ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာပါ။  လူတိုင်းအတွက် ဆံပင်က ပုံမှန် ဂရုစိုက်ရတဲ့အရာ တစ်ခုဖြစ်သလို တစ်ချို့ဆို ဆံပင်နဲ့ ပတ်သက်ရင် တော်တော်လေး Serious ဖြစ်တာ မြင်ဖူးကြပါလိမ့်မယ်။ မိန်းကလေးတွေ ဆံပင်ကို အမျိုးမျိုး ပြောင်းလဲ ဖန်တီးလေ့ရှိသလိုပါပဲ ယောကျာ်းလေးတွေထဲမှာလည်း ဆံပင်ကို အမြဲသနေပြီး လန်းအောင်ထားတဲ့သူတွေ ရှိတတ်ကြမှာပါ။ ယောကျာ်းလေးတွေမှာ အလှအပနဲ့ ပတ်သက်ရင် ပြင်ဆင်ဖို့က ဆံပင်က အဓိကအနေနဲ့ ရှိနေတာကိုး။ အခုအောက်မှာ ပြောပြထားတဲ့ အချက်တွေကတော့ ယောကျာ်းလေးတွေအနေနဲ့ ဦးစားပေး ပြင်ဆင်စရာဖြစ်တဲ့ ဆံပင်ကို ဘယ်လိုမျိုးအမှားလေးတွေ လုပ်ဖြစ်လဲဆိုတာတွေပါ။ ဆံပင်ကိုပဲ ဦးစားပေး ပြောင်းလဲပြင်ဆင်နေရတဲ့ အမျိုးသားတွေအနေနဲ့ ဒီအမှားလေးတွေ မလုပ်ဖြစ်အောင် သတိထားပေးလိုက်ပါဦး။

၁ – ခေါင်းလျော်စဉ်မှာ ဦးရေပြားကို ခပ်ကြမ်းကြမ်းပွတ်တာ

ယောကျာ်းလေးတော်တော်များများက ဆံပင်အတိုပဲ ထားလေ့ရှိတော့ အိမ်မှာ ကိုယ့်ဟာကိုယ်ခေါင်းလျှော်တဲ့အခါမှာ ဒီအမှားလေး ဖြစ်တတ်ကြပါတယ်။  အဲဒါကတော့ ဦးရေပြားကို ခပ်ကြမ်းကြမ်းပွတ်ပြီး ခေါင်းလျှော်တာပါ။ ဒီလို ဦးရေပြားကို တအားဖိပွတ်ပြီး လျှော်တာက ဆံပင်မွှေးညှင်းပေါက်လေးတွေကို အားနည်းသွားစေသလို ဗောက်တွေကို ပိုမိုဖြစ်စေတတ်ပါတယ်။ ဦးရေပြားနဲ့ဆံပင်ကို ဖိပွတ်ပြီး လျှော်တာမျိုးထက်စာရင် ဆံပင်ကို ခွဲကြောင်းခွဲပြီး လက်ချောင်းတွေနဲ့ အသာအယာ နှိပ်နယ်ပြီး လျှော်သင့်ပါတယ်။ ဒီနည်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်မြန်မြန်ရှည်ဖို့၊ ဆံပင်ထူဖို့ ဖြစ်စေပါတယ်။

Shampooing

Shampooing

၂ – မကြာခဏခေါင်းလျော်တာ

မကြာခဏခါင်းလျော်တာကလည်း အမျိုးသားတွေ လုပ်လေ့ရှိတဲ့ အမှားတွေထဲက ဖြစ်တတ်တဲ့အမှားတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ခေါင်းလျှော်တာပဲ မကောင်းဘူးလားဆိုပြီး မေးစရာရှိမှာပါ..တကယ်တော့ ရှန်ပူအများက ဆံပင်က သဘာဝအဆီနဲ့ ဆံသားကာကွယ်မှုကို တားမြစ်စေတတ်ပြီး ခေါင်းမှာ သဘာဝအဆီတွေလည်း ရှိနေပေးသင့်ပါတယ်။ ဒါမှဦးရေပြားက သူ့အစိုဓာတ်သူရမှာပါ။ လိုတာထက် ပိုပြီး ခေါင်းမကြာခဏလျော်တာတွေ သတိထားသင့်ပါတယ်။

