[Zawgyi]

ေငြကုန္ေၾကးက်ခံၿပီး Gym သြားမယ့္အစား က်န္းမာေအာင္ ဒီလိုေနမယ္

ယေန႔ေခတ္ႀကီးထဲမွာ အလုပ္ေတြေနာက္ကို အဆက္မျပတ္လုိက္ေနရလို႔ Gym မသြားႏိုင္ဘဲ ျဖစ္ေနရင္ ကုိယ့္ကိုယ္ကိုယ္ အျပစ္ရွိတယ္လို႔ ခံစားေနစရာမလိုပါဘူးေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ Gym သြားမွ က်န္္းမာတာမ်ဳိးမဟုတ္ဘဲ က်န္းမာေအာင္ ေနထုိင္လို႔ရတဲ႔ နည္းလမ္းအသြယ္သြယ္ ရွိတဲ႔အတြက္ေၾကာင့္ပါ။ American Cancer Society က သုေတသနပညာရွင္ေတြရဲ႕ ေလ့လာမႈေတြအရဆိုရင္လည္း တစ္ပတ္ကို ေျခာက္နာရီျပည္႔ေအာင္ လမ္းေလွ်ာက္ေပးတာက အသက္ရွည္ေအာင္ေနထိုင္တာနဲ႔ တူပါတယ္။

ဒါ့အျပင္ Harvard Medical School က ထုတ္ေဝတဲ႔ တျခားအစီအရင္ခံစာတစ္ခုမွာလည္း လမ္းေလွ်ာက္ျခင္းက ႏွလံုးေသြးေၾကာနဲ႔ဆိုင္တဲ႔ ေရာဂါျဖစ္ႏိုင္ေျခကို ၃၁ ရာခုိင္ႏႈန္းအထိ ေလ်ာ့ခ်ေပးၿပီး ေသဆံုးႏုိင္မႈကုိ ၃၂ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးပါတယ္လို႔ ေရးသားထားပါတယ္။

တစ္နာရီတုိုင္းမွာ မိနစ္အနည္းငယ္လမ္းေလွ်ာက္ေပးျခင္းနဲ႔ သြက္သြက္ေလးလမ္းေလွ်ာက္ေပးျခင္းတို႔က Gym မသြားရလို႔ အျပစ္ရွိတယ္လို႔ ခံစားရျခင္းမွ လြတ္ေျမာက္ေစတဲ႔ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ American Cancer Society က Strategic Director လည္းျဖစ္ၿပီး PhD လည္းျဖစ္တဲ့ Alpa Patel ရဲ႕ေျပာၾကားခ်က္အရ လမ္းေလွ်ာက္ျခင္းကေန ရြရြေျပးျခင္းအထိ က်န္းမာေရးအက်ဳိးေက်းဇူးေတြ အမ်ားႀကီး ရရွိေစပါတယ္။ ဒါ့အျပင္ လုပ္ရတာလည္း လြယ္ကူၿပီး ဘယ္ေနရာပဲေရာက္ေရာက္ ျပဳလုပ္လို႔ရတဲ႔အတြက္ Gym ကို တကူးတက အခ်ိ္န္ေပးၿပီး သြားေနဖို႔မလိုပါဘူး။

တစ္ေန႔ကို လူတုိင္းလုိိလုိ ပွ်မ္းမွ်အနည္းဆံုး ၉နာရီကေန ၅နာရီအထိ အလုပ္လုပ္ၾကရေလ့ရွိၿပီး အလုပ္လုပ္တဲ႔အခ်ိန္မ်ဳိးမွာလည္း အမ်ားအားျဖင့္ ထုိင္ၿပီး ကြန္ပ်ဴတာကို ၾကည့္ကာ လုပ္ၾကရတာမ်ားပါတယ္။ အဲ့ဒီအခ်ိန္အေတာအတြင္းမွာ လမ္းေလွ်ာက္ဖို႔အခ်ိန္ကိုေတာင္ ေတာ္ေတာ္ရွာယူရပါတယ္။ အဲဒီလိုထုိင္ၿပီး အလုပ္လုပ္ရတဲ႔သူေတြ အမ်ားအားျဖင့္ ျဖစ္တတ္ၾကတာကေတာ့ အေညာင္းမိရာကေန ေနာက္ပုိင္း က်န္းမာေရးထိခိုက္ျခင္းေတြ ျဖစ္လာပါတယ္။ အဲ့ဒီလို က်န္းမာေရးထိခိုက္ျခင္းကေန လြတ္ကင္းဖို႔အတြက္ဆို ရုံးအသြားအျပန္လုပ္တဲ႔အခါမွာ ကားစီးတဲ႔ေနရာ (သို႔) ရထားစီးတဲ႔ေနရာအထိပဲျဖစ္ျဖစ္ ရုံးကေန လမ္းေလွ်ာက္သြားတာမ်ဳိး ျပဳလုပ္သင့္ပါတယ္။

