နည်းပညာလောကမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး CEO တွေ တက္ကသိုလ်တက်တုန်းက သူတို့ရဲ့ပညာရေးအတွက် ဘယ်မေဂျာတွေယူခဲ့ကြလည်းဆိုတာ အခရာပရိတ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့တွေကတော့ သူတို့ရွေးချယ်ခဲ့ကြတဲ့ ဘာသာရပ်တွေကို ပြီးဆုံးသည်အထိ တက်ရောက်ပြီးအောင်မြင်ခဲ့ကြပါတယ်။ တစ်ချို့ကတော့ ကျောင်းပညာရေး တစ်ပိုင်းတစ်စ နဲ့ပဲအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ကဲသူတို့တွေ ကိုလေ့လာကြည့်ရအောင်ဗျာ။

Reed Hastings – Netflix CEO

Reed ဟာ Bowdin University ကနေ သချာင်္ဘွဲ့ရရှိခဲ့ပြီး ဒါ့အပြင် Standford University ကနေ ကွန်ပျုတာသိပ္ပံဘွဲ့ ကိုရရှိခဲ့သူဖြစ်ပါတယ်။ Reed ဟာကောလိပ် တက်ခွင့်ကိုတစ်နှစ်ရွှေ့ဆိုင်းပြီး သူ့ရဲ့နွေရာသီကျောင်းပိတ်ရက် အလုပ်ကိုလုပ်ကိုင်ခဲ့ပါသေးတယ်။ Bowdoin University မှာရှိစဉ်ကာလတုန်းကက Reedဟာ တောင်တက်ခရီးစဉ်နဲ့ ကနူးလှေခရီးစဉ်တွေကို စီစဉ်ပေးတဲ့ Outing Club အတွက်လည်းအလုပ်လုပ်ခဲ့ပါသေးတယ်။

Jack Ma – Alibaba CEO

လူသိများတဲ့ အွန်လိုင်းဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Alibaba ရဲ့CEO ဖြစ်တဲ့ Jack Ma ဟာ Hanzhou Normal University နဲ့ Cheung Kong Graduate School of Business တို့ကနေ B.A နဲ့ M.B.A ရရှိခဲ့ပါတယ်။ Jack Ma ဟာ English Degree ကိုရရှိပြီးတဲ့နောက်မှာမှ M.B.A ရဖို့ ကောလိပ်ကိုလျှောက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃၀ဘီလီယံခန့်ရှိပါတယ်။

Susan Wojcicki – YouTube CEO

ပညာတတ်မိသားစုကနေမွေးဖွေားလာပြီး YouTube CEO တစ်ယောက်ဖြစ်တဲ့ Susan ဟာတက္ကသိုလ် တက်စဉ်ကတည်းက စီးပွားရေးဆိုင်ရာ Ph.D ရယူဖို့အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာနောက်ပိုင်းမှာတော့နည်းပညာမေဂျာကိုပြောင်းခဲ့ပါတယ်။ သူမကို Google က ၁၆ယောက်မြောက်ဝန်ထမ်းအဖြစ်ခေါ်ယူချိန်ကစပြီး သူမဟာအလုပ်ကိုကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ YouTube ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်တက်စဉ်က သူမရခဲ့တဲ့ဘွဲ့နဲ့ မေဂျာတွေကတော့ History (B.A) ၊ Literature (B.A) ၊ Economics (M.S), M.B.A တို့ပဲဖြစ်ပါတယ်။

Satya Nadella – Microsoft CEO

Nadella ဟာ Manipal Institute of Technology ကနေ Electrical Engineering ဘွဲ့ရရှိခဲ့ပြီးနောက်မှာ USကို ကျောင်းတက်ဖို့ထွက်သွားခဲ့ပါတယ်။  University of Wisconsin Milwaukee မှာ Computer Science ဘွဲ့ရခဲ့ပြီး University of Chicago Booth School of Business ကနေ M.B.A ဘွဲ့ထပ်မံရရှိခဲ့ပါတယ်။

