[Zawgyi]
Estée Lauder
Nivea
Lancôme
Transcend Myanmar
Transcend Myanmar
Neutrogena
Redrose (Akhayar)
www.akhayar.com
[Zawgyi]
ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ထောက်ခံချက်နဲ့ အားပေးမှုကို ရရှိထားတဲ့ Skincare Brand များ
မိန်းကလေးတွေအတွက် မျက်နှာအသားအရေကြည်ပြီး လှနေဖို့က အားလုံးရဲ့ ဆုတောင်းပဲဖြစ်ပါတယ်။ ဘယ်အချိန်မေးမေး မပြောင်းလဲတဲ့ ဆုတောင်းတစ်ခုပါ။ ကလေးတစ်ယောက်ရဲ့ မျက်နှာ်လို နုဖတ်ပြီး အိနေချင်တယ်။ ပါးနှစ်ဖက်ကိုလည်း ပန်းရောင်လေးသန်းနေချင်တယ်။ အသက်မကြီးခင် အိုမင်းရင့်ရောြ်ခင်းတွေမဖြစ်ခင်မှာ အရေးအကြောင်းတွေကို ရပ်တန့်နိုင်သလောက် ရပ်တန့်ချင်ကြတယ်။ အခုလို ဆန္ဒပေါင်းများစွာကို မပြည့်ပြည့်အောင် ဆုတောင်းနေရုံနဲ့ မဖြစ်တဲ့အတွက် ကိုယ်နဲ့ တည့်မယ်ထင်တဲ့ Skincare တွေကို တစ်ပတ်ခြားတစ်ခါပြောင်းသုံး၊ စမ်းသုံးကြည့်လာကြပါတယ်။
Product Description ကို အရင်မလေ့လာဘဲ ကောင်းတယ်လို့ ညွှန်းတိုင်း ဘုမသိ ဘမသိနဲ့ ပြေးဝယ်ကြတဲ့မိန်းကလေးတွေ တစ်ပုံကြီး ရှိပါတယ်။ အရင်မလေ့လာဘဲ သုံးမိတဲ့အခါမှာ မျက်နှာက ကိုယ်မျှော်လင့်သလိုဖြစ်မလာဘဲ အမှားမှား အယွင်းယွင်းတွေနဲ့ စိတ်ညစ်ရတဲ့သူတွေလည်းရှိပါတယ်။ ဒီတော့အားလုံးစိတ်ချယုံကြည်စွာသုံးနိုင်ဖို့ Scientist တွေ စမ်းသပ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးက ထောက်ခံချက်ကို ရရှိထားတဲ့ အကောင်းတကာ့ အကောင်းဆုံး Top 10 Skincare Brand တွေကို ပြောပြပေးမှာဖြစ်ပါတယ်။
Estée Lauder
Estée Lauder (Source : https://www.heinemann-dutyfree.com)
Estée Lauder (Source : https://www.heinemann-dutyfree.com)
Estée Lauder ဟာ ရန်ကုန်မှာရှိတဲ့ မိန်းကလေးတိုင်းပါးစပ်ဖျားမှာတင် မဟုတ်ဘဲ American ၊ UK ၊ Spain ၊ Russia ၊ Taiwan နဲ့ United Arab Emirates အစရှိတဲ့ အထွတ်အထိပ်နိုင်ငံသားတွေရဲ့ ပါးစပ်ဖျားမှာပါ နာမည်ကျော်ကြားနေတာကို တွေ့ရှိရပါတယ်။ အခုလိုကျော်ကြားနေတဲ့အကြောင်းအရင်းက Estée Lauder ဟာ အလှကုန်ပစ္စည်းသက်သက်တင်မဟုတ်ပဲ ကိုယ့်ရဲ့ မျက်နှာလေးကို ၁၀နှစ်တာလောက် နုပျိုစေမယ့်အာမခံချက်ရှိနေလို့ ဖြစ်ပါတယ်။ Estée Lauder ရဲ့ Estée Lauder Advanced Night Repair Synchronized Recovery Complex II ဟာဆိုရင် ရောင်းရအကောင်းဆုံး Product တစ်ခုဖြစ်ခဲ့ပါတယ်။ မျက်နှာပေါ်မှာဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို ကုသပေးတယ်။ အသားအရေကို ကြည်ကြည်လေးနဲ့ ဝင်းလာစေတာကြောင့် ရောင်းအားအရမ်းတက်လာတာဖြစ်ပါတယ်။
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
Nivea
Nivea Q10 Plus (Source : https://www.beautyheaven.com.au)
Nivea Q10 Plus (Source : https://www.beautyheaven.com.au)