ျမန္ျမန္သြက္သြက္ေျပးတာမ်ဳိး၊ ပင္ပင္ပန္းပန္း ဝိတ္မတာမ်ဳိး လုပ္ေပးမွသာ က်န္းမာၾကံ႕ခိုင္တာမ်ဳိးမဟုတ္ဘဲ ကတာမ်ဳိး၊ တိရစာၦန္ေလးေတြနဲ႔ လမ္းေလွ်ာက္ထြက္ေပးတာမ်ဳိး ျပဳလုပ္ေပးတာကလည္း က်န္းမာၾကံ႕ခုိင္ေစပါတယ္။ ဘယ္အရာကိုပဲလုပ္လုပ္ ေရရွည္လုပ္သြားေပးမွ က်န္းမာၾကံ႕ခိုင္မွာျဖစ္လို႔ ေရရွည္လုပ္ေပးဖို႔ လုိပါတယ္။

ေန႔စဥ္ေန႔တုိင္း ၃၀ မိနစ္ေလာက္ ေျဖးေျဖးေျပးျခင္းက ႏွလံုးေသြးေၾကာေတြကို က်န္းမာလာေစျခင္း၊ အရုိးေတြကို သန္မာလာေစျခင္း၊ အဆီပုိေတြက်ေစျခင္း၊ အေမာခံႏိုင္ျခင္းနဲ႔ ၾကြက္သားေတြပါ က်စ္လ်စ္လာေစပါတယ္။ ဒါ့အျပင္ ဆီးခ်ဳိေရာဂါျဖစ္ျခင္းကိုလည္း ေလ်ာ့က်ေစၿပီး၊ အရုိးပြျခင္း၊ တခ်ဳိ႕ေသာ ကင္ဆာနဲ႔ ႏွလံုးေရာဂါျဖစ္ျခင္းကုိလည္း ေလ်ာ့က်ေစပါတယ္။

ဒါေၾကာင့္မို႔ ပံုမွန္မလုပ္ႏိုင္တဲ႔ Gym မွာ ပိုက္ဆံေတြအေျမာက္အျမား အကုန္က်ခံၿပီး Gym Membership ဝင္မယ့္အစား လမ္းပံုမွန္ေလွ်ာက္ျခင္းကိုသာ  လာမယ့္ႏွစ္မွာ ေရြးခ်ယ္လုပ္ၿပီး ေငြပိုေငြလွ်ံေတြ ထြက္ေအာင္ စုေဆာင္းၾကည့္လုိက္ပါ။

H.H(Akhayar)

www.akhayar.com

[Unicode]

ငွေကုန်ကြေးကျခံပြီး Gym သွားမယ့်အစား ကျန်းမာအောင် ဒီလိုနေမယ်

ယနေ့ခေတ်ကြီးထဲမှာ အလုပ်တွေနောက်ကို အဆက်မပြတ်လိုက်နေရလို့ Gym မသွားနိုင်ဘဲ ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေစရာမလိုပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ Gym သွားမှ ကျန်းမာတာမျိုးမဟုတ်ဘဲ ကျန်းမာအောင် နေထိုင်လို့ရတဲ့ နည်းလမ်းအသွယ်သွယ် ရှိတဲ့အတွက်ကြောင့်ပါ။ American Cancer Society က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရဆိုရင်လည်း တစ်ပတ်ကို ခြောက်နာရီပြည့်အောင် လမ်းလျှောက်ပေးတာက အသက်ရှည်အောင်နေထိုင်တာနဲ့ တူပါတယ်။

ဒါ့အပြင် Harvard Medical School က ထုတ်ဝေတဲ့ တခြားအစီအရင်ခံစာတစ်ခုမှာလည်း လမ်းလျှောက်ခြင်းက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျော့ချပေးပြီး သေဆုံးနိုင်မှုကို ၃၂ ရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်လို့ ရေးသားထားပါတယ်။

