[Zawgyi]

ဟန္မေဆာင္ပဲဒဲ့ေျပာတတ္လို႔ သက္မြန္က ဆက္ဆံေရးမေကာင္းပါဘူး…

သရုပ္ေဆာင္သက္မြန္ျမင့္ဟာ ေအးခ်မ္းၿပီ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဇာတ္လမ္းကာရိုက္တာ ေရြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ဘယ္လိုလက္ခံရိုက္ကူးျဖစ္တယ္ဆိုတာကိုေတာ့ သက္မြန္ျမင့္က အခုလိုေျပာျပခဲ့ပါတယ္။

“၂၀၁၈ ခုႏွစ္က ကိုယ့္အတြက္ ေတာ္ေတာ္ကံေကာင္းတဲ့ႏွစ္လို႔ ေျပာလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သက္မြန္မလုပ္ဘူးေသးတဲ့ ကာရိုက္တာေတြ မ်ားလာတယ္။ ဇာတ္လမ္းအေနနဲ႔လည္း ဆန္းဆန္းျပားျပားေလးေတြ ရိုက္ရတယ္။ ၿပီးေတာ့ လုပ္ေနက်ပုံစံေတြထဲကမွ ကြဲထြက္တဲ့ကာရိုက္တာေလးေတြ ရုိက္ရတာဆိုေတာ့ ၂၀၁၈ ခုႏွစ္က ကံေကာင္းတယ္လို႔ ေျပာရမွာေပါ့”

ကိုယ္တိုင္က ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့သူ တစ္ေယာက္ထဲမွာပါလားလို႔ဆိုေတာ့…“သက္မြန္က ဟန္မေဆာင္တတ္ဘူး။ လူေတြနဲ႔ဆက္ဆံရတာ အဆင္ေျပလားဆိုရင္ မေျပဘူးေျပာရမယ္။ ကိုယ္ကလူမ်ားရင္ကို မေနတတ္တာ။ ကိုယ့္ဘာသာ သီးသီးသန္႔သန္႔ေနတတ္တာ။ ဟန္ေဆာင္ပန္ေဆာင္နဲ႔ သူမ်ားေတြနဲ႔အဆင္ေျပေအာင္ရယ္ဆိုၿပီးလည္း မေျပာတတ္ဘူး။ သက္မြန္ေျပာစရာရိွရင္ ဒဲ့ေျပာခ်တတ္ေတာ့ တစ္ဖက္ကခံရခက္တာေတြလည္းရိွေတာ့ သက္မြန္ကဆက္ဆံေရးမေကာင္းပါဘူး။ ကိုယ္ ဒီအလုပ္ေရြးခ်ယ္တဲ့အခါက်ေတာ့ ရင္ဆိုင္ရတာေပါ့ေနာ္။ ကိုယ့္ရဲ႕Side Effect ေတြေပါ့”လို႔ဆိုၿပီး ေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဟန်မဆောင်ပဲဒဲ့ပြောတတ်လို့ သက်မွန်က ဆက်ဆံရေးမကောင်းပါဘူး…

သရုပ်ဆောင်သက်မွန်မြင့်ဟာ အေးချမ်းပြီ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းကာရိုက်တာ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုလက်ခံရိုက်ကူးဖြစ်တယ်ဆိုတာကိုတော့ သက်မွန်မြင့်က အခုလိုပြောပြခဲ့ပါတယ်။

“၂၀၁၈ ခုနှစ်က ကိုယ့်အတွက် တော်တော်ကံကောင်းတဲ့နှစ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်မွန်မလုပ်ဘူးသေးတဲ့ ကာရိုက်တာတွေ များလာတယ်။ ဇာတ်လမ်းအနေနဲ့လည်း ဆန်းဆန်းပြားပြားလေးတွေ ရိုက်ရတယ်။ ပြီးတော့ လုပ်နေကျပုံစံတွေထဲကမှ ကွဲထွက်တဲ့ကာရိုက်တာလေးတွေ ရိုက်ရတာဆိုတော့ ၂၀၁၈ ခုနှစ်က ကံကောင်းတယ်လို့ ပြောရမှာပေါ့”

ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ တစ်ယောက်ထဲမှာပါလားလို့ဆိုတော့…“သက်မွန်က ဟန်မဆောင်တတ်ဘူး။ လူတွေနဲ့ဆက်ဆံရတာ အဆင်ပြေလားဆိုရင် မပြေဘူးပြောရမယ်။ ကိုယ်ကလူများရင်ကို မနေတတ်တာ။ ကိုယ့်ဘာသာ သီးသီးသန့်သန့်နေတတ်တာ။ ဟန်ဆောင်ပန်ဆောင်နဲ့ သူများတွေနဲ့အဆင်ပြေအောင်ရယ်ဆိုပြီးလည်း မပြောတတ်ဘူး။ သက်မွန်ပြောစရာရှိရင် ဒဲ့ပြောချတတ်တော့ တစ်ဖက်ကခံရခက်တာတွေလည်းရှိတော့ သက်မွန်ကဆက်ဆံရေးမကောင်းပါဘူး။ ကိုယ် ဒီအလုပ်ရွေးချယ်တဲ့အခါကျတော့ ရင်ဆိုင်ရတာပေါ့နော်။ ကိုယ့်ရဲ့Side Effect တွေပေါ့”လို့ဆိုပြီး ပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။