စမ်းချောင်းရဲ့ အဖိုင်းဆုံး နဲ့အထာကျဆုံး ဘိုဆန်ဆန် ကော်ဖီဆိုင်လေး

စမ်းချောင်းထဲမှာ သာသာယာ အလုပ်လုပ်ရင်း ကော်ဖီသောက်ဖို့ အကောင်းဆုံးနေရာ ဘယ်မှာဖွေရှာရမလဲကွာ? လို့ မေးလာခဲ့ရင် Working House ရှိနေပြီလေ အဲ့ဒီကိုသာသွားပေတော့လို့ အခရာက အသေချာကြီးကို ညွှန်ပစ်လိုက်မှာ…

ဘာကြောင့်များလဲကွာဆို စမ်းချောင်းလိုစည်ကားတဲ့ အရပ်မှာ သီးသန့်ခွဲထွက်နေတဲ့ အတိတ်ဆိတ်ဆုံးနဲ့ အေးချမ်းငြိမ်သက်ပြီး အထာကျဆုံး အလုပ်လုပ်လို့ အကောင်းဆုံးနေရာလေး ဖြစ်နေလို့ပါပဲဗျာတို့ရေ။

ဆိုင်နာမည်ကိုက “Working House” တဲ့။ ဒီကော်ဖီဆိုင်ရဲ့ အထူးပြုတဲ့ Theme ကိုက အလုပ်အေးဆေးထိုင်လုပ်မယ်။ ကော်ဖီသောက်မယ်ဆိုတဲ့အထာမျိုး။ကော်ဖီလေးတစ်ခွက်နဲ့ စာဖတ်မယ်။တိတ်တိတ်ဆိတ်ဆိတ်ပတ်ဝန်းကျင်လေးမှာ စန္ဒရားသံ အေးအေးလေးနဲ့ လွင့်မျောမယ်။ ခံစားမယ်။ လုံးဝ သာသာယာယာလေးနဲ့ ပတ်ဝန်းကျင်ကို မေ့ထားမယ်ဆိုတဲ့ သူတွေ၊ အနုပညာဓါတ်ခံရှိတဲ့သူတွေ၊ လူရှုပ်နားရှုပ်တာ မကြိုက်တဲ့သူတွေ၊ Minimalist တွေနဲ့ Introvert တွေ အကြိုက်ဆုံး ကော်ဖီဆိုင်လေး ဖြစ်မှာ ဧကန်မုချပါပဲဗျာ။

ဆိုင်ကလေးတည်ရှိတဲ့နေရာက စမ်းချောင်းထဲက အရှေ့ကုန်းလမ်း၊ အမှတ် ၁၃ မှာပါ။ အမိုးအမြင့်ကြီးနဲ့ဆိုတော့ တရုတ်ကားတွေထဲက မင်းသားနဲ့မင်းသမီး ပထမဆုံးစတွေ့ကြတဲ့ ကော်ဖီဆိုင်လေးလိုပဲ ခပ်ရှင်းရှင်းလေးနဲ့ ရိုရိုလေး။ အပြင်ကကြည့်ရင်ကို သဘောကျစရာလေး။

ဆိုင်ထဲဝင်ကြည့်တော့ရော? ဂန္ဓမာပန်းလေးတွေထိုးထားတဲ့ ပန်းအိုးလေးတွေနဲ့တင် စိတ်တွေ လန်းဆန်းသွားပါရောလား။ နောက်ပြီး Aircon ကောင်းလွန်းတော့ အပြင်နဲ့များ တခြားစီ အေးစိမ့်နေတာပါပဲ။ ဒါမျိုးနဲ့တင် ဒီတစ်နွေလုံး ခိုဝင်ပုန်းစရာ Paradise သေးသေးလေး ရလိုက်သလိုပါပဲလား။

ဆိုင်ကလေးက တကယ့် European Cafe လေးလို မီးလုံးဝါဝါမှိန်မှိန်လေးတွေနဲ့၊ မှန်နံရံကြီးကနေ အပြင်ကိုငေးလို့ရတဲ့ Cafe Bar လှလှလေးနဲ့ တကယ် ချစ်စရာကောင်းတယ်။

ဆိုင်အပေါ်ထပ်ကတော့ ခရမ်းပြာရောင်သမ်းတဲ့ ထပ်ခိုးလေး။ အလင်းအားစူးတာမကြိုက်တဲ့သူတွေ တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ချင်သူတွေ တကယ်အဆင်ပြေမယ့်နေရာလေး။ နောက်တစ်ခုသတိထားမိတာကဆိုင်အောက်ထောင့်ဘက်က စားပွဲခုံတန်းလေးတွေမှာ Charger ပေါက်လေးတွေပါတယ်။ ပြီးတော့ ခုံလေးတွေကအစ လူငယ်ဆန်တယ်။ ပြောရရင် Working House နဲ့ပတ်သက်သမျှ အကုန် အထာကျနေတာမျိုး။

အစားအစာတွေကတော့ European Food တွေ၊ Salad တွေ အစုံအစိကိုရတယ်။ ပြီးတော့ Coffee တွေ၊ Milk Tea တွေအပြင် တခါမှ မကြားဖူးတဲ့ ဆန်းဆန်းပြားပြားအသီးလေးတွေနဲ့ Tea ပေါင်းထားတဲ့ Drinks လေးတွေရတယ်။ အချိုပွဲတွေ၊ Appetizer တွေ စားစရာအနေနဲ့ စုံတယ်။ ဒါပေမယ့် ကော်ဖီ အအေးလောက်ကလွဲပြီး ဗမာကြိုက်တွေ သိပ်မဟုတ်ဘူး။ European Food တွေ မက်မက်စက်စက်စားတတ်ရင် ဒီဆိုင်လေးကိုလည်း လာစားဖို့ စာရင်းထဲထည့်ထားပါ။

