[ZawGyi]

ဓာတ္ပံုရိုက္ခြင္႔မရွိတဲ့ ကမၻာ႔အထင္ကရေနရာႀကီးမ်ား

ခရီးသြားဝါသနာပါသူေတြအားလံုးက ျဖစ္ႏိုင္ရင္ ကမၻာပတ္ခ်င္သူေတြခ်ည္းပါပဲေနာ္။ ကိုယ္မေရာက္ဖူးတဲ႔ေနရာ ကမၻာေပၚကအထင္ကရေနရာေတြကိုေရာက္ျပန္ရင္လည္း ဓာတ္ပံုရိုက္မွတ္တမ္းတင္ခ်င္ၾကတာက သဘာဝပါပဲ။ ဒါေပမဲ႔ တခ်ိဳ႕အထင္ကရေနရာေတြက လံုးဝဓာတ္ပံုရိုက္ခြင္႔မရွိဘဲ တရားဝင္ဥပေဒျပဌာန္းထားတဲ႔ေနရာေတြရွိပါတယ္။ မရည္ရြယ္ပါဘဲ ဓာတ္ပံုရိုက္မိရင္ေတာင္ ေငြဒဏ္ေရာ ေထာင္ဒဏ္ပါ က်ခံရႏိုင္တဲ႔ ေနရာေတြျဖစ္ပါတယ္။ ဒါေၾကာင္႔ ခရီးတစ္ခုသြားရင္၊ ေနရာေဒသအသစ္တစ္ခုကိုေရာက္ရင္ ဓာတ္ပံုရိုက္ခြင္႔ရွိမရွိကို အျမဲသတိထားေပးဖုိ႔လုိပါတယ္။

Eiffel Tower, Paris

Eiffel-Tower

Eiffel-Tower

ပါရီကိုေရာက္ျပီဆုိရင္ အီဖယ္ေမွ်ာ္စင္ၾကီးနဲ႔ေတာ႔ မျဖစ္မေနဓာတ္ပံုတြဲရိုက္ၾကသူခ်ည္းပါပဲေနာ္။ အီဖယ္ေမ်ွာ္စင္ကလည္း ညေနဘက္မီးေရာင္ေလးေတြနဲ႔မွ အလွတရားကျပည္႔စံုလာတာမ်ိဳး။ ဒီလုိတဖ်ပ္ဖ်ပ္လက္ေနတဲ႔မီးေရာင္ေလးေတြနဲ႔ အီဖယ္ေမွ်ာ္စင္ကိုေနာက္ခံထားျပီး ဓာတ္ပံုရိုက္မယ္ဆိုရင္ ေနာက္တစ္ၾကိမ္ျပန္စဥ္းစားဖုိ႔ေတာ႔လုိပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဘာေၾကာင္႔လဲဆုိေတာ႔ ၁၉၈၅ ခုနစ္မွာ မီးအလွဆင္တဲ႔ပညာရွင္ Pierre Bideau ဆုိသူက မူပိုင္ခြင္႔တင္ခဲ႔လို႔ျဖစ္ပါတယ္။ လက္ရွိျပင္သစ္ဥပေဒအရ မီးထြန္းထားတဲ႔အီဖယ္ေမ်ွာ္စင္နဲ႔ ဓာတ္ပံုတြဲရိုက္ခဲ႔မိရင္ေတာင္ Facebook နဲ႔ Instagram ေတြမွာတင္လုိ႔မရပါဘူး။ ဒါေၾကာင္႔ အီဖယ္ေမွ်ာ္စင္ေနာက္ခံထားျပီး ဓာတ္ပံုရိုက္ခ်င္တယ္ဆုိရင္ ေန႔ခင္းဘက္မွာပဲ ရိုက္ႏိုင္ပါတယ္။

