[Zawgyi]

ကမာၻ႔အေသးငယ္ဆံုး ေခြးေလးျဖစ္လာခဲ႔တဲ႔ Meysi

Poland ႏိုင္ငံအလယ္ပိုင္း Jarocin ၿမိဳ႕က Terrier အမ်ဳိးအစားေခြးမေလးတစ္ေကာင္က ကမၻာ႔အေသးငယ္ဆံုးေခြးေလးအျဖစ္ စံခ်ိန္တင္ေနပါတယ္။ သူမနာမည္က “Meysi” လို႔အမည္ရျပီး ဒီေခြးေလးက ၃.၈ လက္မအရြယ္နဲ႔ Guinness စံခ်ိန္ဝင္ထားတဲ႔ “Milly”ထက္ေတာင္ ပိုေသးငယ္ေသးတယ္လုိ႔ သိရပါတယ္။ ဘယ္ေလာက္ပိစိေသးေကြးသလဲဆုိရင္ သူေလးက ကိုကာကိုလာဘူးေသးေသးေလးေလာက္ပဲရွိတာပါတဲ႔။

Meysi

Meysi

Meysi ေလးေမြးစက ၀.၀၁ ေပါင္ (၅ ဂရမ္နီးပါး)သာရွိၿပီး အလြန္ေသးငယ္လြန္းတဲ႔အတြက္ အခ်င္းထင္ၿပီး လႊင္႔ပစ္ခံရေတာ့မလုိေတာင္ ျဖစ္ခဲ႔တာပါ။ ကံေကာင္းေထာက္မစြာနဲ႔ အသက္ေဘးကေနသီသီေလး လြတ္ေျမာက္ခဲ့တဲ႔ မယ္ကံေကာင္းေလးျဖစ္ပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

Meysi ေလး ဘယ္ေလာက္ေသးငယ္လဲဆိုတာ ေပၚလြင္ေအာင္ Online ဗီဒီယိုမွာ Coke ဘူး၊ ေဒါက္ျမင္႔ဖိနပ္၊ အိမ္သာသံုးစကၠဴလိပ္စတာေတြနဲ႔ ေဘးခ်င္းယွဥ္ ေဖာ္ျပထားတာေတြ႔ရပါတယ္။

Meysi ေလးရဲ႕ပိုင္ရွင္ Anna Pohl က“ Meysi ေလးက ေသးငယ္ေပမယ့္လည္း လူလံုးဝမေၾကာက္တဲ႔အျပင္ ေဆာ့ကစားဖို႔ အျမဲလိုလို အဆင္သင္ျ့ဖစ္ေနတတ္ပါတယ္။ ေဆာ့ကစားတဲ့အခါမွာလည္း သူရဲ႕ေသးငယ္တဲ႔ ခႏၶာကိုယ္ေလးနဲ႔မလိုက္ေအာင္ အားအင္အျပည္႔နဲ႔ ေပ်ာ္ရႊင္တက္ၾကြစြာ ေဆာ့ကစားတတ္ပါတယ္။ Terrier ေခြးအမ်ဳိးအစားရဲ႕အက်င္႔စရုိက္လည္းအျပည့္ရွိၿပီး သတိၱလည္းေကာင္းတဲ႔ ေခြးေလးျဖစ္ပါတယ္။ အေျပးျမန္တယ္ အေျပးလည္းသန္တယ္။ ေကာ္ဖီမတ္ခြက္ေတြနဲ႔ ဖိနပ္အတြင္းဘက္ေနရာေလးေတြက ေႏြးေနတတ္တာမုိ႔ အဲဒီေနရာေလးေတြကို သူအရမ္းၾကိဳက္ပါတယ္” လို႔ ေျပာျပထားပါတယ္။