တစ်နာရီတိုင်းမှာ မိနစ်အနည်းငယ်လမ်းလျှောက်ပေးခြင်းနဲ့ သွက်သွက်လေးလမ်းလျှောက်ပေးခြင်းတို့က Gym မသွားရလို့ အပြစ်ရှိတယ်လို့ ခံစားရခြင်းမှ လွတ်မြောက်စေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ American Cancer Society က Strategic Director လည်းဖြစ်ပြီး PhD လည်းဖြစ်တဲ့ Alpa Patel ရဲ့ပြောကြားချက်အရ လမ်းလျှောက်ခြင်းကနေ ရွရွပြေးခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။ ဒါ့အပြင် လုပ်ရတာလည်း လွယ်ကူပြီး ဘယ်နေရာပဲရောက်ရောက် ပြုလုပ်လို့ရတဲ့အတွက် Gym ကို တကူးတက အချိန်ပေးပြီး သွားနေဖို့မလိုပါဘူး။

တစ်နေ့ကို လူတိုင်းလိုလို ပျှမ်းမျှအနည်းဆုံး ၉နာရီကနေ ၅နာရီအထိ အလုပ်လုပ်ကြရလေ့ရှိပြီး အလုပ်လုပ်တဲ့အချိန်မျိုးမှာလည်း အများအားဖြင့် ထိုင်ပြီး ကွန်ပျူတာကို ကြည့်ကာ လုပ်ကြရတာများပါတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ လမ်းလျှောက်ဖို့အချိန်ကိုတောင် တော်တော်ရှာယူရပါတယ်။ အဲဒီလိုထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ အများအားဖြင့် ဖြစ်တတ်ကြတာကတော့ အညောင်းမိရာကနေ နောက်ပိုင်း ကျန်းမာရေးထိခိုက်ခြင်းတွေ ဖြစ်လာပါတယ်။ အဲ့ဒီလို ကျန်းမာရေးထိခိုက်ခြင်းကနေ လွတ်ကင်းဖို့အတွက်ဆို ရုံးအသွားအပြန်လုပ်တဲ့အခါမှာ ကားစီးတဲ့နေရာ (သို့) ရထားစီးတဲ့နေရာအထိပဲဖြစ်ဖြစ် ရုံးကနေ လမ်းလျှောက်သွားတာမျိုး ပြုလုပ်သင့်ပါတယ်။

မြန်မြန်သွက်သွက်ပြေးတာမျိုး၊ ပင်ပင်ပန်းပန်း ဝိတ်မတာမျိုး လုပ်ပေးမှသာ ကျန်းမာကြံ့ခိုင်တာမျိုးမဟုတ်ဘဲ ကတာမျိုး၊ တိရစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်ပေးတာမျိုး ပြုလုပ်ပေးတာကလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် ရေရှည်လုပ်သွားပေးမှ ကျန်းမာကြံ့ခိုင်မှာဖြစ်လို့ ရေရှည်လုပ်ပေးဖို့ လိုပါတယ်။

နေ့စဉ်နေ့တိုင်း ၃၀ မိနစ်လောက် ဖြေးဖြေးပြေးခြင်းက နှလုံးသွေးကြောတွေကို ကျန်းမာလာစေခြင်း၊ အရိုးတွေကို သန်မာလာစေခြင်း၊ အဆီပိုတွေကျစေခြင်း၊ အမောခံနိုင်ခြင်းနဲ့ ကြွက်သားတွေပါ ကျစ်လျစ်လာစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါဖြစ်ခြင်းကိုလည်း လျော့ကျစေပြီး၊ အရိုးပွခြင်း၊ တချို့သော ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ခြင်းကိုလည်း လျော့ကျစေပါတယ်။

ဒါကြောင့်မို့ ပုံမှန်မလုပ်နိုင်တဲ့ Gym မှာ ပိုက်ဆံတွေအမြောက်အမြား အကုန်ကျခံပြီး Gym Membership ဝင်မယ့်အစား လမ်းပုံမှန်လျှောက်ခြင်းကိုသာ  လာမယ့်နှစ်မှာ ရွေးချယ်လုပ်ပြီး ငွေပိုငွေလျှံတွေ ထွက်အောင် စုဆောင်းကြည့်လိုက်ပါ။

H.H(Akhayar)

www.akhayar.com