Amsterdam, Netherlands

amsterdam-red-light-district

amsterdam-red-light-district

Amsterdam မွာရွိတဲ႔ De Wallen လို႔ေခၚတဲ႔ေနရာေလးက ေကာ္ဖီဆုိင္ေတြ၊ ေဆာင္ၾကာျမိဳင္ေတြ၊ မ်က္စိပသာဒျဖစ္စရာေတြနဲ႔ ျပည္႔ႏွက္ေနတဲ႔ေနရာပါ။ ခရီးသြားေတာ္ေတာ္မ်ားမ်ားက ျပတင္းေပါက္ကေနတဆင္႔ျမင္ေနရတဲ႔ ျပည္႔တန္ဆာအမ်ိဳးသမီးလွလွေလးေတြကို ဖ်ပ္ခနဲဓာတ္ပံု ရိုက္ခ်င္တတ္ၾကပါတယ္။ ဒီလို ရိုက္ကူးခဲ႔ရင္ ဥပေဒနဲ႔ျငိမွာျဖစ္ျပီးျဖစ္ႏိုင္ရင္ေတာ႔ ကင္မရာလံုးဝမသယ္သြားတာက အႏၱရာယ္ကင္းပါတယ္။ ကင္မရာကို ဆြဲယူဖ်က္ဆီးတာမ်ိဳးေတြလုပ္ၾကပါတယ္တဲ႔။

Korea

korean-girls

korean-girls

ေျမာက္ကိုရီးယားကေတာ႔ ဓာတ္ပံုရိုက္ကူးခြင္႔လုိ႔ လံုးဝပိတ္ပင္ထားတာ အားလံုးသိျပီးျဖစ္မွာပါ။ ေတာင္ကိုရီးယားမွာကေတာ႔ အမ်ိဳးသမီးေတြကို သူတုိ႔သေဘာတူခြင္႔ျပဳခ်က္မရဘဲ ဓာတ္ပံုရိုက္လုိ႔မရပါဘူးတဲ႔။ ဒီလုိ ကိုယ္႔သေဘာနဲ႔ကိုယ္ဓာတ္ပံုရိုက္လိုက္တယ္ဆုိရင္ အေမရိကန္ေဒၚလာ ၉၀၀၀ နီးပါးဒဏ္ေၾကးေဆာင္ရျပီး ေထာင္ ၅ ႏွစ္က်ႏိုင္ပါတယ္။ ကိုရီးယားမေလးေတြလွလိုက္တာဆုိျပီး ဓာတ္ပံုမရိုက္မိဖုိ႔ သတိထားရမွာပါ။

United Arab Emirates

United Arab Emirates-Jumeirah Beach

United Arab Emirates-Jumeirah Beach

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ UAE မွာေတာ႔ အစိုးရအေဆာက္အအံုေတြ၊ တံတားေတြ၊ ဘာသာေရးအေဆာက္အအံုေတြကို လံုးဝဓာတ္ပံုရိုက္ခြင္႔မရွိပါဘူး။ သူတုိ႔တားျမစ္ထားတဲ႔ေနရာေတြကို ဓာတ္ပံုရိုက္ခဲ႔မယ္ဆိုရင္ ေထာင္ဒဏ္ တစ္လကေန သံုးလက်ႏိုင္ျပီး အေမရိကန္ေဒၚလာ ၁၄၀၀ နီးပါး ဒဏ္ေၾကးေဆာင္ရႏိုင္ပါတယ္။ ဓာတ္ပံုရိုက္မိလုိ႔ ဒုကၡေရာက္သြားတဲ႔ျပည္ပခရီးသြားေတြရဲ႕ သာဓကေတြလည္းအမ်ားၾကီးရွိခဲ႔ပါတယ္။