Elon Musk – Tesla and SpaceX CEO

နာမည်ကျော် Tesla နဲ့ SpaceX CEO တစ်ယောက်ဖြစ်တဲ့ Elon Musk ဟာ University of Pennsylvania’s College of Arts and Sciences နဲ့ Wharton School of Business ကနေ သချာင်္နဲ့ စီးပွားရေးဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ Must ဟာ Pennsylvania မှာကျောင်းတက်စဉ် အချိန်တုန်းက အိပ်ခန်း၁၂ခန်းပါတဲ့ အိမ်ကိုငှားပြီး Night Club သဖွယ်ပြုလုပ်ခဲ့တာကြောင့် နာမည်ကြီးခဲ့ပါတယ်။ တစ်ခါတစ်လေ သူငှားတဲ့အိမ်ကိုလာတဲ့ ဧည့်သည်အယောက် ၅၀၀ခန့်ရှိတယ်လို့ သတင်းများအရသိရပါတယ်။

Evan Spiegel – Snapchat CEO

Stanford University ကနေ ကျောင်းမပြီးခဲ့တဲ့ Snapchat CEO Evan ဟာ Product Design မေဂျာ ကိုယူခဲ့သူဖြစ်ပါတယ်။ ကျောင်းရဲ့ အတန်းချိန်ကို ၃ခါပျက်ကွက်ခဲ့တာကြောင့် ဘွဲ့မရရှိခဲ့ပေမယ့် Evan ဟာ Snapchat ကိုအောင်မြင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပါတယ်။

Mark Zuckerberg – Facebook CEO

နာမည်ကျော် Facebook တည်ထောင်သူ Mark Zuckerberg ဟာ ပညာရေးတစ်ပိုင်းတစ်စ နဲ့ Harvard Universtiy ကထွက်လာခဲ့သူဖြစ်ပါတယ်။ စိတ်ပညာ နဲ့ ကွန်ပျူတာသိပ္ပံမေဂျာကို ယူခဲ့တဲ့ Zuckerberg ဟာ ဒုတိယနှစ်မှာပဲ Facebook ကိုစတင်တည်ထောင်ပြီး အလုပ်အပေါ်ကိုအချိန်ပြည့်လုပ်နိုင်ဖို့အတွက် ကျောင်းနားပြီး Palo Alto ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Jeff Bezos – Amazon CEO

Amazon ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Jeff Bezos ဟာ Princeton University ကနေ Electrical Engineering နဲ့ Computer Science မေဂျာတွေ သင်ယူခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကျောင်းသားတွေရဲ့ အာကာသလွပ်လပ်နေရာ စူးစမ်းရှာဖွေရေး ကျောင်းသားတွေ ရဲ့ခေါင်းဆောင်ဖြစ်ပြီး  Space-Tourism Project မှာလည်းပါဝင်ခဲ့ပါတယ်။

Stewart Butterfield – Slack CEO

စိတ်ပညာဘာသာရပ်ဟာအကြောင်းအရာ နှစ်ခုကိုသင်ကြားပေးခဲ့ပါတယ်လို့ Slack ရဲ့ CEO Stewart က Forbes ရဲ့အင်တာဗျူးမှာ ဖြေထားပါတယ်။ “ စာရေးတဲ့အခါ ပြောချင်တဲ့အကြောင်းကို အဓိပ္ပာယ်ပေါ်လွင်အောင် ရှင်းရှင်းလင်းလင်းရေးတတ်ဖို့နဲ့ အစည်းအဝေးတွေမှာ အမြင်မတူတဲ့အကြောင်းအရာကို ငြင်းဆိုတဲ့အခါ နှစ်ဖက်မျှတစေမယ့်နည်းလမ်းတွေကို လေ့လာခဲ့ပါတယ်”။

Jan (Akhayar)

Ref : Business Insider