[Zawgyi]

နာမည္ႀကီး ဆယ္လီေတြ ဆိုရွယ္မီဒီယာကေန ေပ်ာက္သြားရတာ ဘာေၾကာင့္လဲ

လူရယ္လို႔ ျဖစ္လာခဲ႔ရင္ တစ္ခါတစ္ရံ စိတ္ေတြမြန္းက်ပ္ၿပီး ထြက္ေပါက္ေပ်ာက္တာ၊ စိတ္ဓာတ္က်တာေတြ၊ ဘာမွ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတာေတြ ျဖစ္တတ္ၾကပါတယ္္။ ယေန႔ေခတ္မွာ ဆိုရွယ္မီဒီယာဆိုတဲ႔ မီဒီယာပလက္ေဖာင္းႀကီး ေပၚေပါက္လာတာနဲ႔အမွ် ယူတတ္ရင္ ပညာေတြအမ်ားႀကီးရသလို မယူတတ္ရင္ စိတ္ဖိစီးမႈေတြလည္း ျဖစ္ေစတတ္ပါတယ္။ ေကာင္းက်ဳိးထက္ ဆိုးက်ဳိးကပိုမ်ားလာတဲ႔အတြက္ နာမည္ႀကီးဆယ္လီေတြေတာင္ တတ္ႏို္င္သမွ် ဆိုရွယ္မီဒီယာေတြနဲ႔ ခပ္ကင္းကင္းေနႏုိင္ေအာင္ ႀကိဳးစားလာၾကတာေတြ႔ရပါတယ္။

YouTube စတားတစ္ဦးျဖစ္တဲ႔ Lilly Singh ဟာ သူမရဲ႕ Superwoman II အမည္ရွိတဲ႔ YouTube Channel တစ္ခုကို စိတ္က်န္းမာေရးဂရုစိုက္ခ်င္တဲ႔အတြက္ ခဏနားထားပါတယ္။ သူမဟာ၂၀၁၀ ခုနစ္ကတည္းက ဗီဒီယိုမ်ားထုတ္္လုပ္လာခဲ့တာျဖစ္ၿပီး သူမရဲ႕ဗီဒီယိုေတြဟာ အင္တာနက္အသံုးျပဳသူေတြအၾကား အလြန္လူႀကိဳက္မ်ားခဲ႔ပါတယ္။

ေက်ာ္ၾကားတဲ႔ YouTube Blogger သူမဟာ “I’ll See You Soon” ဆုိတဲ႔ Video ကို တင္ခဲ႔တဲ႔အခါ ၾကည့္ရႈသူေပါင္း ၁၄.၅ မီလီယံရရွိခဲ႔ပါတယ္။ သူမတင္ခဲ႔တဲ႔ ဗီဒီယိုထဲမွာေတာ့ သူမဘာေၾကာင့္ YouTube Blogger အျဖစ္ကေန ခဏအနားယူရတဲ႔ အေၾကာင္းအရင္းေတြကို ရွင္းျပထားၿပီး သူမဟာ လေပါင္း၊ႏွစ္ေပါင္းၾကာေအာင္ ပရိသတ္ေတြကို အေကာင္းတကာ့ အေကာင္းဆံုးေတြ ခ်ျပႏိုင္ဖို႔ ႀကိဳးစားတဲ႔အခါ ေအာင္ျမင္ခ်င္တဲ႔ စိတ္နဲ႔ အားသြန္ခြန္စိုက္ႀကိဳးစားခဲ႔ရတာ ပင္ပန္းမႈေတြ ျဖစ္လာတဲ႔အတြက္ ခဏအနားယူဖို႔ လုိအပ္ပါတယ္။ ရွစ္ႏွစ္အတြင္းမွာ သူမဟာ Daily Blog ေတြလည္း ေရးခဲ့တဲ့အျပင္ YouTube ေတြကိုလည္း စဥ္ဆက္မျပတ္ ဖန္တီးခဲ့ရတဲ႔အတြက္ စိတ္ေရာ လူေရာ အရမ္းပင္ပန္းေနၿပီး ခံစားမႈေတြကင္းမဲ႔လာလို႔ ဆက္မလုပ္ဘဲ ခဏနားရျခင္းျဖစ္ပါတယ္။ အဲဒီလိုနားတဲ႔အခါမွာ ဆိုရွယ္မီဒီယာကေနလည္း ခဏေပ်ာက္ကြယ္သြားဖို႔ ရွိပါတယ္။

