[Zawgyi]

ဒီရာသီမွာ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆုိင္မႈ ပုိျပင္းထန္လာတဲ့ လာလီဂါ

၂၀၁၈-၁၉ ရာသီ လာလီဂါၿပိဳင္ပဲြ စတင္တာ အခုဆုိရင္ ပဲြစဥ္(၇)ၿပီးဆုံးသြားပါၿပီ။ ဒါေပမဲ့ အရင္ႏွစ္ေတြလုိ ျပတ္ျပတ္သားသား ဦးေဆာင္ေနတဲ့ အသင္းမရွိဘဲ အရင္ႏွစ္ေတြထက္စာရင္ ၿပိဳင္ဆုိင္မႈ ပုိျပင္းထန္ေနတယ္။ အခုေလာေလာဆယ္ ဘာစီလုိနာအသင္းက ရီးယဲလ္နဲ႔ (၁၄)မွတ္တူ ဂုိးကြာျခားခ်က္ေၾကာင့္ အမွတ္ေပးဇယားကုိ ဦးေဆာင္ေနေပမယ့္ ေနာက္ဆုံး(၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ဆုံးခဲ့ပါတယ္။ ခံစစ္ပုိင္း အမွားေတြေၾကာင့္ ဘာစီလုိနာအသင္း ဒီရာသီမွာ အမွတ္ေတြ ဆုံး႐ႈံးေနရတာလုိ႔လည္း ေျပာရမယ္။

Denis-Suárez

Denis-Suárez

ပဲြစဥ္(၇)အၿပီး ဘာစီလုိနာအသင္းရဲ႕ ေပးဂုိးက (၈)ဂုိးအထိရွိေနၿပီး မႏွစ္ကဆုိရင္ ရာသီ၀က္အၿပီးအထိ (၇)ဂုိးသာ ေပးခဲ့ရတာကုိ ၾကည့္ရင္ ခံစစ္ပုိင္း အားနည္းခ်က္က ပုိေပၚလြင္ေနပါတယ္။ ခံစစ္ပုိင္းသာမကဘဲ တိုက္စစ္ကလည္း ဂုိးရဖုိ႔ ႐ုန္းကန္ေနရတယ္။ ရီးယဲလ္အသင္းလည္း ဘာစီလုိနာနဲ႔ သိပ္မကြာပါဘူး။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့တဲ့ အက်ိဳးဆက္ကုိ စတင္ခံစားေနရတာျဖစ္ၿပီး လာလီဂါ ေနာက္ဆုံး(၄)ပဲြမွာ (၂)ဂုိးပဲ သြင္းႏုိင္ခဲ့တယ္။

Real-Madrid

Real-Madrid

မက္ဒရစ္ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကုိအသင္းဟာလည္း စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ ရင္ဆုိင္ေနရပါၿပီ။ ဒီရာသီမွာ (၈)ဂုိးသာ သြင္းယူထားၿပီး (၇)ပဲြကစား (၁၂)မွတ္ ရထားတာဟာ နည္းျပဆီျမြန္နီ Simeone လက္ထက္ အဆုိးရြာဆုံး မွတ္တမ္းပါပဲ။ အခုဆုိရင္ ထိပ္ဆုံးက ဘာစီလုိနာနဲ႔ အဆင့္(၇)ေနရာက အက္စ္ပန္ညိဳအသင္းတို႔အၾကား အမွတ္ကြာဟခ်က္က (၃)မွတ္သာရွိလုိ႔ ထိပ္ပုိငး္က အသင္းေတြ အမွားလုပ္တာနဲ႔ သူတို႔ေနရာကုိ ဖယ္ေပးရမယ့္အေနအထား ျဖစ္ေနတယ္။

Atletico-Madrid-players

Atletico-Madrid-players

အရင္ရာသီေတြကဆုိရင္ ရီးယဲလ္၊ ဘာစီလုိနာတို႔ပဲ အမွတ္ေပးဇယားကုိ ျပတ္ျပတ္သားသား ဦးေဆာင္ခဲ့တာေၾကာင့္ ဒီရာသီမွာ အဲဒီအေနအထား အေျပာင္းအလဲျဖစ္မလားဆုိတာ စိတ္၀င္စားစရာပါ။ ရာသီက အခုမွ အစပုိင္းပဲ ရွိေသးေပမယ့္ ဒီလုိၿပိဳင္ဆုိင္မႈ ျပင္းထန္လာတာက လာလီဂါၿပိဳင္ပဲြအတြက္ ထူးျခားမႈ တစ္ခုလုိ႔ ဆုိရမယ္။ လာမယ့္ပဲြေတြမွာ ဘယ္အသင္းေတြ ေျခေခ်ာ္မလဲ၊ အခုေျခစြမ္းျပေနတဲ့ အသင္းေတြေရာ လက္ရွိအေနအထားကုိ ဆက္ထိန္းထားႏုိင္မလားဆုိတာေတာ့ . . .

