[Zawgyi]

အယ္လ္ကန္တာရာ Alcántara ကို ေခၚယူဖို႔ နီးစပ္ေနတဲ့ ရီးယဲလ္အသင္း

စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ အယ္လ္ကန္တာရာ Alcántara ကို ေခၚယူဖို႔ နီးစပ္လာခဲ့ပါတယ္။ ဂ်ာမန္ေျမကို စြန္႔ခြာၿပီး စပိန္မွာ ျပန္လည္ေျခခ်ဖို႔ ဆႏၵရွိေနတဲ့ ဘာစီလိုနာကြင္းလယ္လူေဟာင္း အယ္လ္ကန္တာရာ Alcántara ကို ေခၚယူဖို႔ ရီးယဲလ္အသင္းက ႀကိဳးပမ္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အသင္းကထြက္ခြာခဲ့တဲ့ ကြင္းလယ္လူ ကိုဗာခ်စ္ Kovacic ရဲ႕ ေနရာမွာ အစားထိုးဖို႔ ရီးယဲလ္အသင္းက အယ္လ္ကန္တာရာ Alcántara ကို ပစ္မွတ္ထားေနခဲ့ပါတယ္။ ဂ်ာမန္အေျခစိုက္မီဒီယာေတြကေတာ့ ရီးယဲလ္အသင္းနဲ႔ အယ္လ္ကန္တာရာ Alcántara တို႔ၾကား ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိခဲ့ၿပီး ကလပ္အသင္း (၂)သင္းအၾကား အေျပာင္းအေရႊ႕အၿပီးသတ္ဖို႔ ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ဘိုင္ယန္အသင္းမွာ ထိပ္တန္းအဆင့္ ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီး ပံုမွန္ပြဲထြက္ခြင့္ တစ္ေနရာကို ရရွိထားေပမယ့္ အယ္လ္ကန္တာရာ Alcántara က စပိန္ေျမကို ျပန္ဖို႔ ဆႏၵရွိေနတာေၾကာင့္ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Thiago-Alcantara

Thiago-Alcantara

အယ္လ္ကန္တာရာ Alcántara ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးလို႔ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးကို ျမင့္မားတဲ့ ႏႈန္းထားတစ္ရပ္ သတ္မွတ္ထားခဲ့ပါတယ္။ ရီးယဲလ္အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ သတ္မွတ္ထားတဲ့ ႏႈန္းထားအတိုင္း ေပးေခ်ၿပီး အယ္လ္ကန္တာရာ Alcántara ကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ ေခၚယူသြားဖို႔ စီစဥ္ေနခဲ့ပါတယ္။ အသင္းမွာ အနာဂတ္မတည္မၿငိမ္ျဖစ္ေနတဲ့ အယ္လ္ကန္တာရာ Alcántara ရဲ႕ ေနရာမွာ အစားထိုးဖို႔ ေဂၚရက္ဇ္ကာ Goretzka ကို ေခၚယူထားခဲ့လို႔ နည္းျပ ကိုဗက္ Kovac ကိုယ္တိုင္ကလည္း ထိုက္တန္တဲ့ ေျပာင္းေရႊ႕ေၾကးတစ္ရပ္ရရွိပါက အသင္းကေန ေရာင္းထုတ္သြားဖို႔ရွိေနပါတယ္။ ရီးယဲလ္နည္းျပသစ္ လိုပယ္တက္ဂီ Lopetegui ေၾကာင့္ အယ္လ္ကန္တာရာ Alcántara ကို ေခၚယူႏိုင္ဖို႔ရွိေနတယ္လို႔ ေကာလာဟလေတြ ဆက္တိုက္ကို ထြက္ေပၚလာခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္က ပိတ္သိမ္းသြားခဲ့ၿပီျဖစ္ေပမယ့္ စပိန္၊ ဂ်ာမနီ၊ အီတလီ၊ ျပင္သစ္နဲ႔ စေကာ့တလန္တို႔ကေတာ့ ၾသဂုတ္လ (၃၁)ရက္ေန႔မွ ပိတ္သိမ္းမွာျဖစ္ပါတယ္။

REF:Bleacher Report
Photo:Scoopnest.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အယ်လ်ကန်တာရာ Alcántara ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ရီးယဲလ်အသင်း

စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အယ်လ်ကန်တာရာ Alcántara ကို ခေါ်ယူဖို့ နီးစပ်လာခဲ့ပါတယ်။ ဂျာမန်မြေကို စွန့်ခွာပြီး စပိန်မှာ ပြန်လည်ခြေချဖို့ ဆန္ဒရှိနေတဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်း အယ်လ်ကန်တာရာ Alcántara ကို ခေါ်ယူဖို့ ရီးယဲလ်အသင်းက ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသင်းကထွက်ခွာခဲ့တဲ့ ကွင်းလယ်လူ ကိုဗာချစ် Kovacic ရဲ့ နေရာမှာ အစားထိုးဖို့ ရီးယဲလ်အသင်းက အယ်လ်ကန်တာရာ Alcántara ကို ပစ်မှတ်ထားနေခဲ့ပါတယ်။ ဂျာမန်အခြေစိုက်မီဒီယာတွေကတော့ ရီးယဲလ်အသင်းနဲ့ အယ်လ်ကန်တာရာ Alcántara တို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီး ကလပ်အသင်း (၂)သင်းအကြား အပြောင်းအရွှေ့အပြီးသတ်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ ဘိုင်ယန်အသင်းမှာ ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် တစ်နေရာကို ရရှိထားပေမယ့် အယ်လ်ကန်တာရာ Alcántara က စပိန်မြေကို ပြန်ဖို့ ဆန္ဒရှိနေတာကြောင့် ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Thiago-Alcantara

Thiago-Alcantara

အယ်လ်ကန်တာရာ Alcántara ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးလို့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို မြင့်မားတဲ့ နှုန်းထားတစ်ရပ် သတ်မှတ်ထားခဲ့ပါတယ်။ ရီးယဲလ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ပေးချေပြီး အယ်လ်ကန်တာရာ Alcántara ကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခေါ်ယူသွားဖို့ စီစဉ်နေခဲ့ပါတယ်။ အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ အယ်လ်ကန်တာရာ Alcántara ရဲ့ နေရာမှာ အစားထိုးဖို့ ဂေါ်ရက်ဇ်ကာ Goretzka ကို ခေါ်ယူထားခဲ့လို့ နည်းပြ ကိုဗက် Kovac ကိုယ်တိုင်ကလည်း ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက အသင်းကနေ ရောင်းထုတ်သွားဖို့ရှိနေပါတယ်။ ရီးယဲလ်နည်းပြသစ် လိုပယ်တက်ဂီ Lopetegui ကြောင့် အယ်လ်ကန်တာရာ Alcántara ကို ခေါ်ယူနိုင်ဖို့ရှိနေတယ်လို့ ကောလာဟလတွေ ဆက်တိုက်ကို ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နဲ့ စကော့တလန်တို့ကတော့ သြဂုတ်လ (၃၁)ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်ပါတယ်။

REF:Bleacher Report
Photo:Scoopnest.com
Aung Kyaw Wai (Akhayar)
www.akhayar.com