သူမ ဆိုရွယ္မီဒီယာကေန ေပ်ာက္ကြယ္ရတဲ႔ အဓိကအေၾကာင္းအရင္းကေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ခ်င္တဲ႔အတြက္ေၾကာင့္ျဖစ္ၿပီး စိတ္က်န္းမာေရးကိုလည္း ဂရုစိုက္ခ်င္လို႔ ျဖစ္ပါတယ္။ ၂၀၁၃ ခုနစ္တုန္းကလည္း ဆိုရွယ္မီဒီယာေၾကာင့္ စိတ္ဖိစီးမႈေတြနဲ႔ စိတ္က်ေရာဂါေတြျဖစ္ၿပီး မနည္း တြန္းလွန္ တိုက္ထုတ္ႏိုင္ေအာင္ ႀကိဳးစားခဲ့ရပါတယ္။ အဲ့ဒီလိုျဖစ္တာကို ပရိသတ္ႀကီးနဲ႔ လူထုကို ဖြင့္ခ်ျပဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီးရွိခဲ႔ၿပီး စိတ္လည္း အလြန္ကိုမွ ပင္ပန္းခဲ႔ရပါတယ္။ အဲဒါေတြအကုန္လံုးကို အဆံုးသတ္ခ်င္တဲ႔အတြက္ ခဏေပ်ာက္ကြယ္ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္လို႔ Fan ေတြလည္း သူမရဲ႕ဆံုးျဖတ္ခ်က္ကို ေထာက္ခံအားေပးကာ ကူညီပံ႔ပိုးေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ဆိုၿပီး ေျပာၾကားခဲ႔႔ပါတယ္။

အဲဒီလိုမ်ဳိးျဖစ္ၿပီး ဆိုရွယ္မီဒီယာကေန ခဏေပ်ာက္ကြယ္သြားခဲ႔တာ YouTube စတား Lilly Singh တစ္ဦးတည္းမဟုတ္ဘဲ နာမည္ေက်ာ္အဆိုေတာ္ Selena Gomez ၊ Ariana Grande နဲ႔ Ed Sheeran တို႔လည္း အပါအဝင္ ျဖစ္ပါတယ္။

Kim Kardashian အေနနဲ႔လည္း သူမဆုိရွယ္မီဒီယာမွာ စံုတဲြပံုတင္ၿပီး လအနည္းငယ္အၾကာမွာ ပဲရစ္မွာ ဓားျမတိုက္ခံခဲ႔ရပါတယ္။ သူမအတြက္ ဆုိရွယ္မီဒီယာမွာပံုတင္ျခင္းက သူခိုးလမ္းျပျဖစ္ေနၿပီလားဆိုၿပီး အရမ္္းထိတ္လန္႔ခဲ႔ရပါတယ္။

Selena Gomez ဟာ ဆိုရွယ္မီဒီယာကေန အရမ္းဆိုးတဲ႔ သံုးသပ္ေဝဖန္မႈေတြ ခံခဲ႔ရတဲ့အတြက္ေၾကာင့္ “The Heart Want What It Wants” ဆိုတဲ႔ သီခ်င္းထြက္ၿပီးေနာက္မွာ ဆိုရွယ္မီဒီယာကေန ခဏေပ်ာက္ကြယ္သြားပါေသးတယ္။ ေပ်ာက္ကြယ္သြားတဲ႔အျပင္ စိတ္က်န္းမာေရး ကုသမႈေတာင္ ခံယူခဲ႔ရပါေသးတယ္။

