[Zawgyi]

ဘဝအေျခအေနေၾကာင့္ ေဟာလီးဝုဒ္နာမည္ႀကီးေတြအရင္က လုပ္ခဲ့ဖူးတဲ့ အလုပ္မ်ား

ကမာၻေက်ာ္ေဟာလီးဝုဒ္ အနုပညာရွင္ေတြ နာမည္မႀကီးခင္ကသူတို႔ဘယ္လိုအလုပ္ေတြလုပ္ခဲ့ရသလဲဆိုတာကို သိခ်င္ၾကမယ္လို႕ထင္ပါတယ္။ သူတို႔ေတြလည္း လူထဲကလူေတြပါပဲ ဒါေၾကာင့္သူတို႔ဘဝတစ္ခု ကိုျဖတ္သန္းၾကဖုိ႔အတြက္ အလုပ္ေတြလည္းအစံုလုပ္ခဲ့ရတဲ့သူေတြရွိပါတယ္။ ပရိသတ္ကခ်စ္တဲ့ အနုပညာရွင္တစ္ေယာက္မျဖစ္ခင္မွာ ၾကမ္းတမ္းတဲ့ ဘဝကိုရင္ဆိုင္ခဲ့ရတာေၾကာင့္ အလုပ္ေတြလုပ္ခဲ့ရတဲ့သူေတြ ရွိသလို သူတို႔ရဲ ႔ကို္ယ္ပိုင္ကြ်မ္းက်င္တဲ့ အတက္ပညာေတြနဲ႔ အသက္ေမြးဝမ္းေက်ာင္းလုပ္ခဲ့ဖူးတဲ့ နာမည္ႀကီးအနုပညာရွင္ေတြကေတာ့ …….

Steve Buscemi

Steve Buscemi ဟာေဟာလီးဝုဒ္အနုပညာရွင္ တစ္ေယာက္မျဖစ္ခင္က မီးသတ္သမားအလုပ္ကိုလုပ္ဖူးတယ္ လို႔သိရပါတယ္။ နယူးေယာက္ၿမိဳ႕မွာ 9/11 ျဖစ္စဥ္ တုန္းက ၿပိဳက်ခဲ့တဲ့ အေဆာက္အဦးေတြေအာက္မွ လူေတြကိုကယ္ဆယ္တဲ့ ေနရာမွာလည္း ပါဝင္ကူညီခဲ့ဖူးပါတယ္။

Christopher Walken

Christopher Walken ကေတာ့အနုပညာရွင္တစ္ေယာက္မျဖစ္ခင္မွာ ျခေသၤ့ေတြကိုထိန္းတဲ့ သူတစ္ေယာက္ျဖစ္ခဲ့ဖူးပါတယ္။ သူအသက္ ၁၆ နွစ္အရြယ္ေလာက္က Sheba ဆိုတဲ့ ျခေသၤ့ႀကီးနဲ႔ ဆပ္ကပ္ ျပခဲ့ဖူးတယ္လို႔သိရပါတယ္။

Harrison Ford

မင္းသားႀကီး Harrison Ford ကေတာ့ လက္သမား အလုပ္ကိုလုပ္ခဲ့ဖူးတာျဖစ္ပါတယ္။

Jonny Deep

Jonny Deep ကေတာ့အနုပညာအလုပ္ေတြ ကိုမလုပ္ခင္က ဖုန္းနဲ႔မားကတ္တင္း လုပ္တဲ့ အလုပ္ကိုလုပ္ဖူးခဲ့တာျဖစ္ပါတယ္ ၿပီးေတာ့လည္းသူအဲ့အလုပ္ကိုမနွစ္သက္ပါဘူး လို႔လည္းသိရပါတယ္။

Pierce Brosnan

Pierce Brosnan ကေတာ့ အနုပညာအလုပ္ေတြမလုပ္ခင္ တကယ္ကိုကြ်မ္းက်င္စြာလုပ္ခဲ့တဲ့ အလုပ္တစ္ခုကေတာ့ မီးနဲ႔စတန္႔လုပ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဆယ္ေက်ာ္သက္အရြယ္ေလာက္မွာ အခုလိုစတန္႔ျပတဲ့ အလုပ္ကိုလုပ္ေနၿပီျဖစ္ပါတယ္။

