[Zawgyi]

ေၾကာက္စရာ မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းကို ပိုမိုဆိုးရြားေစႏိုင္တဲ႔ အမူအက်င့္ဆိုးမ်ား

ငယ္ရြယ္စဥ္ကတည္းက ဆိုးဆိုးရြားရြားျပဳမူခဲ႔တဲ႔ အမူအက်င့္တခ်ဳိ႕ဟာ အက်င့္ျဖစ္ေနတဲ႔အတြက္ ႀကီးလာတဲ႔အခါမွာ ထိုအမူအက်င့္ဆိုးေတြကို ေဖ်ာက္ဖ်က္ဖို႔ရန္အတြက္ အလြန္ခက္ခဲပါတယ္။ ေဆးလိပ္ေသာက္ျခင္း၊ ညနက္တဲ႔အထိမအိပ္ဘဲ ဂိမ္းေဆာ့ျခင္း အစရွိတဲ႔ ငယ္ငယ္တုန္းက စဲြစဲြျမဲဲျမဲလုပ္ခ့ဲတဲ့အမူအက်င့္ဆိုးေတြေၾကာင့္ အသက္အရြယ္တစ္ခု ေရာက္တဲ႔အခါမွာ က်န္းမာေရးကို ထိခိုက္လာတာေတြ႔ရပါတယ္။ ဘယ္လိုအမူအက်င့္ဆိုးေတြေၾကာင့္ မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းကို ဆိုးဆိုးရြားရြား ထိခုိက္ေစတာလဲဆိုတာ က်န္းမာေရး အသိတိုးေစဖုိ႔ ေလ့လာၾကည္႔ရေအာင္။

အမူအက်င့္ဆုိးေတြအေၾကာင္း မေျပာခင္ မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းရဲ႕ လကၡဏာတစ္ခ်ဳိ႕က အရင္ေျပာျပခ်င္ပါတယ္။ အစပိုင္းမွာေတာ့ ဦးေႏွာက္မွတ္ဥာဏ္စြမ္းရည္က်ဆင္းျခင္း၊ စဥ္းစားေတြးေခၚႏိုင္မႈ က်ဆင္းလာျခင္း၊ ဘာသာစကားေတြ ေမ့ေလ်ာလာျခင္းကေန ေန႔စဥ္လုပ္ေဆာင္မႈေတြ ထိခုိက္လာႏိုင္တဲ႔အထိ ဆိုးဆိုးရြားရြား ျဖစ္ပြားျခင္းေတြက မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းရဲ႕ လကၡဏာေတြပဲ ျဖစ္ပါတယ္။

(၁) တစ္ေယာက္တည္းသီးသန္႔ေနထုိင္ျခင္း

လူရယ္လို႔ ျဖစ္လာရင္ တစ္ေယာက္တည္းေနထိုင္ဖို႔ဆိုတာ လြယ္ကူတဲ့ ကိစၥမဟုတ္ပါဘူး။ အေပါင္းအသင္၊ အဖဲြ႔အစည္းေတြနဲ႔ ေနမွ ပိုမိုေပ်ာ္ရႊင္ လြယ္ကူတဲ႔ ဘဝကို ရရွိပိုင္ဆိုင္ႏိ္ုင္မွာ ျဖစ္ပါတယ္။ က်န္းမာေနတဲ႔လူျဖစ္ၿပီး Introverted Life ကို ႀကိဳက္ႏွစ္သက္တဲ႔သူေတြအေနနဲ႔ေတာ့ တစ္ေယာက္တည္း ပိတ္ရက္မွာ အခ်ိန္ကုန္ဆံုးျခင္းက ဘာမွမျဖစ္ဘဲ လြယ္ကူအဆင္ေျပေခ်ာေမြ႕ေပမယ့္ မွတ္ဥာဏ္ခ်ဳိ႕ယြင္းတဲ့ လကၡဏာစရွိေနၿပီဆုိရင္ေတာ့ ေလ့လာမႈေတြအရ တစ္ေယာက္တည္း လံုးဝမေနသင့္ေတာ့ပါဘူး။ တစ္ေယာက္တည္း ေနတာမ်ားတဲ႔အခါမွာ ၾကံဳေတြ႔ရတဲ႔ အခက္ခဲေတြ၊ မြန္းၾကပ္မႈေတြကို ရင္ဖြင့္တိုင္ပင္စရာ လူမရွိျခင္းကေန အေတြးေတြမ်ားလာျခင္း၊ စိတ္ဓာတ္ေတြက်လာျခင္း၊ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ႔လာျခင္းနဲ႔ စိတ္ပင္ပန္းလြန္းျခင္းေတြျဖစ္ကာ မွတ္ဥာဏ္ကို ထိခုိက္လာၿပီး မွတ္ဥာဏ္ခ်ဳိ႕ယြင္းမႈေတြ ျဖစ္လာပါေတာ့တယ္။

