[Zawgyi]

ကမာၻေက်ာ္ နာမည္ၾကီး Fashion Jeans Brand မ်ား

လူေတြအားလံုးက ရာသီဥတုမေရြး ေန႔စဥ္သြားလာလႈပ္ရွားဖို႔ အတြက္ Jean ေဘာင္းဘီ၊ Jean စကတ္တို႔ကို ၀တ္ဆင္ၾကပါတယ္။ အၾကမ္းလည္းခံသလို စတိုင္လည္းမိတယ္။ အခုအခ်ိန္အထိ ဘယ္သူမွ ၀တ္လုိ႔ရိုးသြားတယ္ဆိုတာ မရွိခဲ့ပါဘူး။ Jeans တစ္ထည္နဲ႔ စတိုင္အမ်ိဳးမ်ိဳးထုတ္လို႔ရပါတယ္။ ေနရာလည္း မေရြးေတာ့ လူေတြအားလံုးက ပိုလို႔ သေဘာက်ၾကပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဘယ္ေလာက္ေတာင္ သေဘာက်က်လည္းဆိုရင္ ကေလးေလးေတြကအစ ဘိုးဘိုးဘြားဘြားအထိ Jeans ကို ၀တ္ဆင္ရတာသေဘာက်ၾကပါတယ္။ တခ်ိဳ႕လူေတြဆုိရင္ သေဘာက်ၾကလြန္းလို႔ Brand ကိုပဲ ေရြး၀တ္တဲ့သူေတြလည္းရွိၾကပါတယ္။ တခ်ိဳ႕က်ေတာ့လည္း Quality ေကာင္းမွ ၀တ္ၾကတဲ့သူေတြရွိပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Jeans ေတြကို ေရာင္းခ်တဲ့အခါမွာ Quality အမ်ိဳးမ်ိဳးနဲ႔ ေစ်းႏႈန္အမ်ိဳးအမ်ိဳးနဲ႔ ေရာင္းခ်ၾကပါတယ္။ Brand နာမည္ ေက်ာ္ၾကားရင္ ေက်ာ္ၾကားသလို၊ Jean အသား စစ္ရင္စစ္သလို ေစ်းႏႈန္းက ျမင့္သြားၾကပါတယ္။ ေစ်းႏႈန္းအၾကီးဆံုးနဲ႔ ေစ်းကြက္မွာ ဘယ္သူလာယွဥ္ယွဥ္ ေနရာေပ်ာက္မသြားတဲ့ Brand ေတြကို အားလံုး ဗဟုသုတရေအာင္ မွ်ေ၀ေပးသြားမွာ ျဖစ္ပါတယ္။

Gucci

gucci jeans

Source : pinterest.com

Gucci ဟာ Fashion ေလာကမွာ ဘုရင္တစ္ပါးပါ။ သူ႕ဆီက ထြက္သမွ် Collection ေတြအားလံုးက လက္လွမ္းမမီနိုင္ေအာင္ေစ်းၾကီးေနလည္း အားေပးေနၾကဆဲျဖစ္ပါတယ္။ အထူးသျဖင့္ Gucci ထုတ္ထားတဲ့ Jeans ေတြက ဘယ္ေတာ့မွ အားေပးမႈရပ္မသြားခဲ့ပါဘူး။ ေစ်းႏႈန္းေတြအရဆိုရင္ေတာ့ အနိမ့္ဆံုးေစ်းႏႈန္းမွာ ေဒၚလာ ေျခာက္ရာကေန အျမင့္ဆံုးေစ်းႏႈန္း ေဒၚလာ သံုးေထာင့္ တစ္ရာအထိ တန္ဖိုးရွိပါတယ္။ Gucci ဟာ ထုတ္လုပ္ေရာင္းခ်တဲ့ ေဘာင္းဘီေတြရဲ ႔ ခ်ဳပ္ရိုးေတြကို အရမ္းသတိထားၾကပါတယ္။

Guess

guess jeans

Source : pinterest.com

Guess ဆိုတာ အမ်ားနဲ႔ မတူ၊ အျမဲတမ္းတစ္မူထူးျခားျပီး ေစ်းကြက္ထဲကို ဒီဇိုင္းသစ္ Quality အသစ္ေတြနဲ႔ ျဖန္႔ခ်ိေနတဲ့ Fashion Brand တစ္ခုပဲျဖစ္ပါတယ္။ ထုတ္လုပ္တဲ့ ပစၥည္းတိုင္းမွာ Theme တစ္ခုစီအျမဲတမ္းပါေလ့ရွိပါတယ္။ Guess က ထုတ္လုပ္တဲ့ Jeans ေတြက ၀တ္လိုက္တဲ့လူတိုင္းကို အျခား Brand ေတြထက္ပိုျပီး Cutting ပိုလွတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္အလွကို ေၾကာ႔ရွင္းျပီး ျမင္သာေစတယ္လို႔ ေျပာၾကပါတယ္။