Jim Carrey

Jim Carrey ဟာငယ္စဥ္က သူ႔မိသားစု အဆင္မေျပတဲ့ အတြက္ေက်ာင္းေတာင္ဆက္မတတ္နို္င္ဘဲ ထြက္လိုက္ၿပီးေတာ့ မိဘကိုတစ္ဖက္တစ္လမ္းကေနေတာင္ျပန္ေထာက္ပံ႔ခဲ့ရတာျဖစ္ပါတယ္။အခုလိုေထာက္ပံ႔နိုင္ရန္ အတြက္ ေက်ာင္း ၊ အလုပ္ရံု စတဲ့ေနရာေတြမွာ သန္႔ရွင္းေရးလုပ္တဲ့ အလုပ္ကိုလုပ္ခဲ့ရသူျဖစ္ပါတယ္။

Brad Pitt

Brad Pitt ကေတာ့ နာမည္ႀကီးအနုပညာရွင္တစ္ေယာက္မျဖစ္ခင္မွာ ေဟာလီးဝုဒ္က စားေသာက္ဆိုင္တစ္ဆိုင္မွာ ၾကက္အရုပ္ဝတ္စံုႀကီးကို ဝတ္ၿပီးေတာ့ လာစားတဲ့ဧည့္သည္ေတြကို ႏႈတ္ဆက္ရတဲ့ သူတစ္ဦးအျဖစ္လုပ္ေဆာင္ခဲ့ဖူးပါတယ္။

Hugh Jackman

Hugh Jackman ကေတာ့ အနုပညာအလုပ္ေတြမလုပ္ခင္အရင္က Gym နည္းျပလုပ္ဖူးတာျဖစ္ပါတယ္။

Gal Gadot

Wonder Woman ဇာတ္ကားနဲ႔ နာမည္ႀကီးခဲ့သူ Gal Gadot ကေတာ့ အစၥေရးစစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။

Chris Pratt

Chris Pratt ကေတာ့ အနုပညာရွင္တစ္ေယာက္အေနနဲ႔ နာမည္မႀကီးခင္က ဟာဝိုင္အီမွာေနထိုင္ရင္း နဲ႔ သူ႔ဘဝရပ္တည္ဖို႔အတြက္ ကလပ္မွာ ကျပတဲ့သူတစ္ေယာက္အေနနဲ႔ ျဖတ္သန္းခဲ့ရဖူးတယ္လို႔သိရပါတယ္။

George Clooney

George Clooney ကေတာ့ အလုပ္ေတြေတာ္ေတာ္မ်ားမ်ားကို လုပ္ေဆာင္ဖူးတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အမ်ိဳးသမီးဝတ္ဖိနပ္ေတြကိုေရာင္းခဲ့ဖူးသလို အိမ္အေရာက္ဝင္ေဆာင္မႈေပးတဲ့ အာမခံလုပ္ငန္းေတြ အျပင္ ေဆာက္လုပ္ေရးအလုပ္သမား ၊ ေဆးရြက္ႀကီးညွပ္တဲ့ သူတစ္ေယာက္အျဖစ္လည္း လုပ္ခဲ့ဖူးတာျဖစ္ပါတယ္။

Photo Credit:boredpanda.com

ၾကည္သာ (Akhayar)

[Unicode]

ဘဝအခြေအနေကြောင့် ဟောလီးဝုဒ်နာမည်ကြီးတွေအရင်က လုပ်ခဲ့ဖူးတဲ့ အလုပ်များ

ကမ္ဘာကျော်ဟောလီးဝုဒ် အနုပညာရှင်တွေ နာမည်မကြီးခင်ကသူတို့ဘယ်လိုအလုပ်တွေလုပ်ခဲ့ရသလဲဆိုတာကို သိချင်ကြမယ်လို့ထင်ပါတယ်။ သူတို့တွေလည်း လူထဲကလူတွေပါပဲ ဒါကြောင့်သူတို့ဘဝတစ်ခု ကိုဖြတ်သန်းကြဖို့အတွက် အလုပ်တွေလည်းအစုံလုပ်ခဲ့ရတဲ့သူတွေရှိပါတယ်။ ပရိသတ်ကချစ်တဲ့ အနုပညာရှင်တစ်ယောက်မဖြစ်ခင်မှာ ကြမ်းတမ်းတဲ့ ဘဝကိုရင်ဆိုင်ခဲ့ရတာကြောင့် အလုပ်တွေလုပ်ခဲ့ရတဲ့သူတွေ ရှိသလို သူတို့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်တဲ့ အတက်ပညာတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ဖူးတဲ့ နာမည်ကြီးအနုပညာရှင်တွေကတော့ …….