Selena Gomez တင္မဟုတ္ဘဲ သူရဲ႕ရည္စားေဟာင္း အဆိုေတာ္ Justin Bieber ကလည္း သူရဲ႕ Instagram Account ကို ၂၀၁၆ ခုနစ္မွာ Deactivated လုပ္သြားခဲ႔ပါတယ္။ ဘာေၾကာင့္ Deactivated လုပ္ခဲ႔ရတာလဲဆုိေတာ့ Followers ေတြက သူရည္းစားေတြနဲ႔ ပတ္သက္ၿပီး ဆိုးရြားတဲ႔ မွတ္ခ်က္ေတြ ေရးသားခဲ႔တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ဆယ္လီေတြဟာ သာမန္လူေတြထက္ ဆုိရွယ္မီဒီယာေပၚမွာ Haters ေတြရဲ႕ အႏိုင္က်င့္၊ ေႏွာင့္ယွက္တဲ႔ Comment ေတြကုိ အခ်ိန္ၾကာ ရင္ဆိုင္ေတြ႔ၾကံဳၾကရတဲ႔အတြက္ Social Media Detox လုပ္ကိုလုပ္သင့္ပါတယ္။ Social Media Detox လုပ္ျခင္းဟာ စိတ္က်န္းမာေရးကို ျပန္လည္ေကာင္းမြန္ေစၿပီး စိတ္က်ေရာဂါျဖစ္ျခင္းကိုလည္း သက္သာလာေစပါတယ္။ အဲဒီလိုေျပာလို႔ ဆုိရွယ္မီဒီယာရဲ႕ ဆိုးက်ဳိးဟာ ဆယ္လီေတြမွာပဲ ျဖစ္တာမ်ဳိးမဟုတ္ဘဲ သာမန္လူေတြမွာလည္း အမုန္း Comment ေတြနဲ႔ တုိက္ခိုက္တာေတြလည္း ခံရႏုိင္ေျခရွိလို႔ ဆိုရွယ္မီဒီယာထဲမွာပဲ ဘဝႀကီးကိုႏွစ္ျမွဳပ္ၿပီး ရွင္သန္ေနတာမ်ဳိး မျပဳလုပ္သင့္ပါဘူး။ ဆိုရွယ္မီဒီယာကို လိုတာထက္ပိုမသံုးဘဲ ကုိယ္ခ်စ္ရတဲ႔သူေတြနဲ႔ အျပင္မွာ အတူ အခ်ိိန္ကုန္ဆုံးကာ ဘဝႀကီးရဲ႕ အႏွစ္သာရကို ရွာေဖြျခင္းက ေပ်ာ္ရႊင္ျခင္းအစစ္အမွန္ကို ပိုင္ဆိုင္ႏိုင္ေစမွာ အေသအခ်ာပါပဲ။

H.H(Akhayar)

www.akhayar.com

[Unicode]

နာမည်ကြီး ဆယ်လီတွေ ဆိုရှယ်မီဒီယာကနေ ပျောက်သွားရတာ ဘာကြောင့်လဲ

လူရယ်လို့ ဖြစ်လာခဲ့ရင် တစ်ခါတစ်ရံ စိတ်တွေမွန်းကျပ်ပြီး ထွက်ပေါက်ပျောက်တာ၊ စိတ်ဓာတ်ကျတာတွေ၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာတွေ ဖြစ်တတ်ကြပါတယ်။ ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာဆိုတဲ့ မီဒီယာပလက်ဖောင်းကြီး ပေါ်ပေါက်လာတာနဲ့အမျှ ယူတတ်ရင် ပညာတွေအများကြီးရသလို မယူတတ်ရင် စိတ်ဖိစီးမှုတွေလည်း ဖြစ်စေတတ်ပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများလာတဲ့အတွက် နာမည်ကြီးဆယ်လီတွေတောင် တတ်နိုင်သမျှ ဆိုရှယ်မီဒီယာတွေနဲ့ ခပ်ကင်းကင်းနေနိုင်အောင် ကြိုးစားလာကြတာတွေ့ရပါတယ်။