The Crown Jewels

Crown Jewels

Crown Jewels

လန္ဒန္မွာရွိတဲ႔ The Crown Jewels ျပတိုက္မွာဆုိရင္ ၁၄ ရာစုႏွစ္တည္းက ျဗိတိန္မင္းမ်ိဳးမင္းႏြယ္တုိ႔ရဲ႕ ထီးနန္းအသံုးအေဆာင္ေတြကိုျပသထားတာျဖစ္ပါတယ္။ ျပတိုက္ထဲမွာေတာ႔ မွတ္တမ္းတင္ခ်င္စရာျမင္ကြင္းေတြအျပည္႔ျဖစ္ေနမွာပါ။ ဒါေပမဲ႔ ဒီျပတုိက္အတြင္းမွာ လံုးဝလံုးဝ ဓာတ္ပံုရိုက္လုိ႕မရပါဘူး။

Taj Mahal

Taj-Mahal

Taj-Mahal

အိႏၵိယကိုေရာက္ခဲ႔ရင္ သူတုိ႔ရဲ႕အထင္ကရေနရာျဖစ္တဲ႔ Taj Mahal နဲ႔ အမွတ္တရဓာတ္ပံုရိုက္ၾကမွာပါ။ တစ္ခုသတိထားရမွာက Taj Mahal ဘုရားေက်ာင္းအတြင္းမွာ လံုးဝဓာတ္ပံုရိုက္ခြင္႔မရွိပါဘူး။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒါေၾကာင္႔ ကိုယ္ေရာက္ခဲ႔တဲ႔အေတြ႔အၾကံဳေလးေတြကို မွ်ေဝခ်င္တဲ႔အခါ ပံုေလးေတြနဲ႔တြဲျပီးေတာ႔မွ်ေဝႏိုင္မွာေတာ႔မဟုတ္ဘူးေပါ႔ေနာ္။ Taj Mahal အျပင္ဘက္မွာေတာ႔ အမွတ္တရဓာတ္ပံုရိုက္ခြင္႔ရွိပါတယ္။

white house photo allowance

white house photo allowance

ဒီလိုတားျမစ္ထားတဲ႔ေနရာေတြရွိတယ္ဆုိေပမယ္႔လည္း သတင္းေကာင္းတစ္ခုေတာ႔ရွိပါေသးတယ္။ အဲဒါကေတာ႔ အိမ္ျဖဴေတာ္အတြင္းမွာ ဓာတ္ပံုရိုက္လို႔ရျပီဆိုတာပါပဲ။ အိမ္ျဖဴေတာ္အတြင္းမွာဓာတ္ပံုမရိုက္ရ၊ ဆိုရွယ္မီဒီယာေပၚမွာမတင္ရဆုိတဲ႔ ကန္႔သတ္ခ်က္ေတြကို ႏွစ္ေပါင္း ၄၀ နီးပါးသတ္မွတ္ထားခဲ႔ေပမယ္႔ ၂၀၁၅ ခုနစ္ကစျပီး ဒီစည္းမ်ဥ္းကိုပယ္ဖ်က္လုိက္ျပီျဖစ္ပါတယ္။ ဒါေၾကာင္႔ အိမ္ျဖဴေတာ္ကိုသြားလည္မယ္ဆုိရင္ စိတ္ၾကိဳက္ဓာတ္ပံုရိုက္ခဲ႔လုိ႔ရပါျပီေနာ္။

www.akhayar.com

[Unicode]

ဓာတ်ပုံရိုက်ခွင့်မရှိတဲ့ ကမ္ဘာ့အထင်ကရနေရာကြီးများ

ခရီးသွားဝါသနာပါသူတွေအားလုံးက ဖြစ်နိုင်ရင် ကမ္ဘာပတ်ချင်သူတွေချည်းပါပဲနော်။ ကိုယ်မရောက်ဖူးတဲ့နေရာ ကမ္ဘာပေါ်ကအထင်ကရနေရာတွေကိုရောက်ပြန်ရင်လည်း ဓာတ်ပုံရိုက်မှတ်တမ်းတင်ချင်ကြတာက သဘာဝပါပဲ။ ဒါပေမဲ့ တချို့အထင်ကရနေရာတွေက လုံးဝဓာတ်ပုံရိုက်ခွင့်မရှိဘဲ တရားဝင်ဥပဒေပြဌာန်းထားတဲ့နေရာတွေရှိပါတယ်။ မရည်ရွယ်ပါဘဲ ဓာတ်ပုံရိုက်မိရင်တောင် ငွေဒဏ်ရော ထောင်ဒဏ်ပါ ကျခံရနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် ခရီးတစ်ခုသွားရင်၊ နေရာဒေသအသစ်တစ်ခုကိုရောက်ရင် ဓာတ်ပုံရိုက်ခွင့်ရှိမရှိကို အမြဲသတိထားပေးဖို့လိုပါတယ်။

