Forbes မဂၢဇင္းက ဒီတစ္ခါလည္း ကမာၻ႔ေၾကးအျမင့္ဆံုး DJ စာရင္းကို ျပီးခဲ့တဲ့ အပတ္ကတင္ ထုတ္ျပန္လိုက္ရာမွာ အရင္လိုပဲ Calvin HarrisTiesto နဲ႔ Skrillex တို႔ ပါဝင္ခဲ့ပါတယ္။ Forbes က ဒီလို စာရင္းထုတ္ျပန္တာကို ၂၀၁၂ ခုႏွစ္တည္းက လုပ္ေဆာင္ခဲ့တာျဖစ္ျပီး Calvin Harris ဟာ ဝင္ေငြ ေဒၚလာ ၄၈.၅ သန္းနဲ႔ ငါးႏွစ္ဆက္တုိက္ ပထမေနရာကို ရရွိထားခဲ့ပါတယ္။

ဒတ္ခ်္လူမ်ိဳး စူပါစတား DJ Tiesto ကေတာ့  ေဒၚလာ ၃၉ သန္းနဲ႔ ဒုတိယလုိက္ေနျပီးေတာ့ ကၽြန္ေတာ္တို႔နဲ႔ ရင္းႏွီးတဲ့ Don’t let me down နဲ႔ Closer တို႔ရဲ့ ပုိင္ရွင္ The Chainsmokers ေတြကေတာ့ ေဒၚလာ ၃၈ သန္းနဲ႔ တတိယေနရာကို ေရာက္ရွိလာပါတယ္။ ျပီးရင္ေတာ့ သိတဲ့အတုိင္း EDM Headliners ၾကီးေတြျဖစ္တဲ့ Steve AokiDavid Guetta နဲ႔ ကပ္လ်က္  Zedd နဲ႔  DJ Mag ရဲ့ ၂၀၁၆ ခုႏွစ္ထိပ္တန္း DJ စာရင္းမွာ ထိပ္ဆံုးေနရာရရွိခဲ့တဲ့ Martin Garrix တို႔ လိုက္လာခဲ့ပါတယ္။

Forbes မဂၢဇင္းကေတာ့ DJ ေတြရဲ့ ဝင္ေငြေတြကို ျပီးခဲ့တဲ့ ဇြန္လ ၂၀၁၆ ခုႏွစ္ကစျပီး ၂၀၁၇ ခုႏွစ္ ဇြန္လအထိ စာရင္းဇယားနဲ႔ စုေဆာင္းျပသခဲ့တာျဖစ္ျပီး အခ်က္အလက္ေတြကိုေတာ့ NielsenPollstarBandsintown နဲ႔ Songkick တို႔လို ေစ်းကြက္ရွာေဖြေရး၊ အခ်က္အလက္စုေဆာင္းေရးနဲ႔ လက္မွတ္အေရာင္း Websites ေတြကေန ေကာက္သင္းေကာက္ရယူခဲ့တာျဖစ္ပါတယ္။

ဒါတင္မဟုတ္ဘဲ ဒီစာရင္းဇယားေတြကေန ေပါ့ေပ့ါပါးပါးသံုးသပ္ခ်က္တစ္ခုလုပ္ခဲ့ျပီး အထူးသျဖင့္ ဘယ္အမ်ိဳးသမီး DJ မွ ဒီႏွစ္ဇယားထဲ ဝင္မလာတာကို ေထာက္ျပတာမ်ိဳးပါ ပါဝင္ပါတယ္။ Forbes ရဲ့ ကမာၻ႔ေၾကးအျမင့္ဆံုး DJ စာရင္းအျပည္အစံုစာရင္းကေတာ့ ဒီမွာပါဗ်ာ။