YouTube စတားတစ်ဦးဖြစ်တဲ့ Lilly Singh ဟာ သူမရဲ့ Superwoman II အမည်ရှိတဲ့ YouTube Channel တစ်ခုကို စိတ်ကျန်းမာရေးဂရုစိုက်ချင်တဲ့အတွက် ခဏနားထားပါတယ်။ သူမဟာ၂၀၁၀ ခုနစ်ကတည်းက ဗီဒီယိုများထုတ်လုပ်လာခဲ့တာဖြစ်ပြီး သူမရဲ့ဗီဒီယိုတွေဟာ အင်တာနက်အသုံးပြုသူတွေအကြား အလွန်လူကြိုက်များခဲ့ပါတယ်။

ကျော်ကြားတဲ့ YouTube Blogger သူမဟာ “I’ll See You Soon” ဆိုတဲ့ Video ကို တင်ခဲ့တဲ့အခါ ကြည့်ရှုသူပေါင်း ၁၄.၅ မီလီယံရရှိခဲ့ပါတယ်။ သူမတင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ သူမဘာကြောင့် YouTube Blogger အဖြစ်ကနေ ခဏအနားယူရတဲ့ အကြောင်းအရင်းတွေကို ရှင်းပြထားပြီး သူမဟာ လပေါင်း၊နှစ်ပေါင်းကြာအောင် ပရိသတ်တွေကို အကောင်းတကာ့ အကောင်းဆုံးတွေ ချပြနိုင်ဖို့ ကြိုးစားတဲ့အခါ အောင်မြင်ချင်တဲ့ စိတ်နဲ့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ရတာ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် ခဏအနားယူဖို့ လိုအပ်ပါတယ်။ ရှစ်နှစ်အတွင်းမှာ သူမဟာ Daily Blog တွေလည်း ရေးခဲ့တဲ့အပြင် YouTube တွေကိုလည်း စဉ်ဆက်မပြတ် ဖန်တီးခဲ့ရတဲ့အတွက် စိတ်ရော လူရော အရမ်းပင်ပန်းနေပြီး ခံစားမှုတွေကင်းမဲ့လာလို့ ဆက်မလုပ်ဘဲ ခဏနားရခြင်းဖြစ်ပါတယ်။ အဲဒီလိုနားတဲ့အခါမှာ ဆိုရှယ်မီဒီယာကနေလည်း ခဏပျောက်ကွယ်သွားဖို့ ရှိပါတယ်။

သူမ ဆိုရှယ်မီဒီယာကနေ ပျောက်ကွယ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်တဲ့အတွက်ကြောင့်ဖြစ်ပြီး စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ချင်လို့ ဖြစ်ပါတယ်။ ၂၀၁၃ ခုနစ်တုန်းကလည်း ဆိုရှယ်မီဒီယာကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်ကျရောဂါတွေဖြစ်ပြီး မနည်း တွန်းလှန် တိုက်ထုတ်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ အဲ့ဒီလိုဖြစ်တာကို ပရိသတ်ကြီးနဲ့ လူထုကို ဖွင့်ချပြဖို့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပြီး စိတ်လည်း အလွန်ကိုမှ ပင်ပန်းခဲ့ရပါတယ်။ အဲဒါတွေအကုန်လုံးကို အဆုံးသတ်ချင်တဲ့အတွက် ခဏပျောက်ကွယ်ဖို့ ရွေးချယ်ခဲ့တာဖြစ်လို့ Fan တွေလည်း သူမရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးကာ ကူညီပံ့ပိုးပေးကြမယ်လို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အဲဒီလိုမျိုးဖြစ်ပြီး ဆိုရှယ်မီဒီယာကနေ ခဏပျောက်ကွယ်သွားခဲ့တာ YouTube စတား Lilly Singh တစ်ဦးတည်းမဟုတ်ဘဲ နာမည်ကျော်အဆိုတော် Selena Gomez ၊ Ariana Grande နဲ့ Ed Sheeran တို့လည်း အပါအဝင် ဖြစ်ပါတယ်။