Eiffel Tower, Paris

Eiffel-Tower

Eiffel-Tower

ပါရီကိုရောက်ပြီဆိုရင် အီဖယ်မျှော်စင်ကြီးနဲ့တော့ မဖြစ်မနေဓာတ်ပုံတွဲရိုက်ကြသူချည်းပါပဲနော်။ အီဖယ်မျှော်စင်ကလည်း ညနေဘက်မီးရောင်လေးတွေနဲ့မှ အလှတရားကပြည့်စုံလာတာမျိုး။ ဒီလိုတဖျပ်ဖျပ်လက်နေတဲ့မီးရောင်လေးတွေနဲ့ အီဖယ်မျှော်စင်ကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်စဉ်းစားဖို့တော့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၈၅ ခုနစ်မှာ မီးအလှဆင်တဲ့ပညာရှင် Pierre Bideau ဆိုသူက မူပိုင်ခွင့်တင်ခဲ့လို့ဖြစ်ပါတယ်။ လက်ရှိပြင်သစ်ဥပဒေအရ မီးထွန်းထားတဲ့အီဖယ်မျှော်စင်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့မိရင်တောင် Facebook နဲ့ Instagram တွေမှာတင်လို့မရပါဘူး။ ဒါကြောင့် အီဖယ်မျှော်စင်နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် နေ့ခင်းဘက်မှာပဲ ရိုက်နိုင်ပါတယ်။

Amsterdam, Netherlands

amsterdam-red-light-district

amsterdam-red-light-district

Amsterdam မှာရှိတဲ့ De Wallen လို့ခေါ်တဲ့နေရာလေးက ကော်ဖီဆိုင်တွေ၊ ဆောင်ကြာမြိုင်တွေ၊ မျက်စိပသာဒဖြစ်စရာတွေနဲ့ ပြည့်နှက်နေတဲ့နေရာပါ။ ခရီးသွားတော်တော်များများက ပြတင်းပေါက်ကနေတဆင့်မြင်နေရတဲ့ ပြည့်တန်ဆာအမျိုးသမီးလှလှလေးတွေကို ဖျပ်ခနဲဓာတ်ပုံ ရိုက်ချင်တတ်ကြပါတယ်။ ဒီလို ရိုက်ကူးခဲ့ရင် ဥပဒေနဲ့ငြိမှာဖြစ်ပြီးဖြစ်နိုင်ရင်တော့ ကင်မရာလုံးဝမသယ်သွားတာက အန္တရာယ်ကင်းပါတယ်။ ကင်မရာကို ဆွဲယူဖျက်ဆီးတာမျိုးတွေလုပ်ကြပါတယ်တဲ့။

Korea

korean-girls

korean-girls

မြောက်ကိုရီးယားကတော့ ဓာတ်ပုံရိုက်ကူးခွင့်လို့ လုံးဝပိတ်ပင်ထားတာ အားလုံးသိပြီးဖြစ်မှာပါ။ တောင်ကိုရီးယားမှာကတော့ အမျိုးသမီးတွေကို သူတို့သဘောတူခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်လို့မရပါဘူးတဲ့။ ဒီလို ကိုယ့်သဘောနဲ့ကိုယ်ဓာတ်ပုံရိုက်လိုက်တယ်ဆိုရင် အမေရိကန်ဒေါ်လာ ၉၀၀၀ နီးပါးဒဏ်ကြေးဆောင်ရပြီး ထောင် ၅ နှစ်ကျနိုင်ပါတယ်။ ကိုရီးယားမလေးတွေလှလိုက်တာဆိုပြီး ဓာတ်ပုံမရိုက်မိဖို့ သတိထားရမှာပါ။