Owner Anna Pohl and Meysi

Owner Anna Pohl and Meysi

Meysi က အခုခ်ိန္မွာ ခုနစ္စင္တီမီတာ(၂.၇၅ လက္မ) ျမင့္ၿပီး ၁၂ စင္တီမီတာရွည္လ်ားကာ အေလးခ်ိန္ ၁၅၀ ဂရမ္ရွိေနပါၿပီ။ Meysi ေလးက ကမၻာ႔အေသးငယ္ဆံုးေခြးေလးအျဖစ္နဲ႔ Guinness စံခ်ိန္ဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့အသေးငယ်ဆုံး ခွေးလေးဖြစ်လာခဲ့တဲ့ Meysi

Poland နိုင်ငံအလယ်ပိုင်း Jarocin မြို့က Terrier အမျိုးအစားခွေးမလေးတစ်ကောင်က ကမ္ဘာ့အသေးငယ်ဆုံးခွေးလေးအဖြစ် စံချိန်တင်နေပါတယ်။ သူမနာမည်က “Meysi” လို့အမည်ရပြီး ဒီခွေးလေးက ၃.၈ လက်မအရွယ်နဲ့ Guinness စံချိန်ဝင်ထားတဲ့ “Milly”ထက်တောင် ပိုသေးငယ်သေးတယ်လို့ သိရပါတယ်။ ဘယ်လောက်ပိစိသေးကွေးသလဲဆိုရင် သူလေးက ကိုကာကိုလာဘူးသေးသေးလေးလောက်ပဲရှိတာပါတဲ့။

Meysi

Meysi

Meysi လေးမွေးစက ဝ.၀၁ ပေါင် (၅ ဂရမ်နီးပါး)သာရှိပြီး အလွန်သေးငယ်လွန်းတဲ့အတွက် အချင်းထင်ပြီး လွှင့်ပစ်ခံရတော့မလိုတောင် ဖြစ်ခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေသီသီလေး လွတ်မြောက်ခဲ့တဲ့ မယ်ကံကောင်းလေးဖြစ်ပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

Meysi လေး ဘယ်လောက်သေးငယ်လဲဆိုတာ ပေါ်လွင်အောင် Online ဗီဒီယိုမှာ Coke ဘူး၊ ဒေါက်မြင့်ဖိနပ်၊ အိမ်သာသုံးစက္ကူလိပ်စတာတွေနဲ့ ဘေးချင်းယှဉ် ဖော်ပြထားတာတွေ့ရပါတယ်။

Meysi လေးရဲ့ပိုင်ရှင် Anna Pohl က“ Meysi လေးက သေးငယ်ပေမယ့်လည်း လူလုံးဝမကြောက်တဲ့အပြင် ဆော့ကစားဖို့ အမြဲလိုလို အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဆော့ကစားတဲ့အခါမှာလည်း သူရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်လေးနဲ့မလိုက်အောင် အားအင်အပြည့်နဲ့ ပျော်ရွှင်တက်ကြွစွာ ဆော့ကစားတတ်ပါတယ်။ Terrier ခွေးအမျိုးအစားရဲ့အကျင့်စရိုက်လည်းအပြည့်ရှိပြီး သတ္တိလည်းကောင်းတဲ့ ခွေးလေးဖြစ်ပါတယ်။ အပြေးမြန်တယ် အပြေးလည်းသန်တယ်။ ကော်ဖီမတ်ခွက်တွေနဲ့ ဖိနပ်အတွင်းဘက်နေရာလေးတွေက နွေးနေတတ်တာမို့ အဲဒီနေရာလေးတွေကို သူအရမ်းကြိုက်ပါတယ်” လို့ ပြောပြထားပါတယ်။

Owner Anna Pohl and Meysi

Owner Anna Pohl and Meysi

Meysi က အခုချိန်မှာ ခုနစ်စင်တီမီတာ(၂.၇၅ လက်မ)မြင့်ပြီး ၁၂ စင်တီမီတာရှည်လျားကာ အလေးချိန် ၁၅၀ ဂရမ်ရှိနေပါပြီ။ Meysi လေးက ကမ္ဘာ့အသေးငယ်ဆုံးခွေးလေးအဖြစ်နဲ့ Guinness စံချိန်ဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။