Kim Kardashian အနေနဲ့လည်း သူမဆိုရှယ်မီဒီယာမှာ စုံတွဲပုံတင်ပြီး လအနည်းငယ်အကြာမှာ ပဲရစ်မှာ ဓားမြတိုက်ခံခဲ့ရပါတယ်။ သူမအတွက် ဆိုရှယ်မီဒီယာမှာပုံတင်ခြင်းက သူခိုးလမ်းပြဖြစ်နေပြီလားဆိုပြီး အရမ်းထိတ်လန့်ခဲ့ရပါတယ်။

Selena Gomez ဟာ ဆိုရှယ်မီဒီယာကနေ အရမ်းဆိုးတဲ့ သုံးသပ်ဝေဖန်မှုတွေ ခံခဲ့ရတဲ့အတွက်ကြောင့် “The Heart Want What It Wants” ဆိုတဲ့ သီချင်းထွက်ပြီးနောက်မှာ ဆိုရှယ်မီဒီယာကနေ ခဏပျောက်ကွယ်သွားပါသေးတယ်။ ပျောက်ကွယ်သွားတဲ့အပြင် စိတ်ကျန်းမာရေး ကုသမှုတောင် ခံယူခဲ့ရပါသေးတယ်။

Selena Gomez တင်မဟုတ်ဘဲ သူရဲ့ရည်စားဟောင်း အဆိုတော် Justin Bieber ကလည်း သူရဲ့ Instagram Account ကို ၂၀၁၆ ခုနစ်မှာ Deactivated လုပ်သွားခဲ့ပါတယ်။ ဘာကြောင့် Deactivated လုပ်ခဲ့ရတာလဲဆိုတော့ Followers တွေက သူရည်းစားတွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ မှတ်ချက်တွေ ရေးသားခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဆယ်လီတွေဟာ သာမန်လူတွေထက် ဆိုရှယ်မီဒီယာပေါ်မှာ Haters တွေရဲ့ အနိုင်ကျင့်၊ နှောင့်ယှက်တဲ့ Comment တွေကို အချိန်ကြာ ရင်ဆိုင်တွေ့ကြုံကြရတဲ့အတွက် Social Media Detox လုပ်ကိုလုပ်သင့်ပါတယ်။ Social Media Detox လုပ်ခြင်းဟာ စိတ်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပြီး စိတ်ကျရောဂါဖြစ်ခြင်းကိုလည်း သက်သာလာစေပါတယ်။ အဲဒီလိုပြောလို့ ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးဟာ ဆယ်လီတွေမှာပဲ ဖြစ်တာမျိုးမဟုတ်ဘဲ သာမန်လူတွေမှာလည်း အမုန်း Comment တွေနဲ့ တိုက်ခိုက်တာတွေလည်း ခံရနိုင်ခြေရှိလို့ ဆိုရှယ်မီဒီယာထဲမှာပဲ ဘဝကြီးကိုနှစ်မြှုပ်ပြီး ရှင်သန်နေတာမျိုး မပြုလုပ်သင့်ပါဘူး။ ဆိုရှယ်မီဒီယာကို လိုတာထက်ပိုမသုံးဘဲ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အပြင်မှာ အတူ အချိန်ကုန်ဆုံးကာ ဘဝကြီးရဲ့ အနှစ်သာရကို ရှာဖွေခြင်းက ပျော်ရွှင်ခြင်းအစစ်အမှန်ကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါပဲ။

H.H(Akhayar)

www.akhayar.com