ဒီနေ့ခေတ်မှာတော့ ကောလိပ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်အနီးနားပတ်ဝန်းကျင်ကိုကြည့်လိုက်တာနဲ့ PUBG ဆော့နေတဲ့လူတစ်စုကိုတွေ့နိုင်ပါတယ်။ PUBG ဟာအခုအချိန်မှာ App Store နဲ့ Google Play Store တွေမှာ Download ပြုလုပ်ဆော့ကစားသူ100 Million ကျော်ရှိနေတဲ့ နာမည်ကြီးဂိမ်းတစ်ခုပဲဖြစ်ပြီး India နိုင်ငံ Mumbai မြို့မှာကျင်းပခဲ့တဲ့ PUBG Mobile Campus Champion မှာအနိုင်ရရှိခဲ့တဲ့ “The Terrifying Nightmares” အဖွဲ့ဟာဆုကြေးငွေ Rs 15,00,000 တိတိရရှိခဲ့ပါတယ်။

Ashish Choudhary လို့အမည်ရတဲ့အသက် 31 နှစ်အရွယ် Jaipur မြို့သား Choudhary ဟာသူ့သူငယ်ချင်းRahul နဲ့ အတူ PUBF Style Cafe တစ်ခုကိုဖွင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ဟာ Player တွေပါ၊ PUBG ကိုနေ့နေ့ ညည အတူတူဆော့ကစားခဲ့ကြပါတယ်။ကျွန်တော်တို့ထဲက တစ်ယောက် ဟာ PUBG ပုံစံ Cafe တစ်ခုကိုဖွင့်လှစ်ဖို့အကြံရခဲ့ပြီးကျွန်တော်တို့ချက်ချင်းပဲအကောင်အထည်ဖော်ခဲ့ပ့တယ်။”

ဒီလိုအချိန်မျိုးတွေမှာခေတ်စားလာတဲ့ Online Game တစ်ခုဟာသိပ်မကြာခင်မှာတင်ပြန်ပျောက်သွားတတ်ပါတယ်။ Pokemon Go ဟာစထွက်တုန်းကအရမ်းနာမည်ကြီးခဲ့ပြီးအခုဆိုရင် ဘာမှန်းတောင်မသိတော့ပါဘူး။ ဒါ့ကြောင့် PUBG ဟာလည်း လပိုင်းအတွင်းမှာတင်အောက်ကို ထိုးကျသွားနိင်ပါတယ်။

Choudharyကတော့ယုံကြည်မှုအပြည့်ရှိနေပါတယ်။
“ကျွန်တော်မသိဘူး။ ကျွန်တော်တို့ အဲ့ဒီ့အကြောင်းကိုမစဉ်းစားထားဘူး။ ဒါပေမယ့် PUBG က ခဏလေးနဲ့တော့နာမည်ကျမသွားဘူးဆိုတာတော့ယုံကြည်တယ်။ အချိန်ကြာလာတာနဲ့အမျှပိုမိုကောင်းမွန်လာမှာပါ” လို့ဆိုပါတယ်။

Choudhary အနေနဲ့ကတော့ တခြားမြို့တွေမှာလည်း ဒီလို Cafe တွေဖွင့်ဖို့ ဖိတ်ကြားမှုတွေကို ရရှိနေပါတယ်။ ဒါ့အပြင် အထူးဟင်းတစ်မျိုးကိုလည်း ဆိုင်ရဲ့ Menu ထဲထည့်လိုက်ပါတယ်။ အဲဒီ့အထူးဟင်းရဲ့အမည်ကတော့ “Chicken Dinner” ဖြစ်ပြီး Game ဆော့လို့နိုင်တဲ့အခါပေါ်လာတဲ့ Winner Winner Chicken Dinner ဆိုတဲ့စကားလုံးကိုယူထားတာပဲဖြစ်ပါတယ်။ ကဲ ဒီလို PUBG Cafe ဆိုင်လေးကို မြန်မာနိုင်ငံမှာရောမမြင်ချင်ကြဘူးလား၊ အပြင်မှာသာအဲ့လိုဆိုင်လေးရှိခဲ့မယ်ဆိုရင် တိုက်ပွဲမှာမနိုင်ရင်တောင် Chicken Dinner ကိုမှာစားလို့ရမှာကျိန်းသေပါတယ်။

Ref; News18
SiD (Akhayar)
www.akhayar.com