးတွေဘဝမှာ ဘယ်တော့မှ မတောင်းပန်သင့်တဲ့ကိစ္စတချို့ ရှိပါတယ်။ တချို့အမှားတွေက တောင်းပန်မှုကို လိုအပ်ပေမယ့် တချို့ကိစ္စတွေဟာ အပြစ်မဟုတ်တဲ့အတွက် တောင်းပန်စရာမလိုအပ်ပါဘူး။ ဘယ်လိုကိစ္စတွေမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်စရာမလိုဘူးလဲ၊ တောင်းပန်စရာမလိုအပ်ဘူးလဲဆိုတာကို သိပါသလား။

ကိုယ်ခန္ဓာအချိုးအစားအတွက်

လုံးဝမတောင်းပန်ပါနဲ့။ ကိုယ်ချစ်တဲ့သူကိုပဲဖြစ်ဖြစ်၊ ကိုယ်မုန်းတဲ့သူကိုပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်အချိုးအစားလှပမှု၊ မလှပမှု၊ ပိန်မှု၊ ဝမှုတွေဟာ တခြားသူတွေအတွက် အမှားတစ်ခုလည်း မဟုတ်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မြင်နေစရာ အကြောင်းမရှိပါဘူး။

ယုံကြည်မှုအတွက်

မိန်းကလေးတွေဟာလည်း ကိုယ့်ယုံကြည်မှုနဲ့ကိုယ် လွတ်လပ်စွာဖော်ထုတ်ပြောဆိုဝေဖန်ခွင့်ရှိပါတယ်။ ယုံကြည်မှုတစ်ခုကို ဖွင့်ပြောမိလို့၊ ယုံကြည်မှုတစ်ခုနဲ့ အသက်ရှင်နေမိလို့ တောင်းပန်စရာလုံးဝမလိုအပ်ပါဘူး။ လူတိုင်းက ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် ရှင်သန်ကြသူတွေချည်းပါပဲ။ အမြင်မတူတာနဲ့ ရန်သူတွေမဟုတ်ကြပါဘူး။

အချစ်ရေးအတွက်

ကိုယ် မကြိုက်တဲ့အမျိုးသားကို ခွဲခွာဖို့အတွက်ဖြစ်စေ၊ ကိုယ်ချစ်တဲ့အမျိုးသားနဲ့ လက်တွဲဖို့ဖြစ်စေ ဘယ်လိုအချစ်ရေးမျိုးအတွက်ပဲဖြစ်ဖြစ် သင် မှန်ပါတယ်။ သင့်ရဲ့ ဘဝလက်တွဲဖော်ဆိုတာ သင်နဲ့သာ ပေါင်းသင်းရမှာပါ။ ပတ်ဝန်းကျင်က ဝင်ရောက်ဆုံးဖြတ်ပေးမှုတွေနဲ့ အမှန်အမှားတွေကို လက်မခံတာကို သင် တောင်းပန်စရာမလိုအပ်ပါဘူး။

ကေလးေမြးဖြားျခင္းအတွက်

မိန်းကလေးတွေဟာ ကလေးထုတ်စက်တွေ မဟုတ်ပါဘူး။ နောက်ပြီး မျိုးဆက်ပွားဖို့အတွက်ဆိုတာ မိန်းကလေးတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ခြင်း၊ မဆောင်ခြင်း၊ ကလေးမွေးခြင်း၊ မမွေးခြင်းဟာ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး ဒီကိစ္စအတွက် ခွင့်လွှတ်ဖို့ တောင်းခံနေစရာ မလိုပါဘူး။

အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းအတွက်

အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ခံယူထားတဲ့ မိန်းကလေးတွေဟာ အလုပ်လုပ်ကြပါတယ်။ အလုပ်လုပ်စရာမလိုအပ်တဲ့မိန်းကလေးတွေကလည်း မလုပ်ကြပါဘူး။ ဒါဟာလည်း ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အပြင်ထွက်ပြီး အလုပ်လုပ်မလား၊ အိမ်မှာပဲ အိမ်ထောင်ထိန်းသိမ်းမှုလုပ်မလားစတဲ့ ရွေးချယ်မှုတွေအတွက် ဘယ်တော့မှ တောင်းပန်စရာမလိုအပ်ပါဘူး။

မိန်းကလေးတွေဟာလည်း အရင်ခေတ်ကလို မိန်းကလေးမို့လို့ ဒီစည်း၊ဒီဘောင်တွေနဲ့ နေရမယ်ဆိုတဲ့ အတွေးဟောင်းကြီးတွေဟာ အခုတဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စပြုလာပါပြီ။ မိန်းကလေးတစ်ယောက်ဟာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပါတယ်။ ရယူပိုင်ခွင့်နဲ့ လက်လွှတ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဒီအကြောင်းအရာ (၅)ခုနဲ့ပတ်သက်လာရင် ဘယ်တော့မှ တောင်းပန်စရာမလိုပါဘူး။

Moethaesay (Akhayar)

www.akhayar.com