[Zawgyi]















ကျော်စိုးအောင် (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးအမျိုးသမီးအဆိုရှင် (၁ဝ) ဦး

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ဟာ ၂ဝ၁၇ခုနှစ် ဇွန်လ (၁) ရက်ကနေ ၂ဝ၁၈ခုနှစ် ဇွန်လ (၁) ရက်အတွင်း အမျိုးသမီးအဆိုရှင်ရဲ့ ဝင်ငွေကို တွက်ချက်ပြီး ၂ဝ၁၈ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အမျိုးသမီးအဆိုရှင်စာရင်းကို ဖော်ပြခဲ့ပါတယ်။

(၁) Katy Perry (အမေရိကန်ဒေါ်လာ ၈၃သန်း)

(၂) Taylor Swift (အမေရိကန်ဒေါ်လာ ၈ဝသန်း)

(၃) Beyoncé (အမေရိကန်ဒေါ်လာ ၆ဝသန်း)

(၄) Pink (အမေရိကန်ဒေါ်လာ ၅၂သန်း)

(၅) Lady Gaga (အမေရိကန်ဒေါ်လာ ၅ဝသန်း)

(၆) Jennifer Lopez (အမေရိကန်ဒေါ်လာ ၄၇သန်း)

(၇) Rihanna (အမေရိကန်ဒေါ်လာ ၃၇.၅သန်း)

(၈) Helene Fischer (အမေရိကန်ဒေါ်လာ ၃၂သန်း)

(၉) Celine Dion (အမေရိကန်ဒေါ်လာ ၃၁သန်း)

(၁ဝ) Britney Spears (အမေရိကန်ဒေါ်လာ ၃ဝသန်း)

အခုဖော်ပြထားတဲ့ ငွေကြေးပမာဏဟာ အေးဂျင့်ခ၊ ရှေ့နေခနဲ့ အခွန်မဆောင်ခင် အခြေအနေသာဖြစ်ပါတယ်။ Katy Perry ရဲ့ အဓိကဝင်ငွေဟာ Witness: The Tour ဂီတဖျော်ဖြေပွဲမှ ရရှိသလို American Idol မှာ ဒိုင်လုပ်တာက ဒေါ်လာသန်း (၂ဝ) လောက်ရတယ်လို့ သိရပါသေးတယ်။

Taylor Swift ဟာ သူမရဲ့ ဝင်ငွေအများစုကို အချပ်ရေ (၂) သန်းကျော်အထိ ရောင်းချနိုင်ခဲ့တဲ့ Reputation အခွေမှ ရရှိတယ်လို့ ဆိုနိုင်ပါတယ်။ သူမရဲ့  Reputation Stadium Tour ဂီတဖျော်ဖြေပွဲရဲ့ ဝင်ငွေတွေကို အခုစာရင်းမှာ ထည့်သွင်းမထားတဲ့အတွက် ဒုတိယနေရာမှာပဲ ကျေနပ်ရတာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com