(၂) တစ္ညလံုးမအိပ္ဘဲေနျခင္း

ငယ္တုန္းအလုပ္လုပ္မွ ႀကီးလာရင္သက္သက္သာသာေနရမယ္လို႔ ခံယူထားတဲ႔သူေတြဟာ ငယ္ရြယ္စဥ္မွာ အလုပ္ အလုပ္ဆိုၿပီး ဦးေႏွာက္ထဲ ထည့္ထားကာ ေန႔မအိပ္ ညမအိပ္ႀကိဳးစားၾကတဲ႔ သူေတြ ရွိပါတယ္။ လံုေလာက္စြာ အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္ အေကာင္းဆံုး ေဆးဝါးတစ္လက္ျဖစ္တဲ႔အျပင္ ဦးေႏွာက္နဲ႔ အာရုံေၾကာကိုလည္း ပြင့္လန္းေစၿပီး အိုင္ဒီယာအသစ္အဆန္းေတြ ကြန္႔ျမဴးႏိုင္ပါတယ္။ ညဘက္မွာ ေကာင္းေကာင္းအိပ္မေပ်ာ္ရင္ စိတ္အာရုံေတြ ေနာက္က်ိလာၿပီး အလုပ္ေတြလည္း မတြင္တာမ်ဳိးျဖစ္ကာ ေနာက္ဆံုးမွာ က်န္းမာေရး ထိခုိက္တဲ႔အထိ ျဖစ္လာပါေတာ့တယ္။ ညဘက္အိပ္ေပ်ာ္ဖို႔အတြက္ဆုိ အိပ္ရာဝင္ခ်ိန္နဲ႔ အိပ္ရာထခ်ိန္ကို ပံုေသေလးထားၿပီး အက်င့္ျပဳလုပ္ကာ အိပ္ၾကည္႔ျခင္းကလည္း အေထာက္အကူျဖစ္ေစႏိုင္သလို အိပ္စက္တဲ႔အခါမ်ဳိးမွာ အိပ္စက္တဲ႔အခန္းက ေအးျမၿပီး အလင္းေရာင္မရရွိဖို႔နဲ႔ သက္ေတာင့္သက္သာရွိေနဖုိ႔ကလည္း အေရးႀကီးပါေသးတယ္။ အဲဒီလုိေတြ လုပ္ၿပီးလို႔ အိပ္မေပ်ာ္ေသးဘဲ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနၿပီးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္တာမ်ဳိး ျပဳလုပ္ၾကည္႔သင့္ပါတယ္။