ဂျာမနီနိုင်ငံထုတ် Skincare Brand တစ်ခု ဖြစ်တဲ့ Nivea ကလည်း ထိုနည်းလည်းကောင်း Turkey ၊ Germany ၊ The Netherlands ၊ Argentina ၊ Belgium နဲ့ Thailand တို့မှာ နာမည်ရရှိထားတာဖြစ်ပါတယ်။ Nivea မှာ ထုတ်သမျှ Collection ထဲမှာမှ Q10 Plus Anti-Wrinkle ဟာ အားလုံးကြိုက်နှစ်သက်ကြတဲ့ Product လေးပဲဖြစ်ပါတယ်။ သူကလည်းပဲ မျက်နှာပေါ်မှာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတယ်။ ဒါ့အပြင် ကိုယ်ရဲ့ မျက်နှာကိုလည်း နုပျိုသွားအောင်လုပ်ပေးနိုင်ပါတယ်။
Lancôme
Lancome Eye Remover (Source : Amazon.com)
Lancome Eye Remover (Source : Amazon.com)
ပျိုမေတွေအားလုံးလိုလို သဘောကျတဲ့ Skincare Brand တစ်ခုပဲဖြစ်ပါတယ်။ Lancôme ဟာ အားလုံးသိကြတဲ့အတိုင်းပဲ French Skincare Brand ပဲဖြစ်ပါတယ်။ ထုတ်သမျှ Skincare နဲ့ Makeup Products တွေထဲမှာ အားပေးမှုလျော့ကျသွားခဲ့တယ်ဆိုတဲ့အဖြစ်မျိုးမရှိလောက်အောင်ကို French မှာအောင်မြင်နေတဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Sweden နိုင်ငံမှာပါ နံပါတ်တစ် Skincare Brand အနေနဲ့ ရပ်တည်နေပါသေးတယ်။ Bi-Facil Double-Action Eye Makeup Remover ဟာ အကောင်းတကာ့အကောင်းဆုံး Eye Makeup Remover အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ Waterproof မိတ်ကပ်တွေအားလုံးကို ညင်ညင်သာသာလေးဖျက်ပေးရုံနဲ့တင် တစ်ကြိမ်တည်းမှာ အားလုံး ပျက်အောင် ဖျက်ပစ်နိုင်ပါတယ်။
Transcend Myanmar
Transcend Myanmar
Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်
Neutrogena
Neutrogena (Source : iherb.com)
Neutrogena (Source : iherb.com)
Sensitive Skin သမားတွေအတွက် အကောင်းဆုံး Skincare Brand တစ်ခုလို့ဆိုရပါမယ်။ ဓာတုပစ္စည်းတွေအများကြီး မပါပါဘူး။ ကိုယ့်မျက်နှာမှာလိုအပ်တဲ့ Vitamin တွေနဲ့ အခြားသော Ingredients တွေကိုသာအသုံးပြုထားတဲ့အတွက် Skin Problem တွေရှိတဲ့သူတွေအတွက် နတ်ဆေးဆရာတစ်ယောက်ပါပဲနော်။ Neutrogena ရဲ့ Ultra Sheer Dry Touch Sunscreen ဟာ Mexico နဲ့ Nigeria ရဲ့ လူကြိုက်အများဆုံး Sunscreenအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အခုလိုပဲ တစ်ကမ္ဘာလုံးရဲ့ ကြိုက်နှစ်သက်ခြင်းလည်းခံရပြီး ထောက်ခံချက်တွေအများဆုံးရရှိထားတဲ့ Skincare Brand တွေလည်းကျန်ရှိနေပါသေးတယ်နော်။ အဲဒါတွေကတော့ La Roche-Posay ၊ Clarins ၊ Clinique ၊ Foreo နဲ့ Aesop Skincare Brand တို့ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ဘယ် Skincare Brands တွေကို စိတ်ချလက်ချသုံးလို့ရနိုင်လဲဆိုတာ သိလောက်မယ်ထင်ပါတယ်နော်။
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။