[Zawgyi] 
New Person Emojis
New Food Emojis
Ref: Apple, Emojipedia
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
တစ်ကမ္ဘာလုံးဆိုင်ရာ Emoji နေ့အဖြစ် သတ်မှတ်ထားတဲ့ ဇူလိုင် ၁၇
World Emoji Day ဆိုတာကတော့ ၂၀၁၄ ကတည်းကစတင်ခဲ့တဲ့ Emoji တွေနဲ့ပတ်သက်တဲ့ နေ့တစ်နေ့ပါပဲ။ Emoji နေ့မှာတော့ Emoji တွေနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ ပြောင်းလဲမှုတွေ၊ Emoji အသစ်မိတ်ဆက်ပွဲတွေအပြင် Emoji တွေအသုံးပြုပြီး Online က Social Media နဲ့ တခြား Website တွေမှာ ဆင်နွဲကြပါတယ်။ 
Apple Website Leadership Page
အခု ၂၀၁၈ အတွက် Emoji Day ဖြစ်တဲ့ ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့မှာလည်း Emoji တွေနဲ့ပတ်သက်ပြီး Apple ရဲ့ Website အပါအဝင် Twitter နဲ့ တခြားနေရာတွေမှာ Trending ဖြစ်နေပါတယ်။ Apple ကတော့ ဒီနှစ်အတွက် ထူးထူးခြားခြား သူတို့ရဲ့ ူကုမ္ပဏီဦးဆောင်သူတွေရဲ့ Profie မျက်နှာတွေကို iOS 12 မှာ မိတ်ဆက်ခဲ့တဲ့ Memoji ကိုသုံးပြီး ပြောင်းပေးထားတာကိုတွေ့ရပါတယ်။ နောက်ထပ်အနေနဲ့လည်း iOS 12 အတွက် Emoji အသစ်တွေကို မိတ်ဆက်ပေးလာပါတယ်။ 
New Person Emojis
iOS 12 မှာ ထပ်ထည့်ပေးလာမယ့် Emoji အသစ်တွေထဲက တချို့ကတော့ တရိစ္ဆာန်ပုံ၊ လူပုံအသစ်တွေနဲ့ စိတ်ခံစားချက်ပြ မျက်နှာအသစ်တွေအပြင် စားစရာ Emoji အသစ်တွေပဲဖြစ်ပါတယ်။ လူပုံအသစ်တွေထဲမှာတော့ ဆံပင်နီ၊ ထိပ်ပြောင်တာတွေအထိ ပါလာပြီဖြစ်တာကြောင့် ကိုယ်သဘောကျသလို အဆင်ပြေသလို သုံးလို့ရလာတော့မှာပါ။ 
New Food Emojis
စားစရာပုံတွေထဲမှာလည်း အာရှဖက်မှာအစားများတဲ့ လမုန့်လို Emoji လည်း ပါလာပြီဖြစ်ပါတယ်။ နောက်ထပ်လည်း Superhero တွေအပါအဝင် အဝတ်အစား၊ စိတ်ကူးယဉ်တိရိစ္ဆာန်တွေ ထပ်ပါလာဦးမယ်လို့ Apple က သူတို့ Website မှာဖော်ပြထားပါသေးတယ်။ Twitter ၊ Instagram နဲ့ Facebook တွေမှာတော့ #WorldEmojiDay ဆိုတဲ့ Hashtag တွေသုံးပြီး ဒီနေ့အတွက် ပါဝင်ဆင်နွှဲကြသူတွေ အများကြီးရှိနေပါပြီ။ သင်လည်း အဲ့ဒီ Hashtag လေးသုံးပြီး ပါဝင်နိုင်ပါပြီ။ 
Ref: Apple, Emojipedia
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။