(၃) တစ္ေနကုန္ထိုင္ၿပီးအလုပ္လုပ္ျခင္း

ရုံးမွာတစ္ေနကုန္ထိုင္ၿပီး အလုပ္လုပ္ရတဲ႔သူေတြဟာ မွတ္ဥာဏ္ခ်ဳိ႕ယြင္းမႈ ေစာစီးစြာ ျဖစ္ဖို႔ အလားအလာမ်ားတဲ႔သူေတြပါ။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေနကုန္လႈပ္ရွားမႈ မရွိတဲ႔အတြက္ ေရရွည္မွာ ဦးေႏွာက္ကို ထိခုိက္လာျခင္း ျဖစ္ပါတယ္။ အဲ႔ဒီလိုမျဖစ္္ဖို႔အတြက္ဆိုရင္ အလုပ္လုပ္ၿပီး အနားခဏယူတဲ့အခ်ိန္မ်ဳိးမွာ လမ္းထေလွ်ာက္ေပးျခင္း၊ အိမ္ျပန္ေရာက္ရင္ ေလ့က်င္ခန္းပံုမွန္ေလး လုပ္ေပးျခင္းက မွတ္ဥာဏ္ယိုယြင္းထိခို္က္မႈ ျဖစ္ျခင္းကို ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္မို႔ အားလပ္ခ်ိန္ရတဲ႔အခါမ်ဳိးနဲ႔ ရုံးဆင္းခ်ိန္တိုင္းမွာ Aerobic ကစားျခင္း၊ ကခုန္ျခင္း၊ ေရကူးျခင္း၊ ေျပးျခင္း၊ေတာင္တက္ျခင္း၊ လမ္းေလွ်ာက္ျခင္း၊ Boxing ထိုးျခင္း နဲ႔ စက္ဘီးစီးျခင္း အစရွိတဲ႔ေလ့က်င္ခန္း တစ္မ်ဳိးမ်ဳိး ျပဳလုပ္ၿပီး ဦးေႏွာက္နဲ႔ အာရုံေၾကာ က်န္းမာေရးကုိ ဂရုစိုက္ၾကည့္ပါ။

(၄) ဦးေႏွာက္ကိုအလုပ္မေပးျခင္း

ဦးေႏွာက္ကိုလည္း ခႏၶာကိုယ္နည္းတူ အဆက္မျပတ္ လႈပ္ရွားေပးဖို႔ လိုအပ္ပါတယ္။ ဦးေႏွာက္ကို အနားေပးတာမ်ဳိး မျပဳလုပ္ဘဲ အသစ္သစ္ေတြ ေလ့လာသင္ယူျခင္းကလည္း မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းကေန ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္မု႔ိ မွတ္ဥာဏ္ခ်ဳိ႕ယြင္းျခင္းမျဖစ္ေစဖို႔ ဦးေႏွာက္ကို အနားေပးတာမ်ဳိး မျပဳလုပ္ဘဲ မၾကာခဏဆိုသလို Crossword Puzzle ကစားတာမ်ဳိး၊ Memory Game ကစားတာမ်ဳိး၊ အသစ္သစ္ေတြ ေလ့လာတာမ်ဳိး အစရွိသျဖင့္ ျပဳလုပ္ေပးသင့္ပါတယ္။

(၅) စိတ္ဖိစီးမႈကိုမလႊတ္ခ်ဘဲအခ်ိန္ၾကာၾကာဆုပ္ကိုင္ထားျခင္း

စိတ္ဖိစီးမႈကို ေရွာင္လဲြဖို႔ဆုိတာ လံုးဝမလြယ္ကူပါဘူး။ ဒါေပမယ့္ စိတ္ထားတတ္မႈအေပၚမူတည္ၿပီး စိတ္ဖိစီးမႈကို ေျဖေလ်ာ့ခ်ိန္ ကြာသြားပါတယ္။ စိတ္ဖိစီးမႈကို အခ်ိန္အၾကာႀကီး ဆုပ္ကိုင္ထားမိရင္လည္း ဦးေႏွာက္နဲ႔ အာရုံေၾကာကို ထိခို္က္ေစႏိုင္ၿပီး မွတ္ဥာဏ္ခ်ဳိယြင္းမႈ ေစာစီးစြာ ျဖစ္ပြားေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ စိတ္ဖိစီးမႈေတြျဖစ္လာၿပီးဆုိရင္ အၾကာႀကီးေတြးၿပီး ဘာေၾကာင့္ ဒါက ဒီလုိ ျဖစ္ရတာလည္း၊ ငါမွ ဘာလို႔ ျဖစ္ရတာလဲဆိုၿပီး စဥ္းစားေနမယ့္အစား ျမန္ျမန္ လြတ္ခ်ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။ စိတ္ဖိစီးမႈကို မလႊတ္ခ်တတ္ပဲ အခ်ိန္အၾကာႀကီး ဆုပ္ကိုင္ထားမိေနၿပီးဆိုရင္ စိတ္ပညာရွင္ တစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆံုေဆြးေႏြးၿပီး ကုသမႈခံယူသင့္ပါတယ္။

