[Zawgyi]

ေခ်ာင္းသာကို ေရာက္ခိုက္မိသားစုဓါတ္ပံုေလးေတြကို တင္လိုက္တဲ့ သက္မြန္ျမင့္

ရိုက္ကူးေရးနဲ႔ ေခ်ာင္းသာကို ေရာက္တုန္းမွာ မိသားစုဓါတ္ပံုေလးေတြကို သူမရဲ ႔လူမႈကြန္ရက္ကေနတင္ထားတာေတြ႕ရပါတယ္။ အခုလို ရႈတင္နားတုန္းမွာ မိသားစုကို အခ်ိန္ေပးျဖစ္တယ္ဆိုၿပီးေတာ့ စာေလးကိုလည္းေရးထားတာေတြ႔ရပါတယ္။

“ေခ်ာင္းသာေရာက္ မိသားစုပုံေလးေတြ!
Shooting ပဳံေတြ ႐ိုးေနသလားလို႔
ေနာက္မွေနာ္
ရႈတင္နားခ်ိန္ သူတို႔ကို ေပ်ာ္ေစခ်င္လို႔ အခ်ိန္ေပး” ဆိုၿပီးေတာ့ ေရးထားတာျဖစ္ပါတယ္။

သားေလးတစ္ေယာက္သမီးေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီျဖစ္တဲ့ ေမေမသက္မြန္ျမင့္ကေတာ့ လတ္တေလာမွာ အလုပ္ေတြကို ဆက္တိုက္လုပ္ေနတယ္လို႔လည္း ေျပာလို႔ရပါတယ္။ အခုလည္း ေနတိုး ၊ လြင္မိုး တို႕နဲ႔ တာတူး ရုပ္ရွင္ကို ေခ်ာင္းသာမွာ ရိုက္ကူးေနၾကတာပါ။

သက္မြန္ျမင့္ ဟာ မင္းသမီးေတြထဲမွာ ဆိုရင္လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ မင္းသမီးတစ္ေယာက္အျဖစ္လူသိမ်ားၿပီးေတာ့ ပရိသတ္ရဲ ႔ခ်စ္ခင္အားေပးမႈကိုလည္း ဒီေန႕အခ်ိန္အထိ သိမ္းပိုက္ထားနိုင္တဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။

Photo Credit:Thet Mon Myint Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ချောင်းသာကို ရောက်ခိုက်မိသားစုဓါတ်ပုံလေးတွေကို တင်လိုက်တဲ့ သက်မွန်မြင့်

ရိုက်ကူးရေးနဲ့ ချောင်းသာကို ရောက်တုန်းမှာ မိသားစုဓါတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ရက်ကနေတင်ထားတာတွေ့ရပါတယ်။ အခုလို ရှုတင်နားတုန်းမှာ မိသားစုကို အချိန်ပေးဖြစ်တယ်ဆိုပြီးတော့ စာလေးကိုလည်းရေးထားတာတွေ့ရပါတယ်။

“ချောင်းသာရောက် မိသားစုပုံလေးတွေ!
Shooting ပုံတွေ ရိုးနေသလားလို့
နောက်မှနော်
ရှုတင်နားချိန် သူတို့ကို ပျော်စေချင်လို့ အချိန်ပေး” ဆိုပြီးတော့ ရေးထားတာဖြစ်ပါတယ်။

သားလေးတစ်ယောက်သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မေမေသက်မွန်မြင့်ကတော့ လတ်တလောမှာ အလုပ်တွေကို ဆက်တိုက်လုပ်နေတယ်လို့လည်း ပြောလို့ရပါတယ်။ အခုလည်း နေတိုး ၊ လွင်မိုး တို့နဲ့ တာတူး ရုပ်ရှင်ကို ချောင်းသာမှာ ရိုက်ကူးနေကြတာပါ။

သက်မွန်မြင့် ဟာ မင်းသမီးတွေထဲမှာ ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မင်းသမီးတစ်ယောက်အဖြစ်လူသိများပြီးတော့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုလည်း ဒီနေ့အချိန်အထိ သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Photo Credit:Thet Mon Myint Facebook

ကြည်သာ (Akhayar)

www.akhayar.com