ဇိမ္ခံပစၥည္းေတြထဲမွာ နာရီေတြ၊ ဝီစကီေတြဟာလည္း ထိပ္ဆံုးေနရာက ပါဝင္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဆြစ္ကုမၸဏီတစ္ခုက ဒီႏွစ္မ်ိဳးလံုးကုိ ေရာလုိက္ၿပီး ပစၥည္းတစ္ခုဖန္တီးခဲ့ပါတယ္။ ဒီလုိေရာလို္က္တယ္ဆုိလုိ႔ နာရီကုိ ဝီစကီနဲ႔ေရာၿပီး စိမ္ေသာက္တာမ်ိဳးမဟုတ္ပါဘူး။ :3 နာရီနဲ႔ ဝီစကီကုိပူးေပါင္းၿပီးေတာ့ ဖန္တီးခဲ့တာပါ။

Swiss နာရီထုတ္လုပ္သူျဖစ္တဲ့ Louis Moinet ဟာ Wealth Solutions ဆုိတဲ့ပုိလန္ကုမၸဏီတစ္ခုနဲ႔ ပူးေပါင္းၿပီး ကမာၻ႔ႏွစ္အခ်ိဳ႕ဆံုး ဝီစကီတစ္စက္ထည့္သြင္းထားတဲ့ အထူး Luxury ပစၥည္းတစ္ခုကို ထုတ္လုပ္ခဲ့ပါတယ္။ ကမာၻ႔သက္တမ္းအရွည္ဆံုး Old Vatted Glenlivet 1862 ဝီစကီကုိ ဖန္ခန္းအေသးေလးတစ္ခုထဲထည့္ၿပီး စုစုေပါင္းအလံုးငါးဆယ္သာထုတ္လုပ္တဲ့ နာရီမွာ ထည့္သြင္းခဲ့တာပါ။

ဒီနာရီရဲ႕ ေရႊသားဗားရွင္းနဲ႔ Whisky Watch ကုိ ေစ်းႏႈန္းေဒၚလာ ၄၅၀၀၀ (က်ပ္သိန္းေပါင္း ၆၂၀နီးပါး) နဲ႔ ထုတ္လုပ္ေရာင္းခ်သြားမွာျဖစ္ၿပီး ဒါဟာဆုိရင္ Louis Moinet နာရီေတြရဲ႕ အလယ္အလတ္ေစ်းႏႈန္းအဆင့္ေလာက္ပဲရွိေသးတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ေရႊမဟုတ္ပဲ စတီးလ္ဗားရွင္းအတြက္ ဆုိရင္ေတာ့ ေဒၚလာ ၁၇၀၀၀ (က်ပ္သိန္း ) က်သင့္မွာပါ။

ဒီအေၾကာင္းကုိ Wealth Solutions  က Instagram စာမ်က္ႏွာမွာ လည္းတင္ထားခဲ့ပါတယ္။


တကယ္လုိ႔ ႏွစ္ခ်ိဳ႕ Old Vatted Glenlivet  1862 ဝီစကီကို ေသာက္ခ်င္တယ္ဆုိရင္ေတာ့ ေဒၚလာ ၇၀၀၀နဲ႔ ဝယ္ယူလုိ႔ရပါတယ္။ ၿပီးရင္နာရီကုမၸဏီတစ္ခုခုကို ကုိယ္တုိင္သြားၿပီး နာရီမွာ အဲ့ဒီအရက္ထည့္ခုိင္းလုိက္ရင္ေတာ့ သင့္အေနနဲ႔ ေဒၚလာ ၂၀၀၀၀ေလာက္ ေခၽြတာႏုိင္တဲ့ ပံုစံတူနာရီရပါၿပီ။ ပုိတဲ့ဟာကုိေတာ့ ခင္ဗ်ားေသာက္လုိက္ေပါ့။ အရမ္းတန္ဖုိးႀကီးတယ္ေနာ့.. 😛

