[Zawgyi]







ကျော်စိုးအောင် (အခရာ)

www.akhayar.com 


[Unicode]

ကမ္ဘာ့ကားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီး (၁၄) ခု

တကယ်တမ်းတော့ ကျွန်တော်တို့တွေ စီးနေတဲ့ မော်တော်ကားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတွေက များများစားစား မရှိပါဘူး။ ကားကုမ္ပဏီတွေကလည်း ဈေးကွက်မှာ အပြိုင်အဆိုင် အသစ်အဆန်းတွေ ထုတ်လုပ်လာကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ကားဈေးကွက်မှာတောင် အဓိကအမှတ်တံဆိပ် (၃ဝ) ကပဲ ကားအစီးရေ (၁၇) သန်းလောက်ကို နှစ်စဉ်ရောင်းချနေတာပါ။

ကမ္ဘာ့ကားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတွေက (၁၄) ခုပဲ ရှိတာပါ။ သူတို့တွေကတော့ Ford (အမေရိကန်) ၊ Groupe PSA (ပြင်သစ်) ၊ Tata Motors (အိန္ဒိယ) ၊ Daimler AG (ဂျာမဏီ) ၊ Volkswagen (ဂျာမဏီ) ၊ Honda (ဂျပန်) ၊ Toyota (ဂျပန်) ၊ GM (အမေရိကန်) ၊ BMW (ဂျာမဏီ) ၊ Nisssan (ဂျပန်) ၊ FCA (အီတလီ – အမေရိကန်) ၊ Geely (တရုတ်) ၊ Renault (ပြင်သစ်) နဲ့ Hyundai (တောင်ကိုရီးယား) တို့ပဲဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကြီး (၁၄) ခုကပဲ အမှတ်တံဆိပ်ပေါင်း (၆ဝ) ကျော်နဲ့ အပိုင်သိမ်းထားတာပါ။ ဥပမာ – Toyota ဆိုရင်လည်း Toyota Lexus ၊ Toyota Corolla စသဖြင့်ပေါ့။

ကမ္ဘာ့ကားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီး (၁၄) ခု

ကမ္ဘာ့ကားဈေးကွက်ကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီး (၁၄) ခု

အခုစာရင်းမှာ ဈေးကွက်မှာ ဝေစုကြီးကြီးမားမားရထားတဲ့ ကားကုမ္ပဏီတွေကိုသာ ဖော်ပြထားတဲ့အတွက် McLaren ၊ Mazda ၊ Subaru နဲ့ Tesla တို့လို ကုမ္ပဏီတွေ ထည့်မထားပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် Toyota ၊ Nissan နဲ့ Honda တို့လို ကုမ္ပဏီကြီးတွေကပဲ လွှမ်းမိုးထားတာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါ