[Zawgyi]

ကမၻာ့အခ်မ္းသာဆုံး ေဘာလုံးသမားက ဘယ္သူလဲ

ကမၻာ့အခ်မ္းသာဆုံးေဘာလုံးသမားလုိ႔ ေမးလာရင္ ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုကုိ တစ္လွည့္စီရေနတဲ့ ခရစၥတီယာႏုိ ရုိနယ္ဒုိ (Cristiano Ronaldo) နဲ႔ မက္ဆီ (Messi) လား။ သူတုိ႔ႏွစ္ေယာက္ မဟုတ္ရင္လည္း ကုိလူေခ်ာႀကီး ေဒးဗစ္ ဘက္ခမ္း (David Beckham) မ်ားလား။ ကမၻာေက်ာ္ပုဂၢိဳလ္ေတြရဲ႕ အသားတင္ၾကြယ္ဝမႈကုိ တြက္ခ်က္ေပးတဲ့ CelebrityNetWorth ဝက္ဘ္ဆုိက္မွာေတာ့ ‘ေဒးဗစ္ ဘက္ခမ္း’ ရဲ႕ ၾကြယ္ဝမႈကုိ အေမရိကန္ေဒၚလာ သန္း ၄၅ဝ ၊ ‘ရုိနယ္ဒုိ’ က သန္း ၄ဝဝနဲ႔ ‘မက္ဆီ’ က သန္း ၃၄ဝ အျဖစ္ ေဖာ္ျပထားပါတယ္။ နာမည္ေက်ာ္ေဘာလုံးသမားေတြေတာင္ မီလ်ံနာအဆင့္ပဲရွိေနခ်ိန္မွာ ကမၻာ့အခ်မ္းသာဆုံးေဘာလုံးသမားက မီလ်ံနာမဟုတ္ဘဲ ဘီလ်ံနာျဖစ္မယ္ဆုိရင္ အံ့ၾသသြားမယ္ထင္ပါတယ္။

ကမၻာ့အခ်မ္းသာဆုံးေဘာလုံးသမားက လက္စတာစီးတီးအသင္း (Leicester City FC) ရဲ႕ ကြင္းလယ္သမား Faiq Bolkiah ပဲျဖစ္ပါတယ္။ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈက အေမရိကန္ေဒၚလာ ၂ဝ ဘီလီယံ ( ၂ဝ,ဝဝဝ သန္း) အထိေတာင္ ရွိတာပါ။ အသက္ (၂ဝ) သာ ရွိေသးၿပီး နာမည္ေက်ာ္ေဘာလုံးသမား မဟုတ္ဘဲနဲ႔ ဘာေၾကာင့္ ဘီလ်ံနာျဖစ္ေနသလဲလုိ႔ ေမးစရာ ရွိလာပါတယ္။

Faiq Bolkiah

Faiq Bolkiah

သူဟာ ဘရူႏုိင္းေတာ္ဝင္မင္းသား Jefri Bolkiah ရဲ႕ သားေတာ္ျဖစ္ၿပီး ေတာ္ဝင္ဘုရင္ႀကီး Hassanal Bolkiah ရဲ႕တူအရင္းျဖစ္ေနလုိ႔ပါပဲ။

Hassanal Bolkiah

Hassanal Bolkiah

သူ႕ဖခင္ Jefri Bolkiah ဟာဆုိရင္ Brunei Investment Agency မွာ အႀကီးအကဲျဖစ္ကတည္းက (၁၅) ႏွစ္အတြင္း ေဒၚလာ ၁၃.၅ ဘီလီယံ (၁၃,၅ဝဝ သန္း) နီးပါး ျဖဳန္းတီးခဲ့သူပါ။ တန္ဖုိးႀကီးကားေတြ၊ နာရီေတြနဲ႔ တျခားအသုံးအေဆာင္ပစၥည္းေတြအတြက္ ေဒၚလာ ၄၇သန္းေက်ာ္ သုံးျဖဳန္းပစ္ပါတယ္။ Bentleys ၊ Rolls Royces နဲ႔ Ferraris တုိ႔လုိ နာမည္ႀကီးကားေတြ အပါအဝင္ ကားအစီးေရ ၂,၃ဝဝ ေက်ာ္ကုိ တစ္ဦးတည္းပုိင္ဆုိင္ထားသူပါ။ ၂ဝဝ၄ခုႏွစ္တုန္းက Jefri Bolkiah ဟာ သူ႕ရဲ႕အသက္ (၅ဝ) ေမြးေန႔မွာဆုိရင္ Michael Jackson ကုိေတာင္ ေဒၚလာ ၁၇သန္းေပးၿပီး ေဖ်ာ္ေျဖခုိင္းခဲ့သူပါ။