1. Calvin Harris ($48,500,000)

Calvin Harris

2. Tiesto ($39,000,000)

Tiesto

3. The Chainsmokers ($38,000,000)

The Chainsmokers

4. Skrillex ($30,000,000)

Skrillex

5. Steve Aoki ($29,500,000)

Steve Aoki

6. Diplo ($28,500,000)

Diplo

7. David Guetta ($25,000,000)

D

David Guetta

8. Marshmello ($21,000,000)

Marshmello

9. Martin Garrix ($19,500,000)

Martin Garrix

10. Zedd ($19,000,000)

Zedd

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.djmag.com, wikipedia.org

HGID_KV_Ads_Square

Unicode

Forbes မဂ္ဂဇင်းက ဒီတစ်ခါလည်း ကမ္ဘာ့ကြေးအမြင့်ဆုံး DJ စာရင်းကို ပြီးခဲ့တဲ့ အပတ်ကတင် ထုတ်ပြန်လိုက်ရာမှာ အရင်လိုပဲ Calvin HarrisTiesto နဲ့ Skrillex တို့ ပါဝင်ခဲ့ပါတယ်။ Forbes က ဒီလို စာရင်းထုတ်ပြန်တာကို ၂၀၁၂ ခုနှစ်တည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး Calvin Harris ဟာ ဝင်ငွေ ဒေါ်လာ ၄၈.၅ သန်းနဲ့ ငါးနှစ်ဆက်တိုက် ပထမနေရာကို ရရှိထားခဲ့ပါတယ်။

ဒတ်ချ်လူမျိုး စူပါစတား DJ Tiesto ကတော့  ဒေါ်လာ ၃၉ သန်းနဲ့ ဒုတိယလိုက်နေပြီးတော့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ Don’t let me down နဲ့ Closer တို့ရဲ့ ပိုင်ရှင် The Chainsmokers တွေကတော့ ဒေါ်လာ ၃၈ သန်းနဲ့ တတိယနေရာကို ရောက်ရှိလာပါတယ်။ ပြီးရင်တော့ သိတဲ့အတိုင်း EDM Headliners ကြီးတွေဖြစ်တဲ့ Steve AokiDavid Guetta နဲ့ ကပ်လျက်  Zedd နဲ့  DJ Mag ရဲ့ ၂၀၁၆ ခုနှစ်ထိပ်တန်း DJ စာရင်းမှာ ထိပ်ဆုံးနေရာရရှိခဲ့တဲ့ Martin Garrix တို့ လိုက်လာခဲ့ပါတယ်။

Forbes မဂ္ဂဇင်းကတော့ DJ တွေရဲ့ ဝင်ငွေတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၆ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ် ဇွန်လအထိ စာရင်းဇယားနဲ့ စုဆောင်းပြသခဲ့တာဖြစ်ပြီး အချက်အလက်တွေကိုတော့ NielsenPollstarBandsintown နဲ့ Songkick တို့လို ဈေးကွက်ရှာဖွေရေး၊ အချက်အလက်စုဆောင်းရေးနဲ့ လက်မှတ်အရောင်း Websites တွေကနေ ကောက်သင်းကောက်ရယူခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်ဘဲ ဒီစာရင်းဇယားတွေကနေ ပေါ့ပေ့ါပါးပါးသုံးသပ်ချက်တစ်ခုလုပ်ခဲ့ပြီး အထူးသဖြင့် ဘယ်အမျိုးသမီး DJ မှ ဒီနှစ်ဇယားထဲ ဝင်မလာတာကို ထောက်ပြတာမျိုးပါ ပါဝင်ပါတယ်။ Forbes ရဲ့ ကမ္ဘာ့ကြေးအမြင့်ဆုံး DJ စာရင်းအပြည်အစုံစာရင်းကတော့ ဒီမှာပါဗျာ။

1. Calvin Harris ($48,500,000)
2. Tiesto ($39,000,000)
3. The Chainsmokers ($38,000,000)
4. Skrillex ($30,000,000)
5. Steve Aoki ($29,500,000)
6. Diplo ($28,500,000)
7. David Guetta ($25,000,000)
8. Marshmello ($21,000,000)
9. Martin Garrix ($19,500,000)
10. Zedd ($19,000,000)