[Zawgyi]

မုိနာကုိအသင္း နည္းျပသစ္အျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ အြန္နရီ Henry

ျပင္သစ္ဂႏၳ၀င္တိုက္စစ္မွဴးႀကီး အြန္နရီ Thierry Henry ဟာ အသင္းေဟာင္း မုိနာကုိအသင္းကုိ နည္းျပဘ၀နဲ႔ ျပန္လာခဲ့ၿပီျဖစ္ပါတယ္။ မုိနာကုိအသင္းဟာ ဒီရာသီမွာ ရလဒ္ေတြ ဆုိးရြားေနတာေၾကာင့္ နည္းျပယာဒင္း Jardim ကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီး အြန္နရီကုိ နည္းျပသစ္ ခန္႔အပ္ခဲ့တာပါ။ အြန္နရီဟာ ေဘာလုံးသမားဘ၀က အနားယူခဲ့ၿပီးေနာက္ပုိင္း ဘယ္လ္ဂ်ီယံလက္ေထာက္ နည္းျပအျဖစ္ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အထိ ေဆာင္ရြက္ခဲ့သူျဖစ္ပါတယ္။ အြန္နရီဟာ ေဘာ္ဒုိး၊ အက္စတြန္ဗီလာအသင္းတို႔ကုိ ကုိင္တြယ္မယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္ အမွန္တကယ္ ျဖစ္မလာခဲ့ပါဘူး။

Henry-Monaco

Henry-Monaco

အြန္နရီဟာ မုိနာကုိအသင္းနဲ႔ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး သူက “မုိနာကုိအသင္းဆီ ျပန္လာခြင့္ရခဲ့တဲ့အတြက္ အရမ္း၀မ္းသာမိပါတယ္။ ေရွ႕မွာ ေစာင့္ႀကိဳေနတဲ့ စိန္ေခၚမႈေတြကုိ ရင္ဆုိင္ဖုိ႔ အသင့္ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ၁၉၉၂ ခုႏွစ္မွာ မုိနာကုိအကယ္ဒမီကုိ စတင္ေရာက္ရွိခဲ့တဲ့ အြန္နရီဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ကုိ မုိနာကုိအသင္းနဲ႔ စတင္ခဲ့ၿပီး စီနီယာအသင္းအတြက္ ၁၉၉၄ ကေန ၁၉၉၉ အထိ ကစားခဲ့သလုိ အမွတ္ေပးဖလား တစ္ႀကိမ္ ဆြတ္ခူးခဲ့တယ္။ အြန္နရီရဲ႕ ျပင္သစ္လက္ေရြးစင္ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဘလန္႔ Blanc ၊ ဒက္စ္ခ်မ့္ Deschamps ၊ ဇီဒန္း Zidane စသူေတြဟာ နည္းျပေလာကထဲ ၀င္ေရာက္ေနၿပီျဖစ္ၿပီး ေအာင္ျမင္မႈေတြလည္း ရယူခဲ့ၾကတာေၾကာင့္ သူတို႔လုိ အြန္နရီလည္း စြမ္းေဆာင္ႏုိင္ဖုိ႔ ႀကိဳးစားရမွာပါ။

REF:The Guardian
Photo:FAW Trust,You Tube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မိုနာကိုအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အွန်နရီ Henry

ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးကြီး အွန်နရီ Thierry Henry ဟာ အသင်းဟောင်း မိုနာကိုအသင်းကို နည်းပြဘဝနဲ့ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြယာဒင်း Jardim ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အွန်နရီကို နည်းပြသစ် ခန့်အပ်ခဲ့တာပါ။ အွန်နရီဟာ ဘောလုံးသမားဘဝက အနားယူခဲ့ပြီးနောက်ပိုင်း ဘယ်လ်ဂျီယံလက်ထောက် နည်းပြအဖြစ် ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အွန်နရီဟာ ဘော်ဒိုး၊ အက်စတွန်ဗီလာအသင်းတို့ကို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အမှန်တကယ် ဖြစ်မလာခဲ့ပါဘူး။

Henry-Monaco

Henry-Monaco

အွန်နရီဟာ မိုနာကိုအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး သူက “မိုနာကိုအသင်းဆီ ပြန်လာခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ရှေ့မှာ စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မိုနာကိုအကယ်ဒမီကို စတင်ရောက်ရှိခဲ့တဲ့ အွန်နရီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မိုနာကိုအသင်းနဲ့ စတင်ခဲ့ပြီး စီနီယာအသင်းအတွက် ၁၉၉၄ ကနေ ၁၉၉၉ အထိ ကစားခဲ့သလို အမှတ်ပေးဖလား တစ်ကြိမ် ဆွတ်ခူးခဲ့တယ်။ အွန်နရီရဲ့ ပြင်သစ်လက်ရွေးစင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘလန့် Blanc ၊ ဒက်စ်ချမ့် Deschamps ၊ ဇီဒန်း Zidane စသူတွေဟာ နည်းပြလောကထဲ ဝင်ရောက်နေပြီဖြစ်ပြီး အောင်မြင်မှုတွေလည်း ရယူခဲ့ကြတာကြောင့် သူတို့လို အွန်နရီလည်း စွမ်းဆောင်နိုင်ဖို့ ကြိုးစားရမှာပါ။

REF:The Guardian
Photo:FAW Trust,You Tube
Naing Linn(Akhayar)
www.akhayar.com