[Zawgyi]



Thiago

Thiago


Ref: Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပိန်မြေကို ပြန်ချင်နေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို Thiago

ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်လူ သီယာဂို Thiago ဟာ စပိန်မြေကိုပြန်ချင်နေပါတယ်။ သီယာဂို Thiago ဟာ အပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေတာပဲဖြစ်ပါတယ်။ သီယာဂို Thiago ဟာ ဘာစီလိုနာကစားသမားဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။

Thiago

Thiago

ဒီနှစ်နွေရဲ့ အစောပိုင်းကာလထဲက သီယာဂို Thiago ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေထွက်ခွာလိုနေပြီး စပိန်မြေကိုပြန်ချင်နေခဲ့တာပါ။ သီယာဂို Thiago ဟာ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တက်ဂီ Lopetegui နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူလိုနေပေမယ့် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် Perez ဟာ ဘိုင်ယန်မြူးနစ်အသင်း တောင်းဆိုတဲ့ဈေးကို ပေးဖို့ဆန္ဒမရှိဘူးလို့ သိရပါတယ်။ သီယာဂို Thiago ဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာအောင်မြင်မှုများစွာရယူထားသူပါ။ လက်ရှိအချိန်ထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် သီယာဂို Thiago ဟာပွဲပေါင်း(၁၅၄)ပွဲကစားထားပြီး သွင်းဂိုး(၂၆)ဂိုးသွင်းယူထားပါတယ်။

Ref: Goal.com
Photo: Gazeta Esportiva , Sporting News
Ko Kyue(Akhayar)
www.akhayar.com