Steve Buscemi

Steve Buscemi ဟာဟောလီးဝုဒ်အနုပညာရှင် တစ်ယောက်မဖြစ်ခင်က မီးသတ်သမားအလုပ်ကိုလုပ်ဖူးတယ် လို့သိရပါတယ်။ နယူးယောက်မြို့မှာ 9/11 ဖြစ်စဉ် တုန်းက ပြိုကျခဲ့တဲ့ အဆောက်အဦးတွေအောက်မှ လူတွေကိုကယ်ဆယ်တဲ့ နေရာမှာလည်း ပါဝင်ကူညီခဲ့ဖူးပါတယ်။

Christopher Walken

Christopher Walken ကတော့အနုပညာရှင်တစ်ယောက်မဖြစ်ခင်မှာ ခြင်္သေ့တွေကိုထိန်းတဲ့ သူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သူအသက် ၁၆ နှစ်အရွယ်လောက်က Sheba ဆိုတဲ့ ခြင်္သေ့ကြီးနဲ့ ဆပ်ကပ် ပြခဲ့ဖူးတယ်လို့သိရပါတယ်။

Harrison Ford

မင်းသားကြီး Harrison Ford ကတော့ လက်သမား အလုပ်ကိုလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

Jonny Deep

Jonny Deep ကတော့အနုပညာအလုပ်တွေ ကိုမလုပ်ခင်က ဖုန်းနဲ့မားကတ်တင်း လုပ်တဲ့ အလုပ်ကိုလုပ်ဖူးခဲ့တာဖြစ်ပါတယ် ပြီးတော့လည်းသူအဲ့အလုပ်ကိုမနှစ်သက်ပါဘူး လို့လည်းသိရပါတယ်။

Pierce Brosnan

Pierce Brosnan ကတော့ အနုပညာအလုပ်တွေမလုပ်ခင် တကယ်ကိုကျွမ်းကျင်စွာလုပ်ခဲ့တဲ့ အလုပ်တစ်ခုကတော့ မီးနဲ့စတန့်လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဆယ်ကျော်သက်အရွယ်လောက်မှာ အခုလိုစတန့်ပြတဲ့ အလုပ်ကိုလုပ်နေပြီဖြစ်ပါတယ်။

Jim Carrey

Jim Carrey ဟာငယ်စဉ်က သူ့မိသားစု အဆင်မပြေတဲ့ အတွက်ကျောင်းတောင်ဆက်မတတ်နိုင်ဘဲ ထွက်လိုက်ပြီးတော့ မိဘကိုတစ်ဖက်တစ်လမ်းကနေတောင်ပြန်ထောက်ပံ့ခဲ့ရတာဖြစ်ပါတယ်။အခုလိုထောက်ပံ့နိုင်ရန် အတွက် ကျောင်း ၊ အလုပ်ရုံ စတဲ့နေရာတွေမှာ သန့်ရှင်းရေးလုပ်တဲ့ အလုပ်ကိုလုပ်ခဲ့ရသူဖြစ်ပါတယ်။

Brad Pitt

Brad Pitt ကတော့ နာမည်ကြီးအနုပညာရှင်တစ်ယောက်မဖြစ်ခင်မှာ ဟောလီးဝုဒ်က စားသောက်ဆိုင်တစ်ဆိုင်မှာ ကြက်အရုပ်ဝတ်စုံကြီးကို ဝတ်ပြီးတော့ လာစားတဲ့ဧည့်သည်တွေကို နှုတ်ဆက်ရတဲ့ သူတစ်ဦးအဖြစ်လုပ်ဆောင်ခဲ့ဖူးပါတယ်။

Hugh Jackman

Hugh Jackman ကတော့ အနုပညာအလုပ်တွေမလုပ်ခင်အရင်က Gym နည်းပြလုပ်ဖူးတာဖြစ်ပါတယ်။

Gal Gadot

Wonder Woman ဇာတ်ကားနဲ့ နာမည်ကြီးခဲ့သူ Gal Gadot ကတော့ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

Chris Pratt

Chris Pratt ကတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ နာမည်မကြီးခင်က ဟာဝိုင်အီမှာနေထိုင်ရင်း နဲ့ သူ့ဘဝရပ်တည်ဖို့အတွက် ကလပ်မှာ ကပြတဲ့သူတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရဖူးတယ်လို့သိရပါတယ်။

George Clooney

George Clooney ကတော့ အလုပ်တွေတော်တော်များများကို လုပ်ဆောင်ဖူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အမျိုးသမီးဝတ်ဖိနပ်တွေကိုရောင်းခဲ့ဖူးသလို အိမ်အရောက်ဝင်ဆောင်မှုပေးတဲ့ အာမခံလုပ်ငန်းတွေ အပြင် ဆောက်လုပ်ရေးအလုပ်သမား ၊ ဆေးရွက်ကြီးညှပ်တဲ့ သူတစ်ယောက်အဖြစ်လည်း လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

Photo Credit:boredpanda.com

ကြည်သာ (Akhayar)

www.akhayar.com