[Zawgyi]
Scarlett Johansson
Scarlett Johansson
Emma Stone
Emma Stone
Angelina Jolie
Angelina Jolie
Jennifer Aniston
Jennifer Aniston
Yoe Lu (Akhayar)
www.akhayar.com
Source : Forbes.com
[Unicode]
၂၀၁၈ ခုနှစ်ရဲ့ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီး Scarlett Johansson
မင်းသမီးချော Scarlett Johansson ကတော့ ဇွန်လ ၁ ရက် ၂၀၁၇ ကနေ ၂၀၁၈ ခုနှစ်အထိ အခွန်မဆောင်ရသေးခင်လေးအတွင်း သရုပ်ဆောင်ကြေး ဒေါ်လာ ၄၀.၅ သန်းနဲ့ ထိပ်တန်းသရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးနေရာကို Emma Stone ကို ကျော်ဖြတ်ပြီး ရောက်ရှိသွားပါပြီ။
Scarlett Johansson
Scarlett Johansson
Marvel ရဲ့ Avengers ဇာတ်ကားတွေမှာ Black Widow အဖြစ်သရုပ်ဆောင်ခဲ့တာကပဲ Scarlett Johansson ကို အခု နေရာကို ရောက်ရှိစေတာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ၂၀၁၇ ခုနှစ်က ဝင်ငွေထက်လေးဆလောက်ပိုမိုရရှိခဲ့တဲ့အတွက် နံပါတ် ၁ နေရာက Emma Stone ကို ခုလို နောက်ကောက်ချနိုင်ခဲ့တာပါ။
Emma Stone
Emma Stone
ဒုတိယနေရာမှာတော့ Maleficent 2 (2020) ကို လက်ခံရိုက်ကူးခဲ့ပြီး ထိပ်တန်းသရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးနေရာကို ဝင်လာတဲ့ Angelina Jolie က ဒေါ်လာ ၂၈ သန်းနဲ့ ရှိနေခဲ့ပါတယ်။
Angelina Jolie
Angelina Jolie
တတိယနေရာမှာတော့ Jennifer Aniston ဟာ ဒေါ်လာ ၁၉.၅ သန်းနဲ့ Friends စီးရီးတွေ ရိုက်ကူးမှုအပြီး ၁၄ နှစ်အကြာမှာ Emirates Airlines နဲ့ Smartwater နဲ့ Aveeno တို့လို Brand တွေကရတဲ့ ကြော်ငြာဝင်ငွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။
Jennifer Aniston
Jennifer Aniston
Nielsen ၊ ComScore ၊ Box Office Mojo နဲ့ IMDB စတဲ့ Website တွေကနေ ရတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ဒီဝင်ငွေတွေဟာ မင်းသမီးတစ်ယောက်ရဲ့ အခွန်ငွေတွေ၊ အေးဂျင့်၊ မန်နေဂျာနဲ့ ရှေ့နေတွေကိုပေးရမယ့် ငွေတွေ ထုတ်ပယ်ထားခြင်းမရှိသေးတဲ့ ငွေဖြစ်ပါတယ်။
ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံးထိပ်တန်းမင်းသမီး (၁၀) လက်ကတော့ –
၁။ Scarlett Johansson (ဒေါ်လာ ၄၀.၅ သန်း)
၂။ Angelina Jolie (ဒေါ်လာ ၂၈ သန်း)
၃။ Jennifer Aniston (ဒေါ်လာ ၁၉.၅ သန်း)
၄။ Jennifer Lawrence (ဒေါ်လာ ၁၈ သန်း)
၅။ Reese Witherspoon (ဒေါ်လာ ၁၆.၅သန်း)
၆။ Mila Kunis (ဒေါ်လာ ၁၆ သန်း)
၇။ Julia Roberts ( ဒေါ်လာ ၁၃ သန်း)
၈။ Cate Blanchett (ဒေါ်လာ ၁၂.၅သန်း)
၉။ Melissa McCarthy (ဒေါ်လာ ၁၂ သန်း)
၁၀။ Gal Gadot (ဒေါ်လာ ၁၀ သန်း) တို့ပဲ ဖြစ်ပါတယ်။
Emma Watson ၊ Emma Stone ၊ Amy Adams နဲ့ Charlize Theron တို့ကတော့ ဒီနှစ်မှာ ၁၀ ယောက်စာရင်းထဲ ပါမလာဘဲ အဆင့်ကျသွားခဲ့ပါတယ်။
Yoe Lu (Akhayar)
www.akhayar.com
Source : Forbes.com