





Joker (Akhayar)

Ref: The Verge

 

[Unicode]

Galaxy Note 8 နဲ့မှာပါဝင်မယ့် အချက်များ

ထုတ်လုပ်မယ့် ရက်နီးကပ်လာတာနဲ့အမျှ Samsung ရဲ့ Galaxy Note 8 ဟာ ဖုန်းမှာ ပါဝင်မယ့် အချက်အလက်အများစုဟာ အပြင်မှာ ပေါက်ကြားနေပါတယ်။ လာမယ့် သြဂုတ်လ ၂၃ရက်နေ့မှာ ထုတ်လုပ်သွားမယ့် ဖုန်းအတွက် Venture Beat ရဲ့ Evan Blass က ထုတ်ဖော်မှုတွေနဲ့အတူ အချက်အလက်အတိအကျ ကိုလည်း သိထားရပါတယ်။ ဒါကြောင့် Note 8 မှာ ပါဝင်ဖို့ သေချာသလောက်ရှိနေတဲ့ Feature သစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ၆.၃ လက်မရှိတဲ့ AMOLED မျက်နှာပြင်ကို 18.5:9 အချိုးနဲ့ ထည့်သွင်းထားမှာပါ။
  • ၁၆၂.၅ မီလီ၊ ၇၄.၆မီလီ နဲ့ဂ ၈.၅ မီလီ အတိုင်းအတာရှိမှာပါ။

Qualcomm Snapdragon 835 processor နဲ့ US အတွက် Exynos 8895 processor တွေကို အသုံးပြုပြီး ဖြန့်ချိသွားမှာပါ။

  • 6GB RAM နဲ့ 64GB storage တွေအပြင် expandable storage တွေလည်း ပါဝင်လာမှာပါ။
  • Dual rear ကင်မရာမှာ 12-megapixel ဆင်ဆာတွေပါဝင်လာမှာပါ။
  • Front facing ကင်မရာကတော့ 8-MP ဆင်ဆာကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
  • 3300mAh ဘက်ထရီကို Fast-charging နည်းပညာနဲ့ USB-C ဒါမှဟုတ် Wirelss Charging နဲ့ အားသွင်းနိုင်အောင် ပြလုပ်ထားမှာပါ။
  • အရောင်အနေနဲ့ Midnight black နဲ့ Maple gold ဆိုပြီး ရှိမှာပါ။ နောက်ပိုင်းမှ Orchid grey နဲ့ Deep sea blue အရောင်တွေကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
  • ကျောဘက်မှာ Fingerprint ဆင်ဆာကို ထည့်သွင်းမှာပါ။

ပြီးခဲ့တဲ့နှစ်က Note 7 ကို 3500mAh ဘက်ထရီကိုထည့်သွင်းထားပြီး ဒီနှစ်မှာတော့ သိသာထင်ရှားတဲ့ အကြောင်းပြချက်ကြောင့် ဘက်ထရီပမာဏကို လျှော့ချလိုက်တာပါ။ မျက်နှာပြင် Super AMOLED နည်းပညာကိုတော့ Galaxy S8 မှာ တွေ့ရတဲ့အတိုင်း မြင်ရဖို့ရှိပါတယ်။ Note 8 ဟာ S8 Plus ထက် အနည်းငယ်ကြီးဖို့ရှိပြီးတော့ ထောင့်ကျကျ Corners တွေကို bezel-less ဒီဇိုင်းနဲ့ မြင်ရမှာပါ။

S8 လိုပဲ Note 8 ဟာ ကျောဘက်မှာ Fingerprint ဆင်ဆာကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

Joker (Akhayar)

Ref: The Verge