[Zawgyi]

Selena Gomez ရဲ႕ ေဝဒနာေတြကို The Weeknd ဘာလို႔ လာေရာက္မႏွစ္သိမ့္တာလဲ

Emotional Breakdown ခံစားရအျပီးမွာ ျပန္လည္ထူေထာင္ေရးလုပ္ဖို႔အတြက္ Selena Gomez တစ္ေယာက္ စက္တင္ဘာလ ၁၀ ရက္ေန႔က ေဆးရံုလာေရာက္ကုသမႈအျပီးမွာ သူ႔ကို လာအားမေပးတဲ့သူေတြလည္း ရွိပါေသးတယ္။ ဒီထဲမွာ Selena ရဲ႕ ရည္းစားေဟာင္း The Weeknd လည္းပါဝင္ပါတယ္။

နာမည္ရင္း Abel Tesfaye လို႔ ေခၚတဲ့ The Weeknd ဟာ Selena ဆီကိုေရာ၊ Selena ရဲ႕ မိသားစုဆီကိုပါ သြားေရာက္ျခင္းမရွိခဲ့ပါဘူး။ The Weeknd ဟာ ဒီလို သြားေရာက္ဖို႔လည္း အစီအစဥ္မရွိဘူးလို႔လည္း သိရပါတယ္။ အတြင္းလူေတြရဲ႕ အေျပာအရေတာ့ Selena ကို The Weeknd က မႏွစ္သိမ့္တာဟာ ဂရုမစိုက္လုိ႔ မဟုတ္ဘဲ ဂရုစိုက္လြန္းလို႔ပါတဲ့။ တည္ျငိမ္ေနတဲ့ ေရျပင္၊ အနည္ထိုင္ေနတဲ့ ေရျပင္ကို မေမႊေႏွာက္ခ်င္သလို သူ႔ေၾကာင့္ Selena ရဲ႕ ဘဝကိုလည္း အေႏွာင့္အယွက္မေပးခ်င္လို႔ ေရာက္မလာခဲ့တာ ျဖစ္ပါတယ္။

တကယ္လို႔ Selena ရဲ႕ ကုသမႈျပီးရင္ေတာ့ သူဟာ သြားျပီး အားေပးေကာင္းေပးႏုိင္ေပမယ့္ လက္ရွိမွာေတာ့ ဒီလို ေနတာသာ အေကာင္းဆံုးလို႔ The Weeknd က ဆံုးျဖတ္ထားပံုေပၚပါတယ္။

Selena ဟာ လက္ရွိအခ်ိန္မွာ Emotional Breakdown အတြက္ ကုသမႈခံယူေနျပီး ဒီလို ျဖစ္တာဟာ Justin Bieber နဲ႔ Hailey Baldwin တို႔ရဲ႕လက္ထပ္ပြဲသတင္းေၾကာင့္ ျဖစ္သလို သူ႔ရဲ႕ ေက်ာက္ကပ္လဲလွယ္မႈက ျဖစ္ေပၚလာတဲ့ Side Effect ေတြေၾကာင့္လို႔လည္း ျဖစ္တယ္လို႔ အတြင္းလူေတြက ဆိုေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Hollywoodlife.com
[Unicode]

Selena Gomez ရဲ့ ဝေဒနာတွေကို The Weeknd ဘာလို့ လာရောက်မနှစ်သိမ့်တာလဲ

Emotional Breakdown ခံစားရအပြီးမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် Selena Gomez တစ်ယောက် စက်တင်ဘာလ ၁၀ ရက်နေ့က ဆေးရုံလာရောက်ကုသမှုအပြီးမှာ သူ့ကို လာအားမပေးတဲ့သူတွေလည်း ရှိပါသေးတယ်။ ဒီထဲမှာ Selena ရဲ့ ရည်းစားဟောင်း The Weeknd လည်းပါဝင်ပါတယ်။

နာမည်ရင်း Abel Tesfaye လို့ ခေါ်တဲ့ The Weeknd ဟာ Selena ဆီကိုရော၊ Selena ရဲ့ မိသားစုဆီကိုပါ သွားရောက်ခြင်းမရှိခဲ့ပါဘူး။ The Weeknd ဟာ ဒီလို သွားရောက်ဖို့လည်း အစီအစဉ်မရှိဘူးလို့လည်း သိရပါတယ်။ အတွင်းလူတွေရဲ့ အပြောအရတော့ Selena ကို The Weeknd က မနှစ်သိမ့်တာဟာ ဂရုမစိုက်လို့ မဟုတ်ဘဲ ဂရုစိုက်လွန်းလို့ပါတဲ့။ တည်ငြိမ်နေတဲ့ ရေပြင်၊ အနည်ထိုင်နေတဲ့ ရေပြင်ကို မမွှေနှောက်ချင်သလို သူ့ကြောင့် Selena ရဲ့ ဘဝကိုလည်း အနှောင့်အယှက်မပေးချင်လို့ ရောက်မလာခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ Selena ရဲ့ ကုသမှုပြီးရင်တော့ သူဟာ သွားပြီး အားပေးကောင်းပေးနိုင်ပေမယ့် လက်ရှိမှာတော့ ဒီလို နေတာသာ အကောင်းဆုံးလို့ The Weeknd က ဆုံးဖြတ်ထားပုံပေါ်ပါတယ်။

Selena ဟာ လက်ရှိအချိန်မှာ Emotional Breakdown အတွက် ကုသမှုခံယူနေပြီး ဒီလို ဖြစ်တာဟာ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့လက်ထပ်ပွဲသတင်းကြောင့် ဖြစ်သလို သူ့ရဲ့ ကျောက်ကပ်လဲလှယ်မှုက ဖြစ်ပေါ်လာတဲ့ Side Effect တွေကြောင့်လို့လည်း ဖြစ်တယ်လို့ အတွင်းလူတွေက ဆိုနေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Hollywoodlife.com