အခုေဖာ္ျပထားတဲ႔ အမူအက်င့္ဆိုးေတြထဲက တစ္ခုခု ကိုယ္မွာ ရွိေနတယ္ဆုိရင္ ေပ်ာက္ေအာင္တတ္ႏိုင္သမွ် ေဖ်ာက္ဖို႔ တုိက္တြန္းခ်င္ပါတယ္။မွတ္ဥာဏ္ခ်ဳိယြင္းတယ္ဆိုတာ တကယ္ကို ေၾကာက္ဖို႔လည္းေကာင္းၿပီး ဆိုးရြားတဲ႔ေရာဂါလည္းျဖစ္သလို ကိုယ္ခ်စ္ရတဲ႔ မိသားစုဝင္ေတြနဲ႔ ခ်စ္ခင္သူေတြကိုပါ မမွတ္မိေတာ့တာမ်ဳိး ျဖစ္ေစႏိုင္လို႔ ႀကိဳတင္ကာကြယ္ဖို႔ အၾကံျပဳခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကြောက်စရာ မှတ်ဉာဏ်ချို့ယွင်းခြင်းကို ပိုမိုဆိုးရွားစေနိုင်တဲ့ အမူအကျင့်ဆိုးများ

ငယ်ရွယ်စဉ်ကတည်းက ဆိုးဆိုးရွားရွားပြုမူခဲ့တဲ့ အမူအကျင့်တချို့ဟာ အကျင့်ဖြစ်နေတဲ့အတွက် ကြီးလာတဲ့အခါမှာ ထိုအမူအကျင့်ဆိုးတွေကို ဖျောက်ဖျက်ဖို့ရန်အတွက် အလွန်ခက်ခဲပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ညနက်တဲ့အထိမအိပ်ဘဲ ဂိမ်းဆော့ခြင်း အစရှိတဲ့ ငယ်ငယ်တုန်းက စွဲစွဲမြဲမြဲလုပ်ခဲ့တဲ့အမူအကျင့်ဆိုးတွေကြောင့် အသက်အရွယ်တစ်ခု ရောက်တဲ့အခါမှာ ကျန်းမာရေးကို ထိခိုက်လာတာတွေ့ရပါတယ်။ ဘယ်လိုအမူအကျင့်ဆိုးတွေကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဆိုးဆိုးရွားရွား ထိခိုက်စေတာလဲဆိုတာ ကျန်းမာရေး အသိတိုးစေဖို့ လေ့လာကြည့်ရအောင်။

အမူအကျင့်ဆိုးတွေအကြောင်း မပြောခင် မှတ်ဉာဏ်ချို့ယွင်းခြင်းရဲ့ လက္ခဏာတစ်ချို့က အရင်ပြောပြချင်ပါတယ်။ အစပိုင်းမှာတော့ ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ စဉ်းစားတွေးခေါ်နိုင်မှု ကျဆင်းလာခြင်း၊ ဘာသာစကားတွေ မေ့လျောလာခြင်းကနေ နေ့စဉ်လုပ်ဆောင်မှုတွေ ထိခိုက်လာနိုင်တဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ပွားခြင်းတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁) တစ်ယောက်တည်းသီးသန့်နေထိုင်ခြင်း