REF:Marca
Photo:tribuna.Barca Blaugranes,Sportyou,in.reuters,DBasia.news,Boston Herald
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတဲ့ လာလီဂါ

၂၀၁၈-၁၉ ရာသီ လာလီဂါပြိုင်ပွဲ စတင်တာ အခုဆိုရင် ပွဲစဉ်(၇)ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ အရင်နှစ်တွေလို ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ အသင်းမရှိဘဲ အရင်နှစ်တွေထက်စာရင် ပြိုင်ဆိုင်မှု ပိုပြင်းထန်နေတယ်။ အခုလောလောဆယ် ဘာစီလိုနာအသင်းက ရီးယဲလ်နဲ့ (၁၄)မှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ခံစစ်ပိုင်း အမှားတွေကြောင့် ဘာစီလိုနာအသင်း ဒီရာသီမှာ အမှတ်တွေ ဆုံးရှုံးနေရတာလို့လည်း ပြောရမယ်။

Denis-Suárez

Denis-Suárez

ပွဲစဉ်(၇)အပြီး ဘာစီလိုနာအသင်းရဲ့ ပေးဂိုးက (၈)ဂိုးအထိရှိနေပြီး မနှစ်ကဆိုရင် ရာသီဝက်အပြီးအထိ (၇)ဂိုးသာ ပေးခဲ့ရတာကို ကြည့်ရင် ခံစစ်ပိုင်း အားနည်းချက်က ပိုပေါ်လွင်နေပါတယ်။ ခံစစ်ပိုင်းသာမကဘဲ တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရတယ်။ ရီးယဲလ်အသင်းလည်း ဘာစီလိုနာနဲ့ သိပ်မကွာပါဘူး။ စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့ အကျိုးဆက်ကို စတင်ခံစားနေရတာဖြစ်ပြီး လာလီဂါ နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။

Real-Madrid

Real-Madrid

မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းဟာလည်း စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီရာသီမှာ (၈)ဂိုးသာ သွင်းယူထားပြီး (၇)ပွဲကစား (၁၂)မှတ် ရထားတာဟာ နည်းပြဆီမြွန်နီ Simeone လက်ထက် အဆိုးရွာဆုံး မှတ်တမ်းပါပဲ။ အခုဆိုရင် ထိပ်ဆုံးက ဘာစီလိုနာနဲ့ အဆင့်(၇)နေရာက အက်စ်ပန်ညိုအသင်းတို့အကြား အမှတ်ကွာဟချက်က (၃)မှတ်သာရှိလို့ ထိပ်ပိုင်းက အသင်းတွေ အမှားလုပ်တာနဲ့ သူတို့နေရာကို ဖယ်ပေးရမယ့်အနေအထား ဖြစ်နေတယ်။

Atletico-Madrid-players

Atletico-Madrid-players

အရင်ရာသီတွေကဆိုရင် ရီးယဲလ်၊ ဘာစီလိုနာတို့ပဲ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တာကြောင့် ဒီရာသီမှာ အဲဒီအနေအထား အပြောင်းအလဲဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ရာသီက အခုမှ အစပိုင်းပဲ ရှိသေးပေမယ့် ဒီလိုပြိုင်ဆိုင်မှု ပြင်းထန်လာတာက လာလီဂါပြိုင်ပွဲအတွက် ထူးခြားမှု တစ်ခုလို့ ဆိုရမယ်။ လာမယ့်ပွဲတွေမှာ ဘယ်အသင်းတွေ ခြေချော်မလဲ၊ အခုခြေစွမ်းပြနေတဲ့ အသင်းတွေရော လက်ရှိအနေအထားကို ဆက်ထိန်းထားနိုင်မလားဆိုတာတော့ . . .

REF:Marca
Photo:tribuna.Barca Blaugranes,Sportyou,in.reuters,DBasia.news,Boston Herald
Naing Linn(Akhayar)
www.akhayar.com