View this post on Instagram

The babies 🐯😍

A post shared by FJB (@fjefrib) on

ဘရူးႏုိင္းေတာ္ဝင္မိသားစုဟာ ခ်မ္းသာၾကြယ္ဝမႈကုိ သုံးျဖဳန္းၿပီး လူမႈကြန္ရက္မွာ အၾကြားႀကီးသေလာက္ ေဘာလုံးသမားေလး Faiq Bolkiah ကေတာ့ အားကစားမွာပဲ ခုံမင္သူပါ။ ျပင္ပကိစၥေတြ စိတ္မဝင္စားဘဲ ေဘာလုံးကုိသာ ရူးသြပ္ခဲ့သူျဖစ္ပါတယ္။

Faiq Bolkiah (Blue)

Faiq Bolkiah (Blue)

သူ႕ကုိ ၁၉၉၈ခုႏွစ္ ေမလ (၉) ရက္ေန႔ အေမရိကန္ႏုိင္ငံ ေလာ့အိန္းဂ်လီးစ္ၿမိဳ႕ (Los Angeles) မွာ ေမြးဖြားခဲ့ပါတယ္။ AFC Newbury ၊ ေဆာက္သမ္တန္၊ အာဆင္နယ္၊ ခ်ဲလ္ဆီးအသင္းေတြမွာ ျဖတ္သန္းခဲ့ၿပီး လက္ရွိ လက္စတာအသင္းမွာ ကစားေနပါတယ္။ ဘရူႏုိင္းလက္ေရြးစင္ရဲ႕ အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ အၾကြားအဝါမရွိဘဲ ေဘာလုံးကုိသာ ခုံမင္တဲ့ ဘရူႏုိင္းေတာ္ဝင္မ်ိဳးဆက္ေလးလည္း အားကစားမွာ ေအာင္ျမင္ပါေစလုိ႔ ေတာင္းဆုေခြ်လုိက္ပါတယ္။

ကုိးကား (သတင္းဓာတ္ပုံ)  – Mirror ၊ Business Insider ၊ Forbes ၊ Celebrity Net Worth

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayarmedia.com

[Unicode]

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားက ဘယ်သူလဲ

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားလို့ မေးလာရင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို တစ်လှည့်စီရနေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို (Cristiano Ronaldo) နဲ့ မက်ဆီ (Messi) လား။ သူတို့နှစ်ယောက် မဟုတ်ရင်လည်း ကိုလူချောကြီး ဒေးဗစ် ဘက်ခမ်း (David Beckham) များလား။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အသားတင်ကြွယ်ဝမှုကို တွက်ချက်ပေးတဲ့ CelebrityNetWorth ဝက်ဘ်ဆိုက်မှာတော့ ‘ဒေးဗစ် ဘက်ခမ်း’ ရဲ့ ကြွယ်ဝမှုကို အမေရိကန်ဒေါ်လာ သန်း ၄၅ဝ ၊ ‘ရိုနယ်ဒို’ က သန်း ၄ဝဝနဲ့ ‘မက်ဆီ’ က သန်း ၃၄ဝ အဖြစ် ဖော်ပြထားပါတယ်။ နာမည်ကျော်ဘောလုံးသမားတွေတောင် မီလျံနာအဆင့်ပဲရှိနေချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားက မီလျံနာမဟုတ်ဘဲ ဘီလျံနာဖြစ်မယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားက လက်စတာစီးတီးအသင်း (Leicester City FC) ရဲ့ ကွင်းလယ်သမား Faiq Bolkiah ပဲဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံ ( ၂ဝ,ဝဝဝ သန်း) အထိတောင် ရှိတာပါ။ အသက် (၂ဝ) သာ ရှိသေးပြီး နာမည်ကျော်ဘောလုံးသမား မဟုတ်ဘဲနဲ့ ဘာကြောင့် ဘီလျံနာဖြစ်နေသလဲလို့ မေးစရာ ရှိလာပါတယ်။