လူရယ်လို့ ဖြစ်လာရင် တစ်ယောက်တည်းနေထိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အပေါင်းအသင်၊ အဖွဲ့အစည်းတွေနဲ့ နေမှ ပိုမိုပျော်ရွှင် လွယ်ကူတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာနေတဲ့လူဖြစ်ပြီး Introverted Life ကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ တစ်ယောက်တည်း ပိတ်ရက်မှာ အချိန်ကုန်ဆုံးခြင်းက ဘာမှမဖြစ်ဘဲ လွယ်ကူအဆင်ပြေချောမွေ့ပေမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့ လက္ခဏာစရှိနေပြီဆိုရင်တော့ လေ့လာမှုတွေအရ တစ်ယောက်တည်း လုံးဝမနေသင့်တော့ပါဘူး။ တစ်ယောက်တည်း နေတာများတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်ခဲတွေ၊ မွန်းကြပ်မှုတွေကို ရင်ဖွင့်တိုင်ပင်စရာ လူမရှိခြင်းကနေ အတွေးတွေများလာခြင်း၊ စိတ်ဓာတ်တွေကျလာခြင်း၊ မျှော်လင့်ချက်တွေ ကင်းမဲ့လာခြင်းနဲ့ စိတ်ပင်ပန်းလွန်းခြင်းတွေဖြစ်ကာ မှတ်ဉာဏ်ကို ထိခိုက်လာပြီး မှတ်ဉာဏ်ချို့ယွင်းမှုတွေ ဖြစ်လာပါတော့တယ်။

(၂) တစ်ညလုံးမအိပ်ဘဲနေခြင်း

ငယ်တုန်းအလုပ်လုပ်မှ ကြီးလာရင်သက်သက်သာသာနေရမယ်လို့ ခံယူထားတဲ့သူတွေဟာ ငယ်ရွယ်စဉ်မှာ အလုပ် အလုပ်ဆိုပြီး ဦးနှောက်ထဲ ထည့်ထားကာ နေ့မအိပ် ညမအိပ်ကြိုးစားကြတဲ့ သူတွေ ရှိပါတယ်။ လုံလောက်စွာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးဝါးတစ်လက်ဖြစ်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြောကိုလည်း ပွင့်လန်းစေပြီး အိုင်ဒီယာအသစ်အဆန်းတွေ ကွန့်မြူးနိုင်ပါတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ရင် စိတ်အာရုံတွေ နောက်ကျိလာပြီး အလုပ်တွေလည်း မတွင်တာမျိုးဖြစ်ကာ နောက်ဆုံးမှာ ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်လာပါတော့တယ်။ ညဘက်အိပ်ပျော်ဖို့အတွက်ဆို အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို ပုံသေလေးထားပြီး အကျင့်ပြုလုပ်ကာ အိပ်ကြည့်ခြင်းကလည်း အထောက်အကူဖြစ်စေနိုင်သလို အိပ်စက်တဲ့အခါမျိုးမှာ အိပ်စက်တဲ့အခန်းက အေးမြပြီး အလင်းရောင်မရရှိဖို့နဲ့ သက်တောင့်သက်သာရှိနေဖို့ကလည်း အရေးကြီးပါသေးတယ်။ အဲဒီလိုတွေ လုပ်ပြီးလို့ အိပ်မပျော်သေးဘဲ ကြောင်တောင်တောင် ဖြစ်နေပြီးဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာမျိုး ပြုလုပ်ကြည့်သင့်ပါတယ်။