ဒီနာရီကုိဝယ္ယူခ်င္တယ္ဆုိရင္ေတာ့ လာမယ့္ ဧၿပီလ ၈ရက္ေန႔မွာ စတင္ရရွိႏိုင္မွာျဖစ္ေၾကာင္းလည္း သိရပါတယ္။ 🙂

Joker (Akhayar)

Ref: The Verge

======================

 

[Unicode]

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဝီစကီတစ်စက်ပါဝင်တဲ့ ကျပ်သိန်း ၆၂၀ တန်နာရီ

ဇိမ်ခံပစ္စည်းတွေထဲမှာ နာရီတွေ၊ ဝီစကီတွေဟာလည်း ထိပ်ဆုံးနေရာက ပါဝင်ပါတယ်။ ဒီတစ်ခါမှာတော့ ဆွစ်ကုမ္ပဏီတစ်ခုက ဒီနှစ်မျိုးလုံးကို ရောလိုက်ပြီး ပစ္စည်းတစ်ခုဖန်တီးခဲ့ပါတယ်။ ဒီလိုရောလိုက်တယ်ဆိုလို့ နာရီကို ဝီစကီနဲ့ရောပြီး စိမ်သောက်တာမျိုးမဟုတ်ပါဘူး။ :3 နာရီနဲ့ ဝီစကီကိုပူးပေါင်းပြီးတော့ ဖန်တီးခဲ့တာပါ။

Swiss နာရီထုတ်လုပ်သူဖြစ်တဲ့ Louis Moinet ဟာ Wealth Solutions ဆိုတဲ့ပိုလန်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ကမ္ဘာ့နှစ်အချို့ဆုံး ဝီစကီတစ်စက်ထည့်သွင်းထားတဲ့ အထူး Luxury ပစ္စည်းတစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး Old Vatted Glenlivet 1862 ဝီစကီကို ဖန်ခန်းအသေးလေးတစ်ခုထဲထည့်ပြီး စုစုပေါင်းအလုံးငါးဆယ်သာထုတ်လုပ်တဲ့ နာရီမှာ ထည့်သွင်းခဲ့တာပါ။

ဒီနာရီရဲ့ ရွှေသားဗားရှင်းနဲ့ Whisky Watch ကို စျေးနှုန်းဒေါ်လာ ၄၅၀၀၀ (ကျပ်သိန်းပေါင်း ၆၂၀နီးပါး) နဲ့ ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး ဒါဟာဆိုရင် Louis Moinet နာရီတွေရဲ့ အလယ်အလတ်စျေးနှုန်းအဆင့်လောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွှေမဟုတ်ပဲ စတီးလ်ဗားရှင်းအတွက် ဆိုရင်တော့ ဒေါ်လာ ၁၇၀၀၀ (ကျပ်သိန်း ) ကျသင့်မှာပါ။

ဒီအကြောင်းကို Wealth Solutions  က Instagram စာမျက်နှာမှာ လည်းတင်ထားခဲ့ပါတယ်။

တကယ်လို့ နှစ်ချို့ Old Vatted Glenlivet  1862 ဝီစကီကို သောက်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၇၀၀၀နဲ့ ဝယ်ယူလို့ရပါတယ်။ ပြီးရင်နာရီကုမ္ပဏီတစ်ခုခုကို ကိုယ်တိုင်သွားပြီး နာရီမှာ အဲ့ဒီအရက်ထည့်ခိုင်းလိုက်ရင်တော့ သင့်အနေနဲ့ ဒေါ်လာ ၂၀၀၀၀လောက် ချွေတာနိုင်တဲ့ ပုံစံတူနာရီရပါပြီ။ ပိုတဲ့ဟာကိုတော့ ခင်ဗျားသောက်လိုက်ပေါ့။ အရမ်းတန်ဖိုးကြီးတယ်နော့.. ?

ဒီနာရီကိုဝယ်ယူချင်တယ်ဆိုရင်တော့ လာမယ့် ဧပြီလ ၈ရက်နေ့မှာ စတင်ရရှိနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။ ?

Joker (Akhayar)

Ref: The Verge