United Arab Emirates

United Arab Emirates-Jumeirah Beach

United Arab Emirates-Jumeirah Beach

အာရပ်စော်ဘွားများနိုင်ငံ UAE မှာတော့ အစိုးရအဆောက်အအုံတွေ၊ တံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လုံးဝဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ သူတို့တားမြစ်ထားတဲ့နေရာတွေကို ဓာတ်ပုံရိုက်ခဲ့မယ်ဆိုရင် ထောင်ဒဏ် တစ်လကနေ သုံးလကျနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၄၀၀ နီးပါး ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။ ဓာတ်ပုံရိုက်မိလို့ ဒုက္ခရောက်သွားတဲ့ပြည်ပခရီးသွားတွေရဲ့ သာဓကတွေလည်းအများကြီးရှိခဲ့ပါတယ်။

The Crown Jewels

Crown Jewels

Crown Jewels

လန်ဒန်မှာရှိတဲ့ The Crown Jewels ပြတိုက်မှာဆိုရင် ၁၄ ရာစုနှစ်တည်းက ဗြိတိန်မင်းမျိုးမင်းနွယ်တို့ရဲ့ ထီးနန်းအသုံးအဆောင်တွေကိုပြသထားတာဖြစ်ပါတယ်။ ပြတိုက်ထဲမှာတော့ မှတ်တမ်းတင်ချင်စရာမြင်ကွင်းတွေအပြည့်ဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီပြတိုက်အတွင်းမှာ လုံးဝလုံးဝ ဓာတ်ပုံရိုက်လို့မရပါဘူး။

Taj Mahal

Taj-Mahal

Taj-Mahal

အိန္ဒိယကိုရောက်ခဲ့ရင် သူတို့ရဲ့အထင်ကရနေရာဖြစ်တဲ့ Taj Mahal နဲ့ အမှတ်တရဓာတ်ပုံရိုက်ကြမှာပါ။ တစ်ခုသတိထားရမှာက Taj Mahal ဘုရားကျောင်းအတွင်းမှာ လုံးဝဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။

ဒါကြောင့် ကိုယ်ရောက်ခဲ့တဲ့အတွေ့အကြုံလေးတွေကို မျှဝေချင်တဲ့အခါ ပုံလေးတွေနဲ့တွဲပြီးတော့မျှဝေနိုင်မှာတော့မဟုတ်ဘူးပေါ့နော်။ Taj Mahal အပြင်ဘက်မှာတော့ အမှတ်တရဓာတ်ပုံရိုက်ခွင့်ရှိပါတယ်။

white house photo allowance

white house photo allowance

ဒီလိုတားမြစ်ထားတဲ့နေရာတွေရှိတယ်ဆိုပေမယ့်လည်း သတင်းကောင်းတစ်ခုတော့ရှိပါသေးတယ်။ အဲဒါကတော့ အိမ်ဖြူတော်အတွင်းမှာ ဓာတ်ပုံရိုက်လို့ရပြီဆိုတာပါပဲ။ အိမ်ဖြူတော်အတွင်းမှာဓာတ်ပုံမရိုက်ရ၊ ဆိုရှယ်မီဒီယာပေါ်မှာမတင်ရဆိုတဲ့ ကန့်သတ်ချက်တွေကို နှစ်ပေါင်း ၄၀ နီးပါးသတ်မှတ်ထားခဲ့ပေမယ့် ၂၀၁၅ ခုနစ်ကစပြီး ဒီစည်းမျဉ်းကိုပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် အိမ်ဖြူတော်ကိုသွားလည်မယ်ဆိုရင် စိတ်ကြိုက်ဓာတ်ပုံရိုက်ခဲ့လို့ရပါပြီနော်။

www.akhayar.com