(၃) တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်ခြင်း

ရုံးမှာတစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေဟာ မှတ်ဉာဏ်ချို့ယွင်းမှု စောစီးစွာ ဖြစ်ဖို့ အလားအလာများတဲ့သူတွေပါ။ ဘာကြောင့်လဲဆိုတော့ တစ်နေကုန်လှုပ်ရှားမှု မရှိတဲ့အတွက် ရေရှည်မှာ ဦးနှောက်ကို ထိခိုက်လာခြင်း ဖြစ်ပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့အတွက်ဆိုရင် အလုပ်လုပ်ပြီး အနားခဏယူတဲ့အချိန်မျိုးမှာ လမ်းထလျှောက်ပေးခြင်း၊ အိမ်ပြန်ရောက်ရင် လေ့ကျင်ခန်းပုံမှန်လေး လုပ်ပေးခြင်းက မှတ်ဉာဏ်ယိုယွင်းထိခိုက်မှု ဖြစ်ခြင်းကို လျော့ကျစေပါတယ်။ ဒါကြောင့်မို့ အားလပ်ချိန်ရတဲ့အခါမျိုးနဲ့ ရုံးဆင်းချိန်တိုင်းမှာ Aerobic ကစားခြင်း၊ ကခုန်ခြင်း၊ ရေကူးခြင်း၊ ပြေးခြင်း၊တောင်တက်ခြင်း၊ လမ်းလျှောက်ခြင်း၊ Boxing ထိုးခြင်း နဲ့ စက်ဘီးစီးခြင်း အစရှိတဲ့လေ့ကျင်ခန်း တစ်မျိုးမျိုး ပြုလုပ်ပြီး ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးကို ဂရုစိုက်ကြည့်ပါ။

(၄) ဦးနှောက်ကိုအလုပ်မပေးခြင်း

ဦးနှောက်ကိုလည်း ခန္ဓာကိုယ်နည်းတူ အဆက်မပြတ် လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို အနားပေးတာမျိုး မပြုလုပ်ဘဲ အသစ်သစ်တွေ လေ့လာသင်ယူခြင်းကလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့်မု့ိ မှတ်ဉာဏ်ချို့ယွင်းခြင်းမဖြစ်စေဖို့ ဦးနှောက်ကို အနားပေးတာမျိုး မပြုလုပ်ဘဲ မကြာခဏဆိုသလို Crossword Puzzle ကစားတာမျိုး၊ Memory Game ကစားတာမျိုး၊ အသစ်သစ်တွေ လေ့လာတာမျိုး အစရှိသဖြင့် ပြုလုပ်ပေးသင့်ပါတယ်။

(၅) စိတ်ဖိစီးမှုကိုမလွှတ်ချဘဲအချိန်ကြာကြာဆုပ်ကိုင်ထားခြင်း

စိတ်ဖိစီးမှုကို ရှောင်လွဲဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ ဒါပေမယ့် စိတ်ထားတတ်မှုအပေါ်မူတည်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့ချိန် ကွာသွားပါတယ်။ စိတ်ဖိစီးမှုကို အချိန်အကြာကြီး ဆုပ်ကိုင်ထားမိရင်လည်း ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်ပြီး မှတ်ဉာဏ်ချိုယွင်းမှု စောစီးစွာ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ဖိစီးမှုတွေဖြစ်လာပြီးဆိုရင် အကြာကြီးတွေးပြီး ဘာကြောင့် ဒါက ဒီလို ဖြစ်ရတာလည်း၊ ငါမှ ဘာလို့ ဖြစ်ရတာလဲဆိုပြီး စဉ်းစားနေမယ့်အစား မြန်မြန် လွတ်ချနိုင်အောင် ကြိုးစားသင့်ပါတယ်။ စိတ်ဖိစီးမှုကို မလွှတ်ချတတ်ပဲ အချိန်အကြာကြီး ဆုပ်ကိုင်ထားမိနေပြီးဆိုရင် စိတ်ပညာရှင် တစ်ယောက်ယောက်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။

အခုဖော်ပြထားတဲ့ အမူအကျင့်ဆိုးတွေထဲက တစ်ခုခု ကိုယ်မှာ ရှိနေတယ်ဆိုရင် ပျောက်အောင်တတ်နိုင်သမျှ ဖျောက်ဖို့ တိုက်တွန်းချင်ပါတယ်။မှတ်ဉာဏ်ချိုယွင်းတယ်ဆိုတာ တကယ်ကို ကြောက်ဖို့လည်းကောင်းပြီး ဆိုးရွားတဲ့ရောဂါလည်းဖြစ်သလို ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ချစ်ခင်သူတွေကိုပါ မမှတ်မိတော့တာမျိုး ဖြစ်စေနိုင်လို့ ကြိုတင်ကာကွယ်ဖို့ အကြံပြုချင်ပါတယ်။

H.H(Akhayar)

www.akhayar.com