[Zawgyi]



ဂိုး

De Gea

De Gea


နောက်တန်း

Varane

Varane


အလယ်တန်း

De-bruyne

De-bruyne


တောင်ပံ

Messi

Messi


ရှေ့တန်း

Mbappe

Mbappe


Ref: Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လက်ရှိ ဘောလုံးလောကရဲ့ နေရာအလိုက် တန်ဖိုးအကြီးဆုံးကစားသမားများ

လက်ရှိ ဘောလုံးလောကရဲ့နေရာအလိုက် တန်ဖိုးအကြီးဆုံးကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါ။ ဘောလုံးလောကမှာ နာမည်ကျော်ကြားပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတွေအများကြီးရှိတာကြောင့် နေရာအလိုက်တန်ဖိုးကြီးတဲ့ ကစားသမားတွေကို ရွေးချယ်ဖို့ဆိုတာခက်ခဲပါတယ်။ ဒါပေမယ့် နာမည်ကျော် အားကစား ဝက်ဆိုက်ဘ်တစ်ခုဖြစ်တဲ့ Sportskeeda ကတော့ ကစားသမားတွေရဲ့ လက်ရှိစွမ်းဆောင်ရည် ၊ အသက်အရွယ်စတာတွေကို တွက်ချက်ပြီး နေရာအလိုက် တန်ဖိုးအကြီးဆုံးကစားသမားတွေကို ( ၃ – ၅ – ၂ ) ကစားကွက်နဲ့ ရွေးချယ်ထားပါတယ်။ Sportskeeda ရဲ့ ရွေးချယ်မှုကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဂိုး

De Gea

De Gea

ဂိုးနေရာမှာတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမား တစ်ဦးဖြစ်တဲ့ မန်ယူဂိုးသမား ဒီဂီယာ De Gea ကရှိနေပါတယ်။ ဒီဂီယာရဲ့ လက်ရှိပေါက်ဈေးဟာ ယူရိုသန်း(၇၀)ရှိပါတယ်။

နောက်တန်း

Varane

Varane

နောက်တန်းမှာတော့ ပြင်သစ်အသင်းရဲ့ အဓိကခံစစ်အတွဲဖြစ်တဲ့ ဘာစီလိုနာနောက်ခံလူ အမ်တီတီ Umtiti ၊ ရီးယဲလ်နောက်ခံလူ ဗာရာနီ Varane တို့နဲ့ လက်ရှိမှာအသင်းကြီးအများစုရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ နာပိုလီ နောက်ခံလူ ကူလီဘလီ Koulibaly တို့ပါဝင်နေကြပါတယ်။ ကူလီဘလီရဲ့ လက်ရှိပေါက်ဈေးဟာ ယူရိုသန်း(၆၀)ဖြစ်ပြီး အမ်တီတီက ယူရိုသန်း(၇၀) ၊ ဗာရာနီက ယူရိုသန်း(၈၀)နဲ့ အစဉ်လိုက်ရှိနေကြပါတယ်။

အလယ်တန်း

De-bruyne

De-bruyne

အလယ်တန်းမှာတော့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို Coutinho ၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne တို့နဲ့အတူ လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ် Milinkovic တို့ရှိနေကြပါတယ်။ ကော်တင်ဟိုရဲ့ လက်ရှိပေါက်ဈေးဟာ ယူရိုသန်း(၁၂၀)ဖြစ်ပြီး မီလင်ကိုဗစ်က ယူရိုသန်း(၉၀) ၊ ဒီဘရိုင်းနားက ယူရိုသန်း(၁၅၀)နဲ့ ရှိနေကြပါတယ်။

တောင်ပံ

Messi

Messi

တောင်ပံမှာတော့ နာမည်ကျော် ထိတ်ထိတ်ကြဲ ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ Messi နဲ့ နေမာ Neymar တို့ကိုရွေးချယ်ထားပါတယ်။ သူတို့နှစ်ဦးလုံးရဲ့ လက်ရှိပေါက်ဈေးဟာ ယူရိုသန်း (၁၈၀)ဖြစ်ပါတယ်။

ရှေ့တန်း

Mbappe

Mbappe

ရှေ့တန်းမှာတော့ လက်ရှိမှာ အကောင်းဆုံးပုံစံရှိနေတဲ့ ဟယ်ရီကိန်း Harry Kane နဲ့ ဘာပေ Mbappe တို့ပါဝင်နေကြပါတယ်။ ဟယ်ရီကိန်းရဲ့ လက်ရှိပေါက်ကြေးဟာ ယူရိုသန်း(၁၅၀)ဖြစ်ပြီး ဘာပေရဲ့ လက်ရှိပေါက်ကြေးကတော့ ယူရိုသန်း (၁၈၀)ဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Sport24 – Le Figaro , FOX Sports Asia , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com