Dolce & Gabbana

dolce and gabbana jeans

Source : pinterest.com

D & G ဟာ Italy Luxury Fashion Brand ျဖစ္ပါတယ္။ အ၀တ္အစားတစ္ခုထက္ပိုျပီး လူတစ္ေယာက္ကို စမတ္က်ေစျပီး High Class ေရာက္ေစေအာင္ ဖန္တီးေပးႏိုင္တယ္။ Italy မွာအေျခခံျပီး ျဖစ္တည္လာတဲ့ Fashion Brand တစ္ခုျဖစ္တဲ့အတြက္ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းေတြကေတာ့ ေဒၚလာ ၁၂၀၀ အထိ ရွိပါတယ္။

Roberto Cavalli Jeans

roberto-cavalli-jeans

Source : pinterest.com

အခုေျပာျပမယ့္ Jeans ကေတာ့ Brand ကေနထုတ္လုပ္ျပီး ေရာင္းခ်တာမဟုတ္ပါဘူး။ Roberto Cavalli Fashion Designer ကိုယ္တိုင္စိတ္တိုင္းက် ဒီဇိုင္းထုတ္လုပ္ထားတဲ့ Jeans ျဖစ္ပါတယ္။ အျခား Jeans ေတြနဲ႔ Pattern အနည္းငယ္ကြဲျပားျပီး ဒီဇိုင္းနဲ႔ အသံုးျပဳတဲ့အေရာင္ေတြက စတိုင္အရမ္းမိေစပါတယ္။ Customize Jeans ျဖစ္တဲ့အတြက္ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းေတြက ေဒၚလာ ၁၂၀၀ နီးနီး ရွိပါတယ္။ ၀ယ္ယူသူေတြအမ်ားစုကလည္း Sarah Jessica Parker လို ကမာၻေက်ာ္အႏုပညာရွင္ေတြမ်ားပါတယ္။

APO Jeans

apo jeans

Source : pinterest.com

APO Jeans ဟာဆိုရင္ High End Quality Jeans Brand ျဖစ္ပါတယ္။ Jean တစ္ထည္မွာ အသံုးျပဳတဲ့ ပိတ္စေတြဟာဆိုရင္ Pocket အေသးေလးကို Silk နဲ႔ အသံုးျပဳျပီး ခ်ဳပ္လုပ္ထားပါတယ္။ ဒါ့အျပင္ အသံုးျပဳတဲ့ Accessories ေတြကအစ တကယ့္ေက်ာက္အစစ္ေတြ၊ စိန္ေတြကို အသံုးျပဳထားတာျဖစ္ပါတယ္။ ဒီလိုမ်ိဳး အေကာင္းဆံုးဆိုတဲ့ အရာေတြနဲ႔ စိတ္တိုင္းက် ပံုေဖာ္ခ်ဳပ္လုပ္ထားတာျဖစ္တဲ့အတြက္ Jeans တစ္ထည္ရဲ႕ ေစ်းႏႈန္းက ေဒၚလာ ၄၀၀၀ တန္ဖိုးရွိပါတယ္တဲ့ေနာ္။

Seven Jeans

Seven Jeans ဆုိတာကေတာ့ 7 for all man kind Brand ကို အမည္တစ္မ်ိဳးနဲ႔ ေခၚဆိုၾကတာျဖစ္ပါတယ္။ သူကေတာ့ Denim Brand တစ္ခုပါ။ ဒါ့အျပင္ ႏိုင္ငံေပါင္း ၈၀မွာျဖန္႔ျဖဴးေရာင္းခ်ေနတဲ့ Clothing Brand တစ္ခုလည္းျဖစ္ပါတယ္။ အခုလိုမ်ိဳးျဖန္႔ခ်ိေရာင္းခ်ေနတဲ့အျပင္ Macy နဲ႔ Neiman Marcus လိုမ်ိဳး Fashion Store အၾကီးၾကီးေတြမွာ ေရာင္းအားအေကာင္းဆံုး Brand တစ္ခုျဖစ္ခဲ့ပါတယ္။