Faiq Bolkiah

Faiq Bolkiah

သူဟာ ဘရူနိုင်းတော်ဝင်မင်းသား Jefri Bolkiah ရဲ့ သားတော်ဖြစ်ပြီး တော်ဝင်ဘုရင်ကြီး Hassanal Bolkiah ရဲ့တူအရင်းဖြစ်နေလို့ပါပဲ။

Hassanal Bolkiah

Hassanal Bolkiah

သူ့ဖခင် Jefri Bolkiah ဟာဆိုရင် Brunei Investment Agency မှာ အကြီးအကဲဖြစ်ကတည်းက (၁၅) နှစ်အတွင်း ဒေါ်လာ ၁၃.၅ ဘီလီယံ (၁၃,၅ဝဝ သန်း) နီးပါး ဖြုန်းတီးခဲ့သူပါ။ တန်ဖိုးကြီးကားတွေ၊ နာရီတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေအတွက် ဒေါ်လာ ၄၇သန်းကျော် သုံးဖြုန်းပစ်ပါတယ်။ Bentleys ၊ Rolls Royces နဲ့ Ferraris တို့လို နာမည်ကြီးကားတွေ အပါအဝင် ကားအစီးရေ ၂,၃ဝဝ ကျော်ကို တစ်ဦးတည်းပိုင်ဆိုင်ထားသူပါ။ ၂ဝဝ၄ခုနှစ်တုန်းက Jefri Bolkiah ဟာ သူ့ရဲ့အသက် (၅ဝ) မွေးနေ့မှာဆိုရင် Michael Jackson ကိုတောင် ဒေါ်လာ ၁၇သန်းပေးပြီး ဖျော်ဖြေခိုင်းခဲ့သူပါ။

View this post on Instagram

The babies 🐯😍

A post shared by FJB (@fjefrib) on

ဘရူးနိုင်းတော်ဝင်မိသားစုဟာ ချမ်းသာကြွယ်ဝမှုကို သုံးဖြုန်းပြီး လူမှုကွန်ရက်မှာ အကြွားကြီးသလောက် ဘောလုံးသမားလေး Faiq Bolkiah ကတော့ အားကစားမှာပဲ ခုံမင်သူပါ။ ပြင်ပကိစ္စတွေ စိတ်မဝင်စားဘဲ ဘောလုံးကိုသာ ရူးသွပ်ခဲ့သူဖြစ်ပါတယ်။

Faiq Bolkiah (Blue)

Faiq Bolkiah (Blue)

သူ့ကို ၁၉၉၈ခုနှစ် မေလ (၉) ရက်နေ့ အမေရိကန်နိုင်ငံ လော့အိန်းဂျလီးစ်မြို့ (Los Angeles) မှာ မွေးဖွားခဲ့ပါတယ်။ AFC Newbury ၊ ဆောက်သမ်တန်၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေမှာ ဖြတ်သန်းခဲ့ပြီး လက်ရှိ လက်စတာအသင်းမှာ ကစားနေပါတယ်။ ဘရူနိုင်းလက်ရွေးစင်ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အကြွားအဝါမရှိဘဲ ဘောလုံးကိုသာ ခုံမင်တဲ့ ဘရူနိုင်းတော်ဝင်မျိုးဆက်လေးလည်း အားကစားမှာ အောင်မြင်ပါစေလို့ တောင်းဆုချွေလိုက်ပါတယ်။

ကိုးကား (သတင်းဓာတ်ပုံ)  – Mirror ၊ Business Insider ၊ Forbes ၊ Celebrity Net Worth

ကျော်စိုးအောင် (အခရာ)

www.akhayarmedia.com