[Zawgyi]

အီဂ်စ္အသင္းနည္းျပရာထူးအတြက္ သေဘာတူညီမႈရရိွခဲ့တဲ့ အြန္နရီ Henry

‌အာဆင္နယ္အသင္းရဲ႕ဂႏၲဝင္တိုက္စစ္မႈးေဟာင္းအြန္နရီ‌Henry ဟာကစားသမားဘဝကေန အနားယူအၿပီးမွာ‌နည္းျပေလာကထဲဝင္ေရာက္ခဲ့တာအားလံုးအသိပဲျဖစ္ပါ‌တယ္။ အြန္နရီ Henry ဟာ ၂၀၁၆ ခုနွွစ္မွာနည္းျပေလာ‌ကထဲကိုစတင္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယံအ‌သင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္လုပ္ေဆာင္ခဲ့တာပါ။ ‌အြန္နရီ Henry လက္ေထာက္နည္းျပအျဖစ္တာဝန္ယူလုပ္‌ကိုင္တဲ့ ဘယ္လ္ဂ်ီယံအသင္းဟာလည္း၂၀၁၈ကမၻာ႔ဖလား‌ၿပိဳင္ပြဲမွာအစြမ္းျပနိုင္ခဲ့ၿပီးေကာင္းမြန္တဲ့တိုက္စစ္ကစား‌ဟန္ေတြနဲ႔အတူ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ တတိယဆု‌ကိုရရိွခဲ့ပါတယ္။

Thierry-Henry

Thierry-Henry

‌လက္ရိွအခ်ိန္မွာေတာ့ အြန္နရီ Henry ဟာ အီဂ်စ္အသင္း‌နည္းျပရာထူးအတြက္ သေဘာတူညီမႈရရိွခဲ့ၿပီလို႔ သတင္း‌ေတြထြက္ေပၚေနပါတယ္။အြန္နရီ Henry ရဲ႕ေအးဂ်င့္‌ျဖစ္သူနဲ႔ အီဂ်စ္ေဘာလံုးအဖြဲ႕ခ်ဳပ္ တာဝန္ရိွသူေတြက လန္‌ဒန္ၿမိဳ႕မွာေတြ႕ဆံုခဲ့ၾကၿပီးသေဘာတူညီမႈရရိွခဲ့ၾကတာပါ။ ‌အီဂ်စ္အသင္းကိုေနာက္ဆံုးတာဝန္ယူကိုင္တြဲခဲ့သူကဝါရင့္‌နည္းျပ ဟတ္တာကူပါး Hector Cuper ျဖစ္ၿပီး သူကိုင္‌တြယ္ခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့အီဂ်စ္အသင္း‌က နိုင္ပြဲမရိွ၊ရမွတ္ရရိွခဲ့ျခင္းမရိွပဲနဲ႔ ၿပိဳင္ပြဲကထြက္ခြာခဲ့ရပါ‌တယ္။ ဒီလိုအေနအထားေတြေၾကာင့္ အီဂ်စ္ေဘာလံုးအဖြဲ႕‌ခ်ဳပ္တာဝန္ရိွသူေတြက လူငယ္နည္းျပအြန္နရီ Henry ကို ‌နည္းျပ အျဖစ္ ခန္႔အပ္ဖို႔ႀကိဳးစားလာခဲ့ၾကတာပဲျဖစ္ပါတယ္။ ‌အြန္နရီ Henry ဘယ္လ္ဂ်ီယံအသင္း လက္ေထာက္နည္း‌ျပအျဖစ္တာဝန္ယူခ်ိ္န္မွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕အဓိက‌တိုက္စစ္မႈး လူကာကူ Lukaku ရဲ႕ေျခစြမ္းပိုင္းကတိုးတက္‌မႈေတြရိွလာတာကို ေတြ႕ရပါတယ္။အြန္နရီ Henry‌အေနနဲ႔ အီဂ်စ္အသင္းနည္းျပျဖစ္လာခဲ့ရင္ လက္ရိွအေကာင္းဆံုးေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့ ဆာလာနဲ႔လက္တြဲရမွာျဖစ္တာေၿကာင့္ ဆာလာရဲ႕ေျခစြမ္းတိုးတက္လာမလားဆိုတာကလည္းစိတ္၀င္စားစရာပါ‌။ အြန္နရီ Henry အသက္ကလက္ရိွအခ်ိန္မွာ ၄၀ အရြယ္ရိွေနျပီျဖစ္ျပီး သူ႕အေနနဲ႔အသင္းတစ္သင္းကို ဦးေဆာင္တာဝန္ယူဖို႕အခ်ိန္ေကာင္းလို႕ဆိုၾကရမွာပါ။