၃ – ရေစိုနေတုန်းမှာ Hair Product တွေသုံးတာ

ဆံပင်ရေစိုနေတဲ့အချိန်မှာ ရေနဲ့ Hair Product တွေထိသွားရင် ဓာတ်ပြယ်သွားတတ်ပြီးတော့ ကိုယ်သုံးထားသမျှ Product တွေရဲ့ အာနိသင်ကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဆံပင်ကို ပုံမကျတော့ဘဲ စေးထိုင်းထိုင်းဖြစ်သွားစေတတ်ပါတယ်။ အဲဒါကြောင့် ရေစိုနေတုန်းမှာ Hair Product တွေသုံးမယ့်အစားသေချာအခြောက်ခံတာတို့၊ ရေလုံးဝပြောင်စင်အောင်သုတ်တာတို့ လုပ်ပြီးမှ Hair Product တွေကို သုံးပါ။

man hair styling

man hair styling

၎ –  လိုတာထက်ပိုပြီး ပုံသွင်းတာ

ဆံပင်ကို ပုံသွင်းတဲ့အခါ Hair Spray တို့၊ Hair Gel တို့ မဖြစ်မနေသုံးဖို့ လိုအပ်လာပါပြီ။ တစ်ချို့က ဆံပင်ပုံမကျမှာစိုးလို့ Gel ဆိုလည်း အတုံးလိုက် ထူရွဲနေအောင်၊ ဆီဆိုလည်း ရွဲနေအောင် ၊Spray ဖြန်းလည်း ဆံပင်ကို မာကျောနေအာင် လုပ်တတ်လေ့ရှိပါတယ်။ တကယ်တော့ ပုံကျတဲ့ဆံပင်ဖြစ်အောင် ပုံသွင်းမယ်ဆိုရင် Gel သို့မဟုတ် Spray သင့်တင့်တဲ့ ပမာဏလိုအပ်ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ Hair Product တွေကို သုံးတတ်ရပါမယ်။ လိုတာထက် ထပ်ခါထပ်ခါ ပုံသွင်းမယ်ဆိုရင်တော့ ဗောက်ထပြီး ဆံပင်ပျက်စီးရုံကလွဲရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

Man at Barber Shop

Man at Barber Shop

၅- ဆံပင်ပုံစံနဲ့ မလိုက်ဖက်တာ

တစ်ခါတလေမှာ ကိုယ်သဘောကျတဲ့ မင်းသားတွေ၊မော်ဒယ်လ်တွေ ညှပ်ထားတဲ့ ဆံပင်ပုံစံတွေက ကိုယ်နဲ့ အဆင်မပြေတာမျိုးတွေ ရှိတတ်ပါတယ်။ တစ်ချို့ဆံပင်ပုံစံတွေက ဓာတ်ပုံတွေ၊ MTV တွေထဲမှာပဲ မိုက်နေပြီး အပြင်လောကမှာ ကိုယ်နဲ့ မလိုက်ဖက်တာ၊ အဆင်မပြေတာမျိုးတွေ မနည်းပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံကို အကောင်းဆုံးရှာတတ်ပြီး ဆံပင်ညှပ်ဆရာနဲ့ သေချာတိုင်ပင်ပါ။ ကိုယ်လိုချင်တဲ့ပုံစံကို ပြောပြပြီး လိုက်ဖက်မှုရှိမရှိ ဆန်းစစ်ပြီးမှ ညှပ်သင့်ပါတယ်။

၆ – ဈေးပေါပြီး လက်ရာညံ့တဲ့ ဆံသဆိုင်ကိုရွေးတာ

အရာအရာတိုင်းက သူ့တန်ဖိုးနဲ့သူပါ။ ဈေးကြီးရင်လည်း ဈေးကြီးတဲ့အလျောက်၊ ဈေးပေါရင်လည်း ဈေးပေါတဲ့အလျောက် တန်းတစ်ခုဆိုတာရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်က လက်ထဲ ငွေနည်းနေတာမျိုးဖြစ်ဖြစ်၊ ဖြတ်သွားဖြတ်လာမျိုးပဲ ဖြစ်ဖြစ် သွားရင်းလာရင်း ဈေးပေါတဲ့ ဆံသဆိုင်မှာ သွားညှပ်ရတာမျိုးဖြစ်ချင်ဖြစ်တတ်ပါတယ်။ ဈေးပေါပေမယ့် လက်ရာကောင်းရင် ကိစ္စမဟုတ်ပါဘူး..လက်ရာညံ့တဲ့အပြင် ဆံပင်ကိုလည်း ပြန်ပြင်လို့မရတဲ့ ပုံစံအထိ ညှပ်ချလိုက်ရင် ဆံပင်ပြန်မရှည်မချင်း အဲဒီဆံပင်ကေကြီးနဲ့ အောင့်အည်းပြီး သည်းခံနေရတော့မှာပါ။ ငွေကုန်ကျမှာကို မကြည့်ဘဲ ကိုယ့်ဆံပင် စတိုင်လ်ကျဖို့ဆိုတာကို ဦးစားပေးပါ။

Su Yi Htet (Akhayar)

www.akhayar.com