[Zawgyi]










ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

မင်းသမီးတစ်ယောက်ရဲ့ ရင်ထဲကစကားများ

မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လည်းသူမအနေနဲ့တခါတလေမှာ သာမန်သူတစ်ဦးအနေနဲ့ နေထိုင်ချင်သလို အနုပညာရှင်တစ်ဦးအနေနဲ့ အပြောအဆိုအနေအထိုင်ဆင်ခြင်ရတာတွေနဲ့ပတ်သတ်လို့ သက်မွန်က သူမချစ်တဲ့ ပရိသတ်တွေကို အခုလိုရင်ဖွင့် ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ခဲ့စဉ်က သက်မွန်

ကိုယ်ဝန်ဆောင်ခဲ့စဉ်က သက်မွန်

“ကိုယ်ပြောချင်ပေမယ့် ပြောမထွက်တဲ့ စကားတွေ!
အနုပညာရှင်များဟာ ကိုယ်အမူရာ နှုတ်အမူရာ သိပ်ဆင်ခြင်ရပါတယ်..
ဒီတိုင်း ကွကိုယ်နေရင်တောင် မာနကြီးတယ် အပြောခံရတာပါ..
ကိုယ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ထိန်းချုပ်နိုင်ပေမယ့် ကလေးနဲ့ပတ်သက်ရင် သာမန်မိဘတွေရဲ့ခံစားချက်တွေထက် မလျော့တဲ့စိုးရိမ်မှုတွေနောက်မှာ မပြောရဲ မတားရဲတဲ့ခါ ရင်ထဲမှာ မိဘကောင်းမပီသဘူးဆိုတဲ့ ခံစားချက်နဲ့အတူ နာကျဉ်ရပါတယ် 😢 😢 😢

သက်မွန်နဲ့သူရဲ့ သားကြီး အားချစ်

သက်မွန်နဲ့သူရဲ့ သားကြီး အားချစ်

သက်မွန်အနေနဲ့ သာမန်လူလို သိပ်ဖြစ်ချင်တဲ့ အချိန် ၂ ချိန်ရှိပါတယ်..
တချိန်က – ဘုရားဖူး ဘုရားရှိခိုးတဲ့ချိန်ပါ… ဘုရားကို အာရုံပြုပြီး အေးချမ်းစွာ ဘုရားစာရွတ် ဆုတောင်းချင်ပါတယ်..
နောက်တချိန်က- ကလေးတွေနဲ့ နေတဲ့အချိန်ပါ..
စိတ်မဖုပဲ နားလည်ပေးနိုင်ကြပါစေနော်
ချစ်တယ် 💛 💛 💛 💛 ” ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

Photo Credit- Thet Mon Myint Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။