[Zawgyi]

အက္စတြန္ဗီလာအသင္းကို တာဝန္ယူကိုင္တြယ္ေတာ့မယ့္ အြန္နရီ Henry

အာဆင္နယ္အသင္းရဲ႕ ဂႏၳဝင္တိုက္စစ္မွဴးေဟာင္း အြန္နရီ Henry အေနနဲ႔ နည္းျပဘဝ ပထမဆံုးေျခလွမ္းအေနနဲ႔ အက္စတြန္ဗီလာအသင္းကို တာဝန္ယူကိုင္တြယ္သြားေတာ့မွာပါ။ နည္းျပ စတိဗ္ဘရုစ္ Steve Bruce ရဲ႕ ေနရာမွာ အစားထိုးဖို႔ အြန္နရီ Henry နဲ႔ အက္စတြန္ဗီလာအသင္းတို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ အဂၤလန္အေျခစိုက္ ကလပ္အသင္းတစ္သင္းကို ကိုင္တြယ္ဖို႔ Sky Sports ရဲ႕ ေဘာလံုးေဝဖန္သံုးသပ္သူရာထူးကေန အြန္နရီ Henry ႏႈတ္ထြက္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီးအတိုင္း နည္းျပဘဝကို ကူးေျပာင္းေတာ့မွာျဖစ္ပါတယ္။ အြန္နရီ Henry ရဲ႕ တရားဝင္ Twitter စာမ်က္ႏွာထက္ကေန “နည္းျပေကာင္းတစ္ဦးျဖစ္လာဖို႔ အေတြ႔အႀကံဳေကာင္းေတြကို ၿပီးခဲ့တဲ့ (၄)ႏွစ္တာကာလအတြင္း ေလ့လာဆည္းပူးၿပီးပါၿပီ၊ နည္းျပဘဝကို ျဖတ္သန္းရာမွာ ဒီအေတြ႔အႀကံဳေတြက ကၽြန္ေတာ့္ကို ေကာင္းေကာင္းႀကီး အေထာက္အပံ့ေပးပါလိမ့္မယ္”လို႔ ေရးသားခဲ့ပါတယ္။

Thierry-Henry

Thierry-Henry

အြန္နရီ Henry အေနနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာ နည္းျပ မာတီနက္ဇ္ Martinez ရဲ႕ ဘယ္လ္ဂ်ီယံအသင္းမွာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို အာဆင္နယ္အသင္းရဲ႕ လူငယ္ကစားသမားမ်ား ေပၚထြက္လာေရး အစီအစဥ္ေတြမွာ ပါဝင္ခဲ့ဖူးၿပီး နည္းျပဘဝကိုေတာ့ အခုမွစတင္ေျခခ်မွာျဖစ္ပါတယ္။ နည္းျပ မာတီနက္ဇ္ Martinez ရဲ႕ လက္ေအာက္မွာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ရင္း ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းကို တတိယေနရာရရွိေအာင္ စြမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ အြန္နရီ Henry နဲ႔ ထြက္ေပၚလာတဲ့ သတင္းေတြေၾကာင့္ အက္စတြန္ဗီလာအသင္းရဲ႕ လက္ရွိနည္းျပ စတိဗ္ဘရုစ္ Steve Bruce ရဲ႕ အနာဂတ္က မေရမရာျဖစ္လာခဲ့ၿပီး အသင္းက ထုတ္ပယ္ခံရဖို႔ ရာခိုင္ႏႈန္းမ်ားလာခဲ့ပါတယ္။

REF:Daily Mail
Photo:Arsenal True Fans, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အက်စတွန်ဗီလာအသင်းကို တာဝန်ယူကိုင်တွယ်တော့မယ့် အွန်နရီ Henry

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီ Henry အနေနဲ့ နည်းပြဘဝ ပထမဆုံးခြေလှမ်းအနေနဲ့ အက်စတွန်ဗီလာအသင်းကို တာဝန်ယူကိုင်တွယ်သွားတော့မှာပါ။ နည်းပြ စတိဗ်ဘရုစ် Steve Bruce ရဲ့ နေရာမှာ အစားထိုးဖို့ အွန်နရီ Henry နဲ့ အက်စတွန်ဗီလာအသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်အခြေစိုက် ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ Sky Sports ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူရာထူးကနေ အွန်နရီ Henry နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးအတိုင်း နည်းပြဘဝကို ကူးပြောင်းတော့မှာဖြစ်ပါတယ်။ အွန်နရီ Henry ရဲ့ တရားဝင် Twitter စာမျက်နှာထက်ကနေ “နည်းပြကောင်းတစ်ဦးဖြစ်လာဖို့ အတွေ့အကြုံကောင်းတွေကို ပြီးခဲ့တဲ့ (၄)နှစ်တာကာလအတွင်း လေ့လာဆည်းပူးပြီးပါပြီ၊ နည်းပြဘဝကို ဖြတ်သန်းရာမှာ ဒီအတွေ့အကြုံတွေက ကျွန်တော့်ကို ကောင်းကောင်းကြီး အထောက်အပံ့ပေးပါလိမ့်မယ်”လို့ ရေးသားခဲ့ပါတယ်။

Thierry-Henry

Thierry-Henry

အွန်နရီ Henry အနေနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ နည်းပြ မာတီနက်ဇ် Martinez ရဲ့ ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားများ ပေါ်ထွက်လာရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပြီး နည်းပြဘဝကိုတော့ အခုမှစတင်ခြေချမှာဖြစ်ပါတယ်။ နည်းပြ မာတီနက်ဇ် Martinez ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို တတိယနေရာရရှိအောင် စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အွန်နရီ Henry နဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် အက်စတွန်ဗီလာအသင်းရဲ့ လက်ရှိနည်းပြ စတိဗ်ဘရုစ် Steve Bruce ရဲ့ အနာဂတ်က မရေမရာဖြစ်လာခဲ့ပြီး အသင်းက ထုတ်ပယ်ခံရဖို့ ရာခိုင်နှုန်းများလာခဲ့ပါတယ်။

REF:Daily Mail
Photo:Arsenal True Fans, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com