REF: Talksport
Photo: CBS Sports , ESPN.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အီဂျစ်အသင်းနည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့တဲ့ အွန်နရီ Henry

‌အာဆင်နယ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှုးဟောင်းအွန်နရီ‌Henry ဟာကစားသမားဘဝကနေ အနားယူအပြီးမှာ‌နည်းပြလောကထဲဝင်ရောက်ခဲ့တာအားလုံးအသိပဲဖြစ်ပါ‌တယ်။ အွန်နရီ Henry ဟာ ၂၀၁၆ ခုနှစ်မှာနည်းပြလော‌ကထဲကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအ‌သင်းရဲ့ လက်ထောက်နည်းပြအဖြစ်လုပ်ဆောင်ခဲ့တာပါ။ ‌အွန်နရီ Henry လက်ထောက်နည်းပြအဖြစ်တာဝန်ယူလုပ်‌ကိုင်တဲ့ ဘယ်လ်ဂျီယံအသင်းဟာလည်း၂၀၁၈ကမ္ဘာ့ဖလား‌ပြိုင်ပွဲမှာအစွမ်းပြနိုင်ခဲ့ပြီးကောင်းမွန်တဲ့တိုက်စစ်ကစား‌ဟန်တွေနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယဆု‌ကိုရရှိခဲ့ပါတယ်။

Thierry-Henry

Thierry-Henry

‌လက်ရှိအချိန်မှာတော့ အွန်နရီ Henry ဟာ အီဂျစ်အသင်း‌နည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်း‌တွေထွက်ပေါ်နေပါတယ်။အွန်နရီ Henry ရဲ့အေးဂျင့်‌ဖြစ်သူနဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက လန်‌ဒန်မြို့မှာတွေ့ဆုံခဲ့ကြပြီးသဘောတူညီမှုရရှိခဲ့ကြတာပါ။ ‌အီဂျစ်အသင်းကိုနောက်ဆုံးတာဝန်ယူကိုင်တွဲခဲ့သူကဝါရင့်‌နည်းပြ ဟတ်တာကူပါး Hector Cuper ဖြစ်ပြီး သူကိုင်‌တွယ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အီဂျစ်အသင်း‌က နိုင်ပွဲမရှိ၊ရမှတ်ရရှိခဲ့ခြင်းမရှိပဲနဲ့ ပြိုင်ပွဲကထွက်ခွာခဲ့ရပါ‌တယ်။ ဒီလိုအနေအထားတွေကြောင့် အီဂျစ်ဘောလုံးအဖွဲ့‌ချုပ်တာဝန်ရှိသူတွေက လူငယ်နည်းပြအွန်နရီ Henry ကို ‌နည်းပြ အဖြစ် ခန့်အပ်ဖို့ကြိုးစားလာခဲ့ကြတာပဲဖြစ်ပါတယ်။ ‌အွန်နရီ Henry ဘယ်လ်ဂျီယံအသင်း လက်ထောက်နည်း‌ပြအဖြစ်တာဝန်ယူချိန်မှာ ဘယ်လ်ဂျီယံအသင်းရဲ့အဓိက‌တိုက်စစ်မှုး လူကာကူ Lukaku ရဲ့ခြေစွမ်းပိုင်းကတိုးတက်‌မှုတွေရှိလာတာကို တွေ့ရပါတယ်။အွန်နရီ Henry‌အနေနဲ့ အီဂျစ်အသင်းနည်းပြဖြစ်လာခဲ့ရင် လက်ရှိအကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ဆာလာနဲ့လက်တွဲရမှာဖြစ်တာကြောင့် ဆာလာရဲ့ခြေစွမ်းတိုးတက်လာမလားဆိုတာကလည်းစိတ်ဝင်စားစရာပါ‌။ အွန်နရီ Henry အသက်ကလက်ရှိအချိန်မှာ ၄၀ အရွယ်ရှိနေပြီဖြစ်ပြီး သူ့အနေနဲ့အသင်းတစ်သင်းကို ဦးဆောင်တာဝန်ယူဖို့အချိန်ကောင်းလို့ဆိုကြရမှာပါ။

REF: Talksport
Photo: CBS Sports , ESPN.com
Ko Kyue(Akhayar)
www.akhayar.com