အခရာက စားပြီးသောက်ပြီးချိန်ဆိုတော့ ပေါ့ပေါ့ပါးပါးပဲမှာမယ်ပေါ့လေ မီနူးကြည့်ပြီး အရမ်းသောက်ချင်နေခဲ့တဲ့ နိုင်ငံခြားပုံတွေထဲက ပုလဲသီးတွေနဲ့ နီညိုရောင်နဲ့အဖြူရောင်ယှက်ထားတဲ့ နို့ပုလဲဖျော်ရည်ကို ဒီဆိုင်မှာတွေ့လိုက်ရတော့ အရမ်းပျော်သွားတာ။ သောက်မယ်ပေါ့လေ ဆိုပြီးမှာလိုက်တော့ ရောက်ချလာတာ တကယ် လှလှလေးဖန်တီးထားတဲ့ သကြားညိုရယ်၊ ပုလဲသီးနဲ့ တရုတ်နို့လက်ဖက်ရည်အေးတစ်ခွက်။ အရသာကတော့ ချိုဆိမ့်ဆိမ့်လေးပါပဲ။

သကြားညိုဆိုတော့ အနံ့ခပ်သင်းသင်းမွှေးတယ်။ အရသာကတော့ ထင်ထားသလောက်တောင်မဟုတ်ဘူး။ ချိုဆိမ့်ဆိမ့်ပေါ့ပေါ့လေးပါ။ ဈေးကတော့ ၄၅၀၀ တဲ့။ သူပဲ ဈေးကြီးတာ ကျန်တာတွေက ၂၀၀၀ လောက်ပဲ။ တခါလောက်လှလှလေးသောက်ဖူးတယ်ရှိအောင်သောက်ကြည့်ခဲ့နော်၊

နောက်တစ်မျိုးစိတ်ဝင်စားမိတာက Macauo Waffle ကိုမှ ရေခဲမုန့်နဲ့သစ်သီးအရောပေါ့လေ။ အိုခေ စိတ်ဝင်စားတယ် စားကြည့်မယ်ပေါ့ မှာတာ လာချတော့ သစ်သီးပျောက်နေလို့မေးယူရသေး။ အဲ့တော့မှ ပန်းသီးစိတ်လှလှလေးတွေပါလာတယ်။

ပထမဆုံးပြောရရင် တစ်ပွဲ ၄၀၀၀ နဲ့ လူတစ်ယောက်ဘယ်လိုမှမကုန်လောက်ဘူးနော်။ ၂ယောက်လောက်စားရတယ်။ ပွဲကရောက်ချလာတော့ ခပ်ကြီးကြီးပဲမို့ပါ။ ဝေဖာသားမွမွလေးနဲ့ ချောကလက်ရည်ဆမ်းထားတယ်ကွာ။ Vanilla ရေခဲမုန့်မွှေးမွေးလေးနဲ့ ပန်းသီးလေးတွေကလည်း အအီဓါတ်ထိန်းတယ်ကွာ။ ဒီတော့ မိုက်တယ် စားကောင်းတယ်။ ဈေးကတော့ ၄၀၀၀ ပါတဲ့။ ၂ယောက် Share စားပေါ့ နော့။

ပြောရရင် Wifi ကောင်းကောင်းရတယ်။ သီချင်းကောင်းကောင်းလေးတွေ ဖွင့်တယ်။ Aircon အေးအေးလေးနဲ့ စိမ့်နေအောငိအေးတယ်။ နေရာလေးက လူငယ်တွေအတွက် အရမ်းမိုက်တယ်။ ညနေစောင်းတွေ ဖြတ်သွားဖြတ်လာတွေငေးဖို့ ပြတင်းပေါက်တံခါးထောင့်နားက ခုံတန်းလေးက အထာကျလွန်းတယ်…ဆိုတော့ကာ စမ်းချောင်းထဲမှာ Date ဖို့၊ အေးအေးဆေးဆေး အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာလေး ချစ်စရာကော်ဖီဆိုင်လေးဆို အခရာကတော့ The Working House ကို လုံးဝ Recommend ပေးပါတယ်လို့။

မနက် ၁၀ နာရီတည်းကနေ ည ၁၀ နာရီထိ ဖွင့်တယ်တဲ့။ အမှတ် ၁၃ ၊ အရှေ့ကုန်းလမ်း စမ်းချောင်းမှာနော်။ ညနေခင်းတွေ အေးဆေး သွား Chill လိုက်ကြဦး။ တစ်ခုပဲ..တစ်ခုလေးပဲ။ ဆိုင်လေးက အေးအေးဆေးဆေး သမားတွေ စုနေတာမို့ ဆူဆူညံညံတွေလုပ်ဖို့တော့ အားမပေးချင်ပါဘူးနော်။ အေးဆေး Chill ကြဖို့တောင် ၂ခါပြန်စဉ်းစားစရာမလိုအောင် မိုက်ပါတယ်လို့။

ချစ်လှစွာသော
FoodieEi (Akhayar)