[Zawgyi]

ေဘာ္ဒိုးအသင္းနည္းျပရာထူးအတြက္ သေဘာတူညီမႈရရိွခဲ႔တဲ႔ အြန္နရီ Henry

အာဆင္နယ္ဂႏၳ၀င္တိုက္စစ္မႈး အြန္နရီ Henry ဟာ ျပင္သစ္လီဂူးကလပ္ ေဘာ္ဒိုးအသင္းနည္းျပရာထူးအတြက္ သေဘာတူညီမႈရရိွခဲ႔တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အြန္နရီ Henry ဟာ အီဂ်စ္အသင္းနည္းျပရာထူးအတြက္ သေဘာတူညီမႈရရိွခဲ႔ျပီလို႔သတင္းေတြထြက္ခဲ႔ေပမယ္႕ ေနာက္ပိုင္းမွာ ဘာမွဆက္မျဖစ္ေတာ႔တာေၾကာင္႔ လက္ရိွထြက္ေပၚေနတဲ႔ ေဘာ္ဒိုးအသင္းနဲ႔ ပတ္သက္တဲ႔သတင္းေတြကိုလည္း ဆက္လက္ေစာင္႔ၾကည္႕သြားရမွာပဲျဖစ္ပါတယ္။

Henry

Henry

ေဘာ္ဒိုးအသင္းနည္းျပ ပိုယက္ Poyet ဟာ အသင္းရဲ႕တိုက္စစ္မႈး လာေဘာ္ဒီ Laborde ကို ေမာင္႔ပယ္လီယာအသင္းထံ ေရာင္းခ်ခဲ႔လို႔ အသင္းကိုေ၀ဖန္ျပစ္တင္မႈျပဳလုပ္ခဲ႔သူျဖစ္ျပီး လက္ရိွမွာေတာ႔ အသင္းရဲ႕နည္းျပရာထူးကေန ဆိုင္းငံထားျခင္းခံေနရသူပါ။ ဒီလိုအခ်ိန္မွာ အြန္နရီ Henry နဲ႔ ေဘာ္ဒိုးအသင္းတို႔ရဲ႕ သတင္းေတြကထြက္ေပၚလာခဲ႔တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ အြန္နရီ Henry ဟာ ဘယ္လ္ဂ်ီယံအသင္းလက္ေထာက္နည္းျပအျဖစ္တာ၀န္ယူထားသူျဖစ္ျပီး ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာအသင္းနဲ႔အတူ တတိယဆုကို ရရိွထားပါတယ္။

Ref: ESPN
Photo: UK News , scroll.in
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘော်ဒိုးအသင်းနည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့တဲ့ အွန်နရီ Henry

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှုး အွန်နရီ Henry ဟာ ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းနည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အွန်နရီ Henry ဟာ အီဂျစ်အသင်းနည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့ပြီလို့သတင်းတွေထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘာမှဆက်မဖြစ်တော့တာကြောင့် လက်ရှိထွက်ပေါ်နေတဲ့ ဘော်ဒိုးအသင်းနဲ့ ပတ်သက်တဲ့သတင်းတွေကိုလည်း ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Henry

Henry

ဘော်ဒိုးအသင်းနည်းပြ ပိုယက် Poyet ဟာ အသင်းရဲ့တိုက်စစ်မှုး လာဘော်ဒီ Laborde ကို မောင့်ပယ်လီယာအသင်းထံ ရောင်းချခဲ့လို့ အသင်းကိုဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့နည်းပြရာထူးကနေ ဆိုင်းငံထားခြင်းခံနေရသူပါ။ ဒီလိုအချိန်မှာ အွန်နရီ Henry နဲ့ ဘော်ဒိုးအသင်းတို့ရဲ့ သတင်းတွေကထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အွန်နရီ Henry ဟာ ဘယ်လ်ဂျီယံအသင်းလက်ထောက်နည်းပြအဖြစ်တာဝန်ယူထားသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာအသင်းနဲ့အတူ တတိယဆုကို ရရှိထားပါတယ်။

Ref: ESPN
Photo: UK News , scroll.in
Ko Kyue(Akhayar)
www.akhayar.com