[Zawgyi]

ခြင့္မဲ့ပ်က္ကြက္ခဲ့တဲ့အေပၚ ဒဏ္ေငြေပးေဆာင္ရဖို႔ ရွိေနတဲ့ ေကာ္တိုအာ Courtois

ခ်ယ္လ္ဆီးအသင္းရဲ႕ ဘယ္လ္ဂ်ီယံလက္ေရြးစင္ဂိုးသမား ေကာ္တိုအာ Courtois အေနနဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြကို ခြင့္မဲ့ပ်က္ကြက္ခဲ့တဲ့အတြက္ ဒဏ္ေငြေပးေဆာင္ရဖို႔ ရွိေနခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္း တာဝန္ရွိသူေတြက အသင္းေလ့က်င့္ေရးအစီအစဥ္ေတြမွာ ခြင့္မဲ့ပ်က္ကြက္ခဲ့တဲ့ ေကာ္တိုအာ Courtois ကို ဒဏ္ေငြအေနနဲ႔ ေပါင္ (၂)သိန္း ဒဏ္ရိုက္ဖို႔ စီစဥ္ေနခဲ့တာျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး အားလပ္ရက္ကုန္ဆံုးတဲ့ အခ်ိန္မွာ အသင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ ပ်က္ကြက္ခဲ့တဲ့ ေကာ္တိုအာ Courtois ဟာ အသင္းေလ့က်င့္ေရးအစီအစဥ္ေတြကို (၂)ရက္ဆက္တိုက္ ပ်က္ကြက္ခဲ့တာပါ။ ေကာ္တိုအာ Courtois ဟာ တစ္ပတ္လုပ္ခ ေပါင္ (၁)သိန္းရရွိေနတဲ့ ကစားသမားျဖစ္လို႔ သူ႔လုပ္ခလစာရဲ႕ (၂)ပတ္စာပမာဏရွိတဲ့ ဒဏ္ေငြကို ေပးေဆာင္ရဖို႔ ရွိေနခဲ့တာပါ။

Thibaut-Courtois

Thibaut-Courtois

ေကာ္တိုအာ Courtois အေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ အသင္းရဲ႕ အဓိကဂိုးသမားကို ခ်ယ္လ္ဆီးအသင္းကလည္း လက္လႊတ္ဖို႔ ဆႏၵမရွိလို႔ ရီးယဲလ္အသင္းရဲ႕ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့တဲ့အေပၚ ေကာ္တိုအာ Courtois က မေက်မနပ္ျဖစ္ေနၿပီး အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။ ထြက္ေပၚေနတဲ့သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းက အသင္းမွာ မေပ်ာ္ရႊင္ေတာ့တဲ့ ဂိုးသမား ေက္ာတိုအာ Courtois ကို အေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္ခင္ ရီးယဲလ္အသင္းကို ေရာင္းခ်သြားဖို႔ စီစဥ္ေနေပမယ့္ ေပါင္ (၄၅)သန္းထက္ နည္းပါးတဲ့ ကမ္းလွမ္းမႈမ်ိဳးကို လက္ခံသြားမွာမဟုတ္ေၾကာင္း သိရပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ရွိ ေကာ္တိုအာ Courtois ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁၂)လသာ က်န္ရွိေတာ့ၿပီး ရာသီကုန္မွာ အသင္းက အလႊတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ ရွိေနပါတယ္။

REF:Daily Mail
Photo:Daily Post, The18
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ခွင့်မဲ့ပျက်ကွက်ခဲ့တဲ့အပေါ် ဒဏ်ငွေပေးဆောင်ရဖို့ ရှိနေတဲ့ ကော်တိုအာ Courtois

ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာ Courtois အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ခွင့်မဲ့ပျက်ကွက်ခဲ့တဲ့အတွက် ဒဏ်ငွေပေးဆောင်ရဖို့ ရှိနေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေက အသင်းလေ့ကျင့်ရေးအစီအစဉ်တွေမှာ ခွင့်မဲ့ပျက်ကွက်ခဲ့တဲ့ ကော်တိုအာ Courtois ကို ဒဏ်ငွေအနေနဲ့ ပေါင် (၂)သိန်း ဒဏ်ရိုက်ဖို့ စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်ကုန်ဆုံးတဲ့ အချိန်မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကော်တိုအာ Courtois ဟာ အသင်းလေ့ကျင့်ရေးအစီအစဉ်တွေကို (၂)ရက်ဆက်တိုက် ပျက်ကွက်ခဲ့တာပါ။ ကော်တိုအာ Courtois ဟာ တစ်ပတ်လုပ်ခ ပေါင် (၁)သိန်းရရှိနေတဲ့ ကစားသမားဖြစ်လို့ သူ့လုပ်ခလစာရဲ့ (၂)ပတ်စာပမာဏရှိတဲ့ ဒဏ်ငွေကို ပေးဆောင်ရဖို့ ရှိနေခဲ့တာပါ။

Thibaut-Courtois

Thibaut-Courtois

ကော်တိုအာ Courtois အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ အဓိကဂိုးသမားကို ချယ်လ်ဆီးအသင်းကလည်း လက်လွှတ်ဖို့ ဆန္ဒမရှိလို့ ရီးယဲလ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့အပေါ် ကော်တိုအာ Courtois က မကျေမနပ်ဖြစ်နေပြီး အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ချယ်လ်ဆီးအသင်းက အသင်းမှာ မပျော်ရွှင်တော့တဲ့ ဂိုးသမား ကေ်ာတိုအာ Courtois ကို အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ရီးယဲလ်အသင်းကို ရောင်းချသွားဖို့ စီစဉ်နေပေမယ့် ပေါင် (၄၅)သန်းထက် နည်းပါးတဲ့ ကမ်းလှမ်းမှုမျိုးကို လက်ခံသွားမှာမဟုတ်ကြောင်း သိရပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ ကော်တိုအာ Courtois ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း (၁၂)လသာ ကျန်ရှိတော့ပြီး ရာသီကုန်မှာ အသင်းက အလွှတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေပါတယ်။

REF:Daily Mail
Photo:Daily Post, The18
Aung Kyaw Wai (Akhayar)
www.akhayar.com