[Zawgyi]







ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

Myanmar Idol မှာ Live လွှင့်ရင်း သင်ဇာဝင့်ကျော်ဘာတွေလုပ်လိုက်လဲဆိုတာ

ဇွန်လ၂၁ ရက်နေ့ ည က Myanmar Idol ကို သင်ဇာဝင့်ကျော်သွားရောက် အားပေးခဲ့ရင်းနဲ့ သူကြည့်နေတယ် ဆိုပြီး ပရိသတ်တွေကို Live လွှင့်ကာ ပြောပြခဲ့ပါတယ်။ အဲ့လို Live မှာ စကားပြောနေရင်း ကနေသူမနဲ့ အတူတူပါလာတဲ့ သူငယ်ချင်းကို နမ်းခဲ့တဲ့ အတွက် သူမရဲ့ Live ကို ပရိသတ်တော်တော်များများ က စိတ်ဝင်တစားဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ Share ကြတာတွေလည်း ရှိပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ Live ဗီဒီယိုလင့် ကို ဖော်ပြထားပါတယ်။

https://www.facebook.com/thinzzy.kyaw/videos/624961861191364/

သင်ဇာဝင့်ကျော်ဟာ လွတ်လပ်တဲ့ Lifestyle တစ်ခုနဲ့ နေထိုင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမကိုချစ်ခင်နှစ်သက်တဲ့ ပရိသတ်တွေကလည်း သူမရဲ့ အဲ့Style ကြောင့်ပိုလို့တောင်နှစ်သက်ကြတဲ့ သူတွေရှိပါတယ်။

သင်ဇာဝင့်ကျော်နဲ့ သူမရဲ့သူငယ်ချင်းများ

သူမရဲ့ ခန္ဓာကိုယ်အလှပေါ်အောင်အမြဲဝတ်ဆင်လေ့ရှိပြီး Gym ကစားတဲ့ အတွက်ကြောင့် သိပ်ကိုကျစ်လစ်လှပတဲ့ ကိုယ်လုံးအချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း Gym နဲ့ပတ်သက်တဲ့ကြော်ငြာတွေ အများစု ကိုလက်ခံရိုက်ကူးပေးနေပြီး အခုလိုရိုက်ကူးရတာဟာလည်း သူမရဲ့လှပကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့်ပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Thin Zar Wint Kyaw

www.akhayar.com