ေတာင္းမွာအကြပ္လူမွာအဝတ္ဆိုသလို Quality ေကာင္းတဲ့ အဝတ္အစားတစ္ခုက လူတစ္ေယာက္ကို အမ်ားႀကီးအေထာက္အပံ့ေပးပါတယ္။ ကိုယ္က်င္လည္ေနရတဲ့ပတ္ဝန္းက်င္ရဲ႕ေလးစားျခင္းကိုအလိုအေလ်ာက္ရေစပါတယ္။ ဘယ္လိုပဲ ေစ်းႏႈန္းမ်ားတယ္ပဲဆိုဆို ကိုယ့္တစ္သက္တာေလာက္ တာရွည္ခံတဲ့ အဝတ္အစားမ်ိဳးဆို ဝယ္ယူဝတ္ဆင္သင့္ပါတယ္ေနာ္။

Redrose (Akhayar)

www.akhayar.com

Photo credit: pinterest

Article Reference: http://www.worldstopmost.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာကျော် နာမည်ကြီး Fashion Jeans Brand များ

လူတွေအားလုံးက ရာသီဥတုမရွေး နေ့စဉ်သွားလာလှုပ်ရှားဖို့ အတွက် Jean ဘောင်းဘီ၊ Jean စကတ်တို့ကို ဝတ်ဆင်ကြပါတယ်။ အကြမ်းလည်းခံသလို စတိုင်လည်းမိတယ်။ အခုအချိန်အထိ ဘယ်သူမှ ဝတ်လို့ရိုးသွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ Jeans တစ်ထည်နဲ့ စတိုင်အမျိုးမျိုးထုတ်လို့ရပါတယ်။ နေရာလည်း မရွေးတော့ လူတွေအားလုံးက ပိုလို့ သဘောကျကြပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဘယ်လောက်တောင် သဘောကျကျလည်းဆိုရင် ကလေးလေးတွေကအစ ဘိုးဘိုးဘွားဘွားအထိ Jeans ကို ဝတ်ဆင်ရတာသဘောကျကြပါတယ်။ တချို့လူတွေဆိုရင် သဘောကျကြလွန်းလို့ Brand ကိုပဲ ရွေးဝတ်တဲ့သူတွေလည်းရှိကြပါတယ်။ တချို့ကျတော့လည်း Quality ကောင်းမှ ဝတ်ကြတဲ့သူတွေရှိပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Jeans တွေကို ရောင်းချတဲ့အခါမှာ Quality အမျိုးမျိုးနဲ့ ဈေးနှုန်အမျိုးအမျိုးနဲ့ ရောင်းချကြပါတယ်။ Brand နာမည် ကျော်ကြားရင် ကျော်ကြားသလို၊ Jean အသား စစ်ရင်စစ်သလို ဈေးနှုန်းက မြင့်သွားကြပါတယ်။ ဈေးနှုန်းအကြီးဆုံးနဲ့ ဈေးကွက်မှာ ဘယ်သူလာယှဉ်ယှဉ် နေရာပျောက်မသွားတဲ့ Brand တွေကို အားလုံး ဗဟုသုတရအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

Gucci

gucci jeans

Source : pinterest.com

Gucci ဟာ Fashion လောကမှာ ဘုရင်တစ်ပါးပါ။ သူ့ဆီက ထွက်သမျှ Collection တွေအားလုံးက လက်လှမ်းမမီနိုင်အောင်ဈေးကြီးနေလည်း အားပေးနေကြဆဲဖြစ်ပါတယ်။ အထူးသဖြင့် Gucci ထုတ်ထားတဲ့ Jeans တွေက ဘယ်တော့မှ အားပေးမှုရပ်မသွားခဲ့ပါဘူး။ ဈေးနှုန်းတွေအရဆိုရင်တော့ အနိမ့်ဆုံးဈေးနှုန်းမှာ ဒေါ်လာ ခြောက်ရာကနေ အမြင့်ဆုံးဈေးနှုန်း ဒေါ်လာ သုံးထောင့် တစ်ရာအထိ တန်ဖိုးရှိပါတယ်။ Gucci ဟာ ထုတ်လုပ်ရောင်းချတဲ့ ဘောင်းဘီတွေရဲ့ ချုပ်ရိုးတွေကို အရမ်းသတိထားကြပါတယ်။

Guess

guess jeans

Source : pinterest.com

Guess ဆိုတာ အများနဲ့ မတူ၊ အမြဲတမ်းတစ်မူထူးခြားပြီး ဈေးကွက်ထဲကို ဒီဇိုင်းသစ် Quality အသစ်တွေနဲ့ ဖြန့်ချိနေတဲ့ Fashion Brand တစ်ခုပဲဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတိုင်းမှာ Theme တစ်ခုစီအမြဲတမ်းပါလေ့ရှိပါတယ်။ Guess က ထုတ်လုပ်တဲ့ Jeans တွေက ဝတ်လိုက်တဲ့လူတိုင်းကို အခြား Brand တွေထက်ပိုပြီး Cutting ပိုလှတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလှကို ကြော့ရှင်းပြီး မြင်သာစေတယ်လို့ ပြောကြပါတယ်။

Dolce & Gabbana

dolce and gabbana jeans

Source : pinterest.com

D & G ဟာ Italy Luxury Fashion Brand ဖြစ်ပါတယ်။ အဝတ်အစားတစ်ခုထက်ပိုပြီး လူတစ်ယောက်ကို စမတ်ကျစေပြီး High Class ရောက်စေအောင် ဖန်တီးပေးနိုင်တယ်။ Italy မှာအခြေခံပြီး ဖြစ်တည်လာတဲ့ Fashion Brand တစ်ခုဖြစ်တဲ့အတွက် ရောင်းချနေတဲ့ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၂၀၀ အထိ ရှိပါတယ်။

Roberto Cavalli Jeans

roberto-cavalli-jeans

Source : pinterest.com

အခုပြောပြမယ့် Jeans ကတော့ Brand ကနေထုတ်လုပ်ပြီး ရောင်းချတာမဟုတ်ပါဘူး။ Roberto Cavalli Fashion Designer ကိုယ်တိုင်စိတ်တိုင်းကျ ဒီဇိုင်းထုတ်လုပ်ထားတဲ့ Jeans ဖြစ်ပါတယ်။ အခြား Jeans တွေနဲ့ Pattern အနည်းငယ်ကွဲပြားပြီး ဒီဇိုင်းနဲ့ အသုံးပြုတဲ့အရောင်တွေက စတိုင်အရမ်းမိစေပါတယ်။ Customize Jeans ဖြစ်တဲ့အတွက် ရောင်းချနေတဲ့ ဈေးနှုန်းတွေက ဒေါ်လာ ၁၂၀၀ နီးနီး ရှိပါတယ်။ ဝယ်ယူသူတွေအများစုကလည်း Sarah Jessica Parker လို ကမ္ဘာကျော်အနုပညာရှင်တွေများပါတယ်။

APO Jeans

apo jeans

Source : pinterest.com

APO Jeans ဟာဆိုရင် High End Quality Jeans Brand ဖြစ်ပါတယ်။ Jean တစ်ထည်မှာ အသုံးပြုတဲ့ ပိတ်စတွေဟာဆိုရင် Pocket အသေးလေးကို Silk နဲ့ အသုံးပြုပြီး ချုပ်လုပ်ထားပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ Accessories တွေကအစ တကယ့်ကျောက်အစစ်တွေ၊ စိန်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလိုမျိုး အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့ စိတ်တိုင်းကျ ပုံဖော်ချုပ်လုပ်ထားတာဖြစ်တဲ့အတွက် Jeans တစ်ထည်ရဲ့ ဈေးနှုန်းက ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိပါတယ်တဲ့နော်။

Seven Jeans

Seven Jeans ဆိုတာကတော့ 7 for all man kind Brand ကို အမည်တစ်မျိုးနဲ့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ သူကတော့ Denim Brand တစ်ခုပါ။ ဒါ့အပြင် နိုင်ငံပေါင်း ၈၀မှာဖြန့်ဖြူးရောင်းချနေတဲ့ Clothing Brand တစ်ခုလည်းဖြစ်ပါတယ်။ အခုလိုမျိုးဖြန့်ချိရောင်းချနေတဲ့အပြင် Macy နဲ့ Neiman Marcus လိုမျိုး Fashion Store အကြီးကြီးတွေမှာ ရောင်းအားအကောင်းဆုံး Brand တစ်ခုဖြစ်ခဲ့ပါတယ်။

တောင်းမှာအကွပ်လူမှာအဝတ်ဆိုသလို Quality ကောင်းတဲ့ အဝတ်အစားတစ်ခုက လူတစ်ယောက်ကို အများကြီးအထောက်အပံ့ပေးပါတယ်။ ကိုယ်ကျင်လည်နေရတဲ့ပတ်ဝန်းကျင်ရဲ့လေးစားခြင်းကိုအလိုအလျောက်ရစေပါတယ်။ ဘယ်လိုပဲ ဈေးနှုန်းများတယ်ပဲဆိုဆို ကိုယ့်တစ်သက်တာလောက် တာရှည်ခံတဲ့ အဝတ်အစားမျိုးဆို ဝယ်ယူဝတ်ဆင်သင့်ပါတယ်နော်။

Redrose (Akhayar)

www.akhayar.com

Photo credit: pinterest

Article Reference